17/01/2025
ဂျပန်နိုင်ငံမှာ Shirakawa-go ဆိုတဲ့ ရွာလေးတရွာရှိတယ်နော်။ UNESCO က အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုဖြစ်သလို အလှဆုံးရွာတရွာအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ရွာကလေးပေါ့။
အဲဒီရွာမှာ gassho-zukuri လို့ခေါ်တဲ့ သက်ကယ်မိုးအိမ်တွေ ရှိတယ်။ ဒီအိမ်တွေက သစ်သားနဲ့ သက်ကယ်တွေနဲ့ ဆောက်ထားတာဆိုတော့ မီးလောင်လွယ်တာပေါ့နော်။
ဒါကြောင့် သူတို့က တော်တော်လေး စိတ်ကူးကောင်းတဲ့ မီးဘေးကာကွယ်ရေးစနစ်တစ်ခု တီထွင်ထားတယ်။ ရွာတစ်ရွာလုံးမှာ အလိုလျောက် ပက်ဖြန်းပေးမယ့် ရေပန်းစနစ်ပေါင်း အခု ၆၀ လောက်ကို နေရာတကာ ထားရှိထားတာပေါ့။
မီးလောင်ရင် အဲဒီရေပန်းတွေကနေ ဖိအားပြင်းပြင်းနဲ့ ရေတွေပက်ဖြန်းပြီး မီးငြိမ်းသွားအောင် လုပ်နိုင်တယ်။ ဒါပေမယ့် ရွာရဲ့ရှေးရိုးအသွင်အပြင်ကို မပျက်အောင် ရေပန်းတွေကို တော်တော်လေး လှလှပပ ဖုံးကွယ်ထားပါတယ်။
နှစ်တိုင်းလည်း မီးဘေးဇာတ်တိုက်လေ့ကျင့်ခန်းလုပ်ကြတယ်။ အဲဒါကို Water Hose Festival "ရေပိုက်ပွဲတော်" လို့တောင် ခေါ်ကြတယ်။
ဒီလိုနဲ့ သူတို့ရွာရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းနိုင်ခဲ့တာပေါ့။ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ရွာလေးပဲနော်။
Thuta City