MyanHealth Media

MyanHealth Media "We make social media a place for health education, not misinformation." ( Doh Eain Mat Co.,Ltd is responsible for this page)

MyanHealth makes social media "a place for health education, not misinformation".
ကျန်းမာရေးဆိုင်ရာသတင်း၊ဆောင်းပါးများနှင့် ပေါ့ကတ်စ် အစီအစဥ်များကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်။

 # # # **ကမ္ဘာ့ဆေးဘက်ဆိုင်ရာ ခေတ်ရေစီးကြောင်း (၂၀၂၆)**ရေးသူ - ကိုဘသက်လူတွေရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံ၊ ပြောင်းလဲလာ...
15/06/2026

# # # **ကမ္ဘာ့ဆေးဘက်ဆိုင်ရာ ခေတ်ရေစီးကြောင်း (၂၀၂၆)**
ရေးသူ - ကိုဘသက်

လူတွေရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံ၊ ပြောင်းလဲလာတဲ့ ရာသီဥတု၊ တိုးတက်လာတဲ့ နည်းပညာဖွံ့ဖြိုးမှုတွေက တခြားကဏ္ဍတွေအပြင် ဆေးပညာနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ်လည်း ကျွဲကူး ရေပါ ဆိုသလို သက်ရောက်မှု ကြီးကြီးမားမား ရှိပါတယ်။ သက်ရောက်မှုကြီးခြင်းကပင်လျှင် အရင့်အရင်က မရှိခဲ့ဖူးတဲ့ ခေတ်ရေစီးကြောင်းတွေကို ပုံဖော်ပေးနေတ​ယ်လို့ Willis Towers Watson (WTW) က သတိပေးထားပါတယ်။ WTW ဟာ ကျန်းမာရေး အာမခံနဲ့ အတိုင်ပင်ခံဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကပိုင် အဖွဲ့အစည်းကြီးဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၈ မှာ ကိုယ်ပိုင်ရုံး၊ ကိုယ်စားလှယ်ရုံးတွေနဲ့ လည်ပတ်နေတာပါ။

သက်ရောက်မှုတွေက ကျန်းမာရေးကဏ္ဍအတွက် ခေတ်ရေစီးကြောင်း (Trends) တွေကို ဖန်တီးပေးနေပြီး တချို့ဟာ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု၊ လူတွေရဲ့ ကျန်းမာရေး အသိ၊​ ဗဟုသုတက လာတာ ဖြစ်ပေမယ့် အုပ်ချုပ်သူအာဏာပိုင်တွေနဲ့ သူတို့ ပြဋ္ဌာန်းကျင့်သုံးတဲ့ မူဝါဒတွေကြောင့်လည်း ဖြစ်တယ်လို့ WTW က ဆိုထားပါတယ်။ အခု ၂၀၂၆ ခုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ ရေစီးကြောင်းကြီး (Trend) ဖြစ်လာစေမယ့် အဓိက အချက် ငါးခုကို WTW က ဖော်ထုတ်ထားပါတယ်။ ဒီလို ဖော်ထုတ်မှုကို တစ်ကမ္ဘာလုံးအခြေအနေအရ မြင့်တက်လာတဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေနဲ့ ခေတ်ရေစီးကြောင်းအပေါ် လွှမ်းမိုးနေတဲ့အချက်တွေအပေါ် အခြေခံပြီး ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ WTW ဟာ နှစ်အလိုက် ဖြစ်တန်ခြေရှိတဲ့ Trend တွေကို သုတေ သန လုပ်ပြီး ထုတ်ပြန်နေကြအဖွဲ့လည်း ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်မြင့်တက်မှုဟာ အနာဂတ် ကျန်းမာရေးဆိုင်ရာရေစီးကြောင်းတွေအပေါ် အများကြီး မူတည်နေတာကို ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်ဟာ ကမ္ဘာနဲ့တဝန်း မြင့်တက်နေပြီး ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ သုံးနှစ်စာ ခန့်မှန်းချက်အရ သုံးနှစ်အတွင်း ၀ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်နေတာ ဖြစ်ပါတယ်။​ ဒီလိုမြင့်တက်မှုဟာ လက်တင်အမေရိက၊ မြောက်အမေရိက၊ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတွေ မတူညီတဲ့ ပမာဏစီနဲ့ ကြုံနေရပေမယ့် ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် အစိုးရစိုက်ထုတ်မှုများတဲ့ ဥရောပမှာတော့ ၂၀၂၄ ကထက် ၂၀၂၆ ခုနှစ်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကရဲ့ သုံးနှစ်တာ ကွာခြားချက်ဟာ ၂ ဒသမ ၈၀ အထိ မြင့်တက်လာမှာဖြစ်ပြီး လက်တင်အမေရိက ၂ ဒသမ ၃ ၊ အာရှ-ပစိဖိတ်ဟာ ၂ ဒသမ ၂ အထိ မြင့့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကို ကြည့်ရင် ကမ္ဘာမှာ ဥရောပကလွဲရင် ကျန်တဲ့ ဒေသကြီးတွေရဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျမှုစရိတ်ဟာ အဆင်းမရှိဘဲ အတက်နဲ့ချည်း ရင်ဆိုင်နေရတဲ့ အခြေအနေပါ။

**ကမ္ဘာ့ဇုန်ကြီးများအလိုက် နှစ်စဉ် တက်လာနေသည့် ကျန်းမာရေးကုန်ကျစရိတ်များ (ပုံ-၁)**
အခုလိုမျိုး ဆေးဘက်ဆိုင်ရာကုန်ကျစရိတ် ပမာဏ မြင့်တက်လာတာဟာ အကြောင်းအရင်းတစ်ခု တည်းကြောင့် မဟုတ်ဘူးလို့ WTW က ယုံကြည်ပါတယ်။​ ဒါကြောင့် ဒေသအလိုက် ဒီလိုဖြစ်စေတဲ့ အဓိက အ ကြောင်းအရင်း သုံးခုစီကို ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ ဒီလို ဖော်ထုတ်ရာမှာလည်း ဆေးပညာကဏ္ဍ တိုးတက်မှု၊ ပြည်သူ့ကျန်းမာရေးစနစ်နှင့် ကုန်ကျစရိတ် ခွဲဝေမှု အခြေအနေ၊ ပံ့ပိုးမှုနှင့် အာမခံ၊ အလွဲသုံးစားမှု စတာတွေကို အခြေခံခဲ့ပါတယ်။ WTW က ဒီလိုမျိုး ဆန်းစစ်ခဲ့တာဟာ ကမ္ဘာအနှံ့က အဖွဲ့အစည်းတွေဟာ အန္တရာယ်ရှိနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု စတဲ့ နယ်ပယ်တွေဟာ အားကောင်းမောင်းသန်ဖြစ်ဖို့၊ လုပ်သားအင်အားတွေရဲ့ စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးဖို့ အချက်အလက်နဲ့ ဖြေရှင်းချက်တွေကို ရှာဖွေဖော်ထုတ်နေတဲ့ အဖွဲ့တစ်ခု ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒေသအခြေပြုလိုက် ဆန်းစစ်ပြီးတဲ့နောက် ဆေးဘက်ဆိုင်ရာကုန်ကျစရိတ် မြင့်မားရမှုနဲ့ ဆက်စပ် တဲ့ အချက်အလက်တွေ (ပုံ - ၂) ကို ဖော်ထုတ်ခဲ့ပါတယ်။

WTW ရဲ့ ဆန်းစစ်ချက်အရ အာရှ-ပစိဖိတ်ဇုန်မှာ ပါတဲ့ မြန်မာနိုင်ငံဟာ ဆေးဘက်ဆိုင်ရာနည်းပညာအသစ်နဲ့ ဆေးဝါးဗေဒဆိုင်ရာ တိုးတက်မှုတွေမှာ အားကောင်း မောင်းသန်မရှိပေမယ့် ကုန်ကျစရိတ် ခွဲဝေမှု အနည်းငယ် (သို့) လုံးဝမရှိခြင်း ဆိုတဲ့ ကဏ္ဍမှာတော့ ဒုတ်ဒုတ်ထိ မှန်ကန်နေတာကို တွေ့ရပါတယ်။​ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းစာရင်းဝင် မြန်မာမှာ လူဦးရေအများစုဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကိုယ်တိုင်ကုန်ကျခံရတဲ့နည်းလမ်း (Out of Pocket Payment) ကိုသာ အလေးထားနေရဆဲ ဖြစ်သလို နိုင်ငံ့လူဦးရေ ၅၅ သန်းထဲက ခြောက်သိန်းကျော်လောက်ကသာ ကျန်းမာရေးအာမခံစနစ်ထဲမှာ ရှိနေတယ်လို့ ပြန်ကြားရေးထုတ် "မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းနှင့် လွှမ်းမိုးသောအချက်များ" ဆောင်းပါးမှာ ပါရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာရေးကုန်ကျ စရိတ်မှာ လူထုစိုက်ထုတ်ရမှုဟာ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကျော်ပဲ​ ရှိသင့်တယ်လို့ သတ်မှတ်ထားပေမယ့် တကယ်တမ်း မြန်မာလူထုဟာ ၇၀ ရာခိုင်နှုန်းကျော်အထိ စိုက်ထုတ်ကျခံ သုံးစွဲနေရဆဲပါ။
WTW အဖွဲ့က ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ် မြင့်မားလာမှုနဲ့ ကမ္ဘာ့ဇုန်အလိုက် ဒါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဆန်းစစ်ပြီးတဲ့အခါ ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ရေစီးကြောင်းတွေအတွက် အရေးပါတဲ့ အချက်ငါးခုကိုလည်း ထုတ်ပြန်ထားပါတယ်။​ ဒီအချက် ငါးခုဟာ ၂၀၂၆ အတွက်သာမက နောင်လာမယ့်နှစ်တွေ ရဲ့ ဆေးပညာကုန်ကျစရိတ် မြင့်မားမှုတွေအတွက် ထည့်သွင်းစဉ်းစားရမယ့် အရေးပါတဲ့အချက်တွေ ဖြစ်ပါတယ်။
**S အခွန်အကောက်နှင့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ**
စျေးကွက်အများစုကို ထိခိုက်စေသည့် အမေရိကန်၏ အခွန်အကောက်များကြောင့် စျေးကွက်မတည်ငြိမ်မှုကို မြင့်လာစေသည့်အပြင် လာမယ့် သုံးနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်တွေ တိုးလာမယ်လို့ ကမ္ဘာတစ်ဝန်း အာမခံကုမ္ပဏီရဲ့ ၈၁ ရာခိုင်နှုန်းက ခန့်မှန်းထားပါတယ်။ အဓိက စိုးရိမ်ရတာက ကုန်သွယ်မှုအတားအဆီးတွေ တိုးလာပြီး ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအတွက် ကုန်ကျစရိတ် ထပ်တိုးလာတာ၊ ဒီ့အတွက် အာမခံပရီမီယံကြေးပါ မြင့်လာပြီး ထောက်ပံ့ရေးကွင်းဆက် ပြတ်တာနဲ့ ဆေးရုံနဲ့ ဝန်ဆောင်မှုပေးသူတွေရဲ့ လုပ်ငန်းလည်ပတ်ကုန်ကျစရိတ်အပေါ် သက်ရောက်ကြီးမားသွားမှာကို ဖြစ်ပါတယ်။ ဒီဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေဟာ ပိုပြီးကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ ကျန်းမာရေး ပါတဲ့ လူမှုရေးဆိုင်ရာအပေါ် သက်ရောက်မှု၊ ရိုက်ခတ်မှုကြီးပြီး အသက်အာမခံ ပရီမီယံကြေးတိုးခြင်းဟာ အ လုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးစလုံးရဲ့ ထည့်ဝင်နိုင်ခြင်း တတ်နိုင်မှုအပေါ်တွင်သာမက တချို့စျေးကွက်တွေမှာ အဖွဲ့လိုက် ဖောက်သည်နည်းသွားတာ၊​ ကော်ပိုရိတ်ဝင်ငွေ လျော့ကျတာတွေကိုပါ ဖြစ်စေတာမို့ အာမခံကုမ္ပဏီတွေရဲ့ အမြတ်အစွန်းနဲ့ ဝန်ဆောင်နိုင်မှုကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။
**S မျိုးပွားခြင်းနှင့် မိသားစုစီမံကိန်း ဝန်ဆောင်မှုကဏ္ဍ တိုးတက်လာခြင်း**
ပုံမှန်အတိုင်း သားသမီး မရနိုင်တဲ့ ဇနီးမောင်နှံတွေအတွက် မျိုးပွားခြင်းဆိုင်ရာကိစ္စဟာ အာမခံကုမ္ပဏီပေါင်း ၆၆ ရာခိုင်နှုန်းရဲ့ ဆေးဘက်ဆိုင်ရာ အာမခံအစီအစဉ်တွေထဲကနေ ဖယ်ထုတ်ခံထားဆဲ ဖြစ်ပေမယ့် မိသားစုစီမံကိန်း လိုအပ်ချက်ကြောင့် သူ့ရဲ့ အကျုံးဝင်မှုဟာ တိုးတိုးလာနေပါတယ်။ အထူးကု အတိုင်ပင်ခံဝန်ဆောင်မှုအဖြစ် အာမခံကုမ္ပဏီ ၃၃ ရာခိုင် နှုန်းက ဒါကို အာမခံစနစ်နဲ့ ဝန်ဆောင်မှုပေးနေပြီး ဆေးဝါးနဲ့ ကုသမှုအတွက် ၂၇ ရာခိုင်နှုန်း၊ ဆေးပညာအရ "In Vitro Fertilization” – မြန်မာလို ဖန်ပြွန်ကုထုံးနဲ့ ကုသမှုအတွက် ၂၅ ရာခိုင်နှုန်းအထိ အကျိုးခံစားခွင့်ပေး ထားသလို ဒါဟာ ကမ္ဘာတစ်ဝန်းမှာ ခေတ်စားလာသလို စစ်တမ်းမှာ ပါတဲ့ ကမ္ဘာ့ဒေသကြီးလေးခုစလုံးမှာ ဒီဝန် ဆောင်မှုကို ပေးနေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့က ရန်ကုန် ဗဟိုအမျိုးသမီဆေးရုံမှာလည်း ဇနီးမောင်နှံ ၁၂ ခုအတွက် ၂၀၂၆ ခုနှစ် ဧပြီနဲ့ မေလအတွင်းက IVF နည်းသုံးပြီး ကလေးရနိုင်ဖို့ ဆောင်ရွက်ပေးထားတယ်လို့ ဆေးရုံဘက်ကနေ သိရပါတယ်။

**S စရိတ်နှစ်မျိုးလုံး တက်လာစေတဲ့ ကင်ဆာ**
ကင်ဆာဟာ ရောဂါရှာဖွေမှုလို အသုံးပြုမှုနဲ့ ကုသရေးကုန်ကျစရိတ်နှစ်ခုစလုံးအတွက် ကုန်ကျစရိတ် မြင့်မားလာမှုဟာလည်း ကုသမှုနည်းနာနဲ့ ဆေးဝါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုနဲ့အတူ အလျင်အမြန် တိုးတက်နေပါတယ်။ အာမခံကုမ္ပဏီတွေရဲ့ ၇၄ ရာခိုင်နှုန်းက တစ်နှစ်အတွင်း အသက် ၄၀ အောက် လူဦးရေရဲ့ ကင်ဆာဖြစ်ပွားမှု တိုးလာတယ်လို့ အစီရင်ခံထားပြီး ကင်ဆာရောဂါ ရှာဖွေမှု ဟာ အကုန်အကျအများဆုံးဖြစ်တယ်လို့ ၅၇ ရာခိုင်နှုန်းက ဆိုထားပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံတွေရဲ့ အန္တရာယ်ရှိနိုင်တဲ့ အချက်တွေဟာ ကင်ဆာဖြစ်ပွားမှုမြင့်တက်လာခြင်းနဲ့ ဆက်စပ်နေတယ်လို့ ထောက်ပြထားပါတယ်။ လက်ရှိမှာ ကင်ဆာအတွက် Mutation-based (မျိုးဗီဇပြောင်းလဲခြင်း အခြေပြုကုသနည်း) နဲ့ Liquid Biopsies (သွေးရည်စစ်နည်း) (ခန္ဓာကိုယ်တစ်ရှူး သို့မဟုတ် ကင်ဆာဆဲလ် အား ထုတ်ယူ၍ စစ်ဆေးခြင်း) စတဲ့ ကုသနည်းတွေ၊ ကုသရာမှာ သုံးတဲ့ ဆေးဝါးကဏ္ဍနဲ့ ကုသနည်း (စောင့်ရှောက်မှုနည်းနာ) တွေ တိုးလာပေမယ့်လည်း ဒီနည်းလမ်းတွေဟာ ကုန်ကျစရိတ် များတဲ့အပြင် ရေရှည်မှာလည်း ကုန်ကျစရိတ် များလာစေမယ်လို့ Willis Towers Watson (WTW) က ဆိုထားပါတယ်။

**S GLP_1 ဆေးဝါး တိုးလာမယ်ဆိုတဲ့ မျှော်လင့်ချက်**
ဒီကနေ့ ကမ္ဘာမှာ အဝလွန်မှုဟာ ကျန်းမာ ရေးအတွက် အန္တရာယ်တစ်ခု၊ ပြဿနာတစ်ခုဖြစ်နေပြီး ဒါကို ကုသဖို့အတွက် Glucagon-Like Peptide-1 (GLP-1) ဆေးရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဒီဆေးကို အရင်က ဆီးချိုအမျိုးအစား - ၂ ခံစားရသူတွေအတွက် အသုံးပြုခဲ့တာဖြစ်ပြီး အင်ဆူလင်ထုတ်လုပ်တာကို မြှင့်တင်ပေးတာ၊ ဂလူးကာကွန် (Glucagon) (သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ ဟော်မုန်း) ထုတ်လုပ်မှုကို လျှော့ချတာ၊ အစာအိမ်ထဲ အစာတွေ ကြာကြာထားစေတာ၊ ဦးနှောက်ကို အစာစားချင်းစိတ် လျှော့ချဖို့ အချက်ပေးတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အဝလွန်သူတွေအတွက် သုံးတဲ့ ဆေးအဖြစ် သုံးလာတာဖြစ်ပြီး အမေရိကတိုက်မှာ ဒီ ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအာမခံ ထားနိုင်မှုဟာ ၅၅ ရာခိုင်နှုန်းရှိပြီး ကမ္ဘာတစ်ဝန်းအနေနဲ့ ၃၈ ရာခိုင်နှုန်း အထိ ရှိပါတယ်။ အာမခံကုမ္ပဏီပေါင်း ၆၈ ရာခိုင်နှုန်းကတော့ လာမယ့် သုံးနှစ်အတွင်း အသုံးပြုမှု တိုးလာဖို့ မျှော်လင့်ထားပေမယ့် ၆၇ ရာခိုင်နှုန်းကတော့ ဒီအတွက် ကုန်ကျစရိတ်တွေက ထပ်တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။​ GLP-1s ဟာ ကုန်ကျစရိတ် မြင့်တာမို့ ပြည်သူ့ကျန်းမာရေးကဏ္ဍနဲ့ ပုဂ္ဂလိက ကျန်းမာရေး အစီအစဉ်တွေမှာတောင် အသုံးပြုမှုကို ကန့်သတ်ချက်တွေ ချမှတ်ထားပြီး ဒါဟာ ဒေသအလိုက် ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း သို့မဟုတ် ကိုယ်အလေးချိန်နှင့် အရပ်အား တွက်ချက်၍ အဝလွန်မှု ရှိ-မရှိအား တိုင်းတာသည့် စံနှုန်း) သတ်မှတ်ချက်ထက် မြင့်တဲ့ အဆင့် သတ်မှတ်ချက်၊ ကုသဖို့ အချိန်ကြာမြင့်မှုတွေအပေါ်လည်း အဓိက မူတည်နေပါတယ်။

**S AI ဉာဏ်ရည်တုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု**
ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေ အတွက် အာမခံကုမ္ပဏီတွေမှာ AI နည်းပညာကို သိသိသာသာ သုံးတာဟာ ကမ္ဘာ့အာမခံကုမ္ပဏီစုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းသာ ရှိပြီး ကျန်းမာရေး အာမခံဆိုင်ရာ အစီအစဉ်နဲ့ လုပ်ငန်းလည်ပတ်မှုမှာ ဒီစွမ်းရည်ကို ပေါင်းစပ်အသုံးပြုဖို့ ကြိုးပမ်းတာကတော့ နှစ်နှစ်အတွင်း ၃၇ ရာခိုင်နှန်းအထိ မြင့်တက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။ AI အပေါ် ရင်းနှီးမြှုပ်နှံတာဟာ ကုန်ကျမှုအပေါ် သက်ရောက်မှုမရှိဘူးလို့ အာမခံကုမ္ပဏီ ၆၃ ရာခိုင်နှုန်းက အစီရင်ခံထားကြတာလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လာမယ့်နှစ်မှာတော့ အခုဖြေဆိုထားတဲ့ ၆၃ ရာခိုင်နှုန်းထဲက ၃၅ ရာခိုင်နှုန်းကတော့ ကုန်ကျစရိတ်လျှော့ကျမယ်လို့ ခန့်မှန်းထားပြီး ၃၀ ရာခိုင်နှုန်းကတော့ နှစ်နှစ်အတွင်း ကုန်ကျစရိတ်တွေ တိုးလာဦးမယ်လို့ ဆိုထားပြန်ပါတယ်။ AI နည်းပညာကြောင့် အခုဆိုရင် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်နဲ့ ဆေးကုသမှုခံယူရမယ့် အချိန် ကြာမြင့်မှုကို အနည်းငယ် လျှော့ချထားနိုင်ပြီး နိုင်ငံတစ်ခုမှ ဆရာဝန်တစ်ဦးက အခြားနိုင်ငံ ဒါမှမဟုတ် ဒေသတစ်ခုကို လူကိုယ်တိုင်သွားစရာ မလိုဘဲ AI နည်းပညာသုံး ခွဲစိတ်နည်းပညာတွေနဲ့ အဝေးကနေ ကုသပေးမှုတွေကိုလည်း စမ်းသပ်အောင်မြင်နေပြီ ဖြစ်ပါတယ်။​ ဒါဟာ ဒေသတွင်းအာမခံလုပ်ငန်းတစ်ခုဟာ တခြားဒေသက အာမခံလုပ်ငန်းနဲ့ပါ AI နည်းပညာသုံး ချိတ်ဆက်လုပ်ကိုင်ရတာကိုပါ မြင့်မားလာစေပြီး ရောဂါရှာဖွေမှုနဲ့ ကုသမှုလိုမျိုး ဆေးဘက်ဆိုင်ရာကဏ္ဍတွေမှာပါ နိုင်ငံနဲ့ နယ်မြေပိုင်းခြားထားမှု ဘောင်ကိုပါ ချိုးဖျက်လိုက် တာလည်း ဖြစ်ပါတယ်။

ဒေသအလိုက် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ ပုံစံတွေ ကွဲပြားပေမယ့်လည်း ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ် မြင့်တက်ခြင်းဟာ ကမ္ဘာနဲ့တစ်ဝန်း ဆက်လက်ဖြစ်ပေါ်နေတဲ့ ရေစီးကြောင်းတစ်ခု ဖြစ်နေပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နိုင်ငံစုံက အစိုးရတွေ၊ လုပ်ငန်းရှင်ကြီးတွေအတွက် မဟာဗျူဟာမြောက် အစီအစဉ်တကျ စီမံခန့်ခွဲမှုနဲ့ အသုံးစရိတ် ခန့်မှန်းချက်တွေကို တွက်ချက်ထားဖို့ လိုအပ်နေပြီ WTW က သတိပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ အလုပ်သမားတွေရဲ့ ကြံ့ခိုင်သန်စွမ်းမှုကို ထိန်းသိမ်းဖို့ဆိုရင် အလုပ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဦးစားပေးဖို့၊ ကင်ဆာနဲ့ပတ်သက်ပြီး အသိပညာပေးတာနဲ့ ကာကွယ်ခြင်းတွေကို နားလည်အောင် လုပ်ဖို့၊ ဝန်ထမ်းတွေက ကျခံရတာရှိရင် ကုန်ကျစရိတ် ခွဲဝေမှုကို ထည့်သွင်းစဉ်းစားဖို့၊ ကျန်းမာရေးဆိုင်ရာ ပညာပေးတာနဲ့ ကြိုတင်ကာကွယ် ခြင်းကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံထားသင့်ပြီလို့လည်း တိုက်တွန်းထားပါတယ်။

15/06/2026

အချိုမှုန့်နဲ့ အသားမှုန့် ဘယ်ဟာပိုသင့်တော်လဲ? အဖြေကို 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ မီးဖိုချောင်ထဲက ကျန်းမာရေး 𝙑𝙞𝙙𝙚𝙤 လေးမှာ ကြည့်လိုက်ရအောင်။

သင့်သွေးနဲ့အသက်ကယ်နိုင်ပါတယ်(Wor Mi Thi)နည်းပညာတွေ ဘယ်လောက်တိုးတက်လာလာ၊ အေအိုင်တွေ ဘယ်လောက်အရေးပါလာလာ၊ ခုလက်ရှိအချိန်အထိ...
14/06/2026

သင့်သွေးနဲ့အသက်ကယ်နိုင်ပါတယ်
(Wor Mi Thi)

နည်းပညာတွေ ဘယ်လောက်တိုးတက်လာလာ၊ အေအိုင်တွေ ဘယ်လောက်အရေးပါလာလာ၊ ခုလက်ရှိအချိန်အထိ သွေးကို စက်ရုံမှာ ထုတ်လုပ်လို့ မရသေးပါဘူး။ သွေးလိုအပ်နေတဲ့ လူနာတွေအတွက် သွေးဆိုတာ ကျန်းမာတဲ့ သွေးလှူရှင်တွေဆီကနေပဲ ရနိုင်တဲ့ အသက်ကယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် သွေးအများကြီးဆုံးရှုံးသွားသူတစ်ယောက်၊ ခွဲစိတ်ကုသမှုခံယူနေသူတစ်ယောက်၊ မီးဖွားစဉ် သွေးများသွားတဲ့ မိခင်တစ်ယောက်၊ သွေးအားနည်းရောဂါပြင်းထန်နေတဲ့ ကလေးတစ်ယောက်၊ ကင်ဆာကုသမှုခံယူနေသူတစ်ယောက်အတွက် သွေးတစ်အိတ်ဟာ ဆေးဝါးတစ်မျိုးထက်ပိုပြီး အသက်ဆက်ခွင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးလှူခြင်းဟာ ကုသရေးစနစ်ထဲမှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ လူသားချင်းစာနာမှုအခြေခံတဲ့ ကူညီမှုတစ်ခု ဖြစ်နေဆဲပါ။

ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို သွေးယူနစ်ပေါင်း သန်း ၁၀၀ ကျော် စုဆောင်းနေပေမယ့် နိုင်ငံအများအပြားမှာ သွေးလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ လူဦးရေထဲက အနည်းဆုံး ၁ ရာခိုင်နှုန်းခန့်က ပုံမှန်သွေးလှူဒါန်းနိုင်မှသာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံသွေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာလည်း သွေးလိုအပ်မှုက တစ်နှစ်ပတ်လုံး ဆက်တိုက်ရှိနေပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနကနေ သွေးယူနစ် ၉၃,၃၈၅ ယူနစ် စုဆောင်းနိုင်ခဲ့ပြီး ဆေးရုံတွေကို ဖြန့်ဝေပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါဟာ အားရစရာအချက်ဖြစ်ပေမယ့် မြန်မာနိုင်ငံတစ်ဝန်းလုံးရဲ့ စုစုပေါင်းသွေးလိုအပ်ချက်ကို ဒီကိန်းဂဏန်းတစ်ခုတည်းနဲ့ မသတ်မှတ်နိုင်ပါဘူး။ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊ ဒေသန္တရဆေးရုံများ၊ အရေးပေါ်အခြေအနေများ၊ မီးဖွားစောင့်ရှောက်မှု၊ သွေးရောဂါများ၊ ကင်ဆာကုသမှုနဲ့ ထိခိုက်ဒဏ်ရာရမှုများအားလုံးအတွက် သွေးလိုအပ်မှုက နေ့စဉ်ရှိနေပါတယ်။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးပမာဏဟာ ကိုယ်အလေးချိန်၊ ကိုယ်ခန္ဓာအရွယ်အစား၊ လိင်၊ ကိုယ်ဝန်ရှိမရှိနဲ့ ကျန်းမာရေးအခြေအနေအပေါ် မူတည်ပါတယ်။ ယေဘုယျအားဖြင့် လူကြီးတစ်ယောက်မှာ သွေး ၄ လီတာမှ ၆ လီတာခန့် ရှိတတ်ပါတယ်။ အမျိုးသားတွေမှာ သွေးပမာဏက အမျိုးသမီးတွေထက် အနည်းငယ်ပိုများလေ့ရှိပြီး အမျိုးသားတစ်ယောက်မှာ ၅ လီတာဝန်းကျင်မှ ၆ လီတာဝန်းကျင်၊ အမျိုးသမီးတစ်ယောက်မှာ ၄ လီတာဝန်းကျင်မှ ၅ လီတာဝန်းကျင် ရှိနိုင်ပါတယ်။
သွေးလှူတဲ့အခါ ခန္ဓာကိုယ်ထဲက သွေးအားလုံးကို ထုတ်ယူတာ မဟုတ်ပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးစစ်ဆေးချက်အပေါ် မူတည်ပြီး သွေး ၃၅၀ မှ ၄၅၀ မီလီလီတာခန့်သာ ထုတ်ယူပါတယ်။ ဒီပမာဏဟာ ကျန်းမာတဲ့ လူကြီးတစ်ယောက်ရဲ့ စုစုပေါင်းသွေးပမာဏနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်သာ ဖြစ်ပေမယ့် သွေးလိုအပ်နေတဲ့ လူနာတစ်ယောက်အတွက်တော့ အသက်ကယ်နိုင်တဲ့ ပမာဏ ဖြစ်နိုင်ပါတယ်။

သွေးထဲမှာ အရည်ပိုင်းဖြစ်တဲ့ သွေးရည်ကြည် (plasma)၊ သွေးနီဥ (red blood cells)၊ သွေးဖြူဥ (white blood cells) နဲ့ သွေးဥမွှား (platelets) တွေ ပါဝင်ပါတယ်။ သွေးလှူပြီးတဲ့အခါ သွေးနီဥအချို့နဲ့ သွေးရည်ကြည်အချို့ လျော့နည်းသွားပေမယ့် ခန္ဓာကိုယ်က သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ သွေးလှူလိုက်တဲ့အခါ သွေးထဲက အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်း အနည်းငယ်လျော့သွားတာကို ကျောက်ကပ်က သိရှိပြီး erythropoietin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်ပေးပါတယ်။ ဒီဟော်မုန်းက ရိုးတွင်းခြင်ဆီကို သွေးနီဥအသစ်တွေ ထုတ်လုပ်ဖို့ အချက်ပြပေးပါတယ်။
သွေးနီဥတစ်လုံးရဲ့ သက်တမ်းဟာ ပုံမှန်အားဖြင့် ရက် ၁၂၀ ခန့်ရှိပါတယ်။ သွေးလှူပြီးနောက် သွေးရည်ကြည်ကို ခန္ဓာကိုယ်က အရင်ပြန်ဖြည့်တင်းပေးပြီး သွေးနီဥတွေကိုတော့ ပုံမှန်အားဖြင့် ၃ ပတ်မှ ၄ ပတ်အတွင်း သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးချက်တွေ ကိုက်ညီတဲ့ လူတစ်ယောက်အတွက် သွေးလှူတာကြောင့် အမြဲအားနည်းသွားမယ်၊ ရောဂါဝင်လွယ်သွားမယ်ဆိုတဲ့ အယူအဆတွေဟာ မမှန်ကန်ပါဘူး။

ဒါပေမယ့် သွေးလှူပြီးတာနဲ့ သွေးအရည်ပိုင်းကို ခန္ဓာကိုယ်က မြန်မြန်ပြန်ဖြည့်နိုင်ပေမယ့် သွေးနီဥနဲ့ သံဓာတ်အင်အား ပြန်လည်ဖြည့်တင်းဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ဒါကြောင့် သွေးလှူရှင်တစ်ယောက်ဟာ မိမိဆန္ဒရှိတိုင်း ခဏခဏ သွေးလှူလို့ မသင့်ပါဘူး။ WHO Myanmar ရဲ့ အချက်အလက်အရ ကျန်းမာတဲ့ စေတနာသွေးလှူရှင်တစ်ယောက်ဟာ ၄ လတစ်ကြိမ် သွေးလှူနိုင်ပါတယ်။ ဒီကြားကာလကို စောင့်ပေးတာဟာ သွေးလှူရှင်ကို သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ မူးဝေခြင်း၊ အားနည်းနွမ်းနယ်ခြင်းတွေကနေ ကာကွယ်ပေးပါတယ်။

သွေးလှူနိုင်ဖို့အတွက် ယေဘုယျအားဖြင့် ကျန်းမာနေသူ၊ လတ်တလောရောဂါမရှိသူ၊ သတ်မှတ်ထားတဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ ကိုက်ညီသူ ဖြစ်ရပါမယ်။ အမျိုးသားသွေးဌာန မြန်မာရဲ့ အချက်အလက်အရ သွေးလှူရှင်ဟာ အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိသူ ဖြစ်ရပါမယ်။ အမျိုးသားရော အမျိုးသမီးပါ ကိုယ်အလေးချိန် ပေါင် ၁၂၀ အထက်ရှိရပါမယ်။ အိပ်ရေးဝထားသူ၊ အရက်သေစာ မသောက်ထားသူ၊ လတ်တလောရောဂါမရှိသူ ဖြစ်ရပါမယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်း၊ ဆေးအပ်စိုက်ခြင်းတို့ ပြုလုပ်ထားသူတွေက ခေတ္တစောင့်ဆိုင်းရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနဲ့ လတ်တလော ဓမ္မတာလာနေသူများလည်း အဲဒီအချိန်မှာ သွေးမလှူသင့်ပါဘူး။ ဒါတွေဟာ သွေးလှူသူကို ပယ်ချတာမဟုတ်ဘဲ သွေးလှူရှင်နဲ့ သွေးလက်ခံမယ့်လူနာ နှစ်ဖက်စလုံးကို ကာကွယ်ဖို့ထားရှိတဲ့ စည်းမျဉ်းတွေ ဖြစ်ပါတယ်။

သွေးလှူမယ့်သူတွေဟာ မလှူခင် သွေးစစ်ဆေးမှုနဲ့ ကျန်းမာရေးမေးမြန်းစစ်ဆေးမှုတွေကို ခံယူရပါမယ်။ မိမိရဲ့ ကျန်းမာရေးအခြေအနေ၊ လက်ရှိသောက်နေတဲ့ ဆေးဝါးများ၊ မကြာသေးခင်က ဖျားနာခြင်း၊ ခွဲစိတ်ကုသမှု၊ ခရီးသွားရာဇဝင်၊ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ ဓမ္မတာလာခြင်း၊ ယခင်သွေးလှူပြီး မူးဝေဖူးခြင်း စတဲ့အချက်တွေကို သေသေချာချာ ပြောပြသင့်ပါတယ်။
သွေးလှူမယ့်နေ့မတိုင်ခင် အိပ်ရေးဝအောင် အိပ်ထားသင့်ပါတယ်။ အစာမစားဘဲ သွေးလှူတာ မလုပ်သင့်ပါဘူး။ အာဟာရပြည့်ဝတဲ့အစာ စားထားသင့်ပြီး ရေကိုလည်း လုံလောက်အောင် သောက်ထားသင့်ပါတယ်။ အရက်သေစာကို ရှောင်ရပါမယ်။ သွေးလှူပြီးတဲ့နောက်မှာလည်း အာဟာရပြည့်ဝအောင် စားသောက်ရပါမယ်။ အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်များ၊ သံဓာတ်ပါဝင်တဲ့ အစားအစာများကို စားသင့်ပါတယ်။ ဗီတာမင် C ပါတဲ့ သံပရာ၊ လိမ္မော်၊ ဂွာဗာ၊ ခရမ်းချဉ်သီးနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက သံဓာတ်စုပ်ယူမှုကို အထောက်အကူပြုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန်၊ စေတနာအလျောက်၊ အခမဲ့သွေးလှူရှင်တွေ ပိုများလာဖို့ လိုအပ်နေပါတယ်။ သွေးဆိုတာ အရေးပေါ်ဖြစ်မှ ရှာရမယ့်အရာမဟုတ်ပါဘူး။ လူနာလိုအပ်လာတဲ့အချိန်မှာ အသင့်ရှိနေသင့်တဲ့အရာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ သွေးရှာနေချိန်အတွင်း လူနာဟာ မဆုံးပါးသင့်ဘဲ ဆုံးပါးသွားတာ ဖြစ်နိုင်ပါတယ်။ သွေးလှူရှင်တွေ ပုံမှန်ရှိနေမှသာ မိသားစုတွေက လူနာအတွက် အရေးပေါ်သွေးရှာရတဲ့ အခက်အခဲကို လျှော့ချနိုင်မှာဖြစ်ပြီး မသေသင့်တဲ့အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာနေတဲ့အချိန်မှာ သွေးလှူပါ။ မှန်ကန်တဲ့အချက်အလက်တွေကို မျှဝေပါ။ အယူအဆမှားတွေကြောင့် ဖြစ်တဲ့ ကြောက်ရွံ့မှုတွေကို လျှော့ချပါ။ သင့်သွေးနဲ့ အသက်ကယ်နိုင်ပါတယ်။
References

1. World Health Organization Myanmar. Voluntary Blood Donations Factsheet.https://cdn.who.int/media/docs/default-source/searo/myanmar/voluntary-blood-donations-factsheet-in-english.pdf
2. National Blood Center Myanmar. Blood Donation Eligibility and Blood Stock Information. https://www.donatebloodmyanmar.org/
3. Global New Light of Myanmar. NBC Myanmar distributes over 90,000 blood units to hospitals in 2023. https://www.gnlm.com.mm/nbc-myanmar-distributes-90000-blood-units-to-hospitals-in-2023/

ကော်ဖီ ပုံမှန်သောက်ရင် ကျောက်ကပ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ။ကော်ဖီကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက ကျောက်ကပ်လုပ်ငန်းဆေ...
13/06/2026

ကော်ဖီ ပုံမှန်သောက်ရင် ကျောက်ကပ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ။

ကော်ဖီကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက ကျောက်ကပ်လုပ်ငန်းဆောင်တာကို ကာကွယ်ပေးပြီး ကျောက်ကပ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်ပေမဲ့၊ အကျိုးကျေးဇူးတွေက လူတိုင်းမှာ အတူတူမဟုတ်ပါဘူး။

ကော်ဖီကို နေ့စဉ်သောက်ခြင်းက နိုးကြားမှု၊ အာရုံစူးစိုက်နိုင်မှုကို ကောင်းမွန်စေပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးရုံသာမက ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အကျိုးအချို့ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အဆိုပါသက်ရောက်မှုတွေက သောက်သုံးသည့် ပမာဏ၊ ဖျော်စပ်တဲ့နည်းလမ်းနဲ့ သောက်သုံးသူရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်ပါတယ်။

အမေရိကန် သုတေသနမဂ္ဂဇင်း The Mayo Clinic ၏ ဆေးဘက်ဆိုင်ရာ အယ်ဒီတာ Donald D. Hensrud, M.D., M.S. က “ကော်ဖီသောက်သူတွေမှာ အမျိုးအစား (၂) ဆီးချို၊ ပါကင်ဆန်ရောဂါ၊ အသည်းရောဂါ၊ အသည်းကင်ဆာအပါအဝင် ကင်ဆာအချို့၊ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှု၊ ကျောက်ကပ်ကျောက်နဲ့ သည်းခြေကျောက်တည်ခြင်း၊ နဲ့ အလုံးစုံသေဆုံးနှုန်းက လျော့နည်းနေတာကို တွေ့ရပါတယ်” လို့ ပြောကြားထားပါတယ်။

Nephrology Dialysis Transplantation ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုက အမေရိကန်နိုင်ငံရှိ နာတာရှည်ကျောက်ကပ်ရောဂါရှိသူ အရွယ်ရောက် ၄,၈၆၀ ကျော်ရဲ့ အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ လေ့လာမှုပါဝင်သူတွေကို နေ့စဉ် ကဖိန်းဓာတ် စားသုံးမှုအပေါ်မူတည်ပြီး လေးအုပ်စု ခွဲလိုက်ပါတယ်။ သူတို့ဟာ တစ်နေ့ကို ကဖိန်းဓာတ် ၂၈.၂ မီလီဂရမ်အောက် (ကော်ဖီအမည်းတစ်ခွက်ရဲ့ သုံးပုံတစ်ပုံအောက် နည်းနည်းမျှနဲ့ ညီမျှသည်)၊ ၂၈.၂ မှ ၁၀၃ မီလီဂရမ်၊ ၁၀၃ မှ ၂၁၃.၅ မီလီဂရမ်၊ နဲ့ ၂၁၃.၅ မီလီဂရမ်အထက် (နှစ်ခွက် သို့မဟုတ် နှစ်ခွက်ထက်ပို) သောက်သုံးခဲ့ကြပါတယ်။

ငါးနှစ် နောက်ဆက်တွဲ စောင့်ကြည့်ကာလအတွင်း ပါဝင်သူ ၁,၂၈၀ ခန့် သေဆုံးခဲ့ပါတယ်။ ရောထွေးနေနိုင်သော အချက်များကို ထည့်သွင်းပြင်ဆင်ပြီးနောက် ရလဒ်တွေက ကဖိန်းဓာတ် ပိုမိုစားသုံးသည့် အုပ်စုသုံးစုစလုံးဟာ အနည်းဆုံးစားသုံးသည့်အုပ်စုနှင့် နှိုင်းယှဉ်ပါက သေဆုံးနိုင်ခြေ ၂၂% မှ ၂၆% အထိ လျော့နည်းနေကြောင်း ပြသခဲ့ပါတယ်။

အမေရိကန် အမျိုးသား ကျောက်ကပ်ဖောင်ဒေးရှင်းရဲ့ အဆိုအရ ကဖိန်းဓာတ်က ဆီးပမာဏကို တိုးစေပြီး၊ အဲဒါက ဆီးလမ်းကြောင်းအတွင်းမှာ ကျောက်တည်စေတဲ့ သတ္တုဓာတ်တွေ စုပုံခြင်းနဲ့ ပုံဆောင်ခဲအဖြစ် ပြောင်းလဲခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ဆေးပညာရှင်များ ပြန်လည်သုံးသပ်ပေးသည့် ကျန်းမာရေးအချက်အလက် ဝက်ဘ်ဆိုဒ် Verywell Health ရဲ့လေ့လာမှုအချို့က ကော်ဖီပုံမှန်သောက်သူတွေမှာ ကျောက်ကပ်ကျောက်ဖြစ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိထားပေမဲ့၊ ကော်ဖီပိုသောက်လေ ပိုကောင်းလေလို့ မဆိုလိုပါဘူး။

ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေက ကျန်းမာတဲ့ လူရွယ်လူလတ်ပိုင်းတွေအနေနဲ့ ကဖိန်းဓာတ် တစ်နေ့ကို ၄၀၀ မီလီဂရမ်ခန့် (သာမန်လုပ်ထားတဲ့ ကော်ဖီ သုံးခွက် သို့မဟုတ် လေးခွက်နှင့် ညီမျှ) သာ ကန့်သတ်သောက်သုံးဖို့ အကြံပြုထားပါတယ်။

ကော်ဖီအလွန်အကျွံ သောက်သုံးခြင်းက အိပ်မပျော်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ စိုးရိမ်စိတ်ဖြစ်ခြင်းနဲ့ ရင်တုန်သည်အထိ ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်က အထူးသဖြင့် ကဖိန်းဓာတ်နဲ့ ဓာတ်မတည့်သူတွေမှာ သွေးပေါင်ချိန်အနည်းငယ် တက်စေနိုင်ပါတယ်။

ထို့အပြင်ကော်ဖီကို သကြား၊ နို့ဆီ၊ ခရင်မ်(heavy cream)၊ အနံ့အရသာရည်(syrup)အများကြီးနဲ့ ပုံမှန်သောက်ရင်သကြားနဲ့ ကယ်လိုရီ စားသုံးမှုကို တိုးစေတာကြောင့် ကော်ဖီရဲ့ အကျိုးကျေးဇူးတွေ လျော့သွားနိုင်ပါတယ်။

နိဂုံးချုပ် အနေနဲ့တော့ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ ဒါမှမဟုတ် အခြား နောက်ခံကျန်းမာရေးပြဿနာရှိသူတွေအနေနဲ့ သင့်တော်တဲ့ ကဖိန်းဓာတ်စားသုံးမှုနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Ref: What happens to your kidneys when you drink coffee regularly?-Bao Bai, VnExpress

Weekly Health Round-Up (June Third Week )စာရေးသူ -ကိုတင်• ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြည်သူ့အကျိုးပြုအဖြစ် အဏုမြူရောင်ခြည်...
12/06/2026

Weekly Health Round-Up (June Third Week )
စာရေးသူ -ကိုတင်

• ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြည်သူ့အကျိုးပြုအဖြစ် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေ ကုသရေးဌာန၏ (PETCT, SPECT-CT, Cyclotron, Nuclear Medicine အပါအဝင်) ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက ထုတ်ပြန်သည်။

• ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပညာရေး၊ကျန်းမာရေးနှင့်ယဉ်ကျေးမှုမြှင့်တင်ရေးကော်မတီမှ ဇွန် ၈ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လာရောက် ကွင်းဆင်းလေ့လာခဲ့ ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်သည်။
• အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သက်ဆိုင်ရာ သုသာန်၊ ရပ်နီးရပ်ဝေး သို့ သင့်တင့်မျှတသော စရိတ်ဖြင့် သယ် ဆောင် နိုင်ရေး စစ်မှန်သော ပရဟိတအဖွဲ့များ၏ အကူအညီရရှိရေး၊ အကျိုးအမြတ် အတွက် ရည်ရွယ်သော ပရဟိတ taxi များ၊ ကျင့်ဝတ်မညီသော ambulance များအား ကြီးကြပ်ရေး နှင့် မတရားငွေတောင်းခံခြင်းများ လျော့နည်းပပျောက်ရေးတို့အတွက် စည်းကမ်းချက်များသတ်မှတ်ပြီး စနစ်တကျကြပ်မတ်သွားမှာဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက ထုတ်ပြန်သည်။

• ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် ဧပြီလ နောက်ဆုံးအပတ်ကစ၍ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနေသူ ၃၃ ဦးအထိ ရှိနေလာနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။
• အီလက်ထရောနစ် မွေးဖွားမှုနဲ့ သေဆုံးမှု မှတ်ပုံတင်ခြင်း (MBDR) စနစ် အကောင်အထည် ဖော်နိုင်ရေး အတွက် မြို့နယ်အဆင့် သင်တန်းကို မြို့နယ်ဆေးရုံခန်းမမှာ ၃ ရက်ကြာ ကျင်းပပြု လုပ်ခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံးက ထုတ်ပြန်ထားပါတယ်။

• မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ကသာကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဟာ ဒုတိယအကြိမ် အစာအိမ်ပေါက်ပြဲမှုဖြစ်ခဲ့ပေမဲ့ ကျိုက်ထိုဆေးရုံမှာ အောင်အောင်မြင်မြင် ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။အဲဒီလူနာဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကလည်း အစာအိမ်ပေါက်ဖူးပြီး အဲဒီအချိန်တုန်းက ကျိုက်ထိုဆေးရုံမှာ မခွဲစိတ် နိုင်သေးတာကြောင့် ပဲခူးဆေးရုံကြီးအထိ လွှဲပြောင်းကုသခဲ့ရဖူးတယ်လို့ သိရပါတယ်။

• မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ အထကကျောင်းမှာ ဇွန်လ ၁၄ ရက်နေ့ ကျရင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ ဆေးကုသရေးအဖွဲ့ လာရောက်ပြီး ဒေသခံပြည်သူတွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးကုသပေးသွားမယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက အသိပေးထားပါတယ်။ဒီကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် မှာ သွားနဲ့ခံတွင်းအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားနဲ့ မီးယပ်ရောဂါအထူးကု၊ ကလေးရောဂါ အထူးကု၊ ဆေးပညာအထူးကုနဲ့ ဓာတ်မှန်အထူးကု ဆရာဝန်ကြီးတွေကိုယ်တိုင် ပါဝင်ပြီး ဒေသခံပြည်သူတွေကို အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

• အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ သွေးတိုးရောဂါ (Hypertension) ကိုလည်း တွဲဖက်ခံစားရတာ များပြီး၊ အဲဒီအခြေအနေက နာတာရှည် ကျောက်ကပ်ရောဂါနဲ့ ကျောက်ကပ် ပျက်စီးမှု ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေတယ်လို့ Medical News Today သတင်းမှာဖော်ပြ ထားပါတယ်။Dihydropyridine Calcium Channel Blockers (DCCBs) လို့ခေါ်တဲ့ သွေးပေါင် ကျဆေးအုပ်စုကို အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေရဲ့ သွေးတိုးရော ဂါကုသရာမှာ Renin–Angiotensin System Inhibitors (RASi) နဲ့ Sodium–Glucose Cotransporter-2 Inhibitors (SGLT2i) ဆေးတွေနဲ့အတူ တွဲဖက်အသုံးပြုလေ့ရှိပါတယ်။ဒါပေမဲ့ ယူကေနိုင်ငံ၊ ဂလပ်စဂိုးမြို့ မှာကျင်းပခဲ့တဲ့ ၆၃ ကြိမ်မြောက် European Renal Association Congress မှာ တင်ပြခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်အရ DCCB ဆေးတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် ကျောက်ကပ်ကျန်းမာရေးအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

• Ozempic နဲ့ Wegovy လို GLP-1 အုပ်စုဝင် ဆေးဝါးတွေဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ဖွယ်ရှိတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထား ပါတယ်။ အဆိုပါ ဆေးဝါးတွေကို ဆီးချိုရောဂါနဲ့ ကိုယ်အလေးချိန်လျှော့ချရေးအတွက် အဓိကအ သုံးပြုနေကြပေမဲ့၊ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချရာမှာ အထောက် အကူပြုနိုင်ကြောင်း သုတေသီတွေက တွေ့ရှိထားပါတယ်။

• မိန်းကလေးငယ်အများအပြားဟာ TikTok၊ Instagram နဲ့ အခြားလူမှုကွန်ရက်တွေက လွှမ်းမိုးမှု ကြောင့် Skincare ထုတ်ကုန်မျိုးစုံကို အသုံးပြုလာကြပြီး အသားအရေထိန်းသိမ်းရေး အပေါ် အလွန်အကျွံ စိတ်ဝင်စားစွဲလမ်းလာနေကြတယ်လို့ BBC ရဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါး တစ်ပုဒ်မှာဖော်ပြထားပါတယ်။ တချို့က အသက်ငယ်ရွယ်သေးပေမဲ့ လူကြီးတွေအတွက် ထုတ် လုပ်ထားတဲ့ Skincare ပစ္စည်းတွေကိုပါ အသုံးပြုလာနေကြတာကြောင့် စိုးရိမ်မှု တွေလည်း မြင့်တက်လာနေပါတယ်။ အသက် ၃ နှစ်၊ ၄ နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးမလေး တွေက အစ Skincare ထုတ်ကုန်တွေနဲ့ မိတ်ကပ်ပစ္စည်းတွေကို စိတ်အားထက်သန်စွာ ပြောပြ နေတဲ့ ဗီဒီယိုတွေကို အလွယ်တကူ တွေ့နိုင်ပါတယ်။ တချို့သော Skincare Influencer မိန်းကလေး ငယ်တွေကတော့ ကုမ္ပဏီတွေရဲ့ တရားဝင် ခန့်အပ်မှု မဟုတ်ပေမဲ့ "Brand Ambassador" လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုကြပြီး Bubble, Drunk Elephant နဲ့ P. Louise လို အမှတ်တံဆိပ်တွေရဲ့ ထုတ်ကုန်တွေကို ပြသကြော်ငြာနေကြပါတယ်။ အရေပြားဆရာဝန်တွေနဲ့ ပညာရှင်တွေက “Cosmeticorexia” ဆိုတဲ့ ဝေါဟာရအသစ်တစ်ခုကို အသုံးပြုလာကြပြီး အဲဒါကတော့ အသက်ငယ်ငယ်လေးကတည်းက “အပြစ်အနာအဆာမရှိတဲ့ အသားအရေ” ကို ရဖို့ အလွန် အကျွံ စွဲလမ်းနေပြီး အလှကုန်ပစ္စည်းတွေကို မထိန်းမသိမ်း အသုံးပြုနေတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ သူတို့ဟာ တစ်နေ့ကို Skincare ထုတ်ကုန် ၁၀ မျိုးအထိ အသုံးပြုကြပြီး မိတ်ကပ်မလိမ်းဘဲ မိသားစုဝင်တွေနဲ့တောင် တွေ့ဆုံဆက်ဆံဖို့ မလိုလားကြတဲ့ အခြေအနေ တွေကိုလည်း တွေ့ရကြောင်းအရေပြားအထူးကု ပါမောက္ခ Damiani ကလည်း ပြောထား ပါတယ်။

• ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက တစ်ပတ်ကို အရက်တစ်ခွက်မျှသာ သောက်သုံးခဲ့ရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ တွေးခေါ်သိမြင်နိုင်စွမ်း၊ အပြုအမူနဲ့ မျက်နှာပုံသဏ္ဌာန်တို့အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ အရက်ကို လုံးဝမသောက်သင့်ဘူးလို့ ဆယ်စုနှစ်များစွာကြာအောင် သတိပေးလာခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အခု လေ့လာတွေ့ရှိချက်အသစ်အရ အရက်သောက်တဲ့ ဖခင်တွေက မွေးဖွားလာတဲ့ ကလေးတွေမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုး ဖြစ်နိုင်ခြေ ပိုများနေ တယ်လို့ တွေ့ရှိထားပါတယ်။ ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံရှိ စုံတွဲပေါင်း ၅ သိန်းကျော်ကို လေ့လာထားတဲ့ သုတေသနတစ်ခုမှာ မိခင်က အရက်မသောက်ခဲ့ရင်တောင် ဖခင်က ကိုယ်ဝန် မရခင် အရက်သောက်ခဲ့မယ်ဆိုရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ခြေ ပိုမြင့် မားပြီး အဲဒီထဲမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ၊ မွေးရာပါ နှလုံးရောဂါနဲ့ အစာခြေလမ်း ကြောင်း ဆိုင်ရာ ချို့ယွင်းမှုတွေ ပါဝင်နေတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။

• GlobalData ရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၂ ခုနှစ်အတွင်း ဥရောပ ၅ နိုင်ငံမှာ အရက်မသောက်ဘဲ အသည်းမှာ အဆီများစုပုံလာပြီး ရောင်ရမ်းပျက်စီးလာတဲ့ အသည်းရောဂါ တစ်မျိုးဖြစ်တဲ့ NASH (Non-Alcoholic Steatohepatitis) ရောဂါ အတည်ပြုခံထားရ သူဦးရေဟာ ၁၁.၁ သန်းကျော်ကနေ ၁၁.၈ သန်းနီးပါးအထိ တိုးလာမယ်လို့ သိရပါတယ်။

နားလည်မှုလွဲနေကြသော သွားပိုးစားရောဂါ(ရေးသားသူ - Dr. အောင်ကိုထက်)​ကျွန်တော်တို့အရပ်မှာတော့ သွားနာပြီ၊ သွားကိုက်ပြီဟေ့ဆိုရ...
11/06/2026

နားလည်မှုလွဲနေကြသော သွားပိုးစားရောဂါ

(ရေးသားသူ - Dr. အောင်ကိုထက်)

​ကျွန်တော်တို့အရပ်မှာတော့ သွားနာပြီ၊ သွားကိုက်ပြီဟေ့ဆိုရင် သွားဆေးခန်းကိုသွားပြီး သွားဆရာဝန်နဲ့ကုသဖို့ မကြိုးစားဘဲ သွားဆရာဝန်တွေထက်ပိုပြီး အားကိုးလို့ကောင်းတာတွေကရှိကြ ပါတယ်ဗျ၊ စပ်ဆေးတွေကို မကြောက်မလန့် လက်တဆုပ် ဝယ်သောက်ကြတယ်၊ ဘာမှန်းမသိတဲ့ ဆေး တွေလိမ်းမယ်၊ ထူးထူးဆန်းဆန်း ဆေးရည်တွေ သွားထဲထည့်မယ် စသဖြင့် ရပ်ကွက်ထဲက ဆရာ့ ဆရာကြီးများဆီ မျိုးစုံကြိုးခုန်လုပ်ပြီးမှသာပဲ ကျွန်တော်တို့ဆီရောက်လာကြတာက ခပ်များများ။ အထက်ပါ နည်းပေါင်းစုံထက်ပိုပြီး အောင်မြင်တဲ့ နည်းတစ်ခုကတော့ "သွားပိုးချ"တယ်ဆိုတဲ့နည်းလမ်း ပါပဲ။

ထိုသွားပိုးချတယ်ဆိုတဲ့ နည်းလမ်းလုပ်ငန်းစဉ်ကို ခံယူဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီး တကူးတက သွားရောက်လုပ်ဆောင်ကြတာသိရတော့ ကျွန်တော်တို့မှာလည်း အံ့သြရုံသာပါပဲ။ သွားနဲ့ပတ်သက်တဲ့ ဝေဒနာခံစားကြရတဲ့အခါ စနစ်တကျကုသဖို့ မကြိုးစားဘဲ သွားဖက်ဆိုင်ရာဆရာဝန်နှင့် ပြသကုသဖို့ ကလွဲပြီး ကျန်သောနည်းပေါင်းစုံကြိုးစားပြီး လုပ်ဆောင်နေကြသူတွေထဲ တခါတခါ ပညာတတ် အသိုင်းအဝိုင်းကဆိုသူတွေပါ တွေ့နေရတော့ ကျွန်တော်တို့ဖက်က ရှင်းပြရတာလည်း ထပ်ခါထပ်ခါ မမောနိုင်မပန်းနိုင်ပါပဲဗျာ။

​သွားပိုးစားတယ်ဆိုတဲ့ အသုံးအနှုန်းက ဘယ်လိုအကြောင်းတွေကြောင့် ကျွန်တော်တို့ မြန်မာ စကားမှာ နှုတ်ကျိုးရတဲ့အထိ စွဲသွားကြလဲတော့ မသိပါဘူး၊ အခေါ်အဝေါ်ကိုက သွားပိုးစားတယ်ဆိုပြီး နှစ်ပေါင်းများစွာ အသုံးပြုလာတာရဲ့ နောက်ဆက်တွဲကြောင့်ပဲ သွားနာ၊ သွားကိုက်ပြီဆို "သွားပိုးကိုက် လို့၊ သွားပိုးစားလို့" ဆိုတဲ့ တလွဲအသိမှားတွေရှိလာကြတာ ထင်ပါတယ်။ ကျွန်တော်တို့ သွားဆရာဝန် တွေ ဘယ်လိုပဲရှင်းပြရှင်းပြ မရှိတဲ့ သွားပိုးကောင်တွေကို သတ်ချင်လို့၊ သွားပိုးချချင်လို့ဆိုတာ ဒီနေ့ ခေတ်အထိ မရိုးနိုင်တဲ့ ပြဿနာအနေနဲ့ ရှိနေတုန်းပါပဲ။

​သွားပိုးချထားပြီး ပြန်နာလာလို့ နောက်ဆုံးမှ သွားဆေးခန်းရောက်လာတဲ့အခါ လူနာတွေရဲ့ ပါးစပ်ထဲမှာ သွားက ဆွေးမြေ့ပျက်စီးနေပြီး သွားဖုံးနဲ့ပါးစောင် နေရာတွေမှာပါ ရောင်ရမ်းပျက်စီးနေ တာတွေ့ရများပါတယ်။ ခဏတာ နာကျင်မှုပျောက်သွားတာကိုပဲ ကုသမှုလို့ထင်နေကြတာဖြစ်ပါတယ်။ သွားပိုးချတယ်ဆိုတဲ့ လုပ်ငန်းစဉ်မှာ သုံးတဲ့ Chemical တွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒီလို Chemical တွေက နာကျင်မှုခဏသာ လျော့စေတတ်ပြီး ပါးစပ်ထဲမှာရှိတဲ့ နူးညံ့တဲ့ ပါးစောင်၊ လျှာများ ကိုလောင်စေနိုင်ပါတယ်။ ပိုပြီးပြင်းထန်ရင် အာရုံကြောထိပါ ထိခိုက်စေနိုင်ပါတယ်။

​သွားပိုးစား(Dental Caries)ဖြစ်စဉ်က ပါးစပ်ထဲမှာရှိနေပြီးဖြစ်တဲ့ သာမန်မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားပိုး (Bacteria) ၊ စားသောက်လိုက်တဲ့ အစားအစာထဲကအချို၊ နောက်တချက်က အချိန်ရယ် ဒီသုံးမျိုးပေါင်းစပ်ပြီးမှ ဖြစ်လာတာဖြစ်ပါတယ်။ ကျွန်တော်တို့ပါးစပ်ထဲမှာ အလိုလိုရှိနေပြီးသား Bacteria အမျိုးအစားပေါင်းက (၂၀၀)ဝန်းကျင် လောက်ရှိပါတယ်။ ရောဂါဝင်လာပြီ၊ ခံတွင်းထဲမှာတခြားပြဿနာတွေရှိလာပြီ၊ သန့်ရှင်းရေးမကောင်းဘူးဆိုရင်တော့ Bacteria အမျိုးအစားပေါင်းက (၇၀၀)ဝန်းကျင်လောက်အထိကို ခံတွင်းထဲမှာ ရှိနေနိုင်ပါသတဲ့ဗျာ။

အဲဒီ Bacteria အမျိုးအစားအများကြီးထဲမှာမှ သွားပိုးစားဖြစ်စဉ်မှာ ပါဝင်တဲ့ Bacteria ကတော့ Streptococcus Mutan ဖြစ်ပါတယ်။ သူကတော့ အဓိကပါဝင်သူဖြစ်ပြီး အရံပါဝင်တဲ့တခြား အမျိုးအစားတွေလည်း ရှိပါတယ်။ အစားအစာတွေထဲ ပါဝင်နေတဲ့ အချိုမှာလည်း အချိုအမျိုးအစား များစွာရှိပေမဲ့ သွားပိုးစားဖြစ်စဉ်ကို ပိုပြီးဖြစ်စေတဲ့ အချိုကတော့ Sucrose ဖြစ်ပါတယ်။ တခြားအချို တွေနဲ့ မတူတာက Sucrose က ပြိုကွဲပြီးသွားရင် သွားမျက်နှာပြင်မှာ စေးကပ်တဲ့ အလွှာဖြစ်စေပြီး အဲ့ဒီအလွှာထဲမှာ Bacteria တွေ ထပ်မံပေါက်ပွား ရှင်သန်စေပါတယ်။ Streptococcus Mutan က စားလိုက်တဲ့ အစားအစာထဲက Sucrose ကို အချဉ်ဖောက်လိုက်တဲ့အခါ အက်ဆစ် (Acid) အမျိုးအစားတွေ ထွက်ပေါ်လာပါတယ်။

​ခံတွင်းထဲမှာ pH Level ကိုကျစေတဲ့အထိ ပမာဏများများနဲ့ ထွက်လာတာကတော့ Lactic Acid ဖြစ်ပါတယ်။ ဒီ Acid က သွားကြွေမျက်နှာပြင် (Enamel) မှာရှိတဲ့ Calcium နဲ့ Phosphate Crystal Structure ကို အားနည်းသွားစေတဲ့ Demineralization ဖြစ်စဉ်ကို ဖြစ်စေတာဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရရင် သွားမျက်နှာပြင်ကို အက်ဆစ် စားသွားတယ်ပေါ့ဗျာ။ အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်စဉ်က ထပ်ခါထပ်ခါဖြစ်လာတဲ့အခါမှာ သွားပိုးစားဖြစ်စဉ်က သွားရဲ့ကြွေလွှာအောက်မှာရှိတဲ့ ဆင်စွယ်နှစ်လွှာ (Dentine အလွှာ)ထိ ရောက်ရှိလာပြီး သွားနာ၊ သွားကိုက်တဲ့အထိ ဖြစ်လာရတာဖြစ် ပါတယ်။ ရှုပ်ကုန်ပြီလားဗျ၊ အဓိကဖြစ်စေတဲ့ Bacteria ၊ အချိုနဲ့အချိန်ကြောင့် သွားပိုးစားဖြစ်စဉ် ဖြစ်တယ်ဆိုတာလေးသိရင် အဆင်ပြေပါပြီဗျာ။

​အစာစားပြီးတိုင်း ပလုတ်ကျင်း၊ စနစ်မှန်သွားတိုက်နည်းနဲ့ သွားသန့်ရှင်းရေးလုပ်ပြီး စားကြွင်း၊ စားကျန်တွေ သွားမျက်နှာပြင်ပေါ်မှာ မရှိဘူးဆိုရင် ဒီဖြစ်စဉ်ကို ဖြတ်တောက်နိုင်ပါတယ်။ နာကျင်မှု မရှိသေးပေမဲ့ အက်ဆစ် ထိထားလို့ သွားမျက်နှာပြင် အရောင်ပြောင်းတာ၊ မဲတာ၊ ပေါက်နေတာတွေ သတိထားမိရင် သွားဆေးခန်းသွားပြီး စနစ်တကျကုသမှုခံယူလိုက်တာနဲ့ လွယ်လွယ်ကူကူ သွားတချောင်း စားလို့ဝါးလို့ ပြန်ကောင်းသွားနိုင်ပါတယ်။

​သွား၊ ခံတွင်းနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ကျန်းမာရေး၊ အသိပညာရှိဖို့ရာ တတ်စွမ်းသလောက် ကျွန်တော်တို့သွားဆရာဝန်တွေ ကြိုးစားလျှက်ပါ။ ကလေးငယ်ရှိတဲ့ မိဘတွေ၊ ကလေးတွေကို သင်ကြားပြသ ဦးဆောင်နေတဲ့ ဆရာ၊ ဆရာမတွေဆိုရင် ပိုပြီးအားကြိုးမာန်တက် ရှင်းပြပေးဖြစ်ပါ တယ်။ မိဘ၊ ဆရာ ဆိုသူတွေက အတွေးအခေါ် အသိပညာမှန်ကန်ပါမှ နောက်မျိုးဆက်တွေလည်း အတွေးအခေါ်မှန်မယ်ဆိုသလိုပဲ သွားနှင့်ခံတွင်း ကျန်းမာရေးဗဟုသုတကလည်း အလားတူပဲဖြစ်ပါ တယ်ဗျာ။

Address

Yangon

Alerts

Be the first to know and let us send you an email when MyanHealth Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share