လူငယ်များအားထားရာ ဆေးကုခန်းကွန်ယက်

  • Home
  • Myanmar
  • Yangon
  • လူငယ်များအားထားရာ ဆေးကုခန်းကွန်ယက်

လူငယ်များအားထားရာ ဆေးကုခန်းကွန်ယက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လူငယ်များအားထားရာ ဆေးကုခန်းကွန်ယက်, Non-Governmental Organization (NGO), No (249), Theinbyu Road, Yangon.

♿ကျွန်တော်က မသန်စွမ်းတစ်ယောက်ပါ 💵ဆေးခန်းသွားတာ ဆေးကုသစရိတ်က ၇၀၀၀ သက်သာခွင့်ရတဲ့ အပြင် ခရီးစရိတ် ၁၅၀၀၀ ထပ်ရပါတယ် 🤍ကျွန်တေ...
01/08/2026

♿ကျွန်တော်က မသန်စွမ်းတစ်ယောက်ပါ
💵ဆေးခန်းသွားတာ ဆေးကုသစရိတ်က ၇၀၀၀ သက်သာခွင့်ရတဲ့ အပြင် ခရီးစရိတ် ၁၅၀၀၀ ထပ်ရပါတယ်
🤍ကျွန်တော်တို့ အတွက်တော့ သွားရလာရ ပိုလွယ်သွားတာပေါ့

👧ကျွန်မက သွေးအားနည်းလို့ ဆေးခန်းသွားပြတာ ဆေးခန်းက အားဆေးလည်းပေးလိုက်တယ်📱ထာဝရ ဆိုတဲ့ application အကြောင်းလည်း ရှင်းပြတယ် ...
25/07/2026

👧ကျွန်မက သွေးအားနည်းလို့ ဆေးခန်းသွားပြတာ ဆေးခန်းက အားဆေးလည်းပေးလိုက်တယ်
📱ထာဝရ ဆိုတဲ့ application အကြောင်းလည်း ရှင်းပြတယ် အခုကျွန်မက ရန်ကုန်မှာ မနေဖြစ်တော့ဘူး နောက်ပိုင်း တစ်ခုခုဆို ထာဝရကနေ မေးဖြစ်တယ်

🤰ကျွန်မက ကိုယ်ဝန်ဆောင်တုန်းက ဆေးခန်းသွားပြဖြစ်တာ 💊ဆေးကုသစရိတ်မပေးရတဲ့အပြင် ကိုယ်ဝန်ဆောင် အားဆေးပါ ပြန်ရပါတယ်📜သန္ဓေတားတဲ့...
18/07/2026

🤰ကျွန်မက ကိုယ်ဝန်ဆောင်တုန်းက ဆေးခန်းသွားပြဖြစ်တာ

💊ဆေးကုသစရိတ်မပေးရတဲ့အပြင် ကိုယ်ဝန်ဆောင် အားဆေးပါ ပြန်ရပါတယ်

📜သန္ဓေတားတဲ့ လက်ကမ်းစာစောင်ပါ ပေးလိုက်ပါတယ်

လူငယ်များအားထားရာ ဆေးကုခန်း (Youth Friendly Clinic) တွေကလူငယ်တွေအတွက်👉 Accessible service (လက်လှမ်းမီ ဝန်ဆောင်မှု ရရှိခြ...
06/06/2026

လူငယ်များအားထားရာ ဆေးကုခန်း (Youth Friendly Clinic) တွေက

လူငယ်တွေအတွက်

👉 Accessible service (လက်လှမ်းမီ ဝန်ဆောင်မှု ရရှိခြင်း)

👉 Affordable (ဆေးကုသစရိတ် မျှဝေကျခံပေးခြင်း)

👉 Confidentiality and privacy (ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှုပေးနိုင်ခြင်း)

👉 Non Judgmental (အပြစ်တင်ဝေဖန်မှု ကင်းခြင်း)

👉 Convenience (လွယ်ကူချောမွေ့စွာဝန်ဆောင်မှုရယူနိုင်ခြင်း)

👉 Treat with respect (ဆေးကုရာတွင် လေးစားမှုဖြင့် ပြောဆိုဆက်ဆံပေးခြင်း)

👉 Friendly (လူငယ်များအပေါ် ရင်းနှီးနွေးထွေးစွာ ဆက်ဆံပေးခြင်း)

စတဲ့ အချက်တွေနဲ့ ကုသမှုပေးနေခြင်းကြောင့်

လူငယ်တွေရဲ့မျိုးဆက်ပွားကျန်းမာရေး ပြဿနာများနဲ့ပတ်သက်လို့ စိတ်ချယုံကြည်စွာ အားထားလို့ရနေတဲ့ဆေးခန်းများဖြစ်ပါတယ်

အကြားအာရုံမသန်စွမ်းသူများအတွက် ထိရောက်မှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများဖြစ်စေရန် (Effective Communication) အတွက် ထည့်သွင်...
03/06/2026

အကြားအာရုံမသန်စွမ်းသူများအတွက် ထိရောက်မှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများဖြစ်စေရန် (Effective Communication) အတွက် ထည့်သွင်းစဉ်းစားသတိပြုရမည့် အချက်များကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

🦻အကြားအာရုံ မသန်စွမ်းသူများကို ကြိုဆိုရာတွင် သတိပြုရမည်မှာ…

👄 နှုတ်ခမ်းကို ကြည့်၍ အဓိပ္ပာယ်ဖော်နိုင်သည့်အတွက် စကားကို တစ်လုံးချင်း ရှင်းလင်းစွာပြောပြရမည်။

🙋အခြေခံ လက်သင်္ကေများ သိထားလျှင်လည်း အသုံးပြုနိုင်သည်။

📝 အကြားအာရုံချို့ယွင်းသော်လည်း စာရေးတတ် ဖတ်တတ်ပါက စာရေး၍ ချိတ်ဆက်ပေးနိုင်သည်။

🔢 စောင့်ဆိုင်းချိန်တွင် ဂဏန်းနံပါတ်ကို ဖော်ပြထားသော အလှည့်ကျ တိုကင်ကတ်ကို ပေးထားနိုင်သည်။ အမြင်အာရုံမချို့ယွင်းပါက အလည့်ကျရောက်လျှင် အလှည့်ကျနံပါတ်ပါသော လက်ကိုင်ဘုတ်ပြားကို မြင်သာအောင် ပြ၍ အသိပေးမည်ဖြစ်ပါကြောင်းနှင့် အနီးအနားအထိ လာရောက်ခေါ်ယူပေးနိုင်ပါကြောင်း အသိပေးထားရမည်။

🚫 "အပင်း၊ အ အ" စသည့် စကားလုံးများကို ရှောင်ကြဉ်ရန် လိုအပ်သည်။

💊 ဆေးပေးရာတွင်လည်း တိကျသော ညွှန်ကြားချက် ရေးပေးရမည် (ဥပမာ တစ်ရက်အတွင်းသောက်ရမည့်အကြိမ်ရေ- မနက် ၊ နေ့ ၊ ည သင်္ကေတ စသဖြင့်) ၊ ညွှန်ကြားချကိများကို ရှင်းလင်းမှုရှိမရှိ သေချာစွာ ပြန်လည်မေးမြန်းရမည်။

အထက်ပါအချက်များကို သတိပြု အလေးထားပြီး ဆောင်ရွက်ပါက အကြားအာရုံမသန်စွမ်းသူများနှင့် ချိတ်ဆက်ပြောဆိုဆောင်ရွက်ခြင်းတွင် များစွာ အထောက်အကူပြု ချောမွေ့မည်ဖြစ်ပါသည်။

ဒီနေ့တော့ ဉာဏ်ရည်မသန်စွမ်းသူများအတွက် ဆေးပေးကုသရာတွင် ထိရောက်မှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများဖြစ်စေရန် (Effective Commun...
30/05/2026

ဒီနေ့တော့ ဉာဏ်ရည်မသန်စွမ်းသူများအတွက် ဆေးပေးကုသရာတွင် ထိရောက်မှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများဖြစ်စေရန် (Effective Communication) အတွက် ထည့်သွင်းစဉ်းစားသတိပြုရမည့် အချက်များကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဉာဏ်ရည်မသန်စွမ်းသူများကို ကြိုဆိုရာတွင် သတိပြုရမည်မှာ…

🗣️ အနီးကပ်ပြုစုစောင့်ရှောက်သူပါလာနိုင်ခြေအများဆုံး အခြေအနေ ရှိပါသည်။ သို့ရာတွင် လူနာသည် ဉာဏ်ရည်မသန်စွမ်းသော်လည်း စကားပြောဆိုနားလည်နိုင်စွမ်းရှိပါက ရောဂါလက္ခဏာများကို လူနာနှင့် မေးမြန်းခြင်းကို ဦးစွာဆောင်ရွက်ရမည်။ ပြီးမှသာ အနီးကပ်ပြုစုစောင့်ရှောက်သူနှင့် ဆက်လက်ပြောဆိုပေးသင့်သည်။

💉🩺အချို့သော ဉာဏ်ရည်မသန်စွမ်းသူများသည် မိမိတို့၏ private part များကို ထိခွင့်မပေးရ၊ ကိုင်တွယ်ခွင့်မပေးရဟူသော အခြေခံအချက်များကို သင်ယူထားပြီးသူများဖြစ်နိုင်သည်။ သို့ပါ၍ ဆရာဝန်များ နားကျပ်နှင့်ထောက်၍ ရင်ဘတ်စမ်းသပ်ရန်၊ တင်ပါးကို ဆေးထိုးရန်၊ မိန်းမကိုယ်ကို လိုအပ်လျှင်စမ်းသပ်ရန် စသည့်အခြေအနေများရှိလာလျှင် စမ်းသပ်ကုသရန် ခက်ခဲမှုရှိနိုင်သည့်အတွက် အနီးကပ်ပြုစုစောင့်ရှောက်သူများအား နားလည်အောင် ပြောပြပေးထားနိုင်ပါရန်နှင့် အထောက်အကူပြုပိုစတာများကိုလည်း ဆေးခန်းများတွင် ထားရှိရန် လိုအပ်ပါသည်။

⏰ ဆေးခန်းတွင် စောင့်စားချိန်တွင် အဆင်ပြေငြိမ်သက်မှုရှိစေရန် အရုပ်များ၊ မုန့်များထားရှိပေးနိုင်ပါသည်။

🦧🐘🐿️စောင့်ဆိုင်းချိန်တွင် အလှည့်ကျ တိုကင်ကတ်ကို ပေးထားနိုင်သည်။ တိုကင်ကတ်တွင် ဂဏန်းနံပါတ်ကို ဖော်ပြရာတွင် စိတ်ဝင်စားမှုရှိစေနိုင်သော တိရစ္ဆာန်ပုံ ၊ အသီးပုံ စသဖြင့် အသုံးပြု ဖော်ပြနိုင်သည်။

🛎️ အလှည့်ကျရောက်လျှင် ဘဲလ်တီးပြီး နံပါတ်ခေါ်ပေးမည်ဖြစ်ကြောင်း နှင့် အနီးအနားအထိ လာရောက်ခေါ်ယူပေးနိုင်ပါကြောင်း အသိပေးထားရမည်။

🫣ဉာဏ်ရည်မသန်စွမ်းသူအချို့သည် ဂွမ်းစကို ကြောက်ရွံ့တတ်သည့်အတွက် ဂွမ်းအစားထိုး ပစ္စည်းများကို ထားရှိရန်လည်း လိုအပ်ပါသည်။

အထက်ပါအချက်အလက်များကို သတိပြု အလေးထား၍ ဆောင်ရွက်ပါက မသန်စွမ်းသူများနှင့် ချိတ်ဆက်ပြောဆိုဆောင်ရွက်ခြင်းတွင် များစွာ အထောက်အကူပြု ချောမွေ့မည်ဖြစ်ပါသည်။

အမြင်အာရုံမသန်စွမ်းသူများအတွက် ဆေးပေးကုသရာတွင် ထိရောက်မှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများဖြစ်စေရန် (Effective Communication...
27/05/2026

အမြင်အာရုံမသန်စွမ်းသူများအတွက် ဆေးပေးကုသရာတွင် ထိရောက်မှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများဖြစ်စေရန် (Effective Communication) ဆက်လက်ဖော်ပြပေးသွားပါမယ်။

🧑‍🦯 အမြင်အာရုံမသန်စွမ်းသူများကို ကြိုဆိုရာတွင် သတိပြုရမည်မှာ…

💬 အမြင်အာရုံချို့ယွင်းပါက တွဲခေါ်ပေးရန် အကူအညီလိုအပ်ပါသလားဟု ဦးစွာ မေးရမည်။

❗လိုအပ်ပါသည်ဟု ဖြေဆိုပါက ကူညီပေးမည့်သူ၏ မည်သည့်နေရာကို မှီ၍ သို့မဟုတ် ကိုင်၍ လိုက်ပါလျှင် အဆင်အပြေဆုံး ဖြစ်မည်ကို ထပ်မံ၍ မေးရမည်။ (ဥပမာ ပခုံးကို ကိုင်၍ လိုက်ပါခြင်း၊ လက်ကောက်ဝတ်ကို ကိုင်၍လိုက်ပါခြင်း၊ ကိုယ်တိုင် တုတ်ချောင်းအသုံးပြု၍ သွားခြင်း)

💡ကူညီရမည့်နည်းလမ်းသိရှိပြီးပါက ဆေးကုသမည့်နေရာသို့သွားရန် သေချာတိကျစွာညွှန်ပြပေးနိုင်ရမည်။ လမ်းညွှန်ရာတွင် မစိပ်မကျဲလွန်းသော ခြေလှမ်းအရေအတွက်၊ လမ်းကြောင်း (ဥပမာ - မသန်စွမ်းသူ၏ ဘယ်ဘက်/ ညာဘက်ကို ကွေ့မည် သို့မဟုတ် တည့်တည့်လျှောက်ရမည် သို့မဟုတ် လှေကား ဘယ်နှစ်ထစ်ဆင်းရမည် စသဖြင့် လမ်းညွှန်မှု)

🔢စောင့်ဆိုင်းချိန်တွင် မျက်မမြင်လက်စမ်းစာနှင့် ဂဏန်းနံပါတ်ကို ဖော်ပြထားသော အလှည့်ကျ တိုကင်ကတ်ကို ပေးထားနိုင်သည်။ အကြားအာရုံမချို့ယွင်းပါက အလှည့်ကျနံပါတ်ကို ပြောပြထားရမည်။ အလည့်ကျရောက်ပါက ဘဲလ်တီးပြီး နံပါတ်ခေါ်ပေးမည်ဖြစ်ကြောင်းနှင့် အနီးအနားအထိ လာရောက်ခေါ်ယူပေးနိုင်ပါကြောင်း အသိပေးထားရမည်။

🚫 "မြင်ရလား၊ မြင်လား" စသည့် စကားလုံးများကို ရှောင်ကြဉ်ရန် လိုအပ်သည်။

💊 ဆေးပေးရာတွင်လည်း တိကျသော ညွှန်ကြားချက်ပေးရမည် (ဥပမာ ဆေးလုံးအရေအတွက်၊ တစ်ရက်အတွင်းသောက်ရမည့်အကြိမ်ရေ၊ ဆေးထုပ်အရေအတွက် စသဖြင့်) ၊ ညွှန်ကြားချက်များကို ရှင်းလင်းမှုရှိမရှိ သေချာစွာ ပြန်လည်မေးမြန်းရမည်။

အထက်ပါအချက်များကို သတိပြု အလေးထားပြီး ဆောင်ရွက်ပါက အမြင်အာရုံမသန်စွမ်းသူများနှင့် ချိတ်ဆက်ပြောဆိုဆောင်ရွက်ခြင်းတွင် များစွာ အထောက်အကူပြု ချောမွေ့မည်ဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်နေရာများတွင်🧑‍🦽 ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဆေးပေးကုသရာတွင် ထိရောက်မှုရှိသော ဆက်သွယ်...
23/05/2026

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်နေရာများတွင်

🧑‍🦽 ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဆေးပေးကုသရာတွင် ထိရောက်မှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများဖြစ်စေရန် (Effective Communication) ထည့်သွင်းစဉ်းစားသတိပြုရန် လိုအပ်သည့် ဂရုစိုက်မှုများကိုဖော်ပြပေးလိုက်ပါတယ်

💬 ကြိုဆိုရာတွင် တွဲခေါ်ပေးရန် အကူအညီလိုအပ်ပါသလားဟု ဦးစွာ မေးရမည်။

❗ လိုအပ်ပါသည်ဟု ဖြေဆိုပါက ဂျိုင်းထောက်အသုံးပြုသူဆိုလျှင် ဂျိုင်းထောက် ထောက်ထားသည့်ဘက်မှ မတွဲမိစေရန် သတိပြုရမည်။

✅ ဆေးကု ကုတင်ပေါ်တက်ရာတွင်လည်း မသန်စွမ်းမှုရှိနေသည့်ဘက်နှင့် တက်ရန် အားမသန်ပါက လူနာအသုံးပြုရန် ထားရှိသည့် ခေါင်းအုံးကို ဘက် (ခြေရင်း/ခေါင်းရင်း) အပြောင်းအလဲလုပ်ပေးနိုင်ရမည်။

⏳ စမ်းသပ်မှုပြုချိန်တွင်လည်း လှုပ်ရှားနိုင်မှု ၊ သန်စွမ်းနိုင်မှု အနေအထားပေါ်မူတည်၍ စမ်းသပ်သည့်အချိန် ပိုပေးရမည်ကို သတိပြုရမည်။

💛 ဆေးပေးခြင်း၊ စမ်းသပ်ခရှင်းခြင်းစသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူ၏ မသန်စွမ်းမှု နေရာနှင့် မသန်စွမ်းမှု degree ပေါ်မူတည်၍ စိတ်ရှည်စွာ စီစဉ်ဆောင်ရွက်ပေးရမည်။

အထက်ပါအချက်များကို သတိပြု အလေးထားပြီး ဆောင်ရွက်ပါက ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ချိတ်ဆက်ပြောဆိုဆောင်ရွက်ခြင်းတွင် များစွာ အထောက်အကူပြု ချောမွေ့မည်ဖြစ်ပါသည်။

နေမကောင်းတဲ့အခါငယ်ငယ်က မိဘတွေ ဆေးခန်းလိုက်ပို့ပေးခဲ့တဲ့ အရွယ်ကနေအခုတော့ ကိုယ်ကိုယ်တိုင် ဆေးခန်းသွားရတဲ့ အရွယ်တောင် ရောက်...
20/05/2026

နေမကောင်းတဲ့အခါ

ငယ်ငယ်က မိဘတွေ ဆေးခန်းလိုက်ပို့ပေးခဲ့တဲ့ အရွယ်ကနေ

အခုတော့ ကိုယ်ကိုယ်တိုင် ဆေးခန်းသွားရတဲ့ အရွယ်တောင် ရောက်လာကြပြီနော်

ဆေးခန်းမသွားချင်ဘူးဆိုရင်တော့

ကိုယ့်ကျန်းမာရေးကို နေ့စဉ် ဂရုစိုက်ပေးထားဖို့ လိုပါတယ် 🤍

`ကျန်းမာရေး ပြဿနာကြုံလာ`ရင်

အချိန်မီ ဆေးကုသမှုခံယူနိုင်ဖို့က အရေးကြီးပါတယ်…

Address

No (249), Theinbyu Road
Yangon

Website

Alerts

Be the first to know and let us send you an email when လူငယ်များအားထားရာ ဆေးကုခန်းကွန်ယက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share