05/09/2026
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊မြန်မာနိုင်ငံငလျင်ကော်မတီသည် ရန်ကုန်တက္ကသိုလ်နှင့်ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို စက်တင်ဘာလ (၂) ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လေ့ကျင့်ခန်းတွင် တက္ကသိုလ်အတွင်း ငလျင်လှုပ်ခတ်မှု အရေးပေါ်အခြေအနေကြုံတွေ့လာရပါက ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့် ဘေးကင်းရာသို့ ရှောင်တိမ်းခြင်း၊ အရေးပေါ် ရှေးဦးသူနာပြုစုခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ လုပ်ဆောင်နိုင်ရန် ပထမဦးအကြိမ် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခဲ့ကြပါသည်။
သရုပ်ပြလေ့ကျင့်မှု အပြီးတွင် တက္ကသိုလ်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ကျောင်းသူတို့သည် လုပ်ငန်းစဉ်များ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ခြင်းနှင့် နောင်လာမည့် အရေးပေါ်အခြေအနေများအတွက် ပိုမိုထိရောက်သော ကြိုတင်ပြင်ဆင်မှုများကို အသေးစိတ်ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။