03/07/2026
“အချစ်တွေနဲ့ ကူမယ်” Donation Campaign မှာ ကလေးငယ်တွေအတွက် အချစ်တွေ ပိုမိုမျှဝေနိုင်ဖို့ ခရီးစဉ်ရက်လေး ထပ်တိုးလိုက်ပြီနော်
အားလုံးရဲ့ နွေးထွေးတဲ့ မေတ္တာ၊ စေတနာတွေကြောင့် အလှူငွေများ ပိုမိုပါဝင်လှူဒါန်းနိုင်ရန်နှင့် “သာကေတ” ဘက်က အသက် [3] နှစ်မှ [15] နှစ်အရွယ် ကလေးငယ်တွေအတွက် အရင်ကထက် အများကြီး ပိုမိုပြည့်စုံတဲ့အလှူဖြစ်စေဖို့ အလှူခရီးစဉ်ရက်ကို လာမည့် July [11] ရက်နေ့ [စနေနေ့] သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ဝမ်းသာအားရ သတင်းကောင်းပါးအပ်ပါတယ် 🤍
ရက်ထပ်တိုးသွားတာမို့လို့ ပါဝင်ဖို့ အချိန်မမှီလိုက်မှာ စိတ်ပူနေတဲ့ စေတနာရှင်တွေအတွက်လည်း အလှူအင်အားတွေ ပိုပြီး စုဆောင်းနိုင်မယ့် အခွင့်အရေးကောင်းကြီး ဖြစ်သွားတာပေါ့ 🥰 ကလေးငယ်တွေ အနာဂတ်အတွက် ပိုမိုလှပတဲ့ အိပ်မက်တွေ တည်ဆောက်နိုင်ဖို့ သင်တို့ရဲ့ "အချစ်နဲ့ စေတနာ" တွေက သူတို့အတွက်တော့ တကယ့်ကို အကြီးမားဆုံးသော ခွန်အားတွေမို့ ဆက်လက်ပြီး အချစ်တွေနဲ့ ကူညီပေးကြပါဦးနော် 🙏🏻
🎁 လှူဒါန်းမှုနဲ့အတူ ကိုယ့်အတွက်ပါ ပြန်လည်ရရှိမယ့် အစီအစဉ်များ ~
Hype Think Education နဲ့ HOPE Youth Charity တို့ကနေ အလှူရှင်များအတွက် အခုလို အစီအစဉ်ကောင်းတွေကိုပါ တုံ့ပြန်လက်ဆောင်အနေနဲ့ စီစဉ်ပေးထားပါတယ်
💌 Hype Think Language Academy ကနေ လာမည့် [3] လအတွင်းမှာ ဖွင့်လှစ်မဲ့ Language Class များကို အခမဲ့ [Free] တက်ရောက်ခွင့် ရရှိမှာဖြစ်သလို၊
💌 Digital Product များဖြစ်တဲ့ Z00m, C@nva, NetfIix, Sp0tify, C@pCut Pro များကို [10%] Discount နဲ့ ရယူနိုင်ခွင့်တို့ကို ပြန်လည်ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်နော်
💌 ပါဝင်လှူဒါန်းနိုင်မယ့် နည်းလမ်းများ ~
ရက်တိုးသွားတဲ့အတွက် အလှူငွေများကို အောက်ပါ Chat Box များမှတစ်ဆင့် အဆင်ပြေပြေ ဆက်လက် မျှဝေလှူဒါန်းနိုင်ပါတယ်။
📩 Hype Think Education & HOPE Youth Charity Page Messenger
📜 ပါဝင်လှူဒါန်းပေးကြတဲ့ စေတနာရှင်တစ်ဦးချင်းစီရဲ့ အလှူငွေတွေကိုလည်း HOPE Youth Charity ဘက်ကနေ အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာလေးတွေနဲ့အတူ Page မှာ ပြန်လည်ဂုဏ်ပြုမှတ်တမ်းတင်ပေးသွားမှာ ဖြစ်ပါတယ်နော်
အချိန်ပိုရတုန်းလေး ကလေးငယ်တွေရဲ့ အနာဂတ်ကို အချစ်တွေနဲ့ ပိုပြီး အရောင်ခြယ်ပေးကြပါဦး နောက်ထပ် အလှူခရီးစဉ် Update တွေနဲ့ လှူဒါန်းမှုမှတ်တမ်းတွေကို အမြဲစောင့်ကြည့်နိုင်ဖို့ Page များကိုလည်း Like & Follow မလုပ်ရသေးရင် အမြန်ဆုံး လုပ်ထားကြဦးနော် ❤️