17/07/2023
Success is journey, not full stop.
✈ ရည်ရွယ်ချက်
ဒီနေ့ခေတ်ဟာ လူငယ်တွေ တော်တော်များများ အခက်အခဲကြုံနေရတဲ့ကာလဖြစ်တယ်။ အလုပ်အကိုင်တစ်ခု ရဖို့ကို ကြိုးစားဆောင်ရွက်နေရတဲ့ ကာလဖြစ်သည်။ တချိန်တည်းမှာပင် အားငယ်စိတ်တွေ၊ အလျှော့ပေးချင်စိတ်တွေ ပေါ်ပေါက်လာကြတယ်။
ဒါ့အတွက် SIJ Page ရဲ့ ရည်ရွယ်ချက်က လူငယ်တွေကို ခွန်အားပေးချင်တဲ့ ရည်ရွယ်ချက်က အဓိက ဖြစ်ပါတယ်။
SIJ Page ကို စာတိုက်ပုံးတစ်ခုအနေနဲ့ သတ်မှတ်ပါ။
ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ပြောပြချင်တာတွေ၊ ခံစားနေရတာတွေကို SIJ စာတိုက်လေးကနေ တဆင့် ပေးပို့ကြရအောင်။
ဒါကြောင့် SIJ Page မှာ
✅ အောင်မြင်မှုတွေကို မျှဝေမယ်
💎 မိတ်ဆွေတို့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်နိုင်ခဲ့လဲဆိုတာတွေ
💎 အောင်မြင်မှုရခဲ့တာတွေ
💎 ဘယ်လိုအခြေအနေကနေစပြီး ယခုအခြေအနေထိ ရောက်အောင် ကြိုးစားခဲ့ရတာတွေ
ကို မျှဝေမယ်။
✅ ခံစားနေရတာတွေကို ရင်ဖွင့်မယ်
💎 Career နဲ့ပတ်သက်ပြီး ခံစားနေရတာတွေ (အကြံဉာဏ်တောင်းသည့် သဘောဆန္ဒဖြင့်)
💎 လမ်းပျောက်နေတာတွေ
ကို ရင်ဖွင့်ပြီး ပေါ့ပါးစေမယ်။
အဲ့ဒီအချက်တွေကို Page messenger ကနေ ပေးပို့နိုင်ပါတယ်။
တစ်နေ့ကျရင်
ကျွန်တော်တို့လူငယ်တွေ ပြင်ပတစ်နေရာမှာတွေ့ပြီး
🎆 တစ်ဦးနဲ့တစ်ဦး အားပေးတဲ့အစီအစဉ်တွေ လုပ်မယ်။
🎆 သက်ဆိုင်ရာနယ်ပယ်အလိုက် စကားဝိုင်းတွေ လုပ်မယ်။
🎆 We can do everything ဆိုတဲ့ Vibe ကို ပေးနိုင်အောင်လုပ်မယ်။
Page Admin