09/02/2024
'' Wellesley Bailey Awards 2024 ''
TLM (The Leprosy Mission) ကို စတင်တည်ထောင်ခဲ့တဲ့ Mr Wellesley Bailey ရဲ့ ဘဝတစ်သက်တာကို ဂုဏ်ပြုသောအားဖြင့် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချွတ်ယွင်း ပျက်စီးမှုများ နှင့် လူ့အသိုင်းအဝိုင်းကြားခွဲခြားဆက်ဆံခံရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ လူ့အသိုင်းအဝိုင်းအတွက် ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်ပေးခဲ့တဲ့ အနာကြီးရောဂါခံစားခဲ့ရသူများကို ၁၉၉၉ ခုနှစ်မှ စတင်ကာ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါတယ်။ အဆိုပါဂုဏ်ပြုဆုများ ပေးအပ်ခြင်းအစီအစဉ်ကို ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်နားခဲ့ရပြီး အခု ၂၀၂၄ ခုနှစ်မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။
အထူးသဖြင့် ဒီနှစ်ဟာ Mr Wellesley Bailey တည်ထောင်ခဲ့တဲ့ The Leprosy Mission နှစ် ၁၅၀ ပြည့်တဲ့ နှစ်အဖြစ် ကျင်းပဖို့စီစဉ်နေပြီး လာမယ့် နိုဝင်ဘာလတွင် နယူးဒေလီမြို့တော်မှာပြုလုပ်မဲ့ ဂုဏ်သရေရှိဧည့်သည်တော်များတက်ရောက်ကြမယ့် ဂါလာ အခမ်းအနားမှာ ထူးချွန်ပြောင်မြောက်စွာလုပ်ဆောင်ပေးခဲ့ကြတဲ့ အသိအမှတ်ပြု ရွေးချယ်ခြင်းခံရမယ့်သူ နှစ်ဦးကို ဒီ Wellesley Bailey ဆု ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
Key details for the 2024 award ဆုရွေးချယ်ဖို့အတွက် အမည်စာရင်း တင်သွင်းခြင်းကို The Leprosy Mission ရုံးချုပ်သို့ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံပေးမှာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ဖို့ရွေးချယ်တဲ့အခါမှာလည်း ယခင်ကနိုင်ငံတကာအသိအမှတ်ပြု ဂုဏ်ပြုဆုချီးမြှင့်ခြင်းမခံရသေးသူများအား ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။
မည်သူမျှ မိမိကိုယ်ကို ဆုရွေးချယ်ခံသင့်ကြောင််းအမည်စာရင်းတင်သွင်းခွင့်မရှိပါ။ ယခင်နှစ်များက အမည်စာရင်းတင်သွင်းခဲ့ပြီး ဆုရွေး ချယ်ခြင်းမခံခဲ့ရသူများကိုလည်း အမည်စာရင်းထပ်မံတင်သွင်းနိုင်ပါတယ်။ပေးအပ်မည့်ဆုတစ်ခုစီတွင် ဂုဏ်ပြုငွေ စတာလင်ပေါင် ၁,၀၀၀ ပါဝင်မည်ဖြစ်ပြီး၊ မည်သည့်အတွက်ကြောင့် ဆုရွေးချယ်ရသည့်အကြောင်းရေးသားထားချက်နှင့်တကွ ဆုတံဆိပ်တစ်ခုကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။
အမည်စာရင်းတင်သွင်းရန် နောက်ဆုံးရက် - ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့
အမည်စာရင်းတင်သွင်းရန်လမ်းညွှန်ချက်ပါအချက်အလက်များကို ဖတ်ရှူမှတ်သားပြီး သင်ရွေးချယ်မည့်သူ၏အမည်ကိုလမ်းညွှန်ချက်ပါအတိုင်း [email protected] သို့ပေးပို့နိုင်ပါတယ်။
ထပ်တိုးအချက်အလက်များကို သိရှိလိုပါက အောက်ပါ link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.leprosymission.org/leprosy-champions/wellesley-bailey-awards-2024/
Pic shows Kofi Nyarko and fellow award winner Birke Nigatu Teka, from Ethiopia
The Leprosy Mission Scotland
'' Wellesley Bailey Awards 2024 ''
TLM (The Leprosy Mission) ကို စတင်တည်ထောင်ခဲ့တဲ့ Mr Wellesley Bailey ရဲ့ ဘဝတစ်သက်တာကို ဂုဏ်ပြုသောအားဖြင့် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချွတ်ယွင်း ပျက်စီးမှုများ နှင့် လူ့အသိုင်းအဝိုင်းကြားခွဲခြားဆက်ဆံခံရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ လူ့အသိုင်းအဝိုင်းအတွက် ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်ပေးခဲ့တဲ့ အနာကြီးရောဂါခံစားခဲ့ရသူများကို ၁၉၉၉ ခုနှစ်မှ စတင်ကာ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါတယ်။ အဆိုပါဂုဏ်ပြုဆုများ ပေးအပ်ခြင်းအစီအစဉ်ကို ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်နားခဲ့ရပြီး အခု ၂၀၂၄ ခုနှစ်မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။
အထူးသဖြင့် ဒီနှစ်ဟာ Mr Wellesley Bailey တည်ထောင်ခဲ့တဲ့ The Leprosy Mission နှစ် ၁၅၀ ပြည့်တဲ့ နှစ်အဖြစ် ကျင်းပဖို့စီစဉ်နေပြီး လာမယ့် နိုဝင်ဘာလတွင် နယူးဒေလီမြို့တော်မှာပြုလုပ်မဲ့ ဂုဏ်သရေရှိဧည့်သည်တော်များတက်ရောက်ကြမယ့် ဂါလာ အခမ်းအနားမှာ ထူးချွန်ပြောင်မြောက်စွာလုပ်ဆောင်ပေးခဲ့ကြတဲ့ အသိအမှတ်ပြု ရွေးချယ်ခြင်းခံရမယ့်သူ နှစ်ဦးကို ဒီ Wellesley Bailey ဆု ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
Key details for the 2024 award ဆုရွေးချယ်ဖို့အတွက် အမည်စာရင်း တင်သွင်းခြင်းကို The Leprosy Mission ရုံးချုပ်သို့ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံပေးမှာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ဖို့ရွေးချယ်တဲ့အခါမှာလည်း ယခင်ကနိုင်ငံတကာအသိအမှတ်ပြု ဂုဏ်ပြုဆုချီးမြှင့်ခြင်းမခံရသေးသူများအား ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။
မည်သူမျှ မိမိကိုယ်ကို ဆုရွေးချယ်ခံသင့်ကြောင််းအမည်စာရင်းတင်သွင်းခွင့်မရှိပါ။ ယခင်နှစ်များက အမည်စာရင်းတင်သွင်းခဲ့ပြီး ဆုရွေး ချယ်ခြင်းမခံခဲ့ရသူများကိုလည်း အမည်စာရင်းထပ်မံတင်သွင်းနိုင်ပါတယ်။ပေးအပ်မည့်ဆုတစ်ခုစီတွင် ဂုဏ်ပြုငွေ စတာလင်ပေါင် ၁,၀၀၀ ပါဝင်မည်ဖြစ်ပြီး၊ မည်သည့်အတွက်ကြောင့် ဆုရွေးချယ်ရသည့်အကြောင်းရေးသားထားချက်နှင့်တကွ ဆုတံဆိပ်တစ်ခုကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။
📌 အမည်စာရင်းတင်သွင်းရန် နောက်ဆုံးရက် - ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့
📌 အမည်စာရင်းတင်သွင်းရန်လမ်းညွှန်ချက်ပါအချက်အလက်များကို ဖတ်ရှူမှတ်သားပြီး သင်ရွေးချယ်မည့်သူ၏အမည်ကိုလမ်းညွှန်ချက်ပါအတိုင်း [email protected] သို့ပေးပို့နိုင်ပါတယ်။
ထပ်တိုးအချက်အလက်များကို သိရှိလိုပါက အောက်ပါ link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.leprosymission.org/leprosy-champions/wellesley-bailey-awards-2024/
Pic shows Kofi Nyarko and fellow award winner Birke Nigatu Teka, from Ethiopia
© The Leprosy Mission Scotland