E by A

E by A Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from E by A, Youth Organization, Yangon.

Hello keys လေးတို့ရေ ဒီနေ့တော့ candyက အခုခေတ်ပညာရေးမှာ မိဘတွေရဲ့အခန်းကဏ္ဍာ သို့ အရေးပါမှုကိုပြောပြပေးသွားမှာဖြစ်ပါတယ်မိဘ...
23/02/2025

Hello keys လေးတို့ရေ

ဒီနေ့တော့ candyက
အခုခေတ်ပညာရေးမှာ မိဘတွေရဲ့အခန်းကဏ္ဍာ သို့ အရေးပါမှုကိုပြောပြပေးသွားမှာဖြစ်ပါတယ်

မိဘတွေက ကလေးတစ်ယောက်ရဲ့ ပညာရေးမှာ ရေးပါမှုမပါမှု ပါ၀င်ခွင့်ရမှူတွေက
📍cultural differences ဆိုတဲ့ ယဥ်ကျေးမှုထုံးတမ်းဓလေ့ကွာခြားတာတွေ
📍socioeconomic factors ဆိုတဲ့ မိသားစုတစ်ခုရဲ့ စီးပွားရေးအခြေအနေ ပေါ်မှာအများကြီးမူတည်ပါတယ်

တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမြင်ခြင်းရှုထောင့်ခြင်းကလည်းကွာခြားကြပါတယ်။ တစ်ချို့ ဖွံဖြိုးပီးနိုင်ငံတစ်ချို့မှာဆို မိဘတွေက ကိုယ်တိုင်ပါ၀င်ကူညီတာထက် ကိုယ့်ကလေးကို ကိုယ်ဘာသာ ကိုယ့်အားကိုယ်ကိုးပီး တတ်မြောက်သွားတာကိုပဲအားပေးကြပါတယ်။ သို့ပေမဲ့လည်း အာရှနိုင်ငံတော်တော်များများက ကိုယ်တိုင်ဂရုစိုက် အရိပ်တကြည့်ကြည့်သင်ရတာမျိုးကို ပိုသဘောတွေ့လေရှိကြပါတယ်။
တစ်ချို့ကျောင်းတွေမှာဆိုရင်လည်း မိဘတွေပါပါ၀င်နိုင်တောင် programလေးတွေပါလုပ်ပေလေ့ရှိကြပါတယ်

ဖွံ့ဖြိုးတဲ့နိုင်ငံတွေဆိုရင် မိဘတွေတော်တော်များများက အထိုက်အလျောက်ငွေကြေးပြည့်စုံကြပါတယ်။ငွေကြေးပြည့်စုံကြတာဖြစ်တဲ့အလျောက် ကလေးတွေလိုအဲ့တဲ့အရာတွေမှန်သမျှကို လိုလေသေးမရှိ
အချိန်ဆိုအချိန်၊ငွေဆိုငွေပိုပီး ဖြည့်စည်းပေးနိုင်ကြပါတယ်။ အချို့မိဘတွေက ၀မ်းရေးအတွက်ရုန်းကန်နေကြရတာဖြစ်တဲ့အတွက် ကလေးတွေအပေါ်သိပ်ပီးအချိန်မပေးနိုင်ကြပါဘူး။ ဒီမှာကြည့်မယ်ဆိုရင် ငွေကြေးဟာလည်း education systemတစ်ခုကို affectဖြစ်နိုင်တယ်ဆိုတာတွေ့နိုင်ပါတယ်။

📌ဒါဆို မိဘတွေကို ကလေးတွေပညာရေးပေါ် ပိုပီး ပါ၀င်လာအောင်ဘယ်လိုလုပ်ကြမလဲ?

ဆရာ၊ဆရာမတွေက မိဘတွေကိုအရင်ကထက်ပိုပီး contactလုပ်ကြတာမျိုးပေါ့

အခုခေတ်မှာ school communication appတွေပေါ်လာဖြစ်တဲ့အတွက် မိဘတွေနဲ့ ဆရာတွေengageလုပ်ဖို့ပိုလွယ်ကူလာပါတယ်။
မိဘတွေက appကတစ်ဆင့် eventsတွေ ကိုဖိတ်တာမျိုး၊ ကျောင်းသားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မိိဘတွေကိုသတင်းပို့ပေးတာမျိုးကနေ တစ်ဆင့် active parental participationကိုပိုဖြစ်စေပါတယ်။

📌ဆိုးကျိုးတွေကကောဘာတွေရှိနိုင်လဲ

မိဘတွေပါ၀င်လာတာများတာနဲ့အမျှ ကလေးတွေစာလုပ်တဲ့နေရာမှာ pressure တွေများလာနိုင်ပါတယ်။ pressure များလာတာဖြစ်တဲ့အတွက်focusအားနည်းလာပီ စာလုပ်တဲ့နေရာမှာအနှောင့်အယှက်ဖြစ်စေပါတယ်။

မလိုအပ်တဲ့ anxietyပိုလာစေပါတယ်။
Anxietyများလာတာကတော့ အဓိက မိဘတွေရဲ့ expectationတွေကို လိုက်မလုပ်နိုင်မှာတွေ မိဘတွေရဲ့နှိုင်းယှဥ်မှုတွေကြောင့် စိတ်ကျန်မာရေးမှာပြသနာတွေရှိလာနိုင်ပါတယ်။

အားလုံးပဲbyeပါနောက် contentမှာပြန်တွေ့ကြပါမယ်








Hello Hello!Welcome back from E by A.ဒီနေ့မှာတော့ E by A က multilingual education အကြောင်း ကိုဘshare ပေးမှာဖြစ်ပါတယ်🌟 Wh...
07/02/2025

Hello Hello!
Welcome back from E by A.
ဒီနေ့မှာတော့ E by A က multilingual education အကြောင်း ကိုဘshare ပေးမှာဖြစ်ပါတယ်

🌟 What is multilingual?
Multilingual ဆိုတာ ဘာသာစကားကိုတစ်မျိုးထက်ပိုပြီးတက်ရောက်တဲ့သူတစ်‌ေယာက်ပဲဖြစ်ပါတယ်။

multilingual ဖြစ်ချင်းဟာလဲ students တွေကိုဉာဏ်ရည်ဖွင့်ဖြိုးစေပြီး academic ပိုင်းကိုတိုးမြင့်စေပါတယ်။

🌟 How does learning multiple languages impact cognitive development in children?

ဥပမာပြောရမယ်ဆိုရင် ဘာသာစကားကိုတစ်မျိုးထက်ပိုမိုတက်ရောက်ချင်းက ကလေးတွေကိုဉာဏ်ရည်ဖွင့်ဖြိုးတိုးတက်စေနိုင်ပါတယ်။

York University က research တစ်ခုအရဆိုရင်ဘာသာစကားနှစ်မျိုးထက်ပိုတက်ရောက်တဲ့ကလေးတွေက တမူထူးချားတဲ့စွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်ပြီးတော့ အားယုံစူးစိုက်စွမ်းရည် နဲ့ problem solving skills တွေကိုပိုမိုကောင်းမွန်စေပါတယ်။

Cambridge university က studyတစ်ခုမှာလဲ foreign ဘာသာစကားတစ်ခုခုကိုတက်မြောက်တဲ့လူတွေက metalinguistic awareness ပိုမိုအားကောင်းပြီး စာဖတ်အားစွမ်းရည်နဲ့ ဘာသာစကားကျွမ်းကျင်မှုလဲ‌ေကာင်းမွန်လေ့ရှိကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်။

🌟 Delay in congnitive decline

Bilinguals တွေဟာ memory loss and Alzheimer ရောဂါကို လေး-ငါးနှစ်လောက်နှောင့်နှေးစေပါတယ်။ ဒါဟာ ကိုယ်တွေအတွက် အသက်ကြီးလာရင်အရမ်းကိုအကူအညီဖြစ်စေမှာပါနော်။

UCL က researchers တွေဟာဆိုရင်လဲ ဘာသာစကားအသစ်လေ့လာချင်းဟာ students တွေရဲ့ learning ability ကိုတိုးမြင့်ပေးနိုင်တယ်ဆိုပြီးတွေ့ရှိခဲ့ပါတယ်။

🌟 Academic performance
Academic အပိုင်းမှာဆိုရင်လဲ multilingual personတစ်ယောက်ဟာဆိုရင် maths တို့readingတို့အပိုင်းတွေမှာ ပိုမိုကျွမ်းကျင်လေ့ရှိကြောင်းတွေ့ ACTFL organization (American Council On Teaching of Foreign Languages) က highlight လုပ်ခဲ့ပါတယ်။

🌟 What are the challenges and benefits of implementing multilingual education in schools?

Challenges

(1) Resource constraints - multilingual education သင်ကြားပေးနိုင်သောဆရာများနှင့် သင်ကြားရေးဆိုင်ရာပစ္စည်းများ လုံလုံလောက်လောက်မရှိခြင်း။

(2) Language hierarchy
English language ကိုကျယ်ပြန့်စွာသုံးစွဲမှုကြောင့် အခြား languages တွေကို လေ့လာမှုနည်းပါးခြင်း။

Benefits
(1) Enchanted global competence
Multilingual people တွေဟာ cultural awareness နဲ့ communication skillsတွေကြောင့် international jobs တွေကိုပိုမိုစွမ်းဆောင်နိုင်ပါတယ်။

(2) Cultural preservation
Tranditional languages တွေသင်ယူသူများခြင်းက အဲlanguage နဲ့ဆက်စပ်တဲ့ culture ကိုပါထိမ်းသိမ်းပေးနိုင်ပါတယ်။

(3) Social integration
Multilingual students တွေဟာ language barrier မရှိချင်းကြောင့် လူတိုင်းကိုဆက်ဆံ‌‌ေပြာဆိုနိုင်ပါတယ်။ ဆိုတော့ keys တို့ languages များများတက်ရောက်ထားတယ်ဆိုရင် international study လုပ်ရင် ကိုယ်က social butterflyလိုပြောဆိုနိုင်မှာပါနော်။

🌟 How can schools balance cultural preservation with global language demands?
1.Integrating local and global languages: ကျောင်းတွေမှာ language တစ်မျိုးထက်ပိုပြီးသင်ယူကြမယ်။

2.Culturally relevant curriculum: schools and government က သင်ရိုးညွှန်တန်းကို multilingual education နဲ့ကိုက်ညီအောင်မွန်းမံပေးမယ်။

3.Teacher training: ဆရာဆရာမတွေကိုလဲ Multilingual education ကိုသင်ကြားနိုင်ရန် training ပေးမယ်

🌟 Strategies for promoting biluntila or Multilingual education

1.Immersion programs
Language အသစ်သင်ယူရန် ကိုက်ညီတဲ့ environment တစ်ခုပေးနိုင်မယ့် programများဖန်တီးခြင်း။

2.Technology integration
Multilingual education သင်ကြားရေးပိုင်းတွင် technology ကိုသုံးစွဲခြင်း။

3.Community engagement
Community ဘက်ကလဲ multilingual education ကိုအားပေးခြင်း။

ဒီလောက်ဆိုရင် keys တို့ multilingual education နဲ့ သူရဲ့ pros and cons တွေကိုသိရှိနားလည်လောက်ပြီထင်ပါတယ်နော်။

နောက်တစ်ပတ်မှာလဲ E by A မှဘာတွေဆက်လက် sharingလုပ်ပေးမလဲဆိုတာကိုစောင့်မျှော်စေချင်ပါတယ်။

Like and share🤍








As the saying goes “An early bird catches the worm” အစောပိုင်းကလေးဘဝထဲက foundation အနေနဲ့ သင်ယူရမယ့် ပညာရေး education တွ...
26/01/2025

As the saying goes “An early bird catches the worm” အစောပိုင်းကလေးဘဝထဲက foundation အနေနဲ့ သင်ယူရမယ့် ပညာရေး education တွေဟာဆိုရင်တစ်သက်တာ ဘဝအတွက်အလွန်ကိုမှ အရေးကြီးလှပါတယ်🙂‍↕️💯။

With this in mind, ဒီနေ့မှာတော့ E by A ကနေပြီးတော့ “The Impact of Early Childhood Education on Lifelong Learning” ဆိုတဲ့ topic လေးနဲ့ knowledge လေး share ပေးချင်ပါတယ်နော် key🔑 လေးတို့ရေ 🤗။

ပထမဦးဆုံး ပြောပြပေးချင်တာကတော့ different types of learning based ၂ ခုဖြစ်တဲ့ “Play-based learning” & “Inquiry-based learning” ဘဲဖြစ်ပါတယ်😇။

1). Play-based Learning

ဒီ method ဟာဆိုရင် ကလေးတွေကို စူးစမ်းလေ့လာခြင်း (exploration)၊ လက်တွေ့စမ်းသပ်ခြင်း (experimentation) နည်းများနဲ့ တိုးတက်နားလည်အောင်သင်ကြားပေးတဲ့ method ဘဲဖြစ်ပါတယ်။ It encourages children to use their natural curiosity to learn about the world around them!🤩

Play-based learning ဟာသူတို့ကို ပြဿနာဖြေရှင်းခြင်း (problem-solving skills)၊ တီထွင်ဖန်တီးနိုင်မှု (creativity) နဲ့ social skills တွေဖြစ်တဲ့ cooperation နဲ့ communication abilities တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ It also improves their cognitive outcomes in literacy and numeracy through guided play✨.

2). Inquiry-based Learning

Inquiry-based learning (IBL) မှာဆိုရင် encouraging the children to “question” & “solve problems” ဆိုတဲ့ method နဲ့သင်ကြားပေးတဲ့ နည်းလမ်းတစ်ခုဘဲဖြစ်ပါတယ်။ It's a hands-on approach that helps children develop critical thinking skills and a sense of self-reliance!🤗

ဒီနည်းလမ်းမှာဆိုရင် ကလေးတွေရဲ့ စူးစမ်းလိုစိတ် (curiosity)၊ အမှီအခိုကင်းတဲ့တွေးခေါ်မှု (independent thinking) နဲ့ လက်တွေ့ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည် (real-world problem-solving skills) တွေကို တိုးတက် ဖွံ့ဖြိုးစေပါတယ်။✅ It encourages deeper cognitive engagement and better retention of knowledge by fostering ownership of the learning process💯.

3). Traditional Preschool�

ကလေးတွေကို အရွယ်ရောက်တိုင်း ကျောင်းပို့ပေးတာကတော့ သူတို့ရဲ့ ပညာရေးတိုးတက်ဖို့အတွက် မိဘတိုင်းလုပ်ကြတဲ့ အရာတစ်ခုပါဘဲ။ ဒါပေမဲ့ Traditional preschool တွေမှာဆိုရင်လဲ benefits တွေရှိသလောက် limitations တွေလဲရှိပါတယ်📚🚌။ �

ဥပမာ Researches from the “National Institute for Early Education Research” (NIEER) အရဆိုရင်ဆရာဦးဆောင်တဲ့ ပညာသင်ကြားပို့ချမှု (teacher-led instruction) ဟာဆိုရင် ကလေးတွေကို အစောပိုင်းစာတတ်မြောက်မှုနဲ့ ကိန်းဂဏန်း (literacy and numeracy capabilities) တွေကို တိုးတက်စေပေမယ့်လဲ သူတို့ရဲ့ ဖန်တီးမှု (creativity) နဲ့ တစ်ဦးတစ်ယောက်ထဲ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည် (Independent problem-solving skills) တွေကို အဟန့်အတားဖြစ်စေပါတယ်📌🙂‍↕️။

4). Waldorf Education�

‘Traditional preschool’ ပညာရေးနဲဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ‘Waldorf Education’ မှာဆိုရင်တော့ formal academics (for example- school) ကို delay လုပ်ပြီးတော့ holistic development တွေကိုဦးစားပေး တဲ့ method ဘဲဖြစ်ပါတယ်

📌: Holistic development is the growth of a person's physical, mental, emotional, social, and spiritual aspects. It's an educational strategy that aims to develop a child's overall well-being, not just their academic skills❤️.

သူရဲ့ benefits တွေကတော့ ကလေးတွေကို စိတ်ကူးဉာဏ် (imagination)၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှု (emotional resilience) ရရှိစေတဲ့အပြင်နဲ့ ဘဝတစ်သက်တာ သင်ယူမှု အလေ့အထများကို တိုးပွားစေပါတယ်😇။

5). Benefits of investing in early education

1️⃣ Social Benefits:�
Harvard University’s Center on the Developing Child အရဆိုရ Early Childhood Education ရှိတဲ့ကလေးတွေဟာဆိုရင် overall Improved Education ရှိတဲ့အတွက် လူမှုဆက်ဆံရေးစွမ်းရည် နဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိမှုများ မှာကောင်းမွန်တဲ့အတွက်ကြောင့် crime rates တွေကို လျော့ကျစေနိုင်ပါတယ်။ They are also more likely to complete higher education and secure stable jobs🎓🏫

2️⃣ Economic Benefits:�
According to Nobel Laureate James Heckman from the University of Chicago, it is estimated that for every $1 invested in quality early education yields a return of $7–13 in social and economic benefits💸😇

3️⃣ Health Outcomes:�
Early education ဟာဆိုရင်လဲ ကျန်းမာရေး တတ်မြောက်မှု (health literacy) ကို မြှင့်တင်ပေးပြီးတော့ အရွယ်ရောက်ပြီးသူများရဲ့နာတာရှည်ရောဂါများနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကိုလဲ လျှော့ချပေးပါတယ်😇✅။

ဒါ့အပြင် အပြုအမူဆိုင်ရာ ပြဿနာ (behavioral problems) များကိုလဲ လျှော့ချပေးပြီး ပိုမိုကောင်းမွန်တဲ့ စိတ်ကျန်းမာရေး ရလဒ် (better mental health outcomes) များကို မွေးဖွားပေးပါတယ်🥳✨။












◼️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️◼️

👋Keys​လေးတို့ hybrid ဆိုတာဘာလဲသိကြလားHybrid= online+campusဟင်ဘယ်လိုကြီးလဲ?Hybridဆိုတာ ​နေ့တိုင်းကြီး​ကျောင်းတက်ရတာမျိုးလ...
17/01/2025

👋Keys​လေးတို့ hybrid ဆိုတာဘာလဲသိကြလား

Hybrid= online+campus

ဟင်ဘယ်လိုကြီးလဲ?

Hybridဆိုတာ ​နေ့တိုင်းကြီး​ကျောင်းတက်ရတာမျိုးလဲမဟုတ် အိမ်ကပဲ onlineတက်ရတာမျိုးကြီးပဲလဲမဟုတ်ပဲ

Onlineတစ်ရက်၊​ကျောင်းမှာတစ်ရက်လိုမျိုးတက်ရမှာမျိုးဖြစ်ပါတယ်။

🤚Hybrid educationကဘယ်လိုလူ​တွေအတွက်လဲ

Hybrid education ကအဓိကအ​နေနဲ့ ​

အ​ကြောင်းအမျိုးမျိုး​ကြောင့် နေ့တိုင်း​ကျောင်းမလာနိုင်တဲ့ ကျောင်းသား​ကျောင်းသူ​တွေအတွက် ​ကျောင်းမတက်နိုင်တာမျိုး မဖြစ်ရ​အောင် ရည်ရွယ်ထားတာပါ။

💥Hybrid educationရဲ့ positive impact​တွေကဘာ​တွေရှိမလဲ

📌time wasteဖြစ်တာ သက်သာမယ်

​နေ့တိုင်း campusတက်တဲ့အခါ အများဆုံးဖြစ်ရတဲ့ ကိစ္စက မလိုအပ်ပဲအချိန်ကုန်တာပါပဲ

Candy တို့​က ကျောင်းကိုသွားတဲ့အခါ ကားတစ်သန် ရထားတစ်သန် စီးရုံနဲ့မ​ရောက်​သေး လမ်း​ထပ်​လျှောက်ရတယ် အဲ့လိုဖြစ်တဲ့အခါ စာသင်လို့ကုန်ရတာ ထက်မလိုအပ်ပဲကုန်ရတာနှ​မြောဖို့​ကောင်းတယ်။



📌စာလုပ်ချိန် ပိုရတယ်

Hybrid ဆိုရင် ​ကျောင်းသွားရက်နည်းသွားတာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာမယ် အချိန်ကုန်သက်သာမှာ​ကြောင့်မလို့ ကိုယ်စာလုပ်ချိန်​တွေပိုထွက်လာမယ် လမ်းမှာအချိန်ကုန်မယ့်အစား ကိုယ့်စာကိုကိုယ်​​သေချာလုပ်နိုင်မယ်။

📌ဆရာ​တွေစာသင်​နေချိန်စာထဲပိုပီး focusလုပ်လို့ရမယ်

ကိုယ့်အိမ် ကိုယ့်အခန်း ကိုယ်သ​ဘောကျရတဲ့​နေရာမှာ စာလုပ်ရတာဖြစ်တာ​ကြောင့်လည်း

​classroom​တွေထဲထဲမှာလို စာ​ပြောမယ့် (distract)လုပ်မယ့်သူ သူငယ်ချင်း မရှိတာ​ကြောင့် ဆရာ​ ဆရာမတွေရှင်းတာ​တွေ​ သေချာဂရုတစိုက်

နား​ထောင်ပိုပီးနား​ထောင်နိုင်မယ်။

📌reduce social anxiety

Hybrid က social interaction ကို​​လျှော့ချ​ပေးနိုင်တာ​ကြောင့်မလို့ အတန်း​ဖော်​တွေကြားမလိုအပ်တဲ့ ပရိပက္ခ​တွေကို​လျှော့ချ​ပေးနိုင်သလို

Candyတို့လို introvert​တွေအတွက်လဲ အခြားသူ​တွေနဲ့ထိ​တွေ့ဆက်ဆံရတာ နည်းတာဖြစ်တဲ့အတွက်စာထဲပိုအာရုံစိုက်နိုင်လာပါတယ်။

​ကောင်းတာနဲ့ ဆိုးတာနဲ့အမြဲဒွန်တွဲ​နေတာ​ကြောင့်မလို့ Hybridမှာလဲ မ​ကောင်းတဲ့အချက်​တွေရှိပါတယ်။

💥Challenges

📌student engagment

ဒါက​တော့ ​ကျောင်းသား​တွေထက် ဆရာ ဆရာမတွေအဓိကကြုံရတဲ့ပြသနာပါ

Onlineနဲ့အတန်းတက်ရတာဖြစ်တဲ့အတွက် အချို့က​လေး​တွေက ကင်မရာပိတ်ထားပီး Tvကြည့်​နေတာ

သူငယ်ချင်း​တွေနဲ့ chat​နေတာ ဂိမ်း​​ဆော့​နေတာ

ဆရာ​တွေ​မေးရင် ပြန်မ​ဖြေတာ စသဖြင့် ဆရာနဲ့​ကျောင်းသား​ကျောင်းသူ​တွေကြားမှာ communicate လုပ်တဲ့​နေရာမှာ အခက်အခဲ​တွေရှိနိုင်ပါတယ်

📌technical problems

Zoom ကလိုမျိုး app​တွေက​နေတစ်ဆင့်သင်ကြားတာဖြစ်တဲ့အတွက် internet connection​ကောင်းတဲ့​နေရာ​မှာရှိ​နေဖို့လိုအပ်ပါတယ်

တစ်ခါတစ်​လေ Internet connectionမ​ကောင်းတာမျိုး​တွေ ကြုံ​တွေနိုင်တာမလို့ စာသင်တဲ့အခါ​နှောင့်​​နှေးတာမျိုး စာလွတ်တာမျိုး​တွေဖြစ်နိုင်ပါတယ်။

ဒီ​နေ့က​တော့ဒီ​လောက်ပါပဲရှင့်

​နောက် content​လေး​တွေမှာ​candyတို့ တွေ့ကြမယ်​နော်

Bye pr keys​လေးတို့​ရေ🫦

















Happy new year, Dearest Keys 🎉 နှစ်သစ်မှာ E by A ကယူဆောင်လာပေးတဲ့ content လေးဟာဆိုရင် education gap ဖြစ်နေတဲ့သူလေးတွေအတွ...
10/01/2025

Happy new year, Dearest Keys 🎉

နှစ်သစ်မှာ E by A ကယူဆောင်လာပေးတဲ့ content လေးဟာဆိုရင် education gap ဖြစ်နေတဲ့သူလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် နှစ်သစ်လက်ဆောင်လေးပါနော်။

ပညာရေးဆိုတာဟာ လူငယ်တွေရဲ့ဘ၀ကိုပြောင်းလဲနိုင်လောက်တဲ့အထိ အရေးပါတဲ့အပြင် ပညာရေးသည် လူမှုရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း စတဲ့ ရှုထောင့်ပေါင်းစုံကိုပါ ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် ပညာရေးဆိုတာဟာ နိုင်ငံရဲ့အခြေခံအုတ်မြစ်လဲဖြစ်တာကြောင့် တိုးတတ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ဆိုလျှင် လူတိုင်းနီးပါးပညာတတ်ရပါမယ်။ သို့သော် နိုင်ငံပေါင်းများစွာက လူငယ်ပေါင်းများစွာဟာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့်မရကြသလို ပညာရေးတစ်ပိုင်းတစ်စဖြစ်နေကြတဲ့လူငယ်တွေလည်းများစွာရှိနေပါတယ်။ အဲ့ဒီလို ကျောင်းသားလူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းများကို အတားအဆီးဖြစ်နေတဲ့ barriers တွေဟာလည်းများစွာရှိနေပါတယ်။

1. Socio-economic barriers

Financially stable မဖြစ်တဲ့ မိသားစုတွေက ကျောင်းသားတွေဟာ ကျောင်းစာတွေအပြင် အခြားသောစရိတ်စကများဖြစ်တဲ့ transportation fees၊ stationery fees၊ exam fees တွေနှင့် အခြားသော activities များအတွက်ကုန်ကျစရိတ်တွေကိုပါ ထည့်တွက်ရပါတယ်။ နောက်ထပ်တစ်ခုကတော့ အာဟာရလုံလောက်မှုမရှိတာတွေ၊ အိပ်ရေးမ၀တာတွေ စ‌သောကျန်းမာရေးပြဿနာတွေကြောင့် ကျောင်းသားများဟာ ကျောင်းစာအပေါ် အာရုံစိုက်နိုင်ခြင်းမရှိတော့ဘဲ ပညာရေး၌စိတ်၀င်စားမှုကိုလျော့နည်းစေပါတယ်။ ဒါ့အပြင် အချို့သော အလုပ်များတဲ့ မိဘတွေဟာဆိုရင် ကိုယ့်သားသမီးရဲ့ပညာရေးအပေါ် အာရုံမစိုက်နိုင်တဲ့အခြေအနေတွေရှိနေတတ်ပြီး မိဘတွေရဲ့ supporting ချို့တဲ့နေတာတွေဖြစ်နေတတ်ပါတယ်။ ထိုသို့သော လူမှုရေး-စီးပွားရေး အခြေအနေအမျိုးမျိုးကြောင့် အချို့သောကျောင်းသားလူငယ်တွေဟာ ကျောင်းထွက်တာမျိုးတွေ၊ ပညာရေး၌စိတ်၀င်စားမှု မရှိတော့တာမျိုးတွေ ဖြစ်လာ‌တတ်ပါတယ်။

2. Infrastructure and Technological barriers

မြို့ပြတွေနှင့် ဝေးတဲ့ရွာငယ်လေးတွေက ကျောင်းသားလူငယ်များဟာ နေထိုင်‌ရာနေရာအနီးတွင် ကျောင်းများမရှိခြင်း၊ internet မရရှိခြင်း၊ လျှပ်စစ်မီးအလုံ‌အလောက်မရခြင်းတို့ကြောင့် လူငယ်များ၏ ပညာရေးအတွက် အတားအဆီးတစ်ခုလိုဖြစ်လာပါတယ်။ ဒါ့အပြင် စာသင်ခန်းတစ်ခုမှာ ကျောင်းသားတွေအရမ်းများနေပြီး overcrowded ဖြစ်နေပြီဆို ကျောင်းသားတစ်ယောက်ချင်းဆီဟာ ဆရာ၊ ဆရာမ တွေနှင့် သေချာပြောဆိုဆက်သွယ်နိုင်ခြင်းမရှိ‌‌တဲ့အတွက် ပညာရေးအခွင့်အလမ်းများပျောက်ဆုံးတတ်ပါတယ်။ ဖွံ့ဖြိုးတိုးတတ်ခြင်းမရှိသေးသော နေရာဒေသများတွင် computer, laptop, စသော device များအလုံအလောက်မရှိခြင်း၊ အချို့သော ဆရာ၊ ဆရာမ များနှင့် ကျောင်းသားများဟာ technology နှင့်အထိအတွေ့နည်းပါးတာကြောင့် ပညာရေးအတွက် အရေးပါတဲ့နည်းပညာတွေကို ထိထိရောက်ရောက်အသုံးပြုနိုင်ခြင်းမရှိတာဟာလည်း ကျောင်းသားတွေရဲ့ ပညာရေးလမ်းကြောင်းမှာ barrier အနေနဲ့ရှိနေပါတယ်။

3. Social, Culture, and educational policy barriers

အိမ်ထောင်ပြုရန် အရွယ်မတိုင်သေးသော မိန်းကလေးအချို့ဟာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ၊ သို့မဟုတ် အခြားသော လူမှုရေးကိစ္စတွေကြောင့် ပညာကို ဆုံးခန်းတိုင်သင်ကြားရခြင်းမရှိဘဲ အိမ်ထောင်ပြုကြရပါတယ်။ ထို့အပြင် အသားအရောင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု စသော discrimination တွေနှင့် language မတူတာတွေကြောင့် communicate ကောင်းကောင်းမလုပ်နိုင်ဘဲ လူငယ်တွေရဲ့ ပညာရေးလမ်းကြောင်းမှာ barriers တွေဖြစ်လို့လာပါတယ်။ နိုင်ငံအချို့၌ အစိုးရသည် လူငယ်များ၏ပညာရေးအတွက် သေသေချာချာထောက်ပံ့နိုင်ခြင်း မရှိခြင်း၊ သင်ရိုးညွှန်းတမ်းတွေ updated မဖြစ်ခြင်း၊ ပညာရေးစနစ် ကောင်းမွန်မှုမရှိခြင်းတို့ဟာ ထိုနိုင်ငံအတွင်းရှိ လူငယ်တွေ၏ ပညာရေးနှင့် အနာဂတ်အတွက် လွန်စွာထိခိုက်နိုင်ပါတယ်။

ကဲ ဒါဆိုရင် education gap ဖြစ်နေတာတွေကို လျှော့ချနိုင်တဲ့ innovative program တွေကိုပြောပြပေးပါမယ်။ ✨

▶️ UNESCO and UNICEF လိုမျိုး Global organization တွေဟာ ကျောင်းတွေကို educational tools တွေထောက်ပံ့ပေးခြင်း၊ teacher training တွေလုပ်ပေးခြင်း၊ လူငယ်များအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေဖွင့်ပေးခြင်း။

▶️ EdTech Start-ups or companies (Duolingo, Coursera, etc.) များသည် လူငယ်တွေအတွက် free educational programs များစီစဉ်ပေးခြင်း၊ online learning platforms များ ဖန်တီးပေးခြင်း။

▶️ ပညာရေးတစ်ပိုင်းတစ်စ ဖြစ်နေသော လူငယ်များအတွက် Government and organizational scholarship ‌များပေးအပ်ခြင်း၊ လူငယ်များစာလေ့လာနိုင်ရန် စာကြည့်တိုက်များဆောက်လုပ်ခြင်း၊ ပညာရေးဆိုင်ရာ seminars နှင့် free workshop များကျင်းပခြင်း၊ ကျေးလတ်ဒေသများ၌ ပညာရေးဆိုင်ရာ ပညာပေး ဆွေးနွေးပွဲများကျင်းပ၍ လူငယ်များ၏အတွေးများကို ဖွင့်ပေးခြင်း။

▶️ Telecommunication companies တွေနှင့် partnership တွေပြုလုပ်ပြီး ကျေးလတ်ဒေသများတွင် educational content များဖန်တီးပေးခြင်း၊ Solar powered devices များအသုံးပြု၍ လျှပ်စစ်မီးအလုံအလောက်ရရှိပြီး ကျောင်းသားများ educational tools ကိုလွယ်လွယ်ကူကူအသုံးပြုနိုင်ရန် ထောက်ပံ့ခြင်း။

စသော စသော programs များသည် လူငယ်များ၏ ပညာရေးလမ်းကြောင်းတွင် များစွာအထောက်အကူဖြစ်ပြီး education gap ကိုလည်း သိသိသာသာလျှော့ချလာနိုင်ပါတယ်။ သို့သော်လည်း အချို့ဒေသများတွင်တော့ လူငယ်များ၏ ပညာရေးအခွင့်အလမ်းများ ပျောက်ဆုံးနေလျက်ရှိဆဲကိုလည်း သတိပြုမိစေချင်ပါတယ်နော်။







Benvenuti!Welcome yet again everyone!ဒီတစ်ခေါက် မိတ်ဆက်ပေးခြင်တဲ့ University ကတော့ Italy နိုင်ငံရဲ့ ဂုဏ်သိက္ခာအရှိဆုံးနဲ...
20/12/2024

Benvenuti!
Welcome yet again everyone!

ဒီတစ်ခေါက် မိတ်ဆက်ပေးခြင်တဲ့ University ကတော့ Italy နိုင်ငံရဲ့ ဂုဏ်သိက္ခာအရှိဆုံးနဲ့ သမိုင်းဝင် အဆင့်မြင့်ပညာရေးဆိုင်ရာတက္ကသိုလ်များထဲက တစ်ခုဖြစ်တဲ့ University of Pisa (L'università di Pisa) အကြောင်းကို E by A ကနေပြီးတော့ ပြောပြပေးသွားချင်ပါတယ်🙂‍↕️✨။

1). University of Pisa’s Origin & Location:

ပထမဦးဆုံး အနေနဲ့ သူ့ရဲ့ location ကတော့ Central Italy🇮🇹, Tuscany region, Pisa မြို့မှာတည်ရှိတာဖြစ်ပြီး University of Pisa ဟာဆိုရင် ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်များထဲက တစ်ခုဖြစ်တဲ့အပြင် အရင်းမြစ်အနေနဲ့တော့ 11th century
ထိတောင် trace back ပြီးတော့ တရားဝင် 1343 ခုနှစ်မှာ Pope Clement VI ကတည်ထောင်ခဲ့ပါတယ်။

Reputation အနေနဲ့ဆိုရင်လဲ သိပ္ပံ (Science)၊ အင်ဂျင်နီယာ (Engineering)၊ သင်္ချာ (Mathematics) နဲ့ လူသားပညာ (Humanities) အစရှိတဲ့ဘာသာရပ်တွေမှာ ထူးချွန်တဲ့ ကျောင်းသား၊ကျောင်းသူတွေကို မွေးဖွားပေးနိုင်တာကြောင့် လူသိများကြပါတယ်💯။

Fun Facts📌:

• Papal Recognition: Pope Clement VI’s “In Supremae dignitatis” in 1343 granted it the title of Studium Generale.

• First Programs: Offered studies in Theology, Civil Law, Canon Law, and Medicine.

• Decline: Faced challenges in the late 14th century due to war and Florence’s conquest, hindering academic activity.

• Leonardo Fibonacci: A famous Italian mathematician Leonardo Fibonacci worked in Pisa in the 12th century, contributing to mathematics by combining Greek and Arabic methods.

2). Programs

Program များအနေနဲ့ကတော့ Eng ဘာသာရော၊ Italian ဘာသာရော နှစ်ခုစလုံးနဲ့ program တွေရှိပါတယ်နော်💯။ University of Pisa မှ offer လုပ်တဲ့ programs များကတော့-

📌English Programs:

1️⃣Area ENGINEERING
Master's Degrees:

• Aero Space
• Computer Engineering
• Geophysics
• Nano Tech etc…

2️⃣Area HUMANITIES
Bachelor's and Master's Degrees

• IPH international Programme in Humanities (Bachelor's)
• Ancient Egypt and Western Asia (Master)

3️⃣Area MATHEMATICAL, PHYSICAL AND NATURAL SCIENCES
Master's Degrees

• Neuroscience
• Cybersecurity
• Data Science etc...

4️⃣ Area SOCIAL SCIENCES
Bachelor's and Master's Degrees

• Management for Business and Economic (Bachelor's)
• Economic (Master)

5️⃣

- National Ph.D. in Artificial Intelligence for Society
- PhD in Biology
- PhD in Chemistry and Materials Science
- PhD in Computer Science
- PhD in Information Engineering
- PhD in Physics

📌Programme offer in Native Language (Italian):

1️⃣ Agricultural and Veterinary Sciences

• Agricultural science
• Animal Breeding and Dog Training etc…

2️⃣ Humanities

• Italian Language and Culture For Foreigners
• Historical Studies
• Philosophy etc...

3️⃣ Engineering

• Aerospace Engineering
• Architecture and Building
• Biomedical Engineering
• Civil Engineering
• Computer Engineering etc...�

4️⃣ Social Sciences

• Banking Finance and Financial Markets
• Law
• Tourism Science

5️⃣ Health Sciences �
• Medicine and Surgery
• Nursing
• Childhood Neuro and Psychomotricity etc...�

6️⃣ Mathematical Physical and Natural Sciences

• Chemistry
• Biological Science
• Computer Science etc...

3). Admission

General Requirements:

1️⃣ ကျောင်းပညာရေး ၁၂ နှစ်ရှိရပါမယ်။ မြန်မာနိုင်ငံက ၁၂ တန်းဖြေပြီးကြောင်း certificate ရှိရင်ရပါပြီနော် key🔑 လေးတို့ရေ😆။

ကျောင်းပညာရေးက 12 နှစ်ထက်နည်းရင်တော့ University ရဲ့ Foundation Course Program မှာတစ်နှစ် အရင်တက်ရောက်သင်ကြားရပါမယ်နော်😇။

(Or you could try and obtain an Italian secondary school diploma💯 or you could also present a certificate for 1–2 years of post-secondary or university studies)
📌 note that this is used to meet the 12-year requirement but not for course abbreviation

2️⃣ US High School Diploma

University course နဲ့သက်ဆိုင်တဲ့ မတူညီတဲ့ ဘာသာရပ် ၃ ရပ်မှာ Advanced Placements (APs) (score 3–5) ၃ ခုလိုအပ်ပါတယ်

နောက်ပြီး AP in Italian ကတော့ foreign citizens တွေအတွက် မရှိမဖြစ်လိုပါတယ်နော်😊

(📌Note: However, it's not required for Italian citizens or courses taught in English. Alternatively, students with a High School Diploma and two full years of College (Associate Degree) may also enroll)

3️⃣ British Qualifications

✅Requires General Certificate of Education (GCE) or International Certificate of Education (IGCE):

• Approval in at least three A-level subjects related to the course with a passing grade.

✅Requires an A-level in Italian:

• Mandatory for foreign citizens.
• Not required for Italian citizens or courses taught in English

✅Combinations allowed:

• Three A-levels + Cambridge Pre-U Principal Subjects.
• Cambridge Pre-U Diploma (3 Principal Subjects + Global Perspective and Research).

4). Tuition Fees

ပညာရေး (educational)၊ သိပ္ပံ (Scientific) နဲ့ စီမံခန့်ခွဲရေး ဝန်ဆောင်မှု (Administrative services) များအပါအဝင် academic year 2024/2025 အတွက်ဆိုရင်တော့ full yearly contribution ဟာဆိုရင် standard students တွေအတွက် € 2,530 ဘဲဖြစ်ပါတယ်နော် key လေးတို့ရေ😇။

(📌Note: May vary depends on programme)

€ 2,530 ကိုတစ်ခါတည်း တစ်ပြိုင်တည်းမသွင်းချင်လို့ရှင့်ရင်လဲ Installment နဲ့ သင်တန်းကြေးများကို အောက်က link လေးမှာပါတဲ့ Table အတိုင်း သီးခြားပေးဆောင်နိုင်ပါတယ်နော်✨-

5). Campus

Campus အနေနဲ့ University of Pisa ဟာ centralized campus မရှိဘဲနဲ့ သူ့ uni နဲ့ buildings တွေ departments တွေကို easy access အတွက် မြို့အနှံ့ spread out လုပ်ထားပါတယ်🎓🚍။

ဒါကြောင့်လဲ University နဲ့ Pisa ရဲ့ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ atmosphere တွေကိုပေါင်းစပ် ဖန်တီးပေးထားသလို feeling လေးရမှာအမှန်ဘဲနော် key🔑 လေးတို့ရေ။

ဒါ့အပြင် ဒီUniversity ရှိတဲ့မြို့Pisa မှာဆိုရင် တက္ကသိုလ်စာကြည့်တိုက်နဲ့ အထူးပြုဌာနစာကြည့်တိုက်များ အပါအဝင် စာကြည့်တိုက်မြောက်များစွာရှိတဲ့အတွက် key🔑 လေးတို့ရဲ့ ပညာရေးဆိုင်ရာ သုတေသန အရင်းအမြစ်များစွာကို ပေးဆောင်နိုင်မှာ guarantee ဘာဘဲနော်🤩။

6). Why Study at the University of Pisa?

နောက်ဆုံး E by A ကနေပြီးတော့ ပြောပြပေးချင်တဲ့ အချက်ကတော့ ဘာ့ကြောင့် L'università di Pisa (University of Pisa) မှာ ပညာသင်ကြားသင့်သလဲဘဲဖြစ်ပါတယ်🤗-

1️⃣ Cost Effective ~

Compare to over $20,000 annual costs in other popular choices among students to study abroad such as America, Italy has 1/10 of that cost to study abroad in their country(€2000)💸

2️⃣ Rich History and Prestige ~

The university is one of Italy’s oldest institutions, with a reputation for academic excellence combined with being ranked among the top 500 universities in the world🌍!

3️⃣ Excellent Location ~

Pisa is a charming city with a pleasant climate🌅, and is close to the sea 🌊 , mountains 🏔️ , and well-connected to major Italian cities such as Florence, Rome, Venice and close to the Tuscan coastline.

4️⃣ Lifestyle ~

Pisa has a relaxed and friendly lifestyle, with many small pubs along the river Arno and in the medieval streets⚔️🏰

5️⃣ Academic excellence ~

The university is ranked among the top 500 universities in the world. Plus the university is known for its high-quality education, its strong focus on research, and its commitment to excellence.📚✏️. The University of Pisa also offers a wide range of undergraduate and graduate programs in a variety of disciplines, including: Arts and Humanities. Business and Economics.

6️⃣ Cultural Immersion ~

Being located in Pisa allows students to experience Italian culture and history firsthand⛪️

P.S. The writer of this post also chose this university as his choice among thousands of others because of its myriad of perks and will be attending at "L'università di Pisa" in 2026💛. È stato bello fino alla fine ciao ciao~

📌Sources:

https://www.unipi.it/index.php/enrolment/item/15690-pre-university-schooling
https://www.unipi.it/index.php/tuition-fees-and-financial-support/item/13589-tuition-fees-reduction
https://unipi.coursecatalogue.cineca.it/corsi/2023?gruppo=1709634589846
https://www.unipi.it/index.php/english
https://www.google.com/url?q=https://en.wikipedia.org/wiki/University_of_Pisa&sa=D&source=docs&ust=1734706081524270&usg=AOvVaw1SZx3gKf17SxWWTJBQv-uG













'universitàdiPisa





◼️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️◼️

皆さんまたおかえりなさい!Minasan mata okaerinasai!E by A ကနေ ဒီနေ့မှာတော့ U.S က renowned university တစ်ခုဖြစ်တဲ့ "University of Brit...
15/12/2024

皆さんまたおかえりなさい!
Minasan mata okaerinasai!

E by A ကနေ ဒီနေ့မှာတော့ U.S က renowned university တစ်ခုဖြစ်တဲ့ "University of British Columbia" အကြောင်းကိုပြောပြပေးသွားချင်ပါတယ်😆။

ဒီ University ဟာဆိုရင် public research university တစ်ခုဖြစ်ပြီး 1908 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်တဲ့ British Columbia မှာရှေးအကျဆုံး university တစ်ခုဖြစ်ပါတယ်။

သူ့ရဲ့ Location ကတော့ Vancouver နဲ့ Kelowna တို့အနီး British Columbia, Canada မှာ campus တွေအမြောက်အမြားနဲ့တည်ရှိပါတယ်။

Ranking အနေနဲ့ဆိုရင်လဲ Best Global Universities မှာ သူဟာ no. #39 နေရာမှာမတ်မတ်ရပ်တည်နေပြီး Ivy League school 8 ကျောင်းထဲက တစ်ခုဖြစ်ပါတယ်💯။

(📌Note: Ivy League schools are known for their strong academic programs, world-class faculty members, and highly competitive admissions processes. They are often ranked among the top universities worldwide!🤯)

1). Program

Programs တွေအနေနဲ့ဆိုရင်တော့ UBC (University of British Columbia) ဟာ ဘွဲ့ကြို နဲ့ ဘွဲ့ရ ကျောင်းသားများအတွက် program အခု 250 ကျော် ကျယ်ပြန့်တဲ့ selection တစ်ခုပေးထားပါတယ်။

သူတို့ကမ်းလှမ်းတဲ့ programs အချို့ကတော့-

1️⃣ Business and Economics

• Bachelor of Commerce (BCom) – Vancouver
• Business and Computer Science – Vancouver
• International Economics – Vancouver
• Management – Okanagan

(📌Note: For business it will be “UBC Sauder School of Business”)

2️⃣ Engineering and Technology

• Computer Engineering – Okanagan (new)
• Electrical Engineering – Vancouver & Okanagan
• Manufacturing Engineering – Both campuses
• Mining Engineering – Vancouver

3️⃣ Sciences

• Biology – Both campuses
• Data Analytics – Vancouver (new)
• Earth and Ocean Sciences – Vancouver
• Environmental Sciences – Both campuses

4️⃣ Arts and Humanities

• Philosophy, Politics, and Economics – Okanagan
• History – Both campuses
• Anthropology – Both campuses

5️⃣ Interdisciplinary Programs

• Media Studies – Vancouver
• Integrated Sciences – Vancouver
• Interdisciplinary Studies – Okanagan

2). Admission

Admission အတွက် ပထမဦးဆုံး သိရမှာကတော့ လူတစ်ယောက်နဲ့တစ်ယောက် အတွက် မတူတာဖြစ်တာကြောင့် အခုပြောမဲ့ အကြောင်းအရာဟာဆိုရင် general အားဖြင့်ဖြစ်ပါတယ်နော်😇။ So let's get started!

-UBC တွင် ဝင်ခွင့်ရရှိရန် key🔑 လေးတို့ လုပ်သင့်တဲ့ ပထမခြေလှမ်းမှာဆိုရင် key🔑 လေးတို့ စိတ်ဝင်စားတဲ့ ပရိုဂရမ်များအတွက် ဝင်ခွင့်လိုအပ်ချက် (admissions requirements) များကို စစ်ဆေးထားရန်ဘဲ ဖြစ်ပါတယ်။

-ပုံမှန်အားဖြင့်တော့ UBC ပရိုဂရမ်အများစုဟာ key🔑 လေးတို့အား သူတို့သတ်မှတ်ထားတဲ့ specific high school courses အချို့ကို ပြီးမြောက်ထားဖို့ လိုအပ်ပါတယ်။

(📌Note: They also require you to achieve a minimum grade point average (GPA). This minimum GPA is typically around 80%

However, we at E by A highly recommend aiming for a GPA in the 90% range to be a competitive candidate!📚✅)

3). English Requirement

University of British Columbia (UBC) မှာသင်ကြားချင်တယ်ဆိုရင်တော့ အင်္ဂလိပ်ဘာသာ ဟာသူတို့ရဲ့ အဓိကသင်ကြားရပ်ဘာသာစကားဖြစ်တာကြောင့် applicant အားလုံးဟာဆိုရင် ဝင်ခွင့်မဖြေမီ အင်္ဂလိပ်ဘာသာရပ်မှာ ကျွမ်းကျင်ကြောင်း (proficiency in English) ရှိမှုကို အရင်ဦးဆုံး သက်သေပြရမှာ ဖြစ်ပါတယ်နော်✨။

English Language Admission Standard (ELAS) နဲ့ ကိုက်ညီတဲ့ လက်ခံထားတဲ့ နည်းလမ်း 9 ခု ရှိပါတယ်-

1️⃣ Completing an English-language secondary school curriculum (such as IB or A-levels) in a country where English is the primary language.

2️⃣ Achieving minimum scores on standardized English proficiency tests:
• IELTS (Academic): Overall band score of 6.5 with no individual score below 6.0.
• TOEFL iBT: Minimum score of 90 with no section lower than 22.

3️⃣ Studying in an English-medium post-secondary institution for a minimum of three years.

4️⃣Completing UBC’s English Language Transition Program.

4). Canadian High School (Including OSSD)

ဘွဲ့ကြိုဝင်ခွင့်အတွက် eligible ဖြစ်ဖို့အတွက်ဆိုရင်တော့ requirements တွေအနေနဲ့ applicants တွေဟာ-

1️⃣ Graduate from high school or equivalent.

2️⃣ Achieve a minimum grade of 70% in Grade 11 or Grade 12 English (or equivalent courses depending on the curriculum).

3️⃣ It is recommended to complete at least six Grade 12 academic or non-academic courses to strengthen the application, though this is not a strict requirement😇.

5). International High School

နိုင်ငံတကာ အထက်တန်းကျောင်းဝင်ခွင့်(International High School admission) တွေဟာလဲ နိုင်ငံတစ်ခုနဲ့တစ်ခု မတူညီပါဘူးနော်။

ကံမကောင်းစွာဖြင့်နဲ့တော့ Myanmar🇲🇲 နိုင်ငံဟာ listed country တွေထဲမှာမပါ ပါဘူးနော်🙂‍↕️။

general high school requirement လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-

📌"Graduation from a university-preparatory program at a senior secondary school" GCSE/A/AS (according to UK highschool Requirement)

"Graduation from a university-preparatory program at a senior secondary school" ဟာဆိုရင် ပြောချင်တဲ့ အဓိပ္ပါယ် ကတော့

အင်္ဂလိပ်စာ အပါအဝင် အနည်းဆုံး academic subject areas 6ခု (GCSE, AS Levels, A Levels) အတွင်းပါရှိရမှာဖြစ်ပြီး with at least three academic A Levels or six AS Levels.

အနည်းဆုံး ပညာရပ်ဆိုင်ရာ ဘာသာရပ် ခြောက်ခု (GCSE၊ AS Levels၊ A Levels) တွင် အနည်းဆုံး ပညာသင်နှစ် A အဆင့် သို့မဟုတ် AS အဆင့် ခြောက်ခု ရှိရမှာဖြစ်ပါတယ်✏️🎓။

(📌Note: A subject may not be counted at both A Level and GCSE.

A Level and AS Level courses that are not sufficiently academic (as determined by UBC) cannot be used.

A minimum grade of C in English Literature or English Language at the GCSE, AS, or A Level)

6). College/University Transfer

Admission အတွက် qualify ဖြစ်ဖို့အတွက်ဆိုရင်တော့ ကျောင်းသား/ကျောင်းသူ တွေဟာဆိုရင်
overall admission average အနည်းဆုံးရှိရမယ့် grading ကတော့-

C (60%) or equivalent ရရှိပြီး နောက်ဆုံးကြိုးစားခဲ့တယ့် 30 credits အတွက် 4.0 sclae မှာ 2.0 GPA ရရှိရမှာဘဲဖြစ်ပါတယ်📚📝။

(Note: Keep in mind that meeting the minimum requirement does not guarantee admission, as many programs are competitive and have specific prerequisites)

✅ဒါ့အပြင် Transferable Credits အနည်းဆုံး 30 ရှိသင့်ပြီး Transfer applicants တွေအဓိက present လုပ်သင့်တယ့်အရာတွေကတော့-

1️⃣ 30 credits for second-year admission

2️⃣ 54–60 credits for third-year admission (though some programs may not accept third-year transfers)

3️⃣ Applicants with fewer than 24 credits will be evaluated based on high school grades and partial post-secondary courses

✅Credit Breakdown for Admission Averages:

1️⃣ 0 to 6 credits: Based on high school grades

2️⃣ 7 to 23 credits: Combination of high school average and post-secondary GPA

3️⃣ 24 to 30 credits: Based on post-secondary GPA using all transferable credits

4️⃣ More than 30 credits: Emphasis on the most recent 30 transferable credits

(📌Note: Acceptance rate for overall is- 45% to 55%)

7). Tuition fees

Key🔑 လေးတို့ယူထားတဲ့ ပရိုဂရမ်ပေါ်မူတည်ပြီးတော့ သင်တန်းကြေးမှာ တစ်နှစ်လျှင် 40000 CAD dollar မှ 80000 CAD dollar ထိကွာခြားချက်ရှိပါတယ်နော်💸။

8). UBC campus

များစွာရွေးချယ်မှုတွေရှိတဲ့ recreational, social, cultural activities တွေနဲ့ key🔑 လေးတို့ ကြိုက်နှစ်သက်တဲ့ activities တွေကိုလုပ်ဆောင်လို့ရတယ့်အပြင် skill အသစ်တစ်ခုခုကို ကျွမ်းကျင်ပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်ဖို့အတွက် အခွင့်အရေးများစွာကို University of British Columbia ဟာဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်🤩။

📌 P.S- long story short UBC is an inspiring place — both inside and outside the classroom. From athletics to arts and culture, life on campus invigorates mind, body and spirit💯.

✅The following list provides examples of A Level courses that are not sufficiently academic to be used to meet admission requirements for the United Kingdom or British-patterned education:

• Applied Business
• Applied Information and Communication Technology (Applied ICT)
• Applied Performing Arts
• Applied Science
• Critical Thinking
• Dance
• Divinity
• Electronics
• Food Studies
• General Paper
• General Studies
• Global Perspectives and Research
• Health and Social Care
• Home Economics
• Information Technology
• Leisure Studies
• Media Communication and Production
• Moving Image Arts
• Music Technology
• Performance Studies
• Performing Arts
• Project Work
• Thinking Skills
• Travel and Tourism

📌Sources:

https://www.ubc.ca/about/
https://www.ubc.ca/admissions/
https://www.grantme.ca/blog/how-to-get-admitted-to-ubc
https://you.ubc.ca/programs/ =by-topic&viewMode=list&categories[]=1284&categories[]=1293
https://you.ubc.ca/applying-ubc/requirements/university-college-transfer/
https://you.ubc.ca/applying-ubc/requirements/university-college-transfer/
Undergraduate tuition fees | Student Services
https://www.ubc.ca/campus-life/ #:~:text=UBC%20is%20an%20inspiring%20place,invigorates%20mind%2C%20body%20and%20spirit.
















◼️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️◼️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when E by A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share