We Are Donation Family

We Are Donation Family မခွဲအတူ ကူညီမည်
We Are Family🤝❤️

(Freelance Charity Organization is nonprofit organization.)

3.11.2025 ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့အတွက်Rachel Foundation  ပရဟိတအသင်းမှာ  မွေးနေ့အလှူအဖြစ် အလှူ ငွေ (3) သောင်းကျပ် လှူ...
03/11/2025

3.11.2025 ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့အတွက်

Rachel Foundation ပရဟိတအသင်းမှာ မွေးနေ့အလှူအဖြစ် အလှူ ငွေ (3) သောင်းကျပ် လှူဒါန်းပေးတဲ့ အလှူရှင် Julia Pyae Sone Oo စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပါစေ။ မွေးနေ့မှာပျော်ရွှင်ပါစေ။

အခုလို လှူဒါန်းရသောကြောင့် မရှိဆိုတဲ့စကားမကြားရပဲ အစစအရာရာအဆင်ပြေပါစေ ။🙏🙏🙏

မရှိလို့မလှူမလှူလို့မရှိ မဖြစ် ရအောင် လိုအပ်နေသူတွေဆီ ပြန်ရောက်စေရပါမယ်ရှင်🍀

ဒီအလှူကို လိုအပ်တဲ့ဆီ ပြန်လှူသွားမှာပါ။


Rachel Foundation က အလှူငွေရရှိထားတဲ့အထဲကနေ  စိတ်ချ ယုံကြည်ရပြီး လိုအပ်တဲ့ နေရာများဖြစ်တဲ့ Chit Thae Phyu Mk ,Alinn Yaun...
01/10/2025

Rachel Foundation က အလှူငွေရရှိထားတဲ့အထဲကနေ စိတ်ချ ယုံကြည်ရပြီး လိုအပ်တဲ့ နေရာများဖြစ်တဲ့ Chit Thae Phyu Mk ,Alinn Yaung ,ရေချမ်းစင်တို့ထံ တစ်ဖွဲ့ကို ၅၀၀၀၀ ကျပ်စီ ပြန်လည်လှူဒါန်းပေးခဲ့ပါပြီ။

စာရင်းရှင်းတမ်းကို ဒီ page ရဲ့ စာရင်းဆိုတဲ့ Album နေရာလေးမှာ ကြည့်ရှူနိုင်ပါတယ်

ဒါလေးကရေချမ်းစင်လက ပေးတဲ့ အမှတ်တရ မှတ်တမ်းလေးလာတင်တာပါ။

ကျန်တဲ့ငွေကို တခြားလိုအပ်တဲ့နေရာတွေ တွေ့ရင်လည်း လှူဒါန်းပေးသွားပါဦးမယ်။

အလှူရှင်တွေအပါဝင် အားလုံး နတ်လူသာဓုခေါ်စေသော်🙏🙏🙏



#ကူမယ်ကယ်မယ်

Rachel Foundation  ပရဟိတအသင်းအတွက် အလှူငွေ (3)သိန်း လှူချင်လို့ ပါဆိုပြီး ထပ်မံပြီး လာရောက်လှူဒါန်းပေးတဲ့ အလှူရှင် Mr. T...
29/09/2025

Rachel Foundation ပရဟိတအသင်းအတွက် အလှူငွေ (3)သိန်း လှူချင်လို့ ပါဆိုပြီး ထပ်မံပြီး လာရောက်လှူဒါန်းပေးတဲ့ အလှူရှင် Mr. Thomas Do လည်း
အခုလို လှူဒါန်းရသောကြောင့် မရှိဆိုတဲ့စကားမကြားရပဲ အစစအရာရာအဆင်ပြေပါစေ ။🙏🙏🙏

မရှိလို့မလှူမလှူလို့မရှိ မဖြစ် ရအောင် လကုန်ရင်လိုအပ်နေသူတွေဆီရောက်စေရပါမယ်ရှင်🍀

နတ်လူသာဓုခေါ်စေသော်။

အမြဲယုံကြည်စွာနဲ့ လှူဒါန်းပေးသမျှတွေသည် လိုအပ်သူတွေထံရောက်စေရပါ့မယ်။


🛑Announcement ❤️ကျေးဇူးတင်လွှာRachel Foundation အနေနဲ့ ကြေငြာစရာလေးရှိပါတယ်။ လက်ရှိမှာ မည်သူ့ထံကမှ အလှူငွေလက်မခံသေးပါဘူး...
20/07/2025

🛑Announcement

❤️ကျေးဇူးတင်လွှာ

Rachel Foundation အနေနဲ့ ကြေငြာစရာလေးရှိပါတယ်။ လက်ရှိမှာ မည်သူ့ထံကမှ အလှူငွေလက်မခံသေးပါဘူး။

Rachel Foundation သည် Freelance Charity Organization တစ်ခုဖြစ်ပြီး အလှူငွေရရှိတာနဲ့ ရန်ပုံငွေမချန်ပဲ လိုအပ်တဲ့ ဆီကိုသာ အမြဲပြန်လှူပေးခဲ့တာချည်းပါ။ အလှူရှင်စာရင်း၊ အလှူငွေများကို အမြဲစာရင်းအတိကျ တင်ပြပေးသော အဖွဲ့စည်းလည်းဖြစ်ပါတယ်။ အလှူငွေနဲ့ ပတ်သက်ရင် စိတ်ချယုံကြည်လို့ရပါတယ်။

အများသိအောင် ပြောရခြင်းမှာ ပရဟိတလို့ ခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ အဖွဲ့စည်းမဟုတ်ပါ။ လိုအပ်တဲ့ဆီကိုသာ တတ်နိုင်တဲ့အားကနေ ကူညီချင်လို့ ဒီအဖွဲ့လေးထူထောင်ခဲ့ခြင်းသာဖြစ်ပါတယ်။

လက်ရှိအလှူငွေ လက်ခံခြင်းရပ်နားပါရစေ။
ကျန်ရှိနေတဲ့ အလှူငွေလေးတွေကိုသာ ဆက်လက်ထိန်းသိမ်းပေးပြီး အရေးပေါ်လိုအပ်လာတဲ့အခါ ပြန်လည်လှူဒါန်းကူညီပေးသွားမှာပဲဖြစ်ပါတယ်။

Rachel Foundation နဲ့အတူ ယုံကြည်စွာလှူဒါန်းပေးခဲ့ကြတဲ့ အလှုရှင်တစ်ဦးတစ်ယောက်ဆီတိုင်းကို
အထူးကျေး‌ဇူးတင်ရှိပါတယ်။

Rachel Foundation

Founder,

Rachel Moe Myint



#တာဝန်ခံများ

ဒုတိယအကြိမ် ငလျင် ပြန်လည်ထူ‌ထောင်ရေးအတွက် အလှုခံရရှိထားတဲ့ အလှူငွေ (2852000)ထဲမှ   အလှူငွေ သိန်း (၂၀)ကျပ်ကို Rachel Foun...
20/07/2025

ဒုတိယအကြိမ် ငလျင် ပြန်လည်ထူ‌ထောင်ရေးအတွက် အလှုခံရရှိထားတဲ့ အလှူငွေ (2852000)ထဲမှ အလှူငွေ သိန်း (၂၀)ကျပ်ကို Rachel Foundation ရဲ့ မန္တလေးမှ တာဝန်ခံ ကို Aung Myint Khaing ထံသို့ လွှဲအပ်ပြီး ပြန်လည် လှူဒါန်းစေခဲ့ပါတယ်။

ဒုတိယအကြိမ် လာရောက်လှူဒါန်းကြသောအလှူရှင်များထံမှ အလှူငွေ (2852000)
ကျပ် ကောက်ခံရရှိခဲ့ပါတယ်။ ဤအလှူငွေများထဲမှ သိန်း (၂၀)ကို မြေပြင်မှ လိုအပ်တဲ့ ဆီကို ပြန်လည်လှူဒါန်းပြီးပါပြီ။ မန္တလေး တာဝန်ခံ ကို အောင်မြင့်ခိုင်မှ လိုအပ်တဲ့ဆီကို ပြန်လည်လှူဒါန်းပြီးဖြစ်ပါတယ်။

ယုံကြည်စွာ လာရောက်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်
တစ်ဦးတစ်ယောက်ဆီကို ကျေးဇူးတင်ပါတယ်။

✅စာရင်းအရ ပြန်လည်လှူဒါန်းပြီးဖြစ်ပါသဖြင့်
ဒုတိယသုတ် ကျန်ရှိတဲ့ အလှူငွေတချို့ (852000)ကို အရေးကြီးလိုအပ်လာတဲ့အခါ ပြန်လည်လှူဒါန်းပေးဖို့ ရန်ပုံငွေအဖြစ်သိမ်းဆည်းပေးထားပါကြောင်း စာရင်းတင်ပြရင်း

နတ်လူ သာဓုခေါ်စေသော်🙏🙏🙏

➡️ဒါက ပထမအကြိမ်လှူဒါန်းပြီးစီးမှုစာရင်း⬇️
Link မှာဝင်ကြည့်နိုင်ပါတယ်

https://www.facebook.com/share/p/19WQPgN1Ur/


#တာဝန်ခံများ

#ရေချယ်မိုးမြင့်

12.7.2025 ရက်နေ့မှာRachel Foundation  ပရဟိတအသင်းအတွက် အလှူ ငွေ (5) သောင်းကျပ် လာရောက်လှူဒါန်းပေးတဲ့ အလှူရှင် မအေးစုနိုင်...
13/07/2025

12.7.2025 ရက်နေ့မှာ

Rachel Foundation ပရဟိတအသင်းအတွက် အလှူ ငွေ (5) သောင်းကျပ် လာရောက်လှူဒါန်းပေးတဲ့ အလှူရှင် မအေးစုနိုင် လည်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပါစေ။

အခုလို လှူဒါန်းရသောကြောင့် မရှိဆိုတဲ့စကားမကြားရပဲ အစစအရာရာအဆင်ပြေပါစေ ။🙏🙏🙏

မရှိလို့မလှူမလှူလို့မရှိ မဖြစ် ရအောင် လိုအပ်နေသူတွေဆီရောက်စေရပါမယ်ရှင်🍀


ပထမဆုံး ငလျင် စဖြစ်ဖြစ်ချင်း Rachel Foundation _ ပရဟိတ  မှ အလှူငွေ (၅)သိန်း စတင်မတည်ခဲ့ရာ foundation သို့ ပထမအသုတ် လာရော...
02/06/2025

ပထမဆုံး ငလျင် စဖြစ်ဖြစ်ချင်း Rachel Foundation _ ပရဟိတ မှ အလှူငွေ (၅)သိန်း စတင်မတည်ခဲ့ရာ foundation သို့ ပထမအသုတ် လာရောက်လှူဒါန်းကြသောအလှူရှင်များထံမှ အလှူငွေ
2085000 ကျပ် ကောက်ခံရရှိခဲ့ပါတယ်။

ဤ အလှူငွေများကို မန္တလေး တာဝန်ခံ Aung Myint Khaing ထံသို့ တိုက်ရိုက်လွှဲပြီး ကောက်ခံခဲ့တာဖြစ်ပါတယ်။

မတည်ငွေ 5သိန်း အပါဝင် စုစုပေါင်း အလှူငွေ 2585000 ကို မန္တလေး တာဝန်ခံ ကို အောင်မြင့်ခိုင်မှ လိုအပ်တဲ့ဆီကို ပြန်လည်လှူဒါန်းပြီးဖြစ်ပါတယ်။

ယုံကြည်စွာ လာရောက်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်
တစ်ဦးတစ်ယောက်ဆီကို ကျေးဇူးတင်ပါတယ်။

✅စာရင်းအရ ပြန်လည်လှူဒါန်းပြီးဖြစ်ပါသဖြင့်
ပထမသုတ် အလှူငွေများ လက်ကျန် သိမ်းဆည်းထားခြင်းမရှိ 0 ကျပ်ဖြစ်ပါကြောင်း တင်ပြရင်း နတ်လူ သာဓုခေါ်စေသော်🙏🙏🙏


#တာဝန်ခံများ

#ရေချယ်မိုးမြင့်

ကျွန်မတို့ Rachel Foundation _ ပရဟိတ  အသင်း သို့  ငလျင်ဘေးသင့် ပြည်သူတွေ ပြန်လည်ထူ‌ထောင်အတွက် လာရောက် လှူဒါန်း ပေးခဲ့ပါသ...
02/06/2025

ကျွန်မတို့ Rachel Foundation _ ပရဟိတ အသင်း သို့ ငလျင်ဘေးသင့် ပြည်သူတွေ ပြန်လည်ထူ‌ထောင်အတွက် လာရောက် လှူဒါန်း ပေးခဲ့ပါသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း Certificateလေးထုတ်ပေးလိုက်ပါတယ်။ ဒုတိယသုတ် ပြန်လည်ထူထောင် ‌ေရးအတွက် အလှူငွေ လက်ခံရရှိထားတာ စုစုပေါင်း 2,852,000 ကျပ်ရရှိထားပါတယ်။မကြာမီ လိုအပ်တဲ့နေရာလေးတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

ကျွန်မတို့ Rachel Foundation ပရဟိတအသင်း နဲ့အတူတူ ယုံယုံကြည်ကြည် လက်တွဲပေးတဲ့ အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

အခုလို လာရောက်လှူဒါန်းရသောအကျိုးအားကြောင့် မရှိဆိုတဲ့စကား မကြားရပဲ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ ၍ ပေး၍ မကုန် အမြဲ လှူနိုင်သော သူတွေ ဖြစ်ကြပါစေကြောင်း ကျွန်မတို့ Team ကဆုမွန်ကောင်းတောင်းလိုက်ပါတယ် ရှင့်

ပထမသုတ် အလှူငွေရှင်းတမ်း 👇 (ပြန်လည်လှူဒါန်းပြီးစီး)

https://www.facebook.com/share/p/16e9KuSnH6/

✅Certificate part (2)

Certificate part (1) 👇

https://m.facebook.com/story.php?story_fbid=619172524497914&id=100092155152684&mibextid=Nif5oz



#ငလျင်ဘေးသင့်ပြည်သူများပြန်လည်ထူ‌ေထာင်‌ေရးအတွက်
#ပါဝင်ကူညီစို့

ကျွန်မတို့ Rachel Foundation _ ပရဟိတ  အသင်း သို့  ငလျင်ဘေးသင့် ပြည်သူတွေ ပြန်လည်ထူ‌ထောင်အတွက် လာရောက် လှူဒါန်း ပေးခဲ့ပါသ...
25/05/2025

ကျွန်မတို့ Rachel Foundation _ ပရဟိတ အသင်း သို့ ငလျင်ဘေးသင့် ပြည်သူတွေ ပြန်လည်ထူ‌ထောင်အတွက် လာရောက် လှူဒါန်း ပေးခဲ့ပါသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း Certificateလေးထုတ်ပေးလိုက်ပါတယ်။ ဒုတိယသုတ် ပြန်လည်ထူထောင် ‌ေရးအတွက် အလှူငွေ လက်ခံရရှိထားတာ စုစုပေါင်း 2,852,000 ကျပ်ရရှိထားပါတယ်။မကြာမီ လိုအပ်တဲ့နေရာလေးတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

ကျွန်မတို့ Rachel Foundation ပရဟိတအသင်း နဲ့အတူတူ ယုံယုံကြည်ကြည် လက်တွဲပေးတဲ့ အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

အခုလို လာရောက်လှူဒါန်းရသောအကျိုးအားကြောင့် မရှိဆိုတဲ့စကား မကြားရပဲ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ ၍ ပေး၍ မကုန် အမြဲ လှူနိုင်သော သူတွေ ဖြစ်ကြပါစေကြောင်း ကျွန်မတို့ Team ကဆုမွန်ကောင်းတောင်းလိုက်ပါတယ် ရှင့်

ပထမသုတ် အလှူငွေရှင်းတမ်း 👇 (ပြန်လည်လှူဒါန်းပြီးစီး)

https://www.facebook.com/share/p/16e9KuSnH6/

Certificate part (1)မှာ မပါသေးသူတွေကို နောက် ပို့စ်တွေမှာ တင်ပေးသွားပါ့မယ်။



#ငလျင်ဘေးသင့်ပြည်သူများပြန်လည်ထူ‌ေထာင်‌ေရးအတွက်
#ပါဝင်ကူညီစို့

မြတ်ဗုဒ္ဓရဲ့ အဆုံးမတွေထဲက တစ်ခုက"မိမိကိုယ်ကို အကောင်းဆုံးမိတ်ဆွေအဖြစ် ပြုစုပျိုးထောင်ပါ။မိမိကိုယ်ကို အဆိုးဆုံးရန်သူအဖြစ်...
24/05/2025

မြတ်ဗုဒ္ဓရဲ့ အဆုံးမတွေထဲက တစ်ခုက

"မိမိကိုယ်ကို အကောင်းဆုံးမိတ်ဆွေအဖြစ် ပြုစုပျိုးထောင်ပါ။မိမိကိုယ်ကို အဆိုးဆုံးရန်သူအဖြစ် မပြုလုပ်ပါနှင့်" တဲ့

#ရေချယ်မိုးမြင့်

မြတ်ဗုဒ္ဓရဲ့ အဆုံးမတွေထဲက တစ်ခုက

"မိမိကိုယ်ကို အကောင်းဆုံးမိတ်ဆွေအဖြစ် ပြုစုပျိုးထောင်ပါ။မိမိကိုယ်ကို အဆိုးဆုံးရန်သူအဖြစ် မပြုလုပ်ပါနှင့်" တဲ့

ဒီ အဆုံးမတော် လေးဟာ ဓမ္မပဒ ကျမ်းမှာပါရှိပြီး လူ့ဘဝမှာ အလွန်အရေးကြီးတဲ့အခြေခံသဘောတရားကို ဖော်ပြထားပါတယ်။

၁။ "မိမိကိုယ်ကို အကောင်းဆုံးမိတ်ဆွေအဖြစ် ပြုစုပျိုးထောင်ပါ"

မိမိကိုယ်ကို နားလည်ခြင်း၊ မိမိရဲ့ အားနည်းချက်၊ အားသာချက်များကို ရိုးသားစွာ လက်ခံပါ။ မိမိစိတ်နဲ့ ခန္ဓာကို ဂရုစိုက်ခြင်းဟာ မိမိကိုယ်ကို မိတ်ဆွေကောင်းတစ်ဦးအဖြစ် ပြုစုရာရောက်ပါတယ်။

မိမိကိုယ်ကို ကရုဏာထားခြင်း

အမှားလုပ်မိလျှင် မိမိကိုယ်ကို အပြစ်တင်မနေဘဲ အတိတ်ကို သင်ခန်းစာယူကာ အနာဂတ်ကို ပြုပြင်ပါ။ဒါဟာ မိမိကိုယ်ကို ချစ်တဲ့ ချစ်ခြင်းမေတ္တာရဲ့ အစစ်အမှန်ပုံစံဖြစ်ပါတယ်။

မိမိစိတ်ကို အားပေးခြင်း

စိတ်ဓာတ်ကျချိန်တွင် "ငါဖြင့်မဖြစ်နိုင်" ဟူသော အပျက်သဘောအတွေးများထက် "ငါကြိုးစားနိုင်သည်" ဟူသော ယုံကြည်မှုကို မွေးမြူပါ။

၂။ "မိမိကိုယ်ကို အဆိုးဆုံးရန်သူအဖြစ် မပြုလုပ်ပါနှင့်"

မိမိကိုယ်ကို နှိပ်စက်ခြင်း ၊အလွန်အမင်း စိတ်ဆင်းရဲခြင်း၊ ကိုယ့်ကိုယ်ကို အပြစ်ရှာခြင်း၊ အတိတ်က အမှားများကို အချိန်ပြည့်တွေးနေခြင်းတို့သည် မိမိကိုယ်ကို ရန်သူလို ဆက်ဆံသည့် အပြုအမူများဖြစ်ပါတယ်။

မိမိရဲ့တန်ဖိုးကို မြင့်တင်ပါ ။

အခြားသူများရဲ့ ထင်မြင်ချက်များကို အလွန်အမင်း အလေးထားမိပါက မိမိကိုယ်ပိုင်တန်ဖိုးကို မေ့လျော့တတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရန် လေ့ကျင့်ပါ။

၃။ လက်တွေ့ဘဝတွင် အသုံးချနည်းကတော့
-နေ့စဉ် မိမိကိုယ်ကို မေးမြန်းပါ။

"ယနေ့ ငါသည် ကိုယ့်ကိုယ်ကို မိတ်ဆွေလား၊ ရန်သူလား" ဟု ဆန်းစစ်ပါ။

မေတ္တာတရား ပွားများခြင်း
"ငါသည် ငြိမ်းချမ်းပါစေ၊ ပျော်ရွှင်ပါစေ" ဟု နေ့စဉ် ရွတ်ဖတ်ပါ။
အတိတ်ကို လွှတ်ချနိုင်ခြင်းသည် အမှားများကို သင်ခန်းစာအဖြစ် မှတ်ယူကာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ပါစေ။

၄။ ဒီဩဝါဒဟာ "အတ္တာဟိ အတ္တနော နာထော" (မိမိသည် မိမိကိုယ်ပိုင် ကိုးကွယ်ရာ) ဟူသော ဗုဒ္ဓရဲ့အဆိုနဲ့ ဆက်စပ်နေပါတယ်။ မိမိကိုယ်ကို မှန်ကန်စွာ ပြုစုပျိုးထောင်နိုင်သူဟာ ဘဝရဲ့အခက်အခဲများကို အလွယ်တကူ ကျော်လွှားနိုင်မည်ဖြစ်တယ်။

ဒီတရားတော်ကို နှလုံးသွင်းပါက စိတ်သက်သာရာရရှိပြီး ဘဝကို ပိုမိုတည်ငြိမ်စွာ ရှင်သန်နိုင်မည်ဖြစ်ပါတယ်။ 🙏

Rachel Moe Myint (Healing My Heart)

#ရေချယ်မိုးမြင့်



24/05/2025

I got over 10 reactions on one of my posts last week! Thanks everyone for your support! 🎉

Address

Yangon

Telephone

+959760171765

Website

Alerts

Be the first to know and let us send you an email when We Are Donation Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to We Are Donation Family:

Share