12/04/2026
🌊 ဒီသင်္ကြန်မှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မမေ့ပါနဲ့နော် 💦
သင်္ကြန်မှာ ပျော်ပါးရင်း တချို့အချိန်တွေမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ဒုံးမသုံးမိတာ၊ သုံးထားတဲ့ကွန်ဒုံးပေါက်သွားတာလိုမျိုး risk ဖြစ်နိုင်တဲ့အခြေအနေတွေ ကြုံလာခဲ့ရင်…
72 နာရီ (3 ရက်) အတွင်း PEP (အရေးပေါ်ကာကွယ်ဆေး) ကို စတင်သောက်နိုင်ပါတယ်
စောနိုင်သမျှ စောစတင်တာက အကောင်းဆုံးပါ
PEP က HIV ကူးစက်မှုကို လျှော့ချပေးနိုင်တဲ့ အရေးကြီးတဲ့ ကာကွယ်ရေးနည်းလမ်းတစ်ခုပါ။
ပျော်ရွှင်မှုနဲ့အတူ ကိုယ့်ကျန်းမာရေးကိုလည်း ကာကွယ်ပါ။
PEP ဆေးနဲ့ပါတ်သက်ပြီး ဆွေးနွေးပေးခြင်း၊
လမ်းညွှန်ပေးခြင်း အခမဲ့ပြုလုပ်ပေးပါတယ်။
PEP ဝန်ဆောင်မှုများကို ရရှိနိုင်ဖို့အတွက်
ဆက်သွယ်ရန် - - - 09764224628 ကို ခေါ်ဆို၍ဖြစ်စေ၊ Page Messenger မှာလည်း အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
#သင်္ကြန်