04/09/2026
📢 RBF Plus ၏ တတိယအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်း (3rd Call for Proposals) အတွက် ပထမအဆင့်လျှောက်လွှာများ (Concept Notes) အား စိတ်ပါဝင်စားစွာဖြင့်လျှောက်ထားခဲ့ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် လျှောက်လွှာကူညီရေးသားပေးသူများ (Service Providers) အား RBF+မှ ကျေးဇူးအထူးတင်ရှိပါသည်။
ပထမအဆင့်ရွေးချယ်ခံရသူများကို သေချာစွာစိစစ်၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
📌လျှောက်လွှာတင်သွင်းရန် နောက်ဆုံးရက်နှင့် ပတ်သက်သည့် အရေးကြီးသော အသိပေးချက်
📌ကဏ္ဍ (၃) ဧရိယာ (၉) “လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များအား အတွေ့အကြုံ ဗဟုသုတများ မျှဝေခြင်း (စျေးကွက်လိုအပ်ချက်၊ စံသတ်မှတ်ချက်များနှင့် အညီ)” အတွက် လျှောက်လွှာများကို “၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်” နေ့ နောက်ဆုံးထား၍ တင်သွင်းနိုင်ပါသည်။
📌ကဏ္ဍ (၃) ဧရိယာ (၁၀) “စိုက်ပျိုးမွေးမြူရေးနည်းပညာ၊ သွင်းအားစုနှင့် စက်ကိရိယာထုတ်လုပ် သော ကုမ္ပဏီ/လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံခြင်း” လျှောက်လွှာများကိုမူ “၂၀၂၈ ခုနှစ်၊ ဇွန်လ (၃၀) ရက်” နေ့ အထိနောက်ဆုံးထားတင်သွင်းနိုင်ပါသည်။
Call for Proposals