25/11/2025
ကျားမအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ဆယ့်ခြောက်ရက်တာလှုပ်ရှားမှုစတင် ခြင်း
နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ
ယနေ့ နိုဝင်ဘာ ၂၅ ရက်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနိုင်ငံတကာနေ့ ဖြစ်သည်။ ၎င်းသည် နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ တစ်ကမ္ဘာလုံးတွင် ကျင်းပသည့် ကျားမအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ဆယ့်ခြောက်ရက်တိုက်ဖျက်ရေး လှုပ်ရှားမှု၏ တရားဝင် စတင်သည့်နေ့ဖြစ်သည်။ ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်မှာ အလျင်အမြန် ကြီးထွားလျက်ရှိသော အကြမ်းဖက်မှုပုံစံတစ်ခုဖြစ်သည့်
⭐ *အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးအပေါ် ဒစ်ဂျစ်တယ်နည်းဖြင့် အကြမ်းဖက်မှုပပျောက်ဖို့ စည်းလုံးကြစို့* ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်နည်းဖြင့် အကြမ်းဖက်မှုတွင် အောက်ပါတို့ ပါဝင်သည်-
• အွန်လိုင်းနှောက်ယှက်ခြင်းနှင့် ဆိုက်ဘာခြိမ်းခြောက်မှု
• ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်တွင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု
• ဒီဖ်ဖိတ်စ်များ (Deepfakes) နှင့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများကို တည်းဖြတ်ခြင်း၊ လှည့်စားခြင်း
• ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သဘောဆန္ဒမပါပဲ ထုတ်ဖော်ခြင်း (Doxxing) နှင့် အွန်လိုင်းမှ ခြေရာခံစောင့်ကြည့်ခြင်း
• အမျိုးသမီးများနှင့် မိန်းကလေးများကို ဦးတည်သည့် မုန်းတီးရေးစကားများနှင့် အမှားသတင်းများ ဖြန့်ဝေခြင်း
ဤအွန်လိုင်း အကြမ်းဖက်မှုများသည် မကြာခဏဆိုသလို အွန်လိုင်းပြင်ပ (အော့ဖ်လိုင်း) အန္တရာယ်များအထိ ပြင်းထန်လာတတ်ပြီး ၎င်းတို့တွင် ခြိမ်းခြောက်မှု၊ အတင်းအကျပ်ပြုမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပင် ပါဝင်နိုင်သည်။
ယနေ့သည် ဆယ့်ခြောက်ရက်တိုက်ဖျက်ရေး စတင်ရက်တစ်ရက်အနေဖြင့် သာမကပဲ၊အိမ်တွင်း၊ ရပ်ရွာ၊ အလုပ်ခွင် နှင့် အွန်လိုင်းစသည့် နေရာတိုင်းမှ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ပြုကြသည့် နေ့လည်းဖြစ်သည်။ FRCသည်လည်း အားလုံးအတွက် တန်းတူညီမျှမှုနှင့် လေးစားမှုအပေါ်အခြေခံသည့် အနာဂတ်တစ်ခုကို တည်ဆောက်ရန်အတွက် ကတိကဝတ်ပြုရင်း ယခုနှစ် ၁၆ရက်တာလှုပ်ရှားမှုကို စတင်ကြိုဆို ဂုဏ်ပြုအပ်ပါသည်။