Tai Youth Yangon

Tai Youth Yangon Tai Youths Organization in Yangon - https://t.me/taiyouthyangon

Singapore Tai Family အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သျှမ်းပြည်၊ လဲချားမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဟိုနောင်အွန်ကျေးရွာရှိ ...
23/12/2025

Singapore Tai Family အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သျှမ်းပြည်၊ လဲချားမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဟိုနောင်အွန်ကျေးရွာရှိ ဗေသလ ရင်ခွင်မဲ့ ပရဟိတဂေဟာ ရှိ ကလေးငယ်များအတွက် ဆန် ၁၄ အိတ်၊ စစ်ဘေးရှောင်ရင်း လဲချားမြို့သို့ရောက်ရှိလာသော မျက်မမြင် ၄ ဦးအတွက် ဆန် ၄ အိတ် စုစုပေါင်း ဆန်အိတ် ၁၈ အိတ် ကာလတန်ဖိုး ၁,၅၀၀,၀၀၀ ကျပ် အား မျှဝေ ပေးအပ်ခဲ့ပါသည်။

ဗေသလ ရင်ခွင်မဲ့ ပရဟိတဂေဟာတွင် မိဘမဲ့ကလေးငယ်များ အပါအဝင် အကြောင်းအရင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော စုစုပေါင်း ကလေးငယ် ကျား ၂၈ ဥိး မ ၂၆ ဦး စုစုပေါင်း ကလေးငယ် - ၅၄ ဦးနှင့် ဆရာ/မ ၃ ဦး ရှိပြိး လုံခြုံရေး အခြေအနေများအရ လားရှိုးမြို့မှ လဲချားမြို့သို့ ယာယီ ရွေ့ပြောင်းကာ ပညာလာသင်ကြားခြင်း ဖြစ်ပါသည်။

မြေပြင်ကွင်းဆင်းကာ ပူးပေါင်း ကူညီပေးခဲ့သော လဲချားမြို့နယ် ပရဟိတအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

သျှမ်းပြည် နှင့် သျှမ်းမျိုးနွယ်စုများ နေထိုင်ရာ ဒေသများ အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ရေဘေးဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး စသော ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

သျှမ်းပြည်၊ သီပေါမြို့နယ်အတွင်း ၁.၆.၂၀၂၅ ရက်နေ့က ပြည်ထောင်စုလမ်းမကြိးပေါ် ကျောက်မဲမြို့နယ်ဘက်မှ TNLA တပ်ဖွဲ့ဝင်၏ ဇနီးအတူ...
13/12/2025

သျှမ်းပြည်၊ သီပေါမြို့နယ်အတွင်း ၁.၆.၂၀၂၅ ရက်နေ့က ပြည်ထောင်စုလမ်းမကြိးပေါ် ကျောက်မဲမြို့နယ်ဘက်မှ TNLA တပ်ဖွဲ့ဝင်၏ ဇနီးအတူ အခြားအမျိုးသမိး တစ်ဥိး မောင်းနှင်လာသော ဆိုင်ကယ်သည် လမ်းအလယ်မျဉ်းကို ကျော်လွန်ကာ လမ်းတဖက်ခြမ်းရှိ နန်းလောဝ်ခမ်း (အမည်လွဲ) အသက် ၃၀ နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်ခတ်မှု ဖြစ်ပွါးခဲ့ပါသည်။ အဆိုပါ စည်းကမ်းမဲ့ မောင်းနှင်ကာ လမ်းတစ်ဖက်ခြမ်းသို့ ကျော်လွန်ကာ တိုက်ခိုက်မှုကြောင့် နန်းလောဝ်ခမ်း (အမည်လွဲ) သည် ဘယ်ဘက် ပေါင်ကျိုးခဲ့ပါသည်။

နှစ်ဖက်စလုံး၏ ဆိုင်ကယ်များ ပျက်ဆီးခဲ့ကျပြိး TNLA တပ်ဖွဲ့ဝင် ဇနီးသည်နှင့် အတူစိးလာသော အမျိုးသမိးတို့မှာလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အခင်းဖြစ်ပွါးနေချိန်တွင် အနိးရှိ အမျိုးသားတစ်ဥိးရောက်လာကာ TNLA တပ်ဖွဲ့ဝင်၏ဇနိးသည် ဘက်က မမှားဘူးဟု ဆိုကာ ဖိအားပေးပြောဆိုကာ လျော်ကြေးငွေတောင်းသဖြင့် နန်းလောဝ်ခမ်း (အမည်လွဲ) သည် ၇ သိန်းကျပ် လျော်ကြေးပေးခဲ့ရပါသည်။ အမှန်တကယ် မြေပြင်တွင်မူ TNLA တပ်ဖွဲ့ဝင်ဇနိးသည် မောင်းနှင်လာသော ဆိုင်ကယ်သည် လမ်းတစ်ဖက်ခြမ်းသို့ ကျော်လာကာ နန်းလောဝ်ခမ်း (အမည်လွဲ) စိးလာသော ဆိုင်ကယ်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုကာလသည် တိုက်ပွဲပြင်းထန်ချိန် ကာလ ဖြစ်နေသဖြင့် တရားမျှတမှူ ရရှိရေး မည့်သို့ ဆက်လက် ပြုလုပ်ရမည်ကို မသိ နားမလည်သဖြင့် တရားမျှတမှူ မရရှိခဲ့ကြောင်း သိရှိရပါသည်။

အခင်းဖြစ်ပွါးအပြိး ရက်အနည်းငယ်ခန့်တွင် TNLA တပ်ဖွဲ့ဝင်တို့သည် နန်းလောဝ်ခမ်း(အမည်လွဲ) အိမ်သို့ရောက်လာကာ လာကြည့်ရှုသယောင်ဖြင့် ချိန်းခြောက် အင်အားပြကာ ဆေးဖိုးဝါးခ ပြန်လည်ပေးမည်ဟု ဆိုခဲ့သော်လည်း ယနေ့အထိ ဆက်သွယ်လာခြင်း မရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် နန်းလောဝ်ခမ်း(အမည်လွဲ) သည် လူမမယ် ကလေးတစ်ဥိး(Single Mom) ရှိပြိး စားရေးသောက်ရေးနှင့် ဆေးကုသရန် အခက်အခဲ ရှိနေကြောင်း သိရှိရသဖြင့် Singapore Tai Family အဖွဲ့က ဆေးကုသနိုင်ရန် အတွက် ငွေ ၅၀၀,၀၀၀ ကျပ် မျှဝေ ထောက်ပံ့ အားပေးနိုင်ခဲ့ပါသည်။

မိမိတို့ အနေဖြင့်လည်း သျှမ်းပြည် အရပ်ဖက် အဖွဲ့အစည်းများ၊ သျှမ်းအရပ်ဖက် အဖွဲ့အစည်းများနှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း တရားဥပဒေစိုးမိုးရေး အတွက် တာဝန်ရှိသော အဖွဲ့အစည်းများ၊ လူကြိးမင်းများ အနေဖြင့် နန်းလောဝ်ခမ်း (အမည်လွဲ) အတွက် ရေရှည်ဘဝ ရပ်တည်နိုင်ရေးနှင့် တရားမျှတမှူ ပြန်လည်ရရှိရေး အတွက် ကူညီ ဆောင်ရွက် ပေးနိုင်ပါရန်အတွက်လည်း တိုက်တွန်း တောင်းဆိုအပ်ပါသည်။

သျှမ်းပြည်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ အရေးကိစ္စများ၊ ထောက်ပံ့သူမဲ့ သက်ကြိးရွယ်အိုကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် ပတ်သတ်၍ ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger သို့မဟုတ် 09762594366 တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

သျှမ်းပြည်၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်လောင်းကျေးရွာရှိ အသက် ၁၀၀ ကျော်(သူမ အသက် အတိအကျ ဘယ်သူမှ မသိ၊ သူမကိုယ်တိုင်လည်း မမှတ်မိ...
07/10/2025

သျှမ်းပြည်၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်လောင်းကျေးရွာရှိ အသက် ၁၀၀ ကျော်(သူမ အသက် အတိအကျ ဘယ်သူမှ မသိ၊ သူမကိုယ်တိုင်လည်း မမှတ်မိ) မယ်ထောက်စီ အတွက် Singapore Tai Family အဖွဲ့က ကာလတန်ဖိုး ၂၀၀,၀၀၀ ကျပ်ရှိသော စားနပ်ရိက္ခာနှင့် ဆိုလာမိး၊ ငွေသား ၁၀၀,၀၀၀ ကျပ် စုစုပေါင်း ၃၀၀,၀၀၀ ကျပ် ကန်တော့ ပေးအပ်နိုင်ခဲ့ပါသည်။

မယ်ထောက်စီသည် လမ်းမလျှောက်တော့သည်မှာ ၅ နှစ်ခန့်ရှိပြိး ဖြစ်ပြိး အသက် ၅၀ အရွယ် မုဆိုးမ သမိးဖြစ်သူ ပါခမ်း နှင့် အတူနေပါသည်။ ပါခမ်းတွင် သမိးတစ်ဦးရှိပြိး လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်လုပ် သွားနေသော်လည်း မိသားစုသည် အဆင်ပြေ လုံလောက်မှု မရှိပါ၊ လမ်းမလျှောက်နိုင်သော၊ အသက်အရွယ်ကြိးသော မယ်ထောက်စီ၏ ဝေယျဝစ္စများကြောင့် ပါခမ်း နေ့စားထွက် အလုပ်ရန် အဆင်မပြေပါ။

သျှမ်းပြည်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ အရေးကိစ္စများ၊ ထောက်ပံ့သူမဲ့ သက်ကြိးရွယ်အိုကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် ပတ်သတ်၍ ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger သို့မဟုတ် 09762594366 တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

သျှမ်းပြည်၊ ကျောက်မဲမြို့၊ ပင်ပေါကြီးစျေးဆိုင်တန်းနေ နန်းအေးယိင်း၊ အသက်(၃၄)နှစ်၊ နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ ကျောက်မဲ...
20/09/2025

သျှမ်းပြည်၊ ကျောက်မဲမြို့၊ ပင်ပေါကြီးစျေးဆိုင်တန်းနေ နန်းအေးယိင်း၊ အသက်(၃၄)နှစ်၊ နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ ကျောက်မဲမြို့အသင်းဝင် သည် စားဝတ်နေရေးအတွက် စျေးရောင်းနေစဥ် PSLF/TNLA အဖွဲ့မှ (19 .9.2025) နေ့လည်(2:30) ခန့်တွင် ဥပဒေမဲ့ အဓမ္မ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရှိရပါသည်။

နန်းအေးယိင်းသည် မည်သည့် အဖွဲ့အစည်းနဲ့ ပတ်သတ်ခြင်း မရှိသော ပရဟိတ အကျိုးကို ဆောင်ရွက်နေသော အရပ်သား အမျိုးသမီး ဖြစ်သောကြောင့် ဖိအားပေး နှိပ်စက်ညှင်းပန်းခြင်းမျိုး မပြုလုပ်ပဲ ချက်ခြင်း ပြန်လွှတ်ပေးပါရန် အလေးအနက်ထား တောင်းဆိုအပ်ပါသည်။

PSLF/TNLA တပ်ဖွဲ့သည် ယခင်လအနည်းငယ်ကလည်း နမ့်ခုံးသျှမ်းများပရဟိတအသင်း ကျောက်မဲမြို့၏ အဖွဲ့ဝင် စိုင်းမောင်ဇင် အပါအဝင် အပစ်မဲ့ အရပ်သား ပြည်သူများစွာကို ဥပဒေမဲ့ အဓမ္မ ဖမ်းဆီးကာ နှိပ်စက် ရိုက်နှက် ဆံပင် ဂတုံး ရိတ်ပေးခဲ့ပြိး သျှမ်း အရပ်ဖက် အဖွဲ့အစည်းများ၏ တောင်းဆိုမှုကြောင့် ဥပဒေမဲ့ အဓမ္မ ဖမ်းဆီးထားမှု အပြိး ရက်အနည်းငယ် အတွင်း ပြန်လည် လွှတ်ပေးခဲ့သော ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။

Telegram Channel Link - https://t.me/taiyouthyangon

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

သျှမ်းပြည်၊ ဖယ်ခုံမြို့နယ် (အရှေ့ဘက်ကမ်း)၊ နားဟီးကျေးရွာအုပ်စု၊ နားကုန်း (ဝမ့်ပိန်း) ကျေးရွာအတွင်း မြန်မာစစ်တပ်/ပအိုဝ်းပ...
09/09/2025

သျှမ်းပြည်၊ ဖယ်ခုံမြို့နယ် (အရှေ့ဘက်ကမ်း)၊ နားဟီးကျေးရွာအုပ်စု၊ နားကုန်း (ဝမ့်ပိန်း) ကျေးရွာအတွင်း မြန်မာစစ်တပ်/ပအိုဝ်းပြည်သူ့စစ်တပ်(SAC/PNA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်/ဒေသကာကွယ်ရေးတပ်ဖွဲ့(KNDF/PDFs) တို့၏ တိုက်ပွဲများကြောင့် မီးလောင်ကာ အလုံးစုံ ပျက်စီး ဆုံးရှူံးခဲ့ရသော မိသားစု အိမ်ခြေ ၂၇ အိမ် အတွက် Singapore Tai Family အဖွဲ့မှ တစ်အိမ်လျင် ဆန် ၁ အိတ်၊ ကျပ်ငွေ ၁ သောင်း ပံ့ပိုး လှုဒါန်းခဲ့ပြိး စုစုပေါင်း ၂၇ အိမ်စာအတွက် ကာလတန်ဖိုး ၂,၉၇၀,၀၀၀ ကျပ် ပံ့ပိုး ပေးအပ်ခဲ့ပါသည်။

နားကုန်း(ဝမ့်ပိန်း)ကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၆၅ လုံး ရှိသည့် အနက် ၂၇ လုံးသည် အလုံးစုံ ပျက်ဆီးခဲ့ရခြင်း ဖြစ်ပါသည်။ ကျန်ရှိခဲ့သော အိမ်ခြေ ၃၈ လုံးသည်လည်း သူခိုးများ ခိုးယူ ဖောက်ထွင်းမှုနှင့် ဖျက်ဆီးခံရမှုတို့ကြောင့် ဆုံးရှုံးမှု များပြားခဲ့ပါသည်။

နားကုန်း(ဝမ့်ပိန်း)ကျေးရွာသည် သျှမ်းလူမျိုးများ နေထိုင်သော ကျေးရွာဖြစ်ပြိး မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ ပေါင်းဖော် ပံ့ပိုး ပတ်သတ်ခြင်း မရှိပဲ အေးချမ်းစွာ နေထိုင်သော ကျေးရွာလည်း ဖြစ်ပါသည်။ ဖယ်ခုံမြို့နယ်အတွင်း နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ပျက်ဆီး ဆုံးရှုံးခဲ့ရသော သျှမ်းလူမျိုးများ နေထိုင်ရာ ကျေးရွာ များစွာ ရှိနေကြောင်း ကြားသိရပြိး အရေအတွက်နှင့် ပျက်ဆီး ဆုံးရှုံးခဲ့ရမှုများ အပေါ် အတည်ပြုနိုင်ရေး စုံစမ်း စီစစ်ဆဲ ဖြစ်ပါသည်။ သျှမ်းပြည်၊ ဖယ်ခုံမြို့နယ်အတွင်းမှ တိုက်ပွဲများကြောင့် ဆုံးရှုံး နစ်နာခဲ့ရသော ဒေသခံပြည်သူများတို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက် ရှိနေပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ/ရက်ကွက် အနိးတွင် တိုက်ပွဲ ဖော်ဆောင်ခြင်း မပြုရန်၊ အရပ်သားပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန်၊ ဂျီနီဗာစာချုပ်ပါ အကြောင်းအရာများနှင့် စစ်ဖက်ဆိုင်ရာ လေးစား လိုက်နာရမည့် ကျင့်ဝတ်များအပေါ် တိတိကျကျ လိုက်နာပေးကျပါရန်လည်း အထူးတိုက်တွန်း နိုးဆော်အပ်ပါသည်။

သျှမ်းပြည်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ အရေးကိစ္စများ၊ ထောက်ပံ့သူမဲ့ သက်ကြိးရွယ်အိုကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် ပတ်သတ်၍ ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger သို့မဟုတ် 09762594366 တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

02/09/2025

သျှမ်းပြည်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း မြန်မာစစ်တပ်နှင့် တအာင်းအမျိုးသားတပ်မတော် TNLA တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသော ပြည်သူများအတွက် ယာယီ ခိုလှုံနေထိုင်နိုင်ရေး ရည်ရွယ်ပြိး ဖွင့်လှစ်ထားသော လားရှိုးမြို့ မန်အိုင်ဘုန်းတော်ကြိးကျောင်းသို့ ကျပ်ငွေ ၃၀၀,၀၀၀ အား လှုဒါန်းပေးအပ်ခဲ့ပါသည်။

အလှုရှင်များမှာ -
၁။ စိုင်းနွံဖလှိုင်း (မောက်မယ်မြို့) - ၁၅၀,၀၀၀ ကျပ်
၂။ စိုင်းဝမ်းလှိုင်း (ရန်ကုန်မြို့) - ၁၀၀,၀၀၀ ကျပ်
၃။ စိုင်းလောဝ်ဆိုင်ခေး (ရန်ကုန်မြို့) - ၅၀,၀၀၀ ကျပ် ဖြစ်ပါသည်။

လားရိူးမြို့ပေါ်သို့ ရောက်ရှိနေသော ကျောက်မဲမြို့နှင့် သီပေါမြို့မှ ၁.၉.၂၀၂၅ စာရင်းအရ စစ်ဘေးရှောင် လူဥိးရေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
❤️‍🩹 ရှမ်းစာပေနှင့်ယဉ်ကျေးမှူ့ခမ်းမတွင် ၂၀၀ ဦး
❤️‍🩹 ရပ်ကွက်(၁)နယ်မြေ(၇) အေးချမ်းသာယာ ဓမ္မာရုံတွင် ၆၄ ဦး
❤️‍🩹 အာသောကဆီဆိုင်အနောက် နှင်းဆီလမ်းတွင် ၅၉ ဦး
❤️‍🩹 ရပ်ကွက်(၉)တွင် ၂၇ ဦး
❤️‍🩹 အထက်မန်အိုင် ပီစနူးကုန်စုံဆိုင် (၁၃)ဦး
❤️‍🩹 ဗမာမန်ဆူဘုန်းကြီးကျောင်း ကဇာတ်ရုံတွင် ၂၄ ဦး
❤️‍🩹 အထက်မန်အိုင်ဘုန်းကြီးကျောင်းတွင် ၂၀ ဦးစုစုပေါင်း ဦးရေ (၄၀၇)ဦး

လားရှိိုးပြည်သူ့ဆေးရုံပေါ် တွင် တိုက်ပွဲကြောင့် ပြင်းထန်စွာ ဒဏ်ရာရကာ ဆေးကုသမှု ခံယူနေသော အပြစ်မဲ့ ဒေသခံပြည်သူ ၁၆ ဦး ကျန်ရှိနေပါသည်။

သျှမ်းပြည် မြောက်ပိုင်းမှ စစ်ဘေးရှောင်ပြည်သူများသည် ပြည်သူလူထု အားလုံးထံမှ လူသားချင်းစာနာထောက်ထားမှူဆိုင်ရာ အကူအညီများလည်း လိုအပ်လျက် ရှိနေပါသည်။

လားရှိုးမြို့ပေါ်သို့ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများကို ပံ့ပိုးကူညီလိုပါက -
☎️ 09 670 925 313 - စိုင်းလျန်း (FYO)
☎️ 09 684 937 972 - စိုင်းဟန်
☎️ 09 681 554 252 - သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း - လားရှိုးမြို့
☎️ 09 686 262 214 - စိုင်းလောဝ်ဆိုင်ခေး (TYY)
☎️ 09 771 755 029 - စိုင်းယီခမ်း (TYY)
- ထံသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ/ရက်ကွက် အနိးတွင် တိုက်ပွဲ ဖော်ဆောင်ခြင်း မပြုရန်၊ ဂျီနီဗာစာချုပ်ပါ အကြောင်းအရာများနှင့် စစ်ဖက်ဆိုင်ရာ လေးစား လိုက်နာရမည့် ကျင့်ဝတ်များအပေါ် တိတိကျကျ လိုက်နာပေးကျပါရန်လည်း အထူးတိုက်တွန်း နိုးဆော် အပ်ပါသည်။

Telegram Channel Link - https://t.me/taiyouthyangon

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

Disclaimer: Credit to original uploader. No copyright infringement intended. We do not own the audio and video. For entertainment purpose and we are just Translated. All the contents in the video belong to the rightful owner! No animals or humans is harmed in this video !

သျှမ်းပြည်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း မြန်မာစစ်တပ်နှင့် တအာင်းအမျိုးသားတပ်မတော် TNLA တို့၏ တိုက်ပွဲမျာ...
25/08/2025

သျှမ်းပြည်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း မြန်မာစစ်တပ်နှင့် တအာင်းအမျိုးသားတပ်မတော် TNLA တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသော ပြည်သူများအတွက် ယာယီ ခိုလှုံနေထိုင်နိုင်ရေး ရည်ရွယ်ပြိး ဖွင့်လှစ်ထားသော လားရှိုးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခမ်းမစခန်း သို့ Singapore Tai Family အဖွဲ့မှ ကာလတန်ဖိုး ၁,၃၀၀,၀၀၀ ကျပ်တန်ဖိုးရှိသော ဆန် ၁၀ အိတ်နှင့် ၁၀၀,၀၀၀ ကျပ်ဖိုး ရေသန့်ဘူးများ၊ စုစုပေါင်းကာလတန်ဖိုး ၁,၄၀၀,၀၀၀ ကျပ်အား ပံ့ပိုး ကူညီနိုင်ခဲ့ပါသည်။

လက်ရှိ လားရှိုးမြို့၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှူခမ်းမတွင် စစ်ဘေးရှောင်ပြည်သူ (၁၂) ဥိးသာ ရောက်ရှိနေပြိး နေရာလွတ်များစွာ ရှိနေသေးသဖြင့် ကျောက်မဲ၊ သီပေါမြို့မှ ပြည်သူများ အနေဖြင့် လာရောက် နေထိုင်၍ ရပါကြောင်း၊ စားစရာအတွက်လည်း ကြိုတင် ပြင်ဆင်ထားပြိးကြောင်း အသိပေးအပ်ပါသည်။

သျှမ်းစာပေနှင့်ယဉ်ကျေးမှူခမ်းမ၊ လားရှိုးမြို့တွင်ယာယီ ခိုလှုံနေထိုင်လိုပါက -
09670925313 - စိုင်းလျန်း (FYO)
09684937972 - စိုင်းဟန်
09681554252 - သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း
- ထံသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိကာ လားရှိုးဆေးရုံသို့ ရောက်ရှိလာသော ကလေးသူငယ် အပါအဝင် စုစုပေါင်းပြည်သူ ၃၈ ဦး ရှိခဲ့ပိး ၁၁ ဥိးသည် သက်သာ သဖြင့် ဆေးရုံမှဆင်းခွင့် ရရှိပြိဖြစ်သည်။ လက်ရှိ လားရှိုးဆေးရုံတွင် တတ်ရောက်ကာ ဆေးကုသမှု ခံယူနေသူ ၂၇ ဦး ရှိနေဆဲ ဖြစ်ပါသည်။ စစ်ဘေးရှောင်ပြည်သူများသည် ကျောက်မဲမြို့နယ် တစ်ဝှက်ရှိ ကျေးရွာများသို့ သွားရောက်ကာ ခိုလှုံလျက် ရှိနေပိး ကျောက်မဲမြို့နယ် နမ့်ခုံး သျှမ်းများပရဟိတ လှုမှုကူညီရေးအသင်း၏ 24.8.2025 ရက်နေ့ စာရင်းများအရ ၃၇ နေရာတွင် စစ်ဘေးရှောင်ပြည်သူ ၇,၃၄၄ ဦး ရောက်ရှိလျက် ရှိနေပါသည်။ လက်ရှိတွင် လူဥိးရေစာရင်းအား ဆက်လက် ကောက်ယူနေဆဲ အခြေအနေလည်း ဖြစ်ပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ/ရက်ကွက် အနိးတွင် တိုက်ပွဲ ဖော်ဆောင်ခြင်း မပြုရန်၊ ဂျီနီဗာစာချုပ်ပါ အကြောင်းအရာများနှင့် စစ်ဖက်ဆိုင်ရာ လေးစား လိုက်နာရမည့် ကျင့်ဝတ်များအပေါ် တိတိကျကျ လိုက်နာပေးကျပါရန်လည်း အထူးတိုက်တွန်း နိုးဆော်အပ်ပါသည်။

သျှမ်းပြည်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ အရေးကိစ္စများ၊ ထောက်ပံ့သူမဲ့ သက်ကြိးရွယ်အိုကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် ပတ်သတ်၍ ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger သို့မဟုတ် 09762594366 တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon/1115

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

သျှမ်းပြည်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု အတွင်း မြန်မာစစ်တပ်နှင့် တအာင်းအမျိုးသားတပ်မတော် TNLA တို့၏ တိုက်ပွ...
22/08/2025

သျှမ်းပြည်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု အတွင်း မြန်မာစစ်တပ်နှင့် တအာင်းအမျိုးသားတပ်မတော် TNLA တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လိုသော ပြည်သူများကို ခေါ်ယူ ပြောင်းရွေ့ပို့ဆောင်နိုင်ရေးနှင့် ထိခိုက်ဒဏ်ရာရသူများအား ပို့ဆောင်နိုင်ရေးတွင် ဆီဖိုး (သို့မဟုတ် လိုအပ်ရာတွင် အသုံးပြုနိုင်ရန်) အတွက် Singapore Tai Family အဖွဲ့မှ ကနဦးအဖြစ် ကျပ်ငွေ ၃၀၀,၀၀၀ အား နမ့်ခုံး သျှမ်းများပရဟိတ လူမှုကူညီမှုအသင်း-ကျောက်မဲမြို့နယ်သို့ ပေးအပ်လှုဒါန်းနိုင်ခဲ့ပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ/ရက်ကွက် အနိးတွင် တိုက်ပွဲ ဖော်ဆောင်ခြင်း မပြုရန်၊ ဂျီနီဗာစာချုပ်ပါ အကြောင်းအရာများနှင့် စစ်ဖက်ဆိုင်ရာ လေးစား လိုက်နာရမည့် ကျင့်ဝတ်များအပေါ် တိတိကျကျ လိုက်နာပေးကျပါရန်လည်း အထူးတိုက်တွန်း နိုးဆော်အပ်ပါသည်။

နောင်ပိန်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိကာ လားရှိုးဆေးရုံသို့ ရောက်ရှိလာသော ကလေးသူငယ် အပါအဝင် စုစုပေါင်းပြည်သူ ၃၆ ဦး ရှိပိး ၄င်းအထဲမှ ၂၄ ဥိးသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပါသည်။ နောင်ပိန်ကျေးရွာအုပ်စုမှ ပြည်သူများသည် အနိးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကျပြိး လက်ရှိ စာရင်း ကောက်ယူနိုင်မှု အရ လူ ၃၀၀၀ ဝန်းကျော် ရှိနေပြိး ဆက်လက်ကောက်ယူနေဆဲ အခြေအနေလည်း ဖြစ်ပါသည်။ (Update 23.8.2025)

မိမိတို့ အနေဖြင့်လည်း သျှမ်းပြည် မြောက်ပိုင်းဒေသတွင်း တိုက်ပွဲများအား အလေးအနက်ထားကာ အသေအချာ စောင့်ကြည့်နေပြိး လိုအပ်ချက်များအပေါ် ဒေသအခြေပြု ပရဟိတအဖွဲ့များနှင့်လည်းပေါင်းစပ်ကူညီ ပံ့ပိုးနိုင်ရေး အတွက်လည်း အဆင်သင့်ရှိနေပါသည်။

သျှမ်းပြည်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ အရေးကိစ္စများ၊ ထောက်ပံ့သူမဲ့ သက်ကြိးရွယ်အိုကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် ပတ်သတ်၍ ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger သို့မဟုတ် 09762594366 တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon/1111

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

ပင်တီးဘုန်းတော်ကြိးကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် သတင်းထုတ်ပြန်ခြင်း ၂၀ ဩဂုတ် ၂၀၂၅ ၁။ သျှမ်းပြည်၊ ကျောက်မဲမြ...
20/08/2025

ပင်တီးဘုန်းတော်ကြိးကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် သတင်းထုတ်ပြန်ခြင်း

၂၀ ဩဂုတ် ၂၀၂၅

၁။ သျှမ်းပြည်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြိး ကျောင်းထဲသို့ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေသော အရပ်သားပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဥိး ပြင်းထန်စွာ ဒဏ်ရာခဲ့ကြောင်း လတ်တလော သတင်း သိရှိရပါသည်။

၂။ မိမိတို့အနေဖြင့် မြန်မာစစ်တပ် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအား အရပ်သားပြည်သူများ နေထိုင်ရာ နယ်မြေများတွင် သွားလာ နေထိုင်ခြင်း မပြုရန်နှင့် ပစ်ခတ် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ကျရန်အတွက် ကြိမ်ဖန်များစွာ တောင်းဆိုတိုက်တွန်းမှုများ ပြုခဲ့ပြိးလည်း ဖြစ်ပါသည်။

၃။ ပင်တီးကျေးရွာ ဘုန်းတော်ကြိးကျောင်းအား လေကြောင်းတိုက်ခိုက်မှုသည် အရပ်ဖက်၊ စစ်ဖက် ပစ်မှတ်အား သေချာစွာ စုံစမ်း စီစစ်ထားမှူ အားနည်းကြောင်းကိုလည်း တွေ့ရပါသည်။ ၄င်းအပြင် စစ်ရေးပြင်းထန်ချိန် ကာလ ဖြစ်ပေါ်နေမှန်း သိပါလျက်နှင့် ပင်တီးကျေးရွာ အနိးဝန်းကျင်တွင် လှုပ်ရှားနေသော တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့အနေဖြင့်လည်း အရပ်သားပြည်သူများ သွားလာရာ နယ်မြေများအတွင်း သိသာထင်ရှားသော လုံခြုံရေးဂိတ်များ ဖွင့်လှစ်ထားခြင်း၊ မြန်မာစစ်တပ်ဘက်မှ ကောင်းကင်မှနေပြိး ထောက်လှမ်းနေမှန်း သိလျက်နှင့်ပင် အုပ်စုလိုက် သွားလာလှုပ်ရှားပြနေခြင်းကြောင့်လည်း ဖြစ်ပါသည်။

၄။ စစ်ရေးပစ်မှတ်အား သေချာစွာ စုံစမ်း စီစစ်ခြင်း မပြုပဲ အရပ်သားပြည်သူများ နေထိုင်ရာ ပင်တီးကျေးရွာ ဘုန်းတော်ကြိးကျောင်းအား လေကြောင်းတိုက်ခိုက်ခဲ့သော မြန်မာစစ်တပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြိး အရပ်သားပြည်သူများ ထိခိုက် သေဆုံးခဲ့ရမှုအပေါ် တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ပါသည်။

၅။ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့အနေဖြင့်လည်း ထွက်ပြေးတိမ်းရှောင်မည့် ဒေသခံပြည်သူများကို ဟန့်တား ပိတ်ဆို့မှု ပြုလုပ်ခဲ့ခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပြိး လေကြောင်း အန္တရာယ် ကျရောက်နိုင်သော၊ ထင်သာမြင်သာ ရှိနေသော လုံခြုံရေး စစ်ဆေးရေး ဂိတ်များကို ချက်ခြင်း ဖျက်သိမ်းကာ အရပ်သားပြည်သူများနှင့် ဝေးရာ နေရာများသို့ အမြန် ပြောင်းရွေ့ပေးသွားရန်လည်း တောင်းဆိုသည်။

၆။ စစ်ဘေးရှောင်ပြည်သူများအနေဖြင့်လည်း ယခုကာလတွင် စစ်ရေး၊ အသိ၊ သတိ မပြတ်ပဲ နေထိုင်ကာ စစ်ရိပ် စစ်ငွေ့များ ကြားသိရပါက ပေါ့ပေါ့ဆဆ မနေပဲ ချက်ခြင်း ဘေးကင်းလုံခြုံရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်ကျပါရန်လည်း နိုးဆော်အပ်ပါသည်။

၇။ မိမိတို့ အနေဖြင့်လည်း သျှမ်းပြည် မြောက်ပိုင်းဒေသတွင်း တိုက်ပွဲများအား အလေးအနက်ထားကာ အသေအချာ စောင့်ကြည့်နေပြိး လိုအပ်ချက်များအပေါ် အကူအညီများ ပေးနိုင်ရေး အတွက်လည်း ပြင်ဆင်လျက် ရှိပါသည်။ ရွေ့ပြောင်းနိုင်ရန်အတွက် အရေးပေါ် အကူအညီများတောင်းခံလိုပါ ဒေသတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းများသို့ ဆက်သွယ်နိုင်ကြောင်းနှင့် အဆိုပါ အဖွဲ့အစည်းများမှ တစ်ဆင့် လိုအပ်ချက်များအပေါ် သျှမ်းအရပ်ဖက် အဖွဲ့အစည်းများအတူ ပူးပေါင်းကာ ကူညီပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Telegram Channel Link - https://t.me/taiyouthyangon

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

သျှမ်းပြည်၊ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်၊ နာမ်မိန်း ပရိယတ္တိစာသင်တိုက် အရှေ့သို့ မနေ့က (၁၈.၈.၂၀၂၅) ညနေ ၃ နာရီ ဝန်း...
19/08/2025

သျှမ်းပြည်၊ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်၊ နာမ်မိန်း ပရိယတ္တိစာသင်တိုက် အရှေ့သို့ မနေ့က (၁၈.၈.၂၀၂၅) ညနေ ၃ နာရီ ဝန်းကျင်က လက်နက်ကြိး ကျရောက်ကာ အသက် ၆ နှစ် အရွယ် ကိုရင်လေးအား မိုင်းစများ ထိမှန်သဖြင့် ကုသနိုင်ရေးအတွက် Singapore Tai Family အဖွဲ့မှ ဆေးကုသစရိတ် ၃၀၀,၀၀၀ ကျပ်အား လှုဒါန်း ပေးအပ်ခဲ့ပါသည်။

မိုင်းစသည် ရင်ဘက်မှနေ၍ ခန္ဒာအတွင်းထိ ဝင်ရောက်သွားသဖြင့် ခွဲစိတ်ကုသနိုင်ရန် အတွက် လားရှိုးပြည်သူ့ဆေးရုံကြိးတွင် တတ်ရောက်ကာ စစ်ဆေးမှုများ ခံယူလျက် ရှိပြိး အသေးစိတ် အခြေအနေများအား အတိအကျ မသိရှိရသေးပါ။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ/ရက်ကွက် အနိးတွင် တိုက်ပွဲ ဖော်ဆောင်ခြင်း မပြုရန်၊ ဂျီနီဗာစာချုပ်ပါ အကြောင်းအရာများနှင့် စစ်ဖက်ဆိုင်ရာ လေးစား လိုက်နာရမည့် ကျင့်ဝတ်များအပေါ် လိုက်နာပေးကျပါရန် အထူးတိုက်တွန်း နိုးဆော်အပ်ပါသည်။

သျှမ်းပြည်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ အရေးကိစ္စများ၊ ထောက်ပံ့သူမဲ့ သက်ကြိးရွယ်အိုကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် ပတ်သတ်၍ ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger သို့မဟုတ် 09762594366 တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon/1104

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

သျှမ်းပြည်၊ ကွန်ဟိန်းမြို့နယ်တွင်းသို့ ကျောက်မဲမြို့နယ်မှ ရွေ့ပြောင်းလာသော ပြည်သူများ နေ့စဉ်သုံးရေ ရရှိနိုင်ရန် အတွက် အဝ...
26/07/2025

သျှမ်းပြည်၊ ကွန်ဟိန်းမြို့နယ်တွင်းသို့ ကျောက်မဲမြို့နယ်မှ ရွေ့ပြောင်းလာသော ပြည်သူများ နေ့စဉ်သုံးရေ ရရှိနိုင်ရန် အတွက် အဝိစီတွင်း တူးဖော်နိုင်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် MSFF - Japan အဖွဲ့မှ ကျပ်ငွေ ၂,၀၀၀,၀၀၀ (သိန်းနှစ်ဆယ်) ပံ့ပိုး ကူညီနိုင်ခဲ့ပါသည်။

မကြာမှီ ရက်ပိုင်းအတွင်း အဝိစိတွင်း တူးဖော်မှုအား စတင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါ ကျောက်မဲဒေသမှ ရွေ့ပြောင်းလာသော ပြည်သူများအတွက် သက်ဆိုင်ရာ ကော်မတီမှ ရေကန်၊ ရေစက် အဆင်သင့် ပြင်ဆင်ထားပြိး ရေစက် ဆီဖိုးအတွက် ရေအသုံးပြုသူများမှ အချိုးကျ မျှဝေ ထည့်ဝင်ကာ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၄င်းရွေ့ပြောင်းပြည်သူများ တည်ရှိရာ နေရာသည် လျှပ်စစ်မိး လည်း မရရှိသဖြင့် ဆိုလာ လမ်းမိး တပ်ဆင်နိုင်ရေး အတွက် ပြင်ဆင်နေပါသဖြင့် ဆိုလာလမ်းမိးများ အတွက်လည်း ပါဝင် ကူညီနိုင်ပါကြောင်း လည်း အသိပေး ကြေငြာအပ်ပါသည်။

သျှမ်းပြည်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ အရေးကိစ္စများ၊ ထောက်ပံ့သူမဲ့ သက်ကြိးရွယ်အိုကိစ္စများနှင့် ပတ်သတ်၍ ချိတ်ဆက် လှုဒါန်းလိုပါက Tai Youth Yangon page messenger သို့မဟုတ် 09686262214 တွင် အသေးစိတ် စုံစမ်း မေးမြန်း၍ လှုဒါန်း နိုင်ပါသည်။ မိုင်ဆုန်ခ 🙏🙏🙏

Telegram Channel Link - https://t.me/taiyouthyangon/1096

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

ကျားဖြန့်လုပ်ပြိး ငွေကို ရေလိုသုံးဖြုန်းနေတဲ့ လူငယ်တွေ နောက်ပိုင်း ဘာဖြစ်နိုင်လဲ ?Telegram Channel Link - https://t.me/t...
19/07/2025

ကျားဖြန့်လုပ်ပြိး ငွေကို ရေလိုသုံးဖြုန်းနေတဲ့ လူငယ်တွေ နောက်ပိုင်း ဘာဖြစ်နိုင်လဲ ?

Telegram Channel Link - https://t.me/taiyouthyangon/1087

Tai Youth Yangon
ၸုမ်းၵူၼ်းၼုမ်ႇတႆးတႃႈၵုင်ႈ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959762594366

Alerts

Be the first to know and let us send you an email when Tai Youth Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Tai Youth Yangon:

Share