Youth Development Centre - YDC

Youth Development Centre - YDC In this day and age of fascination, it is the desire of
young people to live their lives in the rignt way and
with high value in life.

"DEVELOP LIFE KNOWLEDGE BY TRAINING THE MIND"

ဒီနေ့ … ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့မှာ "SHAPE YOUR FUTURE" Talk ကို ကျင်းပပြုလုပ်ခဲ့ပါတယ်🌟ပွဲလေးမှာ Speaker အဖြစ် ပါ...
22/08/2026

ဒီနေ့ … ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့မှာ "SHAPE YOUR FUTURE" Talk ကို ကျင်းပပြုလုပ်ခဲ့ပါတယ်🌟

ပွဲလေးမှာ Speaker အဖြစ် ပါဝင်ပြီး လူငယ် တွေအတွက် အဖိုးတန်တဲ့ အတွေ့ အကြုံ၊ အသိပညာ၊ ဗဟုသုတတွေနဲ့ အနာဂတ်အတွက် လမ်းညွှန်ချက်တွေကို ဝေမျှပေးသွားခဲ့တဲ့ British Council Myanmar ရဲ့ Head of Education ဒေါ်မီမီမျိုးဝင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 💝

ဒါ့အပြင် ဒီနေ့ပွဲလေးမှာ တက်တက်ကြွကြွနဲ့လာရောက်ပါဝင်ခဲ့ကြတဲ့ လူငယ်များကို မြင် တွေ့ရလို့လည်း Youth Development Centre မှ ဝမ်းမြောက်မိပါတယ်။ စိတ်ပါဝင်စားစွာ
ဆွေးနွေးခဲ့ကြလို့ တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ လူငယ်အချင်းချင်း Network တွေဖန်းတီးနိုင်ခဲ့ကြပါတယ်။ ❣️

ဒီပွဲလေး အစအဆုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် နောက်ကွယ်ကနေ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းများ၊ YDC မှ ကျောင်းသား/ သူများ တာဝန်ရှိသူများနဲ့ ကူညီပံ့ပိုးပေးသူ အားလုံးကိုလည်း ကျေးဇူးအထူးပင် တင်ရှိပါတယ်။ 🙏✨

နောင်တွင်လည်း လူငယ်တွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်ကောင်းများကို ဆက်လက်ဖန်တီးပေးသွားမည်ဖြစ်ပါသဖြင့် Page ကို ဆက်လက် စောင့်ကြည့်အားပေးကြပါဦးနော်။ 💙🌟

မိမိတို့ရဲ့အနာဂတ်ကို အကောင်းဆုံးနဲ့ အလှပဆုံးပုံဖော်ဖို့ မဖြစ်မနေလာရောက်သင့်တဲ့အစီအစဉ်လေးကို Youth Development Centre (YD...
20/08/2026

မိမိတို့ရဲ့အနာဂတ်ကို အကောင်းဆုံးနဲ့ အလှပဆုံးပုံဖော်ဖို့ မဖြစ်မနေလာရောက်သင့်တဲ့အစီအစဉ်လေးကို Youth Development Centre (YDC) မှ စီစဉ်ထားပါတယ်။

🎤 Main Speaker

Daw Mi Mi Myo Win
▪️ Head of Education, British Council

မမီမီမျိုးဝင်းသည် British Council တွင် ၂၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေး၊သုတေသန၊ လူမှုအခြေပြုဖွံ့ဖြိုးရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အကျိုးသက်ရောက်မှုရှိသည့် အစီအစဉ်များကိုဦးဆောင်အကောင်အထည်ဖော်ခဲ့သူဖြစ်သည်။အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲရေး၊ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်ရေး၊ လူတိုင်းပါဝင်နိုင်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်မှုရှိသည့် ပညာရေးစနစ်များ ဖော်ဆောင်ရေးတို့တွင် ကဏ္ဍစုံအတွေ့အကြုံများစွာပိုင်ဆိုင်ထားသည်။ ထို့အပြင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်လည်းအာရုံစိုက်လုပ်ဆောင်ခဲ့သည်။
မီမီသည် လူငယ်များနှင့် ပညာရှင်/ကျွမ်းကျင်သူများ၏ ကွန်ရက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သကဲ့သို့မြန်မာနိုင်ငံ၏ Social Enterprise ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း အစောပိုင်းကာလမှစ၍ အရေးပါစွာ ပါဝင်ပုံဖော်ခဲ့သည်။သူမ၏လုပ်ငန်းများသည် ကဏ္ဍအသီးသီးနှင့်လူမှုအသိုက်အဝန်းများကို ချိတ်ဆက်ပေးပြီးဆန်းသစ်တီထွင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လူတိုင်းပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည်။Social Enterprise ကဏ္ဍတွင် သူမ၏ ထူးခြားသည့် ပံ့ပိုးကူညီမှုများအတွက် အသိအမှတ်ပြုခံရပြီး အရှေ့တောင်အာရှ၏ “Ecosystem Builders” အမျိုးသမီးအုပ်စုတွင် ရွေးချယ်ဖော်ပြခံခဲ့ရသူဖြစ်သည်။

📅 Date: Saturday , August 22

🕐 Time: 11:00 AM

✨ စိတ်ဝင်စားသူများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်….

🏡 Room No.208, Lift No.4, Yuzana Business Tower, Damazaddi Street, Myaynigone, Front of Happy Zone

📲 09793928214, 09422620389,
09442727326





👩🏼‍💻 Computer Class🧑🏻‍🏫 English ClassRegular Class တွေစနေပါပြီ…👭ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကိုကြည့်ပြီး အ...
18/08/2026

👩🏼‍💻 Computer Class

🧑🏻‍🏫 English Class

Regular Class တွေစနေပါပြီ…

👭ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်

တွေကိုကြည့်ပြီး အတွေ့အကြုံရှိတဲ့ ဆရာ ဆရာမ

တွေကစနစ်တကျသင်ကြားပေးတာဖြစ်လို့ အရည်

အသွေးပိုင်းကိုစိတ်ချလို့ရပါတယ်။

💰လူတိုင်းလက်လှမ်းမှီနိုင်အောင် သင်တန်းကြေး

သက်သာစွာနဲ့ စီစဉ်ပေးထားပါတယ်။ သင်တန်း

ကြေးသက်သာပေမယ့် E-Learning Hub , Library

စတာတွေကိုပါ အဆင့်မှီမှီပံ့ပိုးပေးထားပါတယ်။

🏃🏻‍♂️ မိမိဘဝတစ်ဆင့်မြှင်တင်နိုင်ဖို့ YDC မှာ

အမြန်ဆုံးပဲသင်တန်းလာတက်ကြရအောင်…

🏡 Room No.208, Lift No.4, Yuzana Business Tower, Damazaddi Street, Myaynigone, Front of Happy Zone

📲 09793928214, 09422620389

တိုးတက်လိုစိတ်နဲ့ ကြိုးစားမှုတိုင်းဟာ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ… 🌟(၁၆.၈.၂၀၂၆) တနင်္ဂနွေနေ့က YDC ရ...
17/08/2026

တိုးတက်လိုစိတ်နဲ့ ကြိုးစားမှုတိုင်းဟာ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ… 🌟

(၁၆.၈.၂၀၂၆) တနင်္ဂနွေနေ့က YDC ရဲ့…
English 5 Skills (Elementary) & i-Office
Computer Training သင်တန်းဆင်းပွဲလေး ပျော်ရွှင်ဖွယ် ပြီးမြောက်ခဲ့ပါတယ်။

သင်ယူလိုစိတ် အပြည့်နဲ့ ကြိုးစားခဲ့ကြတဲ့… သင်တန်းသား/သူများအားလုံး… ရည်မှန်း ချက်ပန်းတိုင်များကို…အကောင်အထည် ဖော်နိုင်ကြပါစေကြောင်း… ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

သင်တန်းဆင်းပွဲနဲ့အတူ… YDC ရဲ့ ရှေ့ဆက် ဆောင်ရွက်မယ့်… လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး… လူငယ်တွေရဲ့ စွမ်းအားနဲ့ လူမှုအသိုင်းအဝိုင်းကို… ပြောင်းလဲဖို့အတွက်… Volunteer အသစ်များ ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

မိမိကိုယ်ကို အစဉ်မပြတ် တိုးတက်အောင်…လေ့ကျင့်ရင်း အများအတွက်… အကျိုးပြုလိုတဲ့ လူငယ်များအနေနဲ့ YDC နဲ့အတူလက်တွဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

😂 Happy National Tell A Joke Day! (August 16) 🤣"Laughter is the Best Medicine."ဒီနေ့မှာတော့ ပင်ပန်းသမျှတွေကို ခဏမေ့ထားပြ...
16/08/2026

😂 Happy National Tell A Joke Day! (August 16) 🤣

"Laughter is the Best Medicine."

ဒီနေ့မှာတော့ ပင်ပန်းသမျှတွေကို ခဏမေ့ထားပြီး သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်စရာ ဟာသလေးတွေ ပြောပြရင်း အားရပါးရ ရယ်မောလိုက်ကြရအောင်၊၊

စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး ဘဝကို လန်းဆန်းတက်ကြွစေဖို့ အပြုံးနဲ့ ရယ်မောခြင်းတွေကို အတူတကွ မျှဝေလိုက်ပါ၊၊

သင့်မှာ ရှိတဲ့ အကောင်းဆုံး ဟာသလေးတွေကို Comment မှာ ရေးပေးခဲ့ဖို့ မမေ့နဲ့နော်။ 💬✨

🌿 Happy National Relaxation Day! (August 15) 🌿ပင်ပန်းနွမ်းနယ်မှုတွေကို ခဏမေ့ထားပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းအနားရစေဖို့ ...
15/08/2026

🌿 Happy National Relaxation Day! (August 15) 🌿

ပင်ပန်းနွမ်းနယ်မှုတွေကို ခဏမေ့ထားပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းအနားရစေဖို့ National Relaxation Day အထိမ်းအမှတ်နေ့လေးမှာ YDC မိသားစုမှ သတိပေး တိုက်တွန်းလိုက်ပါတယ်၊၊

မိမိကိုယ်ကို အချိန်ပေး အနားယူခြင်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး အနာဂတ်အတွက် ပိုမိုအားအင်ပြည့်ဝစွာ ရှေ့ဆက်နိုင်စေဖို့ ကူညီပေးပါတယ်။

ဒီနေ့မှာ သင့်အတွက် ခဏတာ စိတ်အေးချမ်းစရာ အချိန်လေးတစ်ချို့ ဖန်တီးလိုက်ပါနော်။ ☕✨

🎉 Happy International Youth Day! 💛ယနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်ပွဲမှာ Youth Development C...
12/08/2026

🎉 Happy International Youth Day! 💛
ယနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်ပွဲမှာ Youth Development Center - YDC မှ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ပွဲအတွင်းမှာ YDC ရဲ့ ရည်ရွယ်ချက်များနဲ့ ဆောင်ရွက်ချက်များကို လူငယ်များသိရှိစေရန် မျှဝေခွင့်ရခဲ့သလို၊ YDC မျိုးဆက်သစ် လူငယ်လေးတွေနဲ့အတူ တကွ လက်တွဲပါဝင် ခွင့်ရခဲ့လို့ အလွန်ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ 🤝✨

လူငယ်များ၏ အသံ၊ လူငယ်များ၏ စွမ်းအားကို အစဉ်အမြဲ အသိအမှတ်ပြုလျက်… မျိုးဆက်သစ်များ၏ ပိုမိုကောက်းမွန်တဲ့အနာဂတ်များအတွက် YDC က အမြဲတမ်း အတူရှိနေပါမယ်။ 🌿🌱

🎉လူငယ်တွေရဲ့ လူငယ်ပွဲတော်ကို လာဖို့အသင့်ဖြစ်ပြီလား🌟သာမန်ဖြတ်သန်းနေရတဲ့ ရက်တွေကို ခဏမေ့ထားလိုက်တော့ ..❗️ လာမည့် August 12...
11/08/2026

🎉လူငယ်တွေရဲ့ လူငယ်ပွဲတော်ကို လာဖို့
အသင့်ဖြစ်ပြီလား🌟

သာမန်ဖြတ်သန်းနေရတဲ့ ရက်တွေကို ခဏမေ့ထားလိုက်တော့ ..❗️

လာမည့် August 12 ရက်နေ့ မှာ လူငယ်တွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ International Youth Day 2026 အခမ်းအနားကြီး ရောက်ရှိလို့ လာပါပြီ 🤗

🧩အရသာရှိတဲ့ Tea Break တွေ သုံးဆောင်ရင်း ပျော်ရွှင်မှုနဲ့ ကျန်းမာရေးအသိပညာ ပေါင်းစည်းထားတဲ့ Game တွေကစားကာ ထီး၊ T-shirt နဲ့ တခြားအမှတ်တရ ဆုလက်ဆောင်ပေါင်းများစွာ ကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးလည်း ရှိလို့ လူငယ်အားလုံးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…..


📌 Myanmar Youth Stars ရဲ့ လူငယ်ပွဲတော်
မှာ Youth Development Center - YDC လဲ
အတူရှိနေဖို့ သေချာလေးပြင်ဆင်နေပါတယ်…..

📅 ပွဲကျင်းပမည့် အချက်အလက်များ
* Date: Wednesday, 12 August 2026
* Time: 1:00 PM – 6:00 PM
* Venue: Summit Parkview Hotel

💙 ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့ဟာ မိဘတွေအတွက် အဖိုးတန်ဆုံး သားသမီးတွေကို အချစ်တွေ၊ ဂရုစိုက်မှုတွေနဲ့ ပိုပြီး အချိန်ပေးဖော်ပြကြ...
11/08/2026

💙 ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့ဟာ မိဘတွေအတွက် အဖိုးတန်ဆုံး သားသမီးတွေကို အချစ်တွေ၊ ဂရုစိုက်မှုတွေနဲ့ ပိုပြီး အချိန်ပေးဖော်ပြကြတဲ့ "National Son and Daughter Day" (အမျိုးသား သားသမီးများနေ့) ဖြစ်ပါတယ်။ 💙

❤️ Youth Development Center (YDC) အနေနဲ့လည်း မိသားစုတိုင်းရဲ့ မရှိမဖြစ် နွေးထွေးမှုပြည့်စုံစေတဲ့ သားသမီးများနေ့မှာ မိဘနဲ့ သားသမီးကြား အပြန်အလှန် ချစ်ခြင်းမေတ္တာတွေ တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ❤️

"Two times the joy, two times the love,"
"Our greatest blessings call us Mom and Dad."

မိဘတွေအတွက်တော့ သားသမီးတွေဟာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာတွေဖြစ်သလို၊ လူငယ် သားသမီးတွေအတွက်လည်း မိဘတွေရဲ့ အချစ်နဲ့ ပံ့ပိုးမှုတွေက အနာဂတ်အတွက် အကောင်းဆုံး ခွန်အားတွေပဲဖြစ်ပါတယ်။

ဒီနေ့လေးမှာ ကိုယ့်ရဲ့ ချစ်စရာကောင်းတဲ့ သားသမီးလေးတွေကို ပိုပြီး ဂရုစိုက်ပေးရင်း အတူတကွ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးလိုက်ရအောင်နော်။ 👨‍👩‍👧‍👦✨

တစ်ပတ်လုံး ပင်ပန်းသမျှကို အနားယူဖို့ တရားဝင်သတ်မှတ်ထားတဲ့ "Lazy Day" (ပျင်းရိခြင်းနေ့) ဖြစ်ပါတယ်။ Youth Development Cent...
10/08/2026

တစ်ပတ်လုံး ပင်ပန်းသမျှကို အနားယူဖို့ တရားဝင်သတ်မှတ်ထားတဲ့ "Lazy Day" (ပျင်းရိခြင်းနေ့) ဖြစ်ပါတယ်။

Youth Development Center (YDC) ရဲ့ ပရိတ်သတ်တွေလည်း ဒီနေ့လေးမှာ အိပ်ရာထဲ ကွေးနေတာပဲဖြစ်ဖြစ်၊ ဆိုဖာပေါ်မှာ ပျင်းပျင်းရိရိ လှဲနေတာပဲဖြစ်ဖြစ်၊ ဘာအလုပ်မှ မလုပ်ဘဲ အေးအေးဆေးဆေး ဖြတ်သန်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ 💤

တစ်ခါတလေ ဘာမှမလုပ်ဘဲအေးအေးဆေး ဆေး အနားယူတာကလည်း စိတ်နဲ့ခန္ဓာကိုယ် အတွက် ပြန်လည်စွမ်းအင်ဖြည့်တင်းပေးတာဖြစ်လို့ ဒီနေ့တော့ ကိုယ့်ကိုယ်ကို အနားယူခွင့်ပေးလိုက်ရအောင်နော်။😊









Address

Yangon

Alerts

Be the first to know and let us send you an email when Youth Development Centre - YDC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Youth Development Centre - YDC:

Shortcuts

Share