07/05/2026
နှစ်စဉ် နှစ်တိုင်း ကမ္ဘာ၏ အလွန်အေးမြသောမြောက်ပိုင်းခြမ်းမှ ပူနွေးသောတောင်ဘက်ခြမ်းဘက်သို့ မိုင်းပေါင်း ထောင်ချီပျံသန်း၍ ဆောင်းခိုရန်လာရောက်ကြသော Waders or Shorebirds ခေါ် ရေပျော်ဆောင်းခိုငှက်များ ရှိကြသည်။ တစ်ချို့ Tropical Waders အပူပိုင်းဒေသနေရေပျော်ငှက်တို့သည် ဒေသတွင်းနေထိုင်ကြ၍ မိုးရာသီတွင် ရွေ့ပြောင်းသွားလာ ကျက်စားကြသည်။ အဆိုပါ မိုင်ပေါင်းထောင်ချီ၍ သွားလာကျက်စားရာလမ်းကြောင်း Flyways တွင် သူတို့သည် သူတို့၏ သားပေါက်မျိုးပွားရန်နှင့် အစားအစာရရှိရန် တစ်နေရာပြီးတစ်နေရာ ရပ်နားရာ stop-over points တို့တွင်အန္တရာယ်ကင်းစွာ နားခိုရန်လိုအပ်သည်။
မြန်မာနိုင်ငံသို့ ဒေသအသီးသီးမှ ဆောင်းခိုပျံသန်းရာ လမ်းကြောင်း နေရာ Flyway Network Site ၆ ခုရှိသည်။ သူတို့မှာအောက်ပါအတိုင်းဖြစ်သည်။
1. EAAF in the Gulf of Mottama
2. EAAF in the Indawgyi Wildlife
3. EAAF in the Moeyonegyi Wetland
4. EAAF at the Nanthar Island and Mayyu Estuaries
5. EAAF in the Meinmahla Kyun Wildlife Sanctuary
6. EAAF in the Inle Lake Wildlife Sanctuary
Waders ရေပျော်ငှက် တို့သည် Charadriiformes မိသားစုတွင် ပါဝင်ကြပြီး သူ့တွင်မျိုးစဉ် Suborder (၄) မျိုးရှိသည်။ သူတို့မှာအောက်ပါအတိုင်းဖြစ်သည်။
1. Charadrii : Ibisbill, Avocets & Stilts, Oystercatchers, Plovers and Lapwings & Allies
2. Chionidi : Thick-knees ,Sheathbills, Magellanic Plover
3. Scolopaci : 15 Genera : Snipes, Godwits, Dowitchers, Curlews ,Sandpipers, Turnstones & Allies
4. Thinocori : Painted Snipe, Jacanas, Seedsnipe, Plains Wanderer
Wader ရေပျော်ငှက် တို့သည် မျိုးစိတ်ပေါင်း Species ၂၁၀ ရှိကြပြီး သူတို့သည် အများအားဖြင့် ရေတိမ်ရေဝပ်ဒေသများ ၊ ကမ်းရိုးတန်းဒေသများရှိ ရွံ့ညွံ့များရှိရာဒေသတို့တွင် သူတို့၏ သားပေါက်ရာသီမဟုတ်သော ဆောင်းခိုချိန် (Non Breeding Season) ကိုဖြတ်သန်းကုန်ဆုံးကြသည်။ သူတို့သည် ကမ်းရိုးတန်းများရှိ ရွံ့ညွံ့တို့ရှိ ငါးကလေးများ ၊ဂဏန်းသားပေါက်များ နှင့် အင်းဆက်ပိုးကောင်လေးများကို စားသောက်ကြသည်။
ယခုအခါ ဆောင်းခိုငှက်အများအပြားသည်
၁။ လူအများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း
၂။ ရာသီဥတု ပြောင်းလဲခြင်း
၃။ အစာရေစာရှားပါးခြင်း နှင့်
၄။ ခရီလမ်းဝေးကွာစွာ ပျံသန်းရခြင်းတို့ကြောင့် မျိုးသုန်းမည့် အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
Waders တို့တွင် အရွယ်အစား 13 cm (5") ၅ လက်မရှိအသေးဆုံးအဖွဲ့ဝင်ဖြစ်သော Sandpiper ရေညှောင့်ငှက်အုပ်စုတို့မှ Spoon-billed Sandpiper မြန်မာအမည် "ရေညှောင့်နှုတ်ဝိုင်း" တို့သည် ယခုအခါ အကောင်ရေ ၃၀၀ အောက်ရှိ Critically Endangered Specie မျိုးသုန်းရန်အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်အဖြစ် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအသင်း IUCN က သတ်မှတ်ထားသည်။ သူတို့သည် မြောက်ပိုင်း ရုရှားနိုင်ငံ Chukchi Peninsula မှ ပစိဖိတ်သမုဒ္ဒရာကမ်းခြေရှိ ဂျပန် ကိုရီးယား နှင့်တရုတ်တို့အပြင် အိန္ဒိယ၊ သီရိလင်္ကာ ၊ဘင်္ဂလားဒေ့ချ်၊ မြန်မာ၊ထိုင်း ၊ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူဒေသများရှိ ကမ်းရိုးတန်းဒေသများအထိ ကီလိုမီတာ ၈၀၀၀ ကျာ် ရက်ပေါင်းများစွာ ပျံသန်းကျက်စားကြသည်။
Wader ရေပျော်ငှက်တို့သည် Flyway ကမ္ဘာပေါ်တွင် ပျံသန်းရာလမ်းကြောင်း ၉ ကြောင်း (အာရှတွင် ၃ ကြောင်း) ရှိသော်လည်း The East Asian Australian Flyway [EAAFP] အာရှအရှေ့ပျံသန်းလမ်းကြောင်း နှင့် Central Asian Flyway အာရှအလယ်ပိုင်းပျံသန်းရာ လမ်းကြောင်း ၂ ကြောင်းနှင့်သာ မြန်မာနိုင်ငံရှိ ရေတိမ်ရေဝပ်ဒေသများ Wetland နှင့် Coastallines ပင်လယ်ကမ်းရိုးတန်းများသို့ ဆောင်းခိုရန်လာရောက်ကြသည်။
Location - Gulf of Mottama
Date - 27-12-2022
Complied by Myo Thant Tun
Ref : Birds of South East Asia Wiki Waterbirds of ASEAN Flyway Network