15/07/2026
" စစ်ကြီးက ကဗျာဆန်တယ် "
📚📚📚
သေဆုံးသူရဲ့ သွေးနဲ့ စီးတဲ့
မြစ်ရေကို ဆယ်ယူပြီး
ငါတို့အဖ လယ်ယာလုပ်ရတယ်
‘ပြန်မလာတော့ဘူးလို့ မပြောရဘူး’ လို့ ပြောနေတုန်း
ပြန်မလာသူဟာ ရပ်တန့်သွားတယ်
စစ်ကြီးက ကဗျာဆန်တယ်
ငါ့သူငယ်ချင်းဟာ
သူ့ရဲ့ ကွေးကောက်နေတဲ့ ကျောရိုးကို ထုတ်ပြပြီး
‘ငါဘာမှ မလုပ်ရသေးဘူး’ လို့ ပြောတယ်…
အိပ်မက်ထဲမှာ
တန်းစီနေတဲ့ စစ်ခမောက်တွေကို မြင်နေရပြီး
လန့်နိုးတော့ စစ်ခမောက်ဟာ အပေါက်ဖြစ်နေပြီ
‘လန့်နိုးခွင့်တောင် မရှိတော့ဘူး’ လို့
ပြန်မလာသူက ပြောတာကို
ငါဟာ ခရုခွံလေးထဲကနေ ကြားရတယ်
တကယ့်တကယ်ကျတော့
လက်တဖက်က သေနတ်ကိုင်ထားရင်
နောက်လက်တဖက်က
မိမိအသက်ကို ကိုင်ထားရတယ်
မင်းအိမ်နောက်ဖေး မြေကွက်လပ်လေးမှာ
ငါစောင့်နေမယ်
ပြန်မလာသူဟာ သံလိုက်အိမ်မြောင်ကို
လည်မှာ ဆွဲထားတယ်
ပြန်မလာသူဟာ
စစ်ပြီးစ ကမ်းခြေမှာ တင်ကျန်နေတဲ့
ဖိနပ်တွေကို လိုက်ကောက်နေတယ်
ငါတို့အားလုံးရဲ့ ဖိနပ်တွေမှာ သွေးတွေနဲ့
ကမ်းခြေဟာ လှိုင်းဖြူဖြူတွေနောက်ကို
လွန့်လူးပြီး ပါသွားတယ်။
▪️လူရောင်လွင်
ကဗျာဆရာလူရောင်လွင်ရဲ့ ကဗျာကို ဖတ်ရှုခံစားရင်း စစ်ကြီးထဲ တိုက်ပွဲဝင်နေတဲ့ ပဲခူးတိုင်း ပကဖ- အထူးတိုက်ခိုက်ရေး ပြည်သူ့ရဲဘော်များအတွက် စားနိပ်ရိက္ခာ၊ ဆေးဝါး၊ စစ်ဝတ်တန်ဆာ ထောက်ပံ့ဖြည့်တင်းမယ့် ဟင်္သာဌာနေ အောင်ပွဲဝေ ကမ်ပိန်းမှာ ပါဝင်ပါ။ 🔖♥️✊📭
ဆက်သွယ်နိုင်သည့် နိုင်ငံတကာရှိ တာဝန်ခံလင့်များအား ကွန့်မန့်တွင်ဖော်ပြထားပေးပါတယ်ခင်ဗျာ
#ဟင်္သာဌာနေအောင်ပွဲဝေ
#ကျပ်သိန်း၃၀၀၀
#ပဲခူးတိုင်းပကဖ