လုံခြုံစိတ်ချ လူမှုဘဝ

လုံခြုံစိတ်ချ လူမှုဘဝ •Advocacy for SRHR
•Freedom from Gender-Based Violence
•Emotional support for Mental Health

VSO (Voluntary Service Overseas) သည်လူငယ်များအတွက် လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးအခွင့်အရေးဆိုင်ရာ စီမံချက်ကို အကောင်အထည်ဖော်နေပြီး မသန်စွမ်းသူများအပါအ၀င် ဆယ်ကျော်သက်များနှင့် လူငယ်များအား ၎င်းတို့၏ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးအခွင့်အရေး (SRHR)ကို နားလည်သဘောပေါက်စေရန်နှင့် ကျားမအခြေပြုအကြမ်းဖက်မှု (GBV) မှလွတ်မြောက်ရေးတို့ကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ဤစီမံချက်သည် SRHR နှင့် GBV တွင် စည်းရ

ုံးလှုံ့ဆော်မှုနှင့်အမူအကျင့်ပြောင်းလဲရေးလှုပ်ရှားမှုများကို အမျိုးသမီးများနှင့်လူငယ်များ ဦးဆောင်လာ‌စေရန် ရည်ရွယ်ပါသည်။

VSO is implementing youth SRHR Advocacy project with a vision to contribute to enabling Adolescent and youth including people with disabilities to realize their Sexual and Reproductive Health Rights (SRHR) and freedom from Gender Based Violence (GBV). The project will empower women and youth to lead advocacy and behavior change campaigns on SRHR and GBV.

ကြံ့ကြံ့ခံနိုင်ရည်စွမ်းကို တည်ဆောက်ခြင်း 💪လူတွေဟာ နေ့စဉ်နဲ့အမျှ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ စိတ်ဖိစီးစရာ အခြေအနေတွေကိ...
25/03/2024

ကြံ့ကြံ့ခံနိုင်ရည်စွမ်းကို တည်ဆောက်ခြင်း 💪

လူတွေဟာ နေ့စဉ်နဲ့အမျှ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ စိတ်ဖိစီးစရာ အခြေအနေတွေကို မိမိတို့ရဲ့ရှိသမျှ အင်အားတွေနဲ့ တွန်းလှန်ရင်ဆိုင်နေကြရပါတယ်။ တကယ်လို့ အတိတ်ကဖြစ်ခဲ့တဲ့ စိတ်အဆင်မပြေမှုတွေ၊ ငယ်ဘဝရဲ့ ခက်ခဲတဲ့အတွေ့အကြုံတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးစရာဖြစ်ရပ်ဆိုးတွေက အခုအချိန်ထိ စိတ်ထဲမှာကျန်နေရင် (ဒါမှမဟုတ်) ဒီလိုဖြစ်ရပ်ဆိုးတွေကို လက်ရှိကြုံတွေ့ရရင် အပေါ်ကပြောခဲ့တဲ့ တွန်းလှန်ရင်ဆိုင်နိုင်တဲ့ ကိုယ့်ရဲ့ အင်အားဟာ နေ့စဉ်ကြုံရတာထက်ပိုတဲ့ဖိအားကို ထမ်းဆောင်ရပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ကြုံတွေ့ရင်ဆိုင်ရတဲ့ ဘဝအခြေအနေ ကွာတာကြောင့် စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာဖြစ်မှုနဲ့ အခက်အခဲကို ရင်ဆိုင်ကိုင်တွယ်နိုင်မှုတွေက လူတစ်ဦးနဲ့တစ်ဦးကြား ကွဲပြားမှုရှိနေတာ ဖြစ်ပါတယ်။

“မျှော်မှန်းထားသလို မဖြစ်လာတတ်တဲ့ ဘဝ”ဆိုတဲ့အတိုင်းဘဲ သတင်းဆိုးတွေ၊ ခွဲခွါရခြင်းတွေ၊ ဆုံးရှုံးမှုတွေဟာ ဘယ်အချိန်မှာရောက်လာမလဲဆိုတာကို ကြိုတင်တွက်ဆထားလို့မရတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီအရာတွေကိုရင်ဆိုင်နိုင်ဖို့အတွက် အင်အားတွေကိုတော့ ကြိုတင်ပြင်ဆင်ပြီး တည်ဆောက်ထားလို့ရတာ သေချာပါတယ်။

🧘 ကြံ့ကြံ့ခံနိုင်ရည်စွမ်းဆိုတာ ဘာလဲ ?

ကြံ့ကြံ့ခံနိုင်ရည်စွမ်းဆိုတာ အခက်အခဲကြားမှာ ကောင်းစွာပြန်လည်ရင်ဆိုင်နိုင်တဲ့ အင်အားစနစ်တစ်ခုဖြစ်ပြီး ပြင်းထန်တဲ့ ဖြစ်ရပ်ဆိုးတွေကို ကြုံတွေ့ ကြားသိရတဲ့အခါ၊ မိမိတန်ဖိုးထားရတဲ့အရာတွေကို ဆုံးရှုံးရတဲ့အခါ၊ မျှော်မှန်းထားသလိုဖြစ်မလာရတဲ့အခါ (ဒါမှမဟုတ်) စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့အခါ ဒီအခက်အခဲတွေကြားမှာ ကောင်းစွာရင်ဆိုင်ကိုင်တွယ်နိုင်ဖို့ ရေရှည်တည်ဆောက်ထားရတဲ့ အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ ကြံ့ကြံ့ခံနိုင်ရည်စွမ်းဟာ အခက်အခဲတွေကြား ပြန်လည်ရင်ဆိုင်နိုင်စွမ်း၊ ရှင်သန်ရပ်တည်နိုင်စွမ်းသာဖြစ်ပြီး အခက်အခဲကြား ပျော်ရွှင်နိုင်ခြင်း၊ မတုန်မလှုပ်ရှိနေခြင်း စတဲ့အရာတွေ (လုံးဝ) မဟုတ်ပါဘူး။

စိတ်ပညာရှင်များကတော့ ကြံ့ကြံ့ခံနိုင်ရည်စွမ်းကို ရုပ်ပိုင်းဆိုင်ရာ (ဒါမှမဟုတ်) စိတ်ပိုင်းဆိုင်ရာ အခြေအနေဆိုးတွေကြား ကောင်းစွာရှင်သန်နိုင်စွမ်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

🧘 ဘယ်လိုတည်ဆောက်ကြမလဲ ?

ဒီနေရာမှာ အရင်ဦးဆုံးသိထားသင့်တဲ့ အချက်ကတော့ ဘဝမှာ မိမိအနေနဲ့ ကြိုတင်ထိန်းချုပ်လို့ရတဲ့ အရာတွေရှိသလို ထိန်းချုပ်ထားလို့မရနိုင်တဲ့ အရာများစွာလည်း ရှိနေတယ်ဆိုတာပါပဲ။ တချို့အနေအထားများမှာ ကိုယ့်ဘက်က ရွေးချယ်ပိုင်ခွင့်နဲ့ ထိန်းချုပ်
ပိုင်ခွင့်တွေမရှိတာကို သိထားသင့်ပါတယ်။

ကြံ့ကြံ့ခံနိုင်ရည်စွမ်းဟာ ရေရှည်ထိန်းသိမ်းထားသင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ကိုယ့်မှာရှိနေတဲ့ ဒီစွမ်းရည်ကိုပိုမိုတိုးတက်လာဖို့ဆိုရင် အောက်ပါ အချက်တွေကို ဖတ်ရှုလိုက်နာကြည့်ပါ။

☘ (၁) ဆက်ဆံရေးတွေကို အလေးထားပါ - မိမိတစ်ဦးတည်းမဟုတ်ကြောင်း သတိရပါ။ စိတ်ပိုင်းဆိုင်ရာ အားရှိဖို့ မိသားစု (ဒါမှမဟုတ်) ကိုယ်ယုံကြည်ရတဲ့သူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင်နေပါ။

☘ (၂) စိတ်အေးချမ်းမှုကို လေ့ကျင့်ယူပါ - မိမိစိတ်ကို အေးချမ်းစေမယ့် နည်းလမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်နေအောင် လေ့ကျင့်ထားတာက အခက်အခဲအတွင်းမှာ တည်ငြိမ်မှုရှိစေပြီး ဆုံးဖြတ်ချက်တွေကလည်း ပြတ်သားလာနိုင်ပါတယ်။ ဥပမာ - စာအုပ်ထဲမှာရေးမှတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း။

☘ (၃) ကိုယ်ခန္ဓာကို ဂရုစိုက်ပါ - အိပ်စက်ခြင်း၊ အစားစားခြင်း၊ အနားယူခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို အချိန်မှန်ပြုလုပ်နိုင်တာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ အင်အားတိုးစေပါတယ်။ မိမိအတွက် ဆိုးကျိုးဖြစ်စေတဲ့အကျင့်တွေရှိရင် ပြင်ဆင်ဖို့ ကြိုးစားကြည့်ပါ။

☘ (၄) ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ပါ - သေးငယ်တဲ့ ပန်းတိုင်ပဲဖြစ်ပါစေ ချမှတ်ပြီး အကောင်အထည်ဖော်နိုင်ဖို့ အမြဲကြိုးစားနေဖို့လိုပါတယ်။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကိုလည်း အသိအမှတ်ပြုပါ။ ရည်မှန်းချက်ကြီးကြီးကို အောင်မြင်သည်အထိ မလုပ်နိုင်သေးဘူးဆိုရင်တောင် နီးစပ်တဲ့ ဖြစ်နိုင်ခြေတွေ စဥ်းစားဆောင်ရွက်လို့ရပါတယ်။

☘ (၅) မတူညီတဲ့ရှုထောင့်အမြင်တွေကို အလေးထားသုံးသပ်ပါ - မိမိကိုယ်တိုင် ဖြစ်ရပ်တစ်ခုကို ရှုထောင့်အမျိုးမျိုးကနေ သတိထားလေ့လာသင့်ပြီး အခြားသော မတူညီမှုများကိုလည်း အလေးထား သုံးသပ်သင့်ပါတယ်။

☘ (၆) အကူအညီ - လိုအပ်ရင် အကူအညီရယူပါ။ မိမိကူညီနိုင်သမျှကိုလည်း ကူညီပါ။ မိမိအားအကူအညီပေးသူကိုလည်း အလေးထားပါ။ မိမိကိုယ်တိုင်
လည်း တစ်ပါးသူကိုကူညီနိုင်တဲ့အခါ မည်မျှပင်သေးငယ်ပါစေ မိမိကိုယ်ကို အသိအမှတ်ပြုပါ။

ကြံ့ကြံ့ခံနိုင်ရည်စွမ်းတည်ဆောက်ရာမှာ အရေးပါတဲ့ နံပါတ် (၂) နဲ့ နံပါတ် (၃) အချက်များကို လက်တွေ့ကျင့်သုံးလို့ရအောင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးရှိစေတဲ့ လေ့ကျင့်ခန်းများကို ဖော်ပြထားပြီးဖြစ်ပါတယ်။ အောက်ပါ လင့်ခ်တွေမှာ ရှာဖွေလေ့လာလို့ရပါတယ်။

👉 https://tinyurl.com/treeexercise1
👉 https://tinyurl.com/origamiexercise
👉 https://tinyurl.com/breathingexercise3



#စိတ်ကျန်းမာရေး

ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကြောင့် စိတ်ဖိစီးမှု၊ တုန်လှုပ်မှုနဲ့ စိတ်...
22/03/2024

ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကြောင့် စိတ်ဖိစီးမှု၊ တုန်လှုပ်မှုနဲ့ စိတ်ဓာတ်ကျမှုအပါအဝင် ပြင်းထန်တဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်နေကြသူများအတွက် ရည်ရွယ်ပါတယ်။ ဒီလိုပြင်းထန်တဲ့ စိတ်ခံစားချက်တွေကိုထိန်းညှိပေးနိုင်ဖို့ စိတ်ခံစားချက်နဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဝေမျှပေးသွားမှာပါ။ 🧘‍♀️

လူတိုင်းမှာ စိတ်ခံစားချက်အမျိုးမျိုး၊ စိတ်ခံစားချက်ကို တုန့်ပြန်ပုံအမျိုးမျိုးရှိကြတာမို့ သက်ရောက်ပုံကွာခြားတဲ့ လေ့ကျင့်ခန်း (၄) မျိုးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိနဲ့အဆင်ပြေမယ်ထင်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ဆောင်ရွက်လို့ရပါတယ်။ 👇
......................

လေ့ကျင့်ခန်းအမှတ် (၃)

ဒီနေ့အတွက် လေ့ကျင့်ခန်းကတော့ အရောင်များနဲ့ အသက်ရှူခြင်း လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

☘ လိုအပ်သည်များ

ဒီလေ့ကျင့်ခန်းအတွက် အထူးလိုအပ်တာမရှိပါ။

☘ ဆောင်ရွက်ရန်

- ထိုင်ရင်းဖြစ်ဖြစ်၊ လှဲနေရင်းဖြစ်ဖြစ် ဒီလေ့ကျင့်ခန်းကို လုပ်နိုင်ပါတယ်။
- ကိုယ်အဆင်သင့်ဖြစ်တဲ့ အနေအထားမှာ ရှိပြီဆိုရင် ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် လျှော့ချလိုက်ပါ။ ပခုံးတွေ၊ ခါးတွေတင်းထားမိရင် လျှော့လိုက်ပါ။ အသက်ကို ပုံမှန်ရှူနေပေးပါ။
- မျက်လုံးမှိတ်ပါ၊ မျက်လုံးမှိတ်ထားဖို့ အဆင်မပြေရင် မျက်လုံးကို ဟိုဟိုဒီဒီလျှောက်မကြည့်ဘဲ အကြည့်ကို တစ်နေရာတည်း ကြည့်ပေးပါ။
- ကိုယ့်အကြိုက်ဆုံး အရောင်တစ်ရောင်ကို စိတ်ထဲမြင်ယောင်ကြည့်ပါ။ (ဒါမှမဟုတ် အေးချမ်းတဲ့ အရောင်တစ်ရောင်ကို မြင်ယောင်ကြည့်ပါ။)
- ပြီးရင် ကိုယ်စိတ်ကူးထားတဲ့အရောင်ကို နှာခေါင်းကနေတဝကြီး ရှူသွင်းလိုက်ပါ။ ဒီအရောင်က ကိုယ့်အဆုတ်ထဲ ပြည့်သွားတာ စိတ်ကူးကြည့်ပါ။ ကိုယ့်တစ်ကိုယ်လုံးကို အဆုတ်ကနေတဆင့် အရောင်တွေ ပြန့်နှံ့သွားတာ စိတ်ကူးကြည့်ပါ။
- ပြီးရင် ခဏလေးရပ်ပြီး ကိုယ်အမုန်းဆုံးအရောင် ( ဒါမှမဟုတ် ပူလောင်တဲ့ အရောင်တစ်ရောင်) ကို မြင်ယောင်ကြည့်ပါ။
- ပြီးရင် အဲဒီအမုန်းဆုံးအရောင်ကို ပါးစပ်ကနေ ဝှူးခနဲမှုတ်ထုတ်လိုက်ပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ပူလောင်မှုတွေ အဲဒီအရောင်နဲ့အတူ ထွက်သွားတာ စိတ်ကူးကြည့်ပါ။
- ဒီအတိုင်းပဲ ကိုယ်အချိန်ရရင် ရသလောက် ဝင်သက်ထွက်သက် မှန်မှန်လေး ဆက်ပြီးဆောင်ရွက်သွားပါ။

လေ့ကျင့်ခန်းဆောင်ရွက်ပြီးချိန်မှာ ကိုယ်ဘယ်လိုခံစားရလဲ၊ လေ့ကျင့်ခန်းမလုပ်ခင်က ခံစားချက်နဲ့ လုပ်ပြီးခံစားချက် ကွာခြားသလားဆိုတာတွေ သတိထားကြည့်နိုင်ပါတယ်။ 🍃



#စိတ်ကျန်းမာရေး

ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကြောင့် စိတ်ဖိစီးမှု၊ တုန်လှုပ်မှုနဲ့ စိတ်...
20/03/2024

ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကြောင့် စိတ်ဖိစီးမှု၊ တုန်လှုပ်မှုနဲ့ စိတ်ဓာတ်ကျမှုအပါအဝင် ပြင်းထန်တဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်နေကြသူများအတွက် ရည်ရွယ်ပါတယ်။ ဒီလိုပြင်းထန်တဲ့ စိတ်ခံစားချက်တွေကိုထိန်းညှိပေးနိုင်ဖို့ စိတ်ခံစားချက်နဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဝေမျှပေးသွားမှာပါ။ 🧘‍♀️

လူတိုင်းမှာ စိတ်ခံစားချက်အမျိုးမျိုး၊ စိတ်ခံစားချက်ကို တုန့်ပြန်ပုံအမျိုးမျိုးရှိကြတာမို့ သက်ရောက်ပုံကွာခြားတဲ့ လေ့ကျင့်ခန်း (၄) မျိုးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိနဲ့အဆင်ပြေမယ်ထင်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ဆောင်ရွက်လို့ရပါတယ်။ 👇......................

လေ့ကျင့်ခန်း အမှတ် (၂)

ဒီနေ့အတွက် လေ့ကျင့်ခန်းကတော့ စက္ကူရုပ်ခေါက်တဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

☘ လိုအပ်သည်များ
ကိုယ်ခေါက်မယ့်အရုပ်ပေါ်မူတည်ပြီး သင့်တော်တဲ့အရွယ်အစား စာရွက်ပိုင်းတစ်ခုရှိရင် ရပါပြီ။

☘ ဆောင်ရွက်ရန်

- လွယ်ကူတဲ့ စက္ကူရုပ်ခေါက်နည်း ဗီဒီယိုအချို့ကို ကောန်မန့် မှာ တင်ပေးထားပါတယ်။
- စက္ကူရုပ်ခေါက်တဲ့အခါမှာ ကိုယ့်လက်နဲ့ စက္ကူရဲ့ အထိအတွေ့ ကို ခံစားကြည့်ပေးပါ။ အသက်ကို ပုံမှန်ရှူရင်း ခေါက်သွားပေးပါ။
- စက္ကူရုပ်ခေါက်ပြီးသွားရင်တော့ ဒီအရုပ်ကို လက်ဆောင်အဖြစ် တစ်ဦးဦးကို ပေးနိုင်ပါတယ်။
- ကိုယ်နဲ့ ချစ်ခင်ရင်းနှီးသူ၊ ကိုယ်နဲ့ သွေးသားတော်စပ်သူကစပြီး ကိုယ့် စိတ်ခံစားချက်တွေကို တစ်ကြိမ်လောက်ဖြစ်ဖြစ် နားထောင်ပေးခဲ့တဲ့သူ၊ ကိုယ့်အလုပ်ထဲမှာ ကိုယ့်ကို ထမင်းအတူစားဖို့ ခေါ်တဲ့သူ၊ ဘတ်စ်ကားစီးရင်း ကိုယ်နေရာမရချိန် အိတ်ကိုင်ပေးထားတဲ့သူ အဆုံး ကိုယ့်အတွက် ကောင်းမွန်တဲ့ စိတ်ခံစားချက်လေး ဖြစ်ပေါ်စေတဲ့ ဘယ်သူကို မဆိုပေးနိုင်ပါတယ်။ ပေးဖို့ အဆင်မပြေရင် ခေါက်တဲ့အချိန်မှာ သူ့ကို ရည်ရွယ်ပြီးခေါက်တာ၊ စိတ်ထဲကနေ ပေးတာမျိုး လုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်းဆောင်ရွက်ပြီးချိန်မှာ ကိုယ်ဘယ်လိုခံစားရလဲ၊ လေ့ကျင့်ခန်းမလုပ်ခင်က ခံစားချက်နဲ့ လုပ်ပြီးခံစားချက် ကွာခြားသလားဆိုတာတွေ သတိထားကြည့်နိုင်ပါတယ်။ 🍃



#စိတ်ကျန်းမာရေး

ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကြောင့် စိတ်ဖိစီးမှု၊ တုန်လှုပ်မှုနဲ့ စိတ်...
19/03/2024

ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကြောင့် စိတ်ဖိစီးမှု၊ တုန်လှုပ်မှုနဲ့ စိတ်ဓာတ်ကျမှုအပါအဝင် ပြင်းထန်တဲ့စိတ်ခံစားချက်တွေဖြစ်ပေါ်နေကြသူများအတွက် ရည်ရွယ်ပါတယ်။ ဒီလိုပြင်းထန်တဲ့စိတ်ခံစားချက်တွေကိုထိန်းညှိပေးနိုင်ဖို့ စိတ်ခံစားချက်နဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဝေမျှပေးသွားမှာပါ။ 🧘‍♀️

လူတိုင်းမှာ စိတ်ခံစားချက်အမျိုးမျိုး၊ စိတ်ခံစားချက်ကို တုန့်ပြန်ပုံအမျိုးမျိုးရှိကြတာမို့ သက်ရောက်ပုံကွာခြားတဲ့ လေ့ကျင့်ခန်း (၄) မျိုးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိနဲ့အဆင်ပြေမယ်ထင်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ဆောင်ရွက်လို့ရပါတယ်။ 👇
......................

လေ့ကျင့်ခန်း အမှတ် (၁)

ဒီနေ့အတွက် လေ့ကျင့်ခန်းကတော့ ယိမ်းနွဲ့သစ်ပင်ဆိုတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

☘️ လိုအပ်သည်များ

ကိုယ့်အတွက် စိတ်လွတ်လွတ်လပ်လပ် မတ်တပ်ရပ်လို့ရ၊ လက်တွေက ဘေးဘီနဲ့ အပေါ်အောက် လှုပ်ရှားနိုင်မယ့် နေရာပဲလိုပါတယ်။

☘️ ဆောင်ရွက်ရန်

- မတ်တပ်ရပ်ပါ။ မတ်တပ်မရပ်နိုင်သူများက ထိုင်လျက်သား ၊ လဲလျောင်းရက်သား အဆင်ပြေသလို ဆောင်ရွက်နိုင်ပါတယ်။
- မျက်လုံးမှိတ်ဖို့ အဆင်ပြေရင် မျက်လုံးမှိတ်ပါ။ အဆင်မပြေဘူး ဒါမှမဟုတ် မျက်လုံးမှိတ်ဖို့ လန့်နေရင် အကြည့်ကို တစ်နေရာတည်းကိုပဲ ကြည့်နေပေးပါ။
- အသက်ကို ဖြည်းဖြည်း သက်သက်သာသာ ရှူသွင်းရှူထုတ်ပါ။
- ဘေးဘီကို စကားလှမ်းမပြောဘဲ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ခံစားမှုတွေကိုပဲသတိထားကြည့်ပေးပါ။
- ပြီးရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို သစ်ပင်တစ်ပင်လိုသဘောထားကြည့်ပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လေတွေတိုက်နေတယ်လို့ စိတ်မှာတွေးကြည့်ပါ။ တိုက်ခတ်နေတဲ့ လေထုထဲက သစ်ပင်တစ်ပင်လိုမျိုး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို စိတ်ကြိုက်ယိမ်းနွဲ့ကြည့်ပါ။ လေကို ဘယ်လောက်ပြင်းပြင်းတိုက်စေချင်သလဲ ကိုယ့်စိတ်ကြိုက် လေပြင်းထန်ရင် ပြင်းထန်တဲ့အတိုင်း၊ ညင်သာရင်ညင်သာတဲ့အတိုင်း ခန္ဓာကိုယ်ကို ရှေ့နောက် ဝဲယာ လှုပ်ရှားယိမ်းနွဲ့ကြည့်ပါ။
- ကိုယ်က သစ်ပင်တစ်ပင်အဖြစ် စိတ်ကူးကြည့်တဲ့အလျောက် ကိုယ့်အပေါ် နေရောင်ကျနေလား၊ မိုးစက်တွေကျနေလား၊ ပတ်ဝန်းကျင်မှာ မုန်တိုင်းထန်နေတာလား စသဖြင့် အလိုရှိသလို စိတ်ကူးယူကြည့်နိုင်ပါတယ်။ ကိုယ်အဆင်ပြေသလောက်အချိန်ယူလုပ်ကြည့်ပြီးရင် ရပ်တန့်လို့ရပါပြီ။

လေ့ကျင့်ခန်းဆောင်ရွက်ပြီးချိန်မှာ ကိုယ်ဘယ်လိုခံစားရလဲ၊ လေ့ကျင့်ခန်းမလုပ်ခင်က ခံစားချက်နဲ့ လုပ်ပြီးခံစားချက် ကွာခြားသလားဆိုတာတွေ သတိထားကြည့်နိုင်ပါတယ်။ 🍃



#စိတ်ကျန်းမာရေး

သင်က အမျိုးသမီးတစ်ယောက်သာဆိုရင်… 🌸---အမျိုးသမီးတွေရဲ့ “လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ အခွင့်အရေးနှင့် ရပိုင်ခွင့်” တွေအကြ...
08/03/2024

သင်က အမျိုးသမီးတစ်ယောက်သာဆိုရင်… 🌸
-
-
-

အမျိုးသမီးတွေရဲ့ “လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ အခွင့်အရေးနှင့် ရပိုင်ခွင့်” တွေအကြောင်း သေချာသိထားဖို့ လိုတယ်နော်။ 🥰

👉 လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ အခွင့်အရေးနှင့် ရပိုင်ခွင့် (Sexual and Reproductive Rights) ဆိုတာ ဘာလဲ။

ခွဲခြားဆက်ဆံခြင်းမရှိ၊ အကျပ်ကိုင်ခြင်းမရှိ၊ အကြမ်းဖက်ခြင်းမရှိဘဲ

🔸 ကိုယ်ဝန်တားနည်းများကို ရွေးချယ်ပိုင်ခွင့် (ဥပမာ - ကွန်ဒုံးသုံးစေချင်တာ)
🔸 လိင်ကိစ္စလုပ်ဆောင်လိုသည်၊ မလုပ်ဆောင်လိုသည်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်
🔸 သဘောကျနှစ်သက်သော လက်တွဲဖော်ကို ရွေးချယ်ပိုင်ခွင့်
🔸 အိမ်ထောင်ပြုမည်၊ မပြုမည်ကို ရွေးချယ်ပိုင်ခွင့်
🔸 ကလေးယူမည်၊ မယူမည်၊ ဘယ်ချိန်မှာ ယူမည်၊ ဘယ်နှယောက်ယူမည်ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်
🔸 စိတ်ကျေနပ်ဖွယ်ကောင်းသော လိင်မှုဘ၀ကို ရွေးချယ် ပိုင်ဆိုင်ခွင့်
🔸 လိင်စိတ်ခံယူချက်နဲ့ လိင်အပြုအမူများပေါ်မှာ လွတ်လပ်စွာ နေထိုင်နိုင်ခွင့်
🔸 လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ ပညာပေးသင်ခန်းစာများကို အသက်အရွယ်လိုက် ရှာဖွေ ရယူပိုင်ခွင့်
🔸 လုံခြုံစိတ်ချသော အရည်အသွေးမြင့် ဝန်ဆောင်မှုများနှင့် ဆေးကုသမှုများကို ရယူပိုင်ခွင့်

ဒီရပိုင်ခွင့်တွေက တခြားတစ်ဦးတစ်ယောက်ကို ထိခိုက်မှုမရှိစေရန် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရပါမယ်။ 💯

—————————————————————

👉 ဘာကြောင့် ဒီအခွင့်အရေး ရပိုင်ခွင့်တွေက အမျိုးသမီးတွေအတွက် အရေးကြီးတာလဲ။

✨ အမျိုးသမီးတွေအတွက် သူတို့ရဲ့ ခန္ဓာကိုယ်၊ စိတ်ဆန္ဒ၊ ဘ၀ရှေ့ရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည်က သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ ခွန်အားဖြစ်စေပါတယ်။

✨ ဒါ့အပြင် ဒီရပိုင်ခွင့်တွေက အမျိုးသမီးတွေကို ပညာရေး၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းတွေမှာ ကျား-မ တန်းတူညီမျှရရှိမှုကို ခံစားရစေပါတယ်။

✨ မျိုးပွားခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာလည်း အကျပ်ကိုင်မှု၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများမှ ကာကွယ်ပေးပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။

✨ ကိုယ်ဝန်တားခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းနှင့် ပြည့်စုံသော လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီခြင်းက အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာကို ခံစားရစေပြီး ကောင်းမွန်တဲ့ ဘဝနဲ့ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ပေးနိုင်ပါတယ်။

✨ ဒီအခွင့်အရေးတွေကို ဦးစားပေးခြင်းဖြင့် လူ့အဖွဲ့အစည်းက အမျိုးသမီးတွေရဲ့ အလားအလာကို အသုံးချနိုင်ပြီး စီးပွားရေးနဲ့ လူမှုရေးကိစ္စရပ်တွေမှာ တိုးတက်လာနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ မတ်လ(၈)ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကနေစပြီး ဒီအခွင့်အရေးတွေရဖို့ ကြိုးစားနေတဲ့ အမျိုးသမီးလေးတွေကို ပံ့ပိုးပေးခြင်းဖြင့် လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ရပိုင်ခွင့်တွေမှာ ရင်းနှီးမြုပ်နှံလိုက်ကြရအောင်။ 🤝

အမျိုးသမီးများအတွက် Share ပေးခြင်ဖြင့် “𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲” မှာ တစ်စိတ်တစ်ပိုင်း ပါဝင်ဖို့ မမေ့ကြနဲ့နော်…။ 💜




Love Smart ကမ်ပိန်းမှ Valentine's Gift လက်ဆောင် (၅)သောင်းကျပ် ရရှိသွားသူ နှစ်ဦးထွက်ပေါ်လာပါပြီ။ 🎁ဖေဖော်ဝါရီ (၂၅) ရက်နေ့ ...
20/02/2024

Love Smart ကမ်ပိန်းမှ Valentine's Gift လက်ဆောင် (၅)သောင်းကျပ် ရရှိသွားသူ နှစ်ဦးထွက်ပေါ်လာပါပြီ။ 🎁

ဖေဖော်ဝါရီ (၂၅) ရက်နေ့ နောက်ဆုံးထားပြီး Messenger မှာ လက်ဆောင် လာထုတ်ပေးပါ။ 😘

✨ ပါဝင်ဖြေဆိုကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ ✨



အိပ်စက်ခြင်းဟာ အားလုံးရဲ့နေ့စဉ်ဘဝမှာ မဖြစ်မနေ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ပြီး အားအင်ဖြည့်တင်းခြင်းဖြစ်စဉ် တစ်ခုဖြစ်ပါတယ်...
19/02/2024

အိပ်စက်ခြင်းဟာ အားလုံးရဲ့နေ့စဉ်ဘဝမှာ မဖြစ်မနေ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ပြီး အားအင်ဖြည့်တင်းခြင်းဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင်ကောင်းမွန်စွာအိပ်စက်နိုင်တဲ့အခါ တွေ့ကြုံခံစားနေရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကို ကောင်းမွန်စွာရင်ဆိုင်နိုင်စေဖို့ အထောက်အကူပြုပေးနိုင်မှာလည်း ဖြစ်ပါတယ်။

လူတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ညဘက်အိပ်ယာဝင်နောက်ကျတာ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ညဘက်မအိပ်ဖြစ်ကြတဲ့အခါ နောက်ရက်မှာ ကိုယ်ရောစိတ်ပါ နွမ်းနယ်နေတာမျိုး စိတ်ကြည်ကြည်လင်လင်မရှိတာ၊ စိတ်ခံစားလွယ်တာ စတဲ့အကျိုးဆက်တွေကို ခံစားလာရနိုင်ပါတယ်။

အိပ်စက်ခြင်းနဲ့ စိတ်ကျန်းမာရေးဟာ အပြန်အလှန်စပ်ဆက်လျက်ရှိကြောင်း အောက်ပါအခြေအနေတွေနဲ့ ဆွေးနွေးချင်ပါတယ်။

● အိပ်စက်ဖို့ကိုခက်ခဲစေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ

စိတ်ဖိစီးမှုများခြင်းနဲ့ ဖြေရှင်းဖို့ ခဲယဉ်းနေတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတချို့ရှိနေခြင်း (ဥပမာ - စိတ်ဓာတ်ကျခြင်း၊ စိတ်ဒဏ်ရာတချို့ကို ပြန်လည်မြင်ယောင်မိခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း) တို့က နှစ်ခြိုက်စွာအိပ်စက်ဖို့ခက်စေတဲ့ အဓိကအကြောင်းအရာတွေဖြစ်ပါတယ်။

ဒါ့အပြင် အခြားသောရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေနဲ့ မကျန်းမာတဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း အိပ်စက်ဖို့ကို ခက်ခဲစေနိုင်ပါတယ်။ အိပ်စက်ဖို့ခက်ခဲတယ်ဆိုတဲ့နေရာမှာ အိပ်ပျော်ဖို့မလွယ်ကူတာ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာ၊ မသက်မသာဖြစ်တဲ့ အိမ်မက်တွေမက်တာစတဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေအားလုံးကိုဆိုလိုပါတယ်။

● အိပ်ရေးပျက်ခြင်းကြောင့် ထပ်မံကြုံတွေ့ရနိုင်တဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ

အိပ်ရေးပျက်ခြင်းကြောင့် လက်ရှိကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကို ပြင်းထန်လာစေရုံသာမက ကိုင်တွယ်ဖြေရှင်းဖို့လည်း ပိုမိုခဲယဉ်းလာစေနိုင်ပါတယ်။ ဒါ့အပြင် တာရှည်

အိပ်ရေးပျက်ခြင်းကြောင့်

(၁) အဆိုးမြင်ခြင်း၊

(၂) အာရုံစူးစိုက်ရန်ခက်ခဲခြင်း၊

(၃) မေ့လျော့လွယ်ခြင်း၊

(၄) မိမိကိုယ်ကိုယ် ဂရုစိုက်မှုနှင့် တန်ဖိုးထားမှု ကျဆင်းလာခြင်း၊

(၅) အထီးကျန်သလိုခံစားလာရခြင်း စတဲ့ နောက်ဆက်တွဲအခြေအနေတွေကိုလည်း ကြုံတွေ့လာရမှာဖြစ်ပါတယ်။

ကျန်းမာတဲ့ သာမန်လူတစ်ယောက်ဟာ အိပ်စက်ချိန်စုစုပေါင်း (၇) နာရီကနေ (၉) နာရီအတွင်း ရှိရမှာဖြစ်ပြီး၊ အချိန်မှန် အိပ်စက်ဖို့လည်း လိုပါတယ်။ အချိန်မှန် လုံလောက်စွာအိပ်စက်ခြင်းကြောင့် စိတ်နဲ့ ကိုယ်ခန္ဓာအတွက် လုံလောက်တဲ့အားအင်တွေကို ပြန်လည်ရရှိလာစေနိုင်ပါတယ်။

● ဘယ်လိုကိုင်တွယ်ကြမလဲ

စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကြောင့် အိပ်စက်ဖို့ခက်ခဲနေရတယ်ဆိုရင်တော့ မိမိမှာရှိနေတဲ့စိတ်အဆင်မပြေမှုတွေကို

(၁)ယုံကြည်ရသူတွေကို ရင်ဖွင့်ပြောပြတာ၊

(၂) စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာ၊

(၂)လိုအပ်ရင် ဆေးကုသမှုခံယူတာ၊

(၃) မိမိကိုယ်ကိုအချိန်ပေး စောင့်ရှောက်တာ စတဲ့အရာတွေကို ပြုလုပ်သင့်ပြီး အိပ်စက်ဖို့ခက်ခဲခြင်းဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေရဲ့ အခြေအနေတစ်ရပ်ဖြစ်တာကြောင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ပါတယ်။

လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ (𝐒𝐞𝐱𝐮𝐚𝐥𝐥𝐲 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐭𝐭𝐞𝐝 𝐃𝐢𝐬𝐞𝐚𝐬𝐞 𝐒𝐓𝐃) တွေအကြောင်း နားလည်ထားခြင်းက သင့်ရဲ့ လိင်ကျန်းမာရေးအတွ...
15/02/2024

လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ (𝐒𝐞𝐱𝐮𝐚𝐥𝐥𝐲 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐭𝐭𝐞𝐝 𝐃𝐢𝐬𝐞𝐚𝐬𝐞 𝐒𝐓𝐃) တွေအကြောင်း နားလည်ထားခြင်းက သင့်ရဲ့ လိင်ကျန်းမာရေးအတွက်သာမက 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩 ဖန်တီးရာမှာလည်း အရေးကြီးပါတယ်။ 💯

ဆေးပုံမှန်စစ်တာ၊ လိင်ကိစ္စကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတာ၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစားမှုအတွက် အကာအကွယ်သုံးတာတို့က တာဝန်သိပြီး တန်ဖိုးထားချစ်စရာကောင်းတဲ့ သမီးရည်းစားဆက်ဆံရေးရဲ့ အဓိကအစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ 👩‍❤️‍💋‍👨

“ကျန်းမာလှပတဲ့အနာဂတ်ကို အတူတကွဖန်တီးရင်း စမတ်ကျကျ ချစ်နိုင်ကြပါစေ” 🩺❤️



𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 မှာ ရည်းစားလေးကို ချောကလက်နဲ့ ပန်းစီးတွေထက် ပိုပြီးအဓိပ္ပာယ်ရှိတဲ့လက်ဆောင် မပေးချင်ဘူးလား? 💝🎁ဒီနှစ် ချစ်...
13/02/2024

𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 မှာ ရည်းစားလေးကို ချောကလက်နဲ့ ပန်းစီးတွေထက် ပိုပြီးအဓိပ္ပာယ်ရှိတဲ့လက်ဆောင် မပေးချင်ဘူးလား? 💝🎁

ဒီနှစ် ချစ်သူများနေ့ကနေစပြီး ချစ်ခြင်းမေတ္တာကို ရိုမန်းတစ်ဆန်ရုံဖြင့်သာမကဘဲ နှစ်ဦးကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ဂရုစိုက်မှုတွေနဲ့ ပြည့်နှက်နေပြီး ကျန်းမာပျော်ရွှင်တဲ့ Relationship တစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ “𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤-𝐮𝐩” လက်ဆောင်ပေးရင်း မင်းနဲ့အတူ မင်းရဲ့အနာဂတ်ကိုပါ ဂရုစိုက်ကြောင်း ပြသလိုက်ပါ။

Sexual Health Check-up ဆိုတာက 👇

🔸HPV and Pap test (လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးရှိ မရှိ)
🔸Sexually Transmitted Infections STI (လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေရှိ မရှိ)
🔸Hepatitis B and C (အသည်းအရောင်အသားဝါ ဘီပိုး စီပိုး ရှိ မရှိ)
🔸HIV ပိုးရှိ မရှိ တို့ကို စစ်ဆေးခြင်း ဖြစ်ပါတယ်။

ဆေးရုံဆေးခန်းနဲ့ ဓာတ်ခွဲခန်းတွေမှာ အပေါ်ကအချက်တွေကို ပြောပြီး စစ်လို့ရပါတယ်။ 💉

“ကျန်းမာလှပတဲ့အနာဂတ်ကို အတူတကွဖန်တီးရင်း စမတ်ကျကျ ချစ်နိုင်ကြပါစေ” 🩺❤️



အချစ်တွေနဲ့ ပြည့်နှက်နေတဲ့လမှာ ချစ်သူရည်းစားလူငယ်တွေကြား Healthy and Respectful Relationship ဖြစ်စေဖို့အတွက် "𝐋𝐨𝐯𝐞 𝐒𝐦𝐚𝐫𝐭...
11/02/2024

အချစ်တွေနဲ့ ပြည့်နှက်နေတဲ့လမှာ ချစ်သူရည်းစားလူငယ်တွေကြား Healthy and Respectful Relationship ဖြစ်စေဖို့အတွက် "𝐋𝐨𝐯𝐞 𝐒𝐦𝐚𝐫𝐭” ကမ်ပိန်းလာပါပြီ။ 🥳

ပထမဆုံးအစီအစဉ်အနေနဲ့ Valentine’s Gift အဖြစ် လူနှစ်ဦးကို (၅)သောင်းကျပ်စီ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ 😱🎁

ဒီအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ 👇'

Healthy and Respectful Relationship မှာ သဘောတူခွင့်ပြုချက် (𝐂𝐨𝐧𝐬𝐞𝐧𝐭) တောင်းတာက ဘယ်လိုအရေးပါလဲ၊ ဘယ်လိုအသုံးချသင့်လဲနဲ့ "Love Smart" ကို ဘယ်လိုနားလည်လဲ ဆိုတာကို သိသလောက် ပြောပြပေးရမှာ ဖြစ်ပါတယ်။ 🤩

စည်းကမ်းချက်တွေကတော့ 👇

🔺 ဒီ Post ကိုပါ Public နဲ့ Share ပါ။
🔺 ကိုယ်ပြောချင်တာကို အောက်မှာဖော်ပြထားတဲ့ Hashtag တွေနဲ့အတူ caption မှာ ရေးပါ။
🔺 Share ထားတဲ့ ss ကို ကွန်မန့်မှာ မန့်ခဲ့ပေးပါ။
🔺 သူများရေးထားတာကို ကူးယူဖြေဆိုရင် အကျုံးမဝင်ပါ။

မှတ်ချက်။ ။အကောင်းဆုံးဖြေနိုင်မှ ရမယ်ထင်ပြီး ပါဝင်ဖို့ မတွန့်ဆုတ်လိုက်နဲ့နော်။ ပြိုင်ပွဲမဟုတ်ပါဘူး။ ကိုယ်ထင်တာကိုပဲ လူတိုင်းနားလည်လွယ်အောင် မျှဝေနိုင်ရင် ရပါပြီ။ စည်းကမ်းချက်နဲ့ ကိုက်ညီသူများထဲမှ နှစ်ဦးကို ဒိုင်တွေက ရွေးချယ်ပြီး ဖေဖော်ဝါရီ (၁၇)ရက်နေ့ကျရင် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ 🍀

ချစ်ခြင်းမေတ္တာမှာ Consent ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြရင်း ဒီနှစ် Valentine မှာ အမှတ်တရတွေနဲ့ ဖြတ်သန်းလိုက်ကြရအောင်။ 💟

နောက်ထပ်အစီအစဉ်တွေလည်း ရှိသေးတာကြောင့် စောင့်မျှော်ရင်း ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🥰



လိင်မှုကိစ္စမှမဟုတ် တစ်ခြားဘယ်ကိစ္စမှာမဆို သဘောတူညီချက်(Consent) တောင်းဖို့ လိုပါတယ်။ 💯   Consent တောင်းခံသူက 🔺တစ်ဖက်သူရ...
09/02/2024

လိင်မှုကိစ္စမှမဟုတ် တစ်ခြားဘယ်ကိစ္စမှာမဆို သဘောတူညီချက်(Consent) တောင်းဖို့ လိုပါတယ်။ 💯

Consent တောင်းခံသူက

🔺တစ်ဖက်သူရဲ့ သဘောတူညီချက်ကို ရှင်းလင်းစွာ မေးဖို့ လိုပါတယ်။
🔺တစ်ဖက်သူက သူရဲ့ သဘောတူညီချက်ကို အချိန်အခါမရွေး ပြောင်းလဲနိုင်ကြောင်း သိထားပါ။
🔺မတူညီတဲ့ အခြေအနေ အမျိုးမျိုးမှာ ကွဲပြားတဲ့ စိတ်ခံစားမှု ဖြစ်နိုင်ပြီး တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ သဘောတူပေမယ့် အလားတူကိစ္စမျိုးကိုတော့ ငြင်းဆိုနိုင်ပါသေးတယ်။
🔺ဒါကြောင့် Consent တောင်းခံတာက တစ်ကြိမ်တစ်ခါတည်း ပြီးပြတ်တဲ့ကိစ္စမဟုတ်ဘဲ ဆက်လက်တောင်းခံနေရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
🔺သဘောတူတာလား၊ မတူတာလား မသေချာပါက Consent မပေးဟု မှတ်ယူသင့်ပါတယ်။ မပျော်ရွှင်တဲ့၊ သဘောမတူတဲ့ သင်္ကေတဖြစ်ရင် တစ်ဖက်လူမှ မငြင်းဆန်သော်လည်း ချက်ချင်းရပ်ရပါမယ်။

Consent တောင်းတာ၊ ပေးတာ၊ ငြင်းဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေရှိရင် ကွန်မန့်မှာ မေးခဲ့လို့ရပါတယ်။ 👇

ချစ်သူများနေ့လည်း နီးပြီဆိုတော့ Consent နဲ့ ပတ်သက်ပြီး မသိသေးတဲ့ စုံတွဲတွေ သိရအောင် Share ပေးသွားဦးနော်။ 🥰


#သဘောတူညီချက်
#ခွင့်ပြုချက်

အမျိုးသားတွေအနေနဲ့ မေးရခတ်တဲ့ သိချင်နေမယ်ထင်တဲ့ ပါတနာနဲ့ ဆက်ဆံတဲ့ အခါမှာ လိင်အင်္ဂါဟာ စိတ်တိုင်းကျထောင်မတ်မှု မရှိဘူးဆို...
06/02/2024

အမျိုးသားတွေအနေနဲ့ မေးရခတ်တဲ့ သိချင်နေမယ်ထင်တဲ့ ပါတနာနဲ့ ဆက်ဆံတဲ့ အခါမှာ လိင်အင်္ဂါဟာ စိတ်တိုင်းကျထောင်မတ်မှု မရှိဘူးဆိုတဲ့ မေးခွန်းကို ရုပ်ပိုင်းဆိုင်ရာအနေနဲ့ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဘယ်အခြေအနေတွေကြောင့် အခုလို ညီလေးထောင်မတ်ဖို့ ခက်ခဲရတတ်လဲဆိုတာနဲ့ ပတ်သတ်ပြီး မျှဝေပေးချင်ပါတယ်။ 💁‍♂️

လိင်အင်္ဂါထောင်မတ်ရန်ခတ်ခဲခြင်း (Erectile Dysfunction) က ရုပ်ပိုင်းဆိုင်ရာ လိင်မှုရေးရာဆိုတဲ့အရာအပြင် စိတ်ကျန်းမာရေးနဲ့လည်း အပြန်အလှန် ဆက်နွယ်မှုရှိနေပါတယ်။ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက အမျိုးသားတွေရဲ့ လိင်အင်္ဂါထောင်မတ်ဖို့နဲ့ ထောင်မတ်ခြင်းကို ထိန်းထားနိုင်တဲ့ အပေါ်မှာ သိသိသာသာ လွှမ်းမိုးနိုင်ပါတယ်။ 💯

🔺 ၁။ လွန်ကဲစိုးရိမ်မှု (Anxiety) နဲ့ ကိုယ်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ တွေးမိနေတဲ့ ဖိအား

- anxiety အထူးသဖြင့် ကိုယ့်ရဲ့ လိင်မှု စွမ်းဆောင်ရည်နဲ့ ပတ်သတ်တဲ့ စိုးရိမ်ပူပန်မှုဟာ လိင်ဆက်ဆံနေစဉ်အတွင်းမှာ အမြဲမပြတ်တွေးမိပြီး စိတ်ဖိစီးမှုကို ဖြစ်စေတတ်ပါတယ်။

- မျှော်လင့်ထားသလိုဖြစ်မလာမှာကို ကြောက်တဲ့ စိတ် ဒါမှမဟုတ် ကိုယ့်ရဲ့ စွမ်းဆောင်ရည် Performance အပေါ်မှာ စိတ်ပူမိနေတာက ကိုယ့်ရဲ့ ညီလေးထောင်မက်တဲ့နေရာမှာ သက်ရောက်မှုရှိပါတယ်။

🔺 ၂။ စိတ်ဓာတ်ကျခြင်း (Depression) နှင့် လိင်စိတ်

- စိတ်ဓာတ်ကျခြင်းဟာ တစ်ခါတစ်ရံမှာ လိင်စိတ်ကို လျော့ကျစေတတ်တဲ့အတွက် လိင်မှုဆိုင်ရာ ကိစ္စတွေအားလုံးမှာ စွမ်းဆောင်ရည်ကျဆင်းတာ စိတ်မဝင်စားတာစတဲ့ သက်ရောက်မှုတွေရှိနိုင်ပါတယ်။

- Motivation မရှိတာ ဒါမှမဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ စိတ်ကျေနပ်မှု မရှိတာတင်မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ ကုတင်ပေါ်က ကိစ္စတွေအထိပါ သက်ရောက်မှုရှိနိုင်ပါတယ်။

🔺 ၃။ နာတာရှည် စိတ်ဖိစီးမှုနှင့် ဟော်မုန်းမညီမျှခြင်း

- နာတာရှည် စိတ်ဖိစီးမှု တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အချိန်ကြာမြင့်စွာ စိတ်ဖိစီးမှုတွေကို ခံစားနေရတာက Cortisol လိုဟော်မုန်း အပါအဝင် ဟော်မုန်းတွေ မညီမျှမှုကို ဖြစ်စေတဲ့အတွက် လိင်တံထောင်မတ်မှုအပေါ်မှာ အခတ်အခဲဖြစ်စေပါတယ်။

- နာတာရှည် စိတ်ဖိစီးမှုဟာ ကိုယ့်ရဲ့ Lifestyle အပေါ်မှာ ဥပမာအားဖြင့် ကောင်းမွန်တဲ့ အိပ်စက်မှု မရရှိခြင်း၊ မကျန်းမာတဲ့ အမူအကျင့် စတာတွေအပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ ဒါတွေက လိင်တံထောင်မတ်ခြင်းကို ပိုပြီးခက်ခဲစေပါတယ်။

🔺 ၄။ Relationship အခြေအနေ

-ကိုယ်ရဲ့ ပါတနာနဲ့ Relationship ပြဿနာတွေ၊ Communication ဆက်ဆံမှုပြဿနာတွေ၊ ဒါမှမဟုတ် ကိုယ်နဲ့ စိတ်အခြေအနေ ကီးမကိုက်တာ (စိတ်ခံစားချက်တွေ မျှဝေလို့မရတာ)တွေက စိတ်ဖိစီးမှုအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။

- နားလည်ပေးပြီး Support လုပ်ပေး၊ အားပေးတဲ့ ပါတနာရှိခြင်းဟာ သင့်ရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်မှု တစ်နည်းအားဖြင့် တစ်ဆက်တည်းပြောရမယ်ဆိုရင် သင့်ရဲ့ လိင်ကျန်းမာရေးအပေါ်မှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိပါတယ်။

🔺 ၅။ ဘယ်လိုကုသရမလဲ ?

- စိတ်ကုထုံး၊ Counseling (စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု) တွေကနေတစ်ဆင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပြောပြဆွေးနွေးတာဖြစ်စေ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ဆေးကုသမှုခံယူပြီး လိင်အင်္ဂါထောင်မတ်ဖို့ ခတ်ခဲခြင်းပြဿနာကို တိုးတက်ကောင်းမွန်လာအောင် လုပ်လို့ရပါတယ်။

- ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်တာ၊ ကျန်းမာတဲ့ စားသောက်မှုပုံစံကိုဖန်တီးတာ၊ စိတ်ဖိစီးမှုကို ကောင်းကောင်း Manage လုပ် စီမံနိုင်တာစတဲ့ ကိုယ့်ရဲ့ Lifestyle နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအပါအဝင် အရာအားလုံးကို တိုးတက်ကောင်းမွန်လာစေတဲ့ နေရာမှာ အရေးကြီးပါတယ်။

လိုအပ်တဲ့ အခါမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေဆီကနေ အကူအညီတောင်းခံခြင်း၊ ကျန်းမာတဲ့ Relationship ဆက်ဆံရေးကို တည်ဆောက်ခြင်း၊ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို သေချာဂရုစိုက်ခြင်းတွေက ပိုမိုစိတ်ကျေနပ်ဖို့ ကောင်းတဲ့၊ ပြည့်ဝတဲ့ လိင်မှုဘဝကိုရရှိဖို့ရာ နေရာမှာ ပါဝင်နေတဲ့ အထောက်အပံ့ကောင်းတွေပဲဖြစ်ပါတယ်။ 🌸

—————————————————————

စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနဲ့ အခမဲ့ 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 ရယူလိုပါက အင်္ဂါနေ့မှာ ဖုန်းဆက်ပြီး ရက်ချိန်းယူဖို့ မမေ့နဲ့နော်။

✨ အင်္ဂါနေ့ မနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအတွင်းဆိုရင် 09-268-280-006 ကိုဆက်ပြီး ရက်ချိန်းယူပါ။

✨ အင်္ဂါနေ့ နေ့လည် (၁၂)နာရီမှ ညနေ (၃)နာရီအတွင်းဆိုရင် 09-268-280-001 ကိုဆက်ပြီး ရက်ချိန်းယူပါ။

✨ အင်္ဂါနေ့ ညနေ (၃)နာရီမှ ညနေ (၆)နာရီအတွင်းဆိုရင် 09-268-280-003 ကိုဆက်ပြီး ရက်ချိန်းယူပါ။

မှတ်ချက် - အင်္ဂါနေ့က ရက်ချိန်းယူတဲ့နေ့ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ရက် မဟုတ်ပါ။ အင်္ဂါနေ့မှာ ဖုန်းဆက်ပြီး ရက်ချိန်းရယူမှသာ ကျန်တဲ့ရက်တွေမှာ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ ဖုန်းဘေမကုန်ပါဘူးနော်။ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများမှ ဖုန်းပြန်ခေါ်ပေးပါတယ်။ ဖုန်း (သို့) Viber Video Call ဖြင့်သာ ဆွေးနွေးပေးပါတယ်။ Messenger မှ မဆွေးနွေးပေးပါ။ 🚨





#စိတ်ကျန်းမာရေး

Address

Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Alerts

Be the first to know and let us send you an email when လုံခြုံစိတ်ချ လူမှုဘဝ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to လုံခြုံစိတ်ချ လူမှုဘဝ:

Share