Environment, Health and Safety Myanmar - EHS Myanmar

Environment, Health and Safety Myanmar - EHS Myanmar Self-funded, Youth-led, Registered Non-profit Organization

ကောက်ပဲသီးနှံတို့ကို လျှို့ဝှက် တည်ဆောက်သူလေးများ သို့မဟုတ် ကမ္ဘာကြီးအတွက် ပျားများ၏ အရေးပါမှု__________________________...
25/09/2026

ကောက်ပဲသီးနှံတို့ကို လျှို့ဝှက် တည်ဆောက်သူလေးများ သို့မဟုတ် ကမ္ဘာကြီးအတွက် ပျားများ၏ အရေးပါမှု
________________________________________
EHS Myanmar | 25.09.2026

ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့ ကုန်စုံဆိုင်တစ်ခုကို ဝင်သွားတဲ့အခါ အသီးအနှံဆိုတာ လုံးဝရှာမရတော့ဘဲ အသီးအနှံခင်းကျင်းတဲ့ တန်းတွေ၊ နေရာတွေလည်း အကုန်လွတ်နေပြီး ကမ္ဘာပျက်ကြီးသဖွယ် မြင်ယောင်ကြည့်လိုက်ပါ။ ပန်သီး၊ လိမ္မော်သီးကစလို့ အရွက်တွေအပါအဝင် နေ့စဉ်လိုလိုသောက်သုံးဖြစ်နေကြတဲ့ ကော်ဖီဖြစ်လာစေတဲ့ ကော်ဖီစေ့လေးတွေပါ မရနိုင်တော့ဘူးလို့တွေးကြည့်လိုက်ရင် ကျွန်တော်တို့ ကျန်းမာစွာ အသက်ရှင်နေထိုင်ဖို့ဆိုတာ မတွေးရဲစရာပါပဲ။ ဒါက ကျွန်တော်တို့ ဇာတ်ကားတွေထဲမှာ တွေ့နေရတဲ့ စိတ်ကူးယဉ် ကမ္ဘာပျက်ဇာတ်လမ်းမဟုတ်ပါဘူး။

ပျားလို့ခေါ်တဲ့ သေးငယ်ပြီး ပတ်ဝန်းကျင်အတွက် အလွန်အကျိုးပြုလှတဲ့ အကောင်ငယ်လေးတွေက ဒီသီးနှံတွေဆက်လက်မျိုးပွားတည်ရှိဖို့ အစွမ်းကုန်ဆောင်ရွက်ပေးနေကြပါတယ်။ အကောင်သေးပေမဲ့ ဇကတော့မသေးဘူးဆိုတာ ဒီကောင်လေးတွေကနေလည်း သာဓကယူချင်စရာပါ။ ဒါပေမဲ့ ဒီကောင်လေးတွေက ယခုအချိန်မှာတော့ ဆက်လက်အသက်ရှင်ဖို့အတွက် အန္တရာယ်များစွာကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ပျားတွေသာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆက်လက်မရှင်သန်နိုင်တော့ဘဲ ... သူတို့လေးတွေ ပုံမှန်လုပ်ဆောင်ပေးနေကြတဲ့ လူတွေအတွက်အကျိုးပြုနေတဲ့ လုပ်ငန်းတွေသာ ဆက်လက်လည်ပတ်မှုမရှိနိုင်တော့ရင် ... အထက်မှာဖော်ပြခဲ့တဲ့ဖြစ်ရပ်တွေက ဧကန်ဖြစ်လာမယ့် အရာတွေပဲဖြစ်ပါတယ်။

ပျားလေးတွေဟာ ပန်းခြံထဲမှာပတ်ပျံနေတတ်ပြီး လူတွေကိုအန္တရာယ်ပြုတတ်တဲ့၊ စိတ်အနှောက်ယှက်ပေးတတ်တဲ့ အကောင်လေးတွေလို့ မကြာခဏ အမြင်ခံရတတ်ပေမဲ့ တကယ်တမ်းမှာတော့ ပျားလေးတွေက အပင်တွေမျိုးပွားဖို့ရာ ဝတ်မှုံတွေကို ကူးသန်းပို့ဆောင်ပေးတဲ့ ကုန်သည်ပေါက်စလေးတွေအဖြစ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကြီးကို အဓိကနေရာကနေ မောင်းနှင်လည်ပတ်ပေးနေတဲ့ စက်အင်ဂျင်လေးတွေ ဖြစ်ကြပါတယ်။

🐝 ထူးကဲပြောင်မြောက်လှသော ဆင့်ကဲပြောင်းလဲမှု
ကျွန်တော်တို့ လူသားတွေရဲ့ မြေယာစိုက်ပျိုးမှုပုံစံတွေ မစတင်မီ အချိန်အတော်ကြာကြာကတည်းက ပျားလေးတွေဟာ ကမ္ဘာမြေကြီးနဲ့အတူ ထူးကဲစွာ အဆင့်ဆင့် တိုးတက်ဆင့်ပွားပြောင်းလဲလာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၂၀ခန့်ကတည်းက ပျားလေးတွေဟာ ပထမဆုံး ပန်းပွင့်တဲ့ အပင်လေးတွေနဲ့အတူ ပေါ်ပေါက်လာခဲ့ပြီး သူတို့ရဲ့ မူရင်းဘိုးဘွားတွေဖြစ်ကြတဲ့ အသားစား နကျယ်‌ကောင်တွေကနေ အဆင့်မြင့် သတ်သတ်လွတ်စားတဲ့ သတ္တဝါလေးတွေအဖြစ် တဖြည်းဖြည်းကူးပြောင်းလာခဲ့ကြတာဖြစ်ပါတယ်။

ယနေ့ခေတ်ရောက်တဲ့အခါမှာတော့ ကမ္ဘာတစ်ဝန်းမှာ ပျားမျိုးစိတ်ပေါင်း ၂၀,၀၀၀ကျော်ခန့် နေထိုင်ကျက်စားနေကြပြီလို့ သိရှိထားပါတယ်။ အနောက်တိုင်း ပျားမျိုးစိတ် (European Honeybee) တွေက လူသိအများဆုံးဖြစ်သလို ပိတုန်း (Bumble bees)၊ မေဆင် ပျား (Mason bees) နဲ့ ရွက်ဖြတ်ပျား (Leafcutters) ဆိုပြီး မျိုးကွဲပေါင်းများစွာ ကမ္ဘာပေါ်မှာ တည်ရှိနေကြပါတယ်။ သူတို့လေးတွေအားလုံးက ပတ်ဝန်းကျင်နဲ့ အပင်လေးတွေ စိမ်းလန်းစွာတည်ရှိပြီး ဆက်လက်မျိုးပွားနိုင်ဖို့ ကူညီနေကြရင်း သေသပ်လှတဲ့ ဧရာမလုပ်ငန်းစဉ်ကြီးတစ်ခုကို အကောင်အထည်ဖော် အသက်သွင်းပေးနေကြပါတယ်။

🐝 ပျားအုံမြို့တော်
လူတွေနေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်တွေ ရှိကြသလို ပျားလေးတွေမှာလည်း ပျားအုံဆိုတဲ့နိုင်ငံတော်လေးတွေ ကိုယ်စီ ရှိကြပါတယ်။ ပျားအုံလေးတွေမှာ အရွယ်အစားများစွာရှိကြပြီး ဒီနေရာလေးဟာ စည်းကမ်း၊ စနစ်နဲ့ သေချာတည်ဆောက်လည်ပတ်နေတဲ့ နိုင်ငံကြီးတစ်ခုအသွင် တည်ရှိနေပါတယ်။ ပျားတွေဟာ ဖီရိုမုန်း (pheromones) လို့ခေါ်တဲ့ ဓာတုအချက်ပြမှုတွေ၊ တုန်ခါမှုတွေနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကတစ်ဆင့် အချင်းချင်း သတင်းအချက်အလက်တွေ မျှဝေကြပြီး စုပေါင်းဆုံးဖြတ်ချက်ချကြပါတယ်။ ဒါကြောင့် ပျားအုံရဲ့ စုပေါင်းဆုံးဖြတ်ချက်ချမှတ်ပုံကို သိပ္ပံပညာရှင်တွေက “ပျားတို့ရဲ့ ဒီမိုကရေစီ” (Honeybee Democracy) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

🐝 ဝတ်မှုံကူးခြင်း စီးပွားရေး
ပျားလေးတွေဟာ ပျားရည်ထုတ်လုပ်နေရုံသက်သက်တင်မဟုတ်ဘဲ ကျွန်တော်တို့တွေအတွက် အစားအစာကိုပါ ဖန်တီးပေးနေကြတာပါ။ ပျားလေးတွေဟာ ပန်းဝတ်ရည်တွေ စုဆောင်းဖို့ ပန်းတစ်ပွင့်ကနေတစ်ပွင့် ကူးသန်း၊ ပျံသန်းကြတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သေးငယ်တဲ့အမွေးအမျှင်လေးတွေမှာ ဝတ်မှုန်လေးတွေကပ်ပါသွားတတ်ပြီး အခြားပန်းတစ်ပွင့်ဆီရောက်သွားပါတယ်။ ဒီလို မရည်ရွယ်ဘဲ ဝတ်မှုန်တွေ ဖြန့်ကြဲ၊ ကူးသန်းပေးနေခြင်းဟာ အပင်တွေရဲ့ မျိုးပွားခြင်းအတွက် အဓိကယန္တရားကြီးဖြစ်နေပါတော့တယ်။

🐝 ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု
ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) အဆိုအရ “ဝတ်မှုန်ကူးပေးတဲ့ သတ္တဝါလေးတွေဟာ ကမ္ဘာ့စိုက်ပျိုးမြေ ၃၅ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိပြီး ကမ္ဘာတစ်ဝန်းက အဓိကစားနပ်ရိက္ခာ သီးနှံ ၈၇မျိုး ထုတ်လုပ်မှုကို အထောက်ကူပြုလျက်ရှိတယ်" လို့ဖော်ပြထားပါတယ်။ ဒီအရာဟာ လူသားတွေအတွက် ပျားတွေရဲ့ အရေးပါမှုကို ကွက်ကွက်ကွင်းကွင်း မြင်သာစေပါတယ်။ ဒီလို အခမဲ့အလုပ်သမားတွေသာ မရှိဘူးဆိုရင် စိုက်ပျိုးရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံး ပြိုလဲသွားပါလိမ့်မယ်။ သူတို့တွေရဲ့ ဝတ်မှုန်ကူးပေးတဲ့ ဝန်ဆောင်မှုဟာ စီးပွားရေးတန်ဖိုးအားဖြင့်ကြည့်ရင် နှစ်စဉ် ဘီလီယံဒေါ်လာရာနဲ့ချီ တန်ဖိုးရှိမယ်လို့ ခန့်မှန်းသိရှိထားကြပါတယ်။ အကယ်၍ လူသားတွေသာ သီးနှံတွေကို လူအင်အား ဒါမှမဟုတ် ဒရုန်းတွေသုံးပြီး ဝတ်မှုန်ကူးရမယ်ဆိုရင် လတ်ဆတ်တဲ့ သီးနှံအစားစာတွေရဲ့ဈေးနှုန်းဟာ ကမ္ဘာ့လူဦးရေအများစု လက်လှမ်းမမီနိုင်တဲ့အထိ ဈေးကွက်တန်ဖိုးတွေ ထိုးတက်သွားမှာဖြစ်ပါတယ်။

🐝 လူတွေရဲ့မဆင်မခြင် ပြုမူပုံနှင့် ဖိအားများ
ပျားလေးတွေဟာ များစွာအရေးပါနေပေမဲ့လည်း ကမ္ဘာကြီးရဲ့ တဝီဝီမြည်နေတဲ့ အင်ဂျင်စက်လေးတွေဟာ စတင်ယိမ်းယိုင်စပြုလာနေပါပြီ။ ကျွန်တော်တို့လူသားတွေဟာ ပျားတွေ ရှင်သန်ဖို့ မှီခိုနေရတဲ့ပတ်ဝန်းကျင်ကို အလျင်အမြန် ပြောင်းလဲပစ်နေကြပါတယ်။ ဧရာမ တစ်သီးစားစိုက်ခင်း (Monocultures) တွေ များပြားလာခြင်းက ပျားတွေကို “အစိမ်းရောင် သဲကန္တာရ” ကြီးတွေနဲ့ ရင်ဆိုင်ရစေပါတယ်။ တစ်ရာသီအတွင်းမှာ သီတင်းပတ်အနည်းငယ်လောက်သာပွင့်တဲ့ သီးနှံတစ်မျိုးထဲကို မိုင်ပေါင်းများစွာ စိုက်ပျိုးထားတာကြောင့် လက်ကျန်တစ်နှစ်လုံးမှာ ပျားတွေအတွက် အစာရေစာ ပြတ်လပ်မှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့အပြင် အင်းဆက်တွေရဲ့ ဗဟိုအာရုံကြောစနစ်ကို တိုက်ခိုက်ပြီး လမ်းကြောင်းမှန်သွားနိုင်စွမ်းကိုပျောက်ဆုံးစေကာ ပျားအုံကိုပြန်မသွားနိုင်အောင် ဒုက္ခပေးနိုင်တဲ့ နီယိုနီကိုတီနွိုက် (Neonicotinoid) ပိုးသတ်ဆေးတွေ အလွန်အကျွန်သုံးစွဲမှုတွေလည်း ရှိနေပါတယ်။ ပျားများနေထိုင်ရန် နေရာများပျောက်ဆုံးလာမှု၊ ရာသီဥတုပူနွေးလာမှုတို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ပျားကောင်ရေဟာ မကြုံစဖူး ဖိအားတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

🐝 တည်ဆောက်ပေးပါ နိဗ္ဗာန်ကမ္ဘာ
ပျားလေးတွေ လွတ်လွတ်လပ်လပ်ရှင်သန်ပြီး ဆက်လက်တည်ရှိနိုင်ဖို့ သင်ကိုယ်တိုင်ဟာ စီးပွားဖြစ် ပျားမွေးမြူရေးသမားတစ်ယောက်ဖြစ်ဖို့ မလိုအပ်ပါဘူး။ ဒီကမ္ဘာကြီးအတွက် အရေးကြီးတဲ့ ပျားလုပ်သားလေးတွေကို ကာကွယ်ထိန်းသိမ်းဖို့ရာ ကိုယ့်ရဲ့ခြံဝန်းထဲကနေပဲစတင်လိုက်လို့ရပါတယ်။ ပေါင်းပင်တွေကင်းစင်ပြီး စိမ်းလန်းနေတဲ့ မြက်ခင်းပြင်သန့်သန့်ကြီးတွေကိုမှ အိမ်ယာတွေရဲ့စံပြပုံစံအဖြစ် ကျွန်တော်တို့တွေကသတ်မှတ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ပျားတစ်ကောင်အတွက်တော့ သီးနှံမဖြစ်ထွန်းတဲ့မြေရိုင်းကြီးတစ်ခုသာသာပါပဲ။ Clover ပင်လေးတွေနဲ့ Dandelion ပန်းလေးတွေကို ပွင့်ခွင့်ပေးလိုက်တာ၊ ဒေသရင်း တောရိုင်း ပန်းပင်လေးတွေ စိုက်ပျိုးပေးတာနဲ့ ဓာတုပိုးသတ်ဆေး အသုံးပြုမှုတွေကို လျော့ချ၊ စွန့်လွှတ်လိုက်တာတွေကနေတစ်ဆင့် အစာရှာထွက်လာတဲ့ပျားလေးတွေအတွက် အရေးပါတဲ့ စားသောက်ခိုနားရာစခန်းလေးတွေကို အကျိုးရှိစွာ ဖန်တီးပေးနိုင်ပါတယ်။

🐝 ပျားများနှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အဓိကမှီခိုနေတဲ့ လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်တာနဲ့အညီ ပျားလေးတွေရဲ့အခန်းကဏ္ဍကလည်းအလွန်အရေးပါလှပါတယ်။ နိုင်ငံရဲ့စီးပွားရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့အတွက်လည်း တိုက်ရိုက်ကို အချိုးကျနေတယ်လို့ဆိုရမှာပါ။ မြန်မာနိုင်ငံရဲ့တောင်ပေါ်ဒေသတွေမှာတော့ သစ်သီးဝလံများကိုအဓိကထားစိုက်ပျိုးကြပြီး မြေပြန့်ဒေသတွေမှာတော့ နှမ်း၊ နေကြာနဲ့ အခြားသီးနှံများစွာကိုစိုက်ပျိုးကြပါတယ်။ ဒီသီးပင်၊ ပန်းပင်တွေ အထွက်နှုန်းတိုးပြီး ပိုမိုပြန့်ပွားနိုင်ဖို့ရာ ပျားတွေရဲ့ ဝတ်မှုန်ကူးပေးမှုအကူအညီကာအချက်ချာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ပျားလေးတွေအပေါ်ကို များစွာမှီခိုနေရတာလည်း ဖြစ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍအပြင် ပြည်ပကို သဘာဝပျားရည် တန်ချိန်ထောင်နဲ့ချီပြီး တင်ပို့နေတာတွေလည်းရှိနေတာကြောင့် စီးပွားရေးအရလည်း ပျားလေးတွေက များစွာအကျိုးပြုပြီး အလွန်ကိုမှအရေးပါလှတဲ့ အဖိုးတန်ပို့ကုန်တစ်ခုကိုာထုတ်ပေးနေကြတာလည်းဖြစ်ပါတယ်။ သို့ပေမဲ့လည်း အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာ ပျားလေးတွေနဲ့ပတ်သက်ပြီး အသိပညာနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေဟာ အလွန်ကိုအားနည်းလှပါတယ်။ မြန်မာနိုင်ငံမှာ ဓာတုပိုးသတ်ဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီး စနစ်တကျ အသိပညာပေး ထိန်းချုပ်မှုတွေ အားနည်းတဲ့အပြင် ဓာတုပိုးသတ်ဆေး အလွန်အကျွံသုံးစွဲနေခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်မှုတွေကြောင့် သစ်တောများ အလျင်အမြန် ပြုံးတီးလာခြင်းနဲ့ ပျားဖွပ်ရာမှာ မီးရှို့ပြီး အုံလုံးကျွတ် ဖျက်ဆီးပစ်တဲ့ ရိုးရာဓလေ့ပျားဖွပ်နည်းတွေကြောင့် ပြည်တွင်းမှာရှိတဲ့ ပျားကောင်ရေနဲ့ ဇီဝမျိုးကွဲများစွာတို့မှာကြီးမားတဲ့ မျိုးတုံးမှုဆိုင်ရာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပျားတွေရဲ့ အကျိုးကျေးဇူးတွေနဲ့ သူတို့သာမရှိတော့ရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုဂရုတစိုက်ပညာပေးဖို့လို့အပ်လာပြီဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ ကျွန်တော်တို့လူသားတွေနဲ့ ဒီသေးငယ်တဲ့သတ္တဝါလေးတွေမှာ တစ်ဦးနဲ့ တစ်ဦး ဆက်စပ်အကျိုးပြုနေတာတွေ များစွာရှိပါတယ်။ ပျားလေးတစ်ကောင် တွေ့တဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့တဝီဝီမြည်နေတဲ့အသံကို ကြားတဲ့အခါ မိမိရဲ့ Common Sense အရ ရိုက်ချပစ်ချင်စိတ်ကို ခဏလောက် မျိုသိပ်ပြီး သူတို့လေးတွေရဲ့အကျိုးပြုမှုကို ပိုမိုတွေးပေးပြီး ရှောင်သွားပေးလိုက်တာက နှစ်ဘက်လုံးအတွက်အကျိုးရှိသွားမှာပါ။ ဒါ့အပြင် ပျားလေးတွေက လူသားတွေအပေါ် အကျိုးပြုနိုင်ဖို့ ဝတ်မှုံကူးရတာနဲ့ ပျားရည်အတွက် ပန်းဝတ်ရည်သယ်ဆောင်ရတာတွေအတွက် မိုင်ပေါင်းများစွာသွားရပြီး ပင်ပန်းဆင်းရဲဒဏ်ခံရတာတွေကို ပြန်လည်သုံးသပ်ပြီး ကျွန်တော်တို့လူသားတွေအနေနဲ့လည်း သူတို့လေးတွေအတွက် ကောင်းကျိုးရှိမယ့်အရာတွေကို အလေးပေး လေ့လာဆောင်ရွက်သင့်ပါတယ်။ ပျားဆိုတဲ့ ဒီသေးငယ်တဲ့ သတ္တဝါလေးတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအတွက် ကြီးမားတဲ့အခန်းကဏ္ဍကို သူတို့ရဲ့သေးငယ်လှတဲ့တောင်ပံလေးတွေအပေါ်မှာ သယ်ပိုးထားတယ်ဆိုတာကို သတိတရရှိပြီး ပျားလေးတွေအတွက်ထိခိုက်မှုနည်းပါးပြီး သဟဇာတဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတွေကိုဖန်တီးနိုင်ဖို့ ကျွန်တော်တို့လူသားတွေမှာလည်းတာဝန်ကိုယ်စီရှိကြတယ်ဆိုတာကို နားလည်သဘောပေါက်ရမှာပဲဖြစ်ပါတယ်။

Content & Graphic - Okkar (EHS Myanmar)
Reference - openknowledge.fao.org, www.usda.gov, www.nature.com, www.fao.org
--------------------------------------------------------------------------
Don't forget to follow us on TikTok - www.tiktok.com/

Introduction to Circular Economy Training အတွက် နောက်ဆုံးအခွင့်အရေး!—---------------------------------------------------...
24/09/2026

Introduction to Circular Economy Training အတွက် နောက်ဆုံးအခွင့်အရေး!
—------------------------------------------------------------------------------------------------
EHS Myanmar - 24/09/2026(English Below)

"သုံးပြီးရင် စွန့်ပစ်လိုက်ရုံပဲလား? 🤔
ဒါမှမဟုတ်
တန်ဖိုးအသစ်ဖြစ်အောင် ဖန်တီးမလား?" 🌱

ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို SustainX Training 2 – Introduction to Circular Economy Training မှာ တူတူလေ့လာကြရအောင်နော် 🌿

လျှောက်လွှာက မနက်ဖြန်ဆို ပိတ်ပြီနော်! 🔐
၁ရက်ပဲ အချိန်ကျန်ရှိတော့တာမို့လို့ လျှောက်ထားချင်သူများအနေဖြင့် အမြန်ဆုံးလာရောက်လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်…..

Registration Deadline
25th September (Friday)
ည ၁၂း၀၀ အတိ

🚀 ကဲ ဒါဆို Circular Economy အကြောင်း အခြေခံကနေ စတင်လေ့လာချင်တယ်ဆိုရင် အခုပဲ Register လုပ်လိုက်ပါနော်!
🔗 စာရင်းပေးသွင်းရန်လင့်-
https://forms.gle/NASgAZvKcvR1wVacA
—------------------------------------------------------------------------------------------
The last chance to join the Introduction to Circular Economy Training!

"After we use something,
Should we just throw it away? 🤔
Or can we create new value from it?" 🌱

Let’s learn more about these interesting topics together in
SustainX Training 2 – Introduction to Circular Economy! 🌿

The registration will close tomorrow! 🔐
Only 1 day left to apply.
If you are interested, please apply as soon as possible! 💚
Registration Deadline
25th September (Friday)
12:00 AM

If you want to start learning about it, register now!
🔗 Registration Link:
https://forms.gle/NASgAZvKcvR1wVacA

SustainX Series 2 ကို ဘာကြောင့် တက်ရောက်သင့်တာလဲ—-----------------------------------------------------------------------...
22/09/2026

SustainX Series 2 ကို ဘာကြောင့် တက်ရောက်သင့်တာလဲ
—------------------------------------------------------------------------------
EHS Myanmar - 22/09/2026 (English Below)

ကမ္ဘာတစ်ဝှမ်းမှာ သဘာဝအရင်းအမြစ်တွေကို အလွန်အကျွံ အသုံးပြုလာတာနဲ့အမျှ ပတ်ဝန်းကျင်ထိခိုက်မှုတွေကလည်း ပိုမိုများပြားလာပါတယ်။ ဒီလိုအခြေအနေမှာ သဘာဝအရင်းအမြစ်တွေကို ထိရောက်စွာ အသုံးချပြီး စွန့်ပစ်ပစ္စည်းတွေကို လျှော့ချနိုင်ဖို့ Circular Economy က အရေးကြီးတဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။

ဒါဆို SustainX Series 2 – “Introduction to Circular Economy” ကို ဘာကြောင့် တက်ရောက်သင့်တာလဲ?
🎓Certificate ကို ရရှိနိုင်မယ်
ဒီ သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးပါက EHS Myanmar မှ ပေးအပ်တဲ့ certificate ကို ရရှိမှာ ဖြစ်ပါတယ်။ မိမိရဲ့ learning journey ကို မှတ်တမ်းတင်နိုင်မယ့် အခွင့်အရေးပဲပေါ့။

📚တက်ကြွတဲ့ Trainer နဲ့ လေ့လာခွင့်ရမယ်
ပတ်ဝန်းကျင်ဆိုင်ရာ အတွေ့အကြံနဲ့ ဗဟုသုတတွေရှိတဲ့ တက်ကြွတဲ့ လူငယ် Trainer နဲ့ လေ့လာခွင့်ရသလို trainer ဆီကနေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းကောင်းများကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။

💬ကိုယ့်အမြင်တွေကို လွတ်လပ်စွာ မျှဝေနိုင်မယ်
ပတ်ဝန်းကျင်နဲ့ Sustainability ဆိုင်ရာ ကိုယ့်ရဲ့အမြင်၊ အတွေးအမြင်နဲ့ အကြံပြုချက်တွေကို လွတ်လပ်စွာ မျှဝေဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ တခြားသူတွေရဲ့ အမြင်တွေကိုလည်း နားထောင်ရင်း အပြန်အလှန် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

♻️Circular Economy ကို အခြေခံကနေ နားလည်လာမယ်
Circular Economy ဆိုတာ ဘာလဲ၊ ဘာကြောင့်အရေးကြီးလဲ၊ နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးချနိုင်လဲဆိုတာကို အခြေခံကနေ နားလည်လာနိုင်မှာ ဖြစ်ပါတယ်။

🌏 Environmental network တစ်ခု တည်ဆောက်နိုင်လာမယ်
ပတ်ဝန်းကျင်နှင့် Sustainability ကို စိတ်ဝင်စားသူများအချင်းချင်း ချိတ်ဆက်ဆက်သွယ်နိုင်ပြီး Training ပြီးဆုံးသွားပြီးနောက်မှာလည်း ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများကို ဆက်လက်မျှဝေဖလှယ်ခြင်းတို့မှတစ်ဆင့် ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်တစ်ခုကို အတူတကွ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

🌿 ကိုယ်တိုင် ပတ်ဝန်းကျင်နဲ့ ပိုသဟဇာတဖြစ်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်လာမယ်
နေ့စဉ်ဘဝမှာ ဘာကို ဝယ်မလဲ၊ ဘယ်လိုအသုံးပြုမလဲ၊ အသုံးပြုပြီးရင် ဘယ်လိုစီမံမလဲ ဆိုတာတွေကို ပတ်ဝန်းကျင်ထိခိုက်မှုကိုပါ တွဲဖက်စဉ်းစားတတ်လာနိုင်မှာ ဖြစ်ပါတယ်။

💚 SustainX Training 1 မှာ ပါဝင်ခဲ့သူတွေရဲ့ အတွေ့အကြုံတွေကိုလည်း ဖတ်ရှုကြည့်လိုက်ပါ။
Training 1 ကို တက်ရောက်ခဲ့သူတွေက သူတို့ရဲ့ သင်ယူမှုအတွေ့အကြုံနဲ့ ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးထားပါတယ်။
👉 Training 1 Participants’ Testimonies ကို ဖတ်ရှုရန်
🔗https://www.facebook.com/share/p/1K8BMcAHQJ/

🌱ဒီလိုပဲ sustainability နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေကို ဆက်လက်လေ့လာနိုင်ဖို့ SustainX Series 2 မှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ “Introduction to Circular Economy” ကို လေ့လာကြရအောင်။

ကဲ ဒါဆိုရင် "Introduction to Circular Economy" တွက် စာရင်းသွင်းလိုက်ပါနော်….

🔗 စာရင်းပေးသွင်းရန်လင့်-
https://forms.gle/NASgAZvKcvR1wVacA
သင်တန်းအချက်အလက်များ
📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက် (စနေနေ့)
🕖 အချိန် - ည ၇:၀၀ နာရီမှ ၈:၃၀ နာရီ (မြန်မာစံတော်ချိန်)
💻 ကျင်းပမည့်ပုံစံ - Zoom platform
📅 လျှောက်လွှာပိတ်မည့် ရက် - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်

-----------------------------------------------------------------------------
English Version

Why should you join this training?

Around the world, we are using natural resources more and more, which is causing greater harm to the environment. In this situation, the Circular Economy is becoming more important as a way to use resources wisely, reduce waste, and support a more sustainable future.

So, why should you join SustainX Series 2 – "Introduction to Circular Economy"? 🌱
🎓Get a Certificate
After successfully completing the training, you will receive a certificate given by EHS Myanmar. It is also a chance to record your learning journey.
📚Learn with an Active Trainer
You can learn and gain new knowledge and experiences from a young and active trainer who has a lot of experiences in environmental topics and get useful ways to protect and care for the environment effectively.
💬Freely Speak up for the Environment
You will have a chance to freely share your ideas, opinions, and suggestions about environmental sustainability. You can also listen to other people’s ideas and learn from different points of view.
♻️Understand Circular Economy from the basics
You can learn what Circular Economy is, why it is important, how you can apply in our daily lives.
🌏 Build an Environmental Network
The training will let you connect with people who are interested in the environment and sustainability. Even after the training, you can continue sharing knowledge and experiences with each other and work together for a more sustainable environment.
🌿 Make more Environment-friendly Choices
You will learn to think about the environment when choosing what to buy, how to use things, and how to manage them after use.

💚 Let’s also hear from the participants of SustainX Training 1!

Participants from Training 1 shared their learning experiences and what they gained from the training.

👉 Read the Training 1 Participants’ Testimonies:
🔗 https://www.facebook.com/share/p/1K8BMcAHQJ/

🌱 In the same way, you can continue learning about sustainability and environmental topics with SustainX Series 2.
This time, let’s explore an interesting topic, “Introduction to Circular Economy.”

🔗 Registration Link- https://forms.gle/NASgAZvKcvR1wVacA
Training Information
📅 Date: 26 September 2026 (Saturday)
🕖 Time: 7:00 PM – 8:30 PM (Myanmar Time)
💻 Format: Online (Zoom Platform)
📅 Registration Deadline: 25 September 2026

EHS Myanmar မှာ YouTube Channel ရှိတာကိုသိပါသလား------------------------------------------------------------------ကျွန်တ...
21/09/2026

EHS Myanmar မှာ YouTube Channel ရှိတာကိုသိပါသလား
------------------------------------------------------------------
ကျွန်တော်တို့ EHS Myanmar မှာ "EHS Myanmar: Sustainability Channel" နာမည်ရတဲ့ YouTube Channel ရှိပါတယ်၊ ဒီ YouTube Channel မှာတော့ EHS Myanmar မှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတွေ၊ သင်တန်းတွေ နဲ့ Campaign program တွေကို ရုပ်သံ သို့မဟုတ် အသံ audio ဖြင့် ပြန်လည်တင်ဆက်ပေးထားပါတယ်။ ဒါကြောင့် EHS Myanmar မှပြုလုပ်တဲ့ Educational Awareness Programme တွေကို အချိန်မရလို့ ပြန်နားဆင်လိုသူတွေအတွက် အရမ်းကို သင့်တော်တာမို့ YouTube Channel ကို Subscribe လုပ်သွားပါဦးဗျ။

EHS Myanmar: Sustainability Channel - https://www.youtube.com/

ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ခြေချောင်းရှစ်ချောင်းနဲ့ သတ္တဝါ 🕷️________________________________________EHS Myanmar | 20.09.2...
20/09/2026

ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ခြေချောင်းရှစ်ချောင်းနဲ့ သတ္တဝါ 🕷️
________________________________________
EHS Myanmar | 20.09.2026

ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ သက်ရှိတွေအများကြီး ရှင်သန်နေထိုင်ကြသလို ဇီဝကမ္မ ဖြစ်စဉ်တွေနဲ့ အဆင့်ဆင့် လည်ပတ်နေပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လူသားတွေရဲ့အပြုအမူတွေကြောင့် ကမ္ဘာကြီးက တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသလို တစ်ဖက်မှာလည်း ဇီဝကမ္မဖြစ်စဉ်တွေ မယိုယွင်းအောင်၊ ဂေဟစနစ်တွေမပျက်စီးအောင် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုပြီး ကမ္ဘာကြီးကို ကယ်တင်ပေးနေတဲ့သတ္တဝါလေးတွေရှိပါတယ်။

အဲ့ဒီ့ထဲမှာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ မကြာခဏ မြင်တွေ့နေရတဲ့၊ အဖြူ‌‌ရောင် အိမ်အမျှင်အတန်း‌တွေမှာ နေထိုင်ကြတဲ့ ခြေချောင်းရှစ်ချောင်းနဲ့ ပင့်ကူတွေလည်း ပါဝင်ပါတယ်။

▪️သင်သာ ပင့်ကူတစ်ကောင်ကို တွေ့ခဲ့မယ်ဆိုရင် ဘယ်လိုတုံ့ပြန်မိမလဲ?
လူအများစုကတော့ ပင့်ကူတွေကို မကြိုက်ကြသလို ပင့်ကူမျှင်တွေ တွေ့ရင်လည်းစိတ်ရှုပ်တတ်ကြပါတယ်။ ဒါကြောင့် ‘ပင့်ကူ’ ဆိုတဲ့ အသံကြားရင်တောင် လက်ကအလိုအလျောက် ဖိနပ် ဒါမှမဟုတ် သတင်းစာကို လှမ်းပြီးသားဖြစ်ပြီး ပင့်ကူကို ဖယ်ရှင်းဖို့ပဲ စိတ်အားထက်သန်နေတာပါ။

ဒီလို ကြောက်စရာကောင်းတဲ့ ခြေထောက်တွေနဲ့ အိမ်မက်ဆိုးလို့ထင်ရတဲ့ပင့်ကူတွေက ကမ္ဘာကြီးအတွက်သာမက လူသားတွေအတွက် ...
🕷️ တတ်ကျွမ်းနားလည်တဲ့ အင်ဂျင်နီယာတွေ၊
🕷️ ဆေးပညာလောကရဲ့ရှေ့ဆောင်တွေ၊
🕷️ ဂေဟစနစ်ရဲ့ ကယ်တင်ရှင်တွေ အဖြစ် အကျိုးပြုနေတယ်ဆိုတာကို သတိထားမိဖို့ လိုအပ်ပါတယ်။

ဒါကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ပင့်ကူတွေရဲ့ သဘာဝ၊ သူတို့ရဲ့ ထူးခြားဆန်းကြယ်တဲ့ အလုပ်လုပ်ပုံ‌တွေနဲ့ ကမ္ဘာကြီးကို ဘယ်လိုအကျိုးပြု‌‌နေတာလဲဆိုတဲ့ အကြောင်းအရာတွေကို ဆက်ပြီး လေ့လာကြည့်ကြပါစို့။

▪️ပင့်ကူတွေရဲ့ သဘာဝ
သုတေသီတွေကတော့ ကမ္ဘာပေါ်မှာ ပင့်ကူမျိုးစိတ်ပေါင်း ၁၀၀,၀၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ကမ္ဘာတစ်ဝန်းက ပင့်ကူမျိုးစိတ်ပေါင်း ၅၃,၇၃၉ မျိုးကိုပဲ တရားဝင် မှတ်တမ်းတင်ထားပြီးဖြစ်တာကြောင့် ပင့်ကူမျိုးစိတ်အားလုံးရဲ့ ထက်ဝက်ခန့်ကိုပဲ ရှာဖွေတွေ့ရှိထား‌သေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် နှစ်စဉ် ပင့်ကူမျိုးစိတ်ပေါင်း ၆၀၀ ခန့်လောက်ကိုလည်း ရှာဖွေတွေ့ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ပင့်ကူတွေက ကမ္ဘာပေါ်က မျိုးစိတ်ပေါင်းများစွာရှိတဲ့ ပိုးတောင်မာ၊ လိပ်ပြာ၊ နကျယ်ကောင်၊ ပိုးကောင်၊ ယင်ကောင်နဲ့ ပိုးမွှားတွေ ပြီးတဲ့နောက် သတ္တမမြောက် ကွဲပြားစုံလင်ဆုံး သတ္တဝါမျိုးစိတ် ဖြစ်ပါတယ်။ ပင့်ကူတွေက အန္တာတိကတိုက်ကလွဲရင် ကမ္ဘာပေါ်က တိုက်ကြီးတိုင်းမှာ နေထိုင်ကြပြီး အမှောင်ဆုံး လိုဏ်ဂူတွေကနေ အမြင့်ဆုံး တောင်ထိပ်တွေ၊ ခြောက်သွေ့တဲ့ သဲကန္တာရတွေကနေ လူနေအိမ်ရဲ့ သက်တောင့်သက်သာရှိတဲ့ ထောင့်တစ်နေရာအထိ သူတို့ကိုတွေ့ရတတ်ပါတယ်။

▪️တစ်ကိုယ်တည်း ရှင်သန်ကြသူများ
ပင့်ကူတွေက ပုရွက်ဆိတ်‌တွေ၊ ပျားတွေလိုမျိုး မဟုတ်ဘဲ အများစုဟာ တစ်ကိုယ်တည်း
ရှင်သန်ကြတာ‌ကြောင့် သူတို့မှာ အုပ်ချုပ်တဲ့ စနစ်‌တွေ၊ ဘုရင်တွေ မရှိပါဘူး။ တစ်ကောင်တည်းနေပြီး တစ်ကောင်တည်း အမဲလိုက်သလို အခြားပင့်ကူတစ်ကောင်က အနီးနားကို ချဉ်းကပ်ကပ်လာရင်လည်း တစ်ကောင်ကိုတစ်ကောင် စားပစ်လေ့ရှိတာကြောင့် အဖော်ရှာတဲ့အချိန်မှာတောင် သတ်ဖြတ်ခံရတာဟာ ပင့်ကူတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပင့်ကူမလေးတွေကတော့ သူတို့ရဲ့ ဥတွေနဲ့ ပင့်ကူ ကလေးတွေကို ကာကွယ်နိုင်ဖို့ ပင့်ကူမျှင်တွေနဲ့ ဥအိတ်တွေ ပြုလုပ်ပြီး စောင့်ရှောက်ကာကွယ်ပေးကြပါတယ်။

ပင့်ကူတွေအတွက် တစ်ကိုယ်တည်း‌နေခြင် က ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းတွေ ဖြစ်တယ်လို့ ဆိုလိုတာကြောင့် ရှင်သန်ဖို့အတွက် တခြားသူတွေကို အားကိုးစရာ မလိုဘဲ သူတို့ဆောက်တဲ့ အိမ်တိုင်း၊ သူတို့ဖမ်းတဲ့ သားကောင်တိုင်း၊ သူတို့စောင့်ရှောက်တဲ့ ဥအိတ်တိုင်းဟာ သူတို့တစ်ကောင်တည်းရဲ့ တာဝန်ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပင့်ကူတွေက တစ်ကိုယ်တည်းနေတတ်ကြပေမယ့် တစ်ကောင်နဲ့ တစ်ကောင် ရဲ့ အကျင့်စရိုက်‌တွေ၊ စိတ်နေစိတ်ထားတွေကတော့ မတူကြပါဘူး။ သိပ္ပံပညာရှင်တွေက Black Widow နဲ့ Nursery-Web ပင့်ကူတွေကို လေ့လာရင်း တစ်ချို့ပင့်ကူ‌တွေက ရဲရင့်ပြီး ရန်လိုတတ်ပေမယ့် တစ်ချို့ကတော့ သတိရှိပြီး ကြောက်တတ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒီစရိုက်တွေဟာ သူတို့ရဲ့အိမ်ကြီးကို ဘယ်လိုဆောက်တယ်၊ ဘယ်လိုအမဲလိုက်တယ်၊ ခြိမ်းခြောက်မှုတွေကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာအထိ သက်ရောက်မှုရှိပါတယ်။

တစ်နည်းအားဖြင့် ပင့်ကူအားလုံးဟာ တူညီကြတာ မဟုတ်ဘဲ တစ်ကောင်ချင်းစီမှာ ထူးခြားတဲ့ အလေ့အထ၊ နှစ်သက်မှု နဲ့ ဗျူဟာတွေ ရှိကြတာပါ။

▪️ထူးခြားတဲ့ စွမ်းရည်တွေနဲ့ ရှင်သန်နိုင်တဲ့ ပင့်ကူများ

🕷️ ပင့်ကူတွေက သူတို့ နေထိုင်ဖို့အတွက် ခိုင်ခံ့တဲ့ ပင့်ကူအိမ်တွေတည်ဆောက်နိုင်ကြတယ်။
‘ပင့်ကူ’ လို့ပြောလိုက်တာနဲ့ ‘ပင့်ကူအိမ်’ ကတော့ အမြဲဒွန်တွဲနေတာပါပဲ။ အဲ့ဒီပင့်ကူအိမ် တွေရဲ့ အမျှင်တွေက ပင့်ကူတွေအတွက် ခိုင်ခံ့ရုံသာမက လိုက်လျောညီထွေဖြစ်အောင် အလွယ်တကူ ကျုံ့နိုင်ဆန့်နိုင်တာကြောင့် နေထိုင်ဖို့အတွက်သာမကဘဲ အင်းဆက်တွေဖမ်းနိုင်ဖို့၊ ဥတွေကို ကာကွယ်နိုင်ဖို့နဲ့ တစ်နေရာမှတစ်နေရာ လုံခြုံစွာရွှေ့ပြောင်းနိုင်ဖို့အတွက် အထောက်အပံ့ပေးပါတယ်။

🕷️ အာရုံခံနိုင်စွမ်း ကောင်းတဲ့ ပင့်ကူများ
ပင့်ကူတွေမှာ ဦိးနှောက်အရွယ်အစား သေးငယ်ရုံသာမက နားရွက်တွေလည်း မရှိကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခြေထောက်တွေပေါ်မှာရှိတဲ့ ဆံမျှင်သေးသေးလေးတွေကတစ်ဆင့် ညင်သာတဲ့ တုန်ခါမှုတွေကိုတောင် အာရုံခံနိုင်ကြတာကြောင့် သူတို့ရဲ့ ပင့်ကူအိမ်ကြီးထဲမှာ ယင်ကောင်တစ်ကောင် ရုန်းကန်နေတာပဲဖြစ်ဖြစ်၊ သားရဲတစ်ကောင်ရဲ့ ခြေသံပဲဖြစ်ဖြစ် အလွယ်တကူ သတိထားမိနိုင်ပါတယ်။

🕷️ ထူးခြားတဲ့ အစာရှာဖွေနည်းတွေနဲ့ ပင့်ကူ‌များ
ပင့်ကူတွေရဲ့ အစာကို ဖမ်းမိဖို့အတွက် ပင့်ကူအိမ်က အများကြီး အထောက်အကူဖြစ်ပေမယ့် သူတို့အနေနဲ့ အစာရှာဖို့အတွက် ပင့်ကူအိမ်ကိုပဲ အမြဲတမ်းအသုံးပြုနေတာ‌တော့မဟုတ်ပါဘူး။ ပင့်ကူတွေမှာ သူ့တို့ရဲ့ အမျိုးအစားအလိုက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်နိုင်တာကြောင့်
⛰️အချို့ပင့်ကူတွေက ပတ်ဝန်းကျင်အရောင်နဲ့ တူအောင် ဖုံးကွယ်ပြီး အစာဖြစ်တဲ့ သားကောင်ရရှိမဲ့ အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းတတ်ကြပေမယ့်
🦟 Jumping Spider လို့ခေါ်တဲ့ ခုန်ပင့်ကူတွေက‌တော့ လျင်မြန်စွာရွေ့လျားနိုင်ပြီး အမြင်အာရုံကောင်းမွန်ရုံသာမက အစာရှိတဲ့ အကွာအဝေးကို ကောင်းစွာ ခန့်မှန်းနိုင်တာကြောင့် အစာကို ကိုယ်တိုင်ရှာဖွေပြီး လိုက်လံဖမ်းယူတတ်ပါတယ်။

🕷️ ပင့်ကူတွေက ခက်ခဲတဲ့ ရာသီဥတုတွေမှာလည်း ရှင်သန်နိုင်တယ်။
ပတ်ဝန်းကျင်အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ပင့်ကူတွေက အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လှုပ်ရှားမှုတွေကို လျှော့ချပြီး စွမ်းအင်တွေကို ထိန်းသိမ်းထားနိုင်တာကြောင့် နှစ်သန်းပေါင်းများစွာတိုင်အောင် ရှင်သန်လာနိုင်ကြတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါကြောင့် ပင့်ကူတွေက အလွန်အေးတဲ့ ရာသီဥတု၊ အစာရှားပါးမှု နဲ့ ရေရှားပါးမှုတွေကိုလည်း ရင်ဆိုင်ပြီး ရှင်သန်နိုင်တာကြောင့် သူတို့ကို သစ်တောတွေ၊ သဲကန္တာရတွေ၊ မြက်ခင်းပြင်တွေ၊ တောင်တန်းတွေ နဲ့ လူနေအိမ် အပါအဝင် ပတ်ဝန်းကျင်အမျိုးမျိုးတွေမှာ တွေ့ရတတ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ပင့်ကူတွေ ရှင်သန်နိုင်တာက အရွယ်အစားကြီးမားလို့၊ အင်အားကြီးလို့ မဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်မှု၊ စိတ်ရှည်မှု၊ ညဏ်ကောင်းမှုတွေကြောင့်ဖြစ်ပါတယ်။ ပင့်ကူတွေဆိုတာ ပင့်ကူအိမ်ထဲမှာပဲ နေထိုင်တဲ့ အရွယ်အစားသေးငယ်တဲ့ သတ္တဝါသက်သက် ဆိုတာထက် ထူးခြားတဲ့ စွမ်းရည်တွေနဲ့ ရှင်သန်နိုင်တဲ့ သတ္တဝါတွေလို့ ဆိုရင်လည်း မမှားပါဘူး။

▪️ ပင့်ကူတွေက ကမ္ဘာကြီးကို ဘယ်လို ကယ်တင်နေသလဲ ?

🕷️ အင်းဆက်တွေကို တားဆီးပေးပြီး အစာကွင်းဆက် အတွက်လည်း အရင်းအမြစ် ဖြစ်တဲ့ ပင့်ကူများ
ပင့်ကူတွေက နှစ်စဉ် အင်းဆက်ပေါင်း တန်ချိန် သန်း ၄၀၀ မှ ၈၀၀ အထိ စားသုံးလေ့ရှိပါတယ်။ ဒီလိုစားသုံးတာက စိုက်ပျိုးရေးအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ ကျိုင်းကောင်၊ ပိုးမွှား၊ ခူကောင် နဲ့ အခြားသီးနှံဖျက်ပိုးတွေကို ဖျက်ဆီးပစ်ရာရောက်တာကြောင့် လယ်ယာစိုက်ပျိုးရေးတွေမှာ ပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချရာ ရောက်ပါတယ်။ ဒါ့အပြင် ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါပိုးတွေကို သယ်ဆောင်တဲ့ ခြင်တွေကိုလည်း ဘီလီယံနဲ့ချီပြီး ပင့်ကူတွေက စားသုံးတာ‌ကြောင့် ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခြင်းကို အဟန့်အတားတစ်ခု ဖြစ်စေပါတယ်။

ဒါ့အပြင် ပင့်ကူတွေက ငှက်၊ အိမ်မြှောင်၊ နို့တိုက်သတ္တဝါငယ်တွေ၊ ငါး၊ ကုန်းနေရေနေ သတ္တဝါတွေ သာမက နောက်ဆုံး ပင့်ကူ တစ်ကောင်နဲ့တစ်ကောင်ကိုအတွက်ပါ အရေးကြီးတဲ့ အစာအရင်းအမြစ် ဖြစ်ပြီး ဂေဟစနစ်တွေ မပြိုလဲ‌‌စေဖို့ အစာကွင်းဆက်တစ်လျှောက်လုံးမှာလည်း ပါဝင်နေပါတယ်။

🕷️ ဆေးပညာလောကရဲ့ရှေ့ဆောင်တွေ ဖြစ်တဲ့ ပင့်ကူများ
ပင့်ကူတွေ ထုတ်လွှတ်လိုက်တဲ့ ပင့်ကူအမျှင်(Spider Silk) က ပျော့ပြောင်းပြီး ဇီဝဗေဒအရ သဟဇာတ ဖြစ်ရုံသာမက သဘာဝအတိုင်း ပြိုကွဲနိုင်တဲ့အတွက် ဆေးပညာ နဲ့ နည်းပညာနယ်ပယ်တွေမှာ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဒီလို နည်းလမ်း တွေနဲ့ ဖန်တီးဖို့ကြိုးစားနေကြတယ်။

၁။ Silk Axons ဆိုတဲ့ နည်းပညာနဲ့ ပင့်ကူမျှင်တွေအသုံးပြုပြီး လူ့ရဲ့ ခန္ဓာကိုယ်ထဲက ပြတ်နေတဲ့ အာရုံကြောတွေကို ပြန်ဆက်နိုင်ဖို့ 🧠
၂။ ဓာတ်ခွဲခန်းထဲမှာ စိုက်ပျိုးထားတဲ့ E-coli လို့ခေါ်တဲ့ ပင့်ကူပရိုတင်းတွေ အသုံးပြုပြီး ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ ပိုးဝင်နိုင်ချေကို လျှော့ချပေးရုံသာမက ဒဏ်ရာတွေ သက်သာလာတာနဲ့ အလိုအလျောက် အရည်ပျော်သွားမယ့် ပဋိဇီဝ ဒဏ်ရာပတ်တီးတွေ ဖန်တီးနိုင်ဖို့ 🩹
၃။ ပင့်ကူတွေက အချင်းချင်းစားတတ်ပြီး အနီးကပ်မွေးမြူလို့မရတဲ့အတွက် ပိုးချည်ကောင်တွေ၊ ဘက်တီးရီးယားတွေမှာ မျိုးရိုးဗီဇ အင်ဂျင်နီယာ နဲ့ CRISPR-Cas9 နည်းပညာကို အသုံးပြုပြီး ပရိုတင်းမျှင်တွေကို စက်မှုအဆင့်ထုတ်လုပ်နိုင်ဖို့ 🌐

ဒီလို နည်းပညာတွေအသုံးပြုပြီး Amsilk လို ကုမ္ပဏီတွေက ခွဲစိတ်ချည်တွေ၊ အရွတ်အတုတွေနဲ့၊ ဆေးဝါးပို့ဆောင်ရေးစနစ်တွေအတွက် ရေရှည်တည်တံ့တဲဲ့ ပရိုတင်းမျှင်တွေကို ထုတ်လုပ်လျက်ရှိပါတယ်။

တစ်ဖက်မှာလည်း ပင့်ကူရဲ့ အဆိပ် (Spider Venom) ဟာ ဆေးဝါး အဖြစ်ပြောင်းလဲ လာတဲ့ သဘာဝရဲ့ လျှို့ဝှက်ချက် တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက
🔺နှလုံးဖောက်ခြင်း
🔺လေဖြတ်ခြင်း
🔺နာတာရှည်နာကျင်မှု
🔺ဝက်ရူးပြန်ရောဂါ
🔺ကင်ဆာရောဂါ
စတဲ့ ရောဂါတွေအတွက် ပစ်မှတ်ထားပြီး ဆေးဝါးတွေ တီထွင်နေပါတယ်။

🕷️ မြေဆီလွှာအင်ဂျင်နီယာတွေ ဖြစ်တဲ့ ပင့်ကူများ
ပင့်ကူအမျိုးအစား အများကြီးထဲမှာမှ မြေကြီးထဲမှာနေတဲ့ ပင့်ကူတွေဟာ မြေတွင်းတူးပြီး နေထိုင်‌တတ်ကြတာ‌ကြောင့် သူတို့နေထိုင်တဲ့ မြေဆီလွှာကို လေဝင်လေထွက်ကောင်းစေသလို ရေစိမ့်ဝင်မှုနဲ့ အမြစ်ကြီးထွားမှုကို တိုးတက်စေပြီး သူတို့ရဲ့ အညစ်အကြေးတွေကလည်း အပင်တွေကို မြေဩဇာဖြစ်စေပါတယ်။ သူတို့တည်ရှိနေရုံနဲ့ သစ်တောတွေ၊ လယ်မြေတွေ၊ နဲ့ မြက်ခင်းတွေကို ပြန်လည်ရှင်သန်အောင် ကူညီပေးပါတယ်။

ပင့်ကူတွေဟာ အပူချိန်၊ စိုထိုင်းဆ နဲ့ နေရင်းဒေသပြောင်းလဲမှုတွေကို အထိခိုက်မခံကြပါဘူး။ ပင့်ကူတွေ တစ်နေရာကနေ ပျောက်ကွယ်သွားတယ်ဆိုရင် တစ်ခုခုမှားနေပြီဆိုတဲ့ လက္ခဏာဖြစ်တာ‌ ကြောင့် သိပ္ပံပညာရှင်တွေက ပင့်ကူဦးရေကို ခြေရာခံပြီး ဂေဟစနစ်အတွက် သတိပေးစနစ်တွေ အဖြစ် အသုံးပြု‌ လေ့ရှိပါတယ်။

ဒီလို ကမ္ဘာကြီးကို အများကြီး အကျိုးပြုနေတဲ့ ပင့်ကူတွေကို လူတွေကတော့ တစ်နေရာရာမှာ တွေ့ခဲ့ရင် ပင့်ကူတွေရဲ့ ပုံပန်းသဏ္ဍန်ကြောင့်သော်လည်းကောင်း ၊ ပင့်ကူတွေဆီက အကိုက်ခံခဲ့ရရင် အဆိပ်အတောက်ဖြစ်မှာစိုးတာကြောင့်သော်လည်းကောင်း ဖယ်ရှားချင်ကြပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရ တရားဝင် မှတ်တမ်းတင်ထားတဲ့ ပင့်ကူမျိုးစိတ်ပေါင်း ၅၃,၇၃၉ ထဲမှာ လူတွေကို ပြင်းထန်စွာ ထိခိုက်နိုင်တဲ့ အဆိပ်ရှိတဲ့ မျိုးစိတ်ကအနည်းငယ်သာ ရှိပြီး Black Widow၊ Brown Recluse နဲ့ Funnel-Web လို ပင့်ကူတွေ အကိုက်ခံခဲ့ရရင်လည်း သေဆုံးမှုဟာ မရှိသလောက်ကို ရှားပါးပါတယ်။

ပင့်ကူတွေဟာ လူတွေကို အစားအစာအဖြစ် မမြင်ဘဲ သူတို့အတွက် ကြိုတင်မှန်းဆလို့မရတဲ့ တောင်ကြီးတွေ၊ သူတို့ကို ဘယ်အချိန်မဆို ကြိတ်ချေပစ်နိုင်တဲ့ သူတွေအဖြစ် မြင်ကြပါတယ်။ ပြီးတော့ ပင့်ကူအများစုက လူ့အရေပြားကိုတောင် ကိုက်လို့မရပါဘူး။ သူတို့ရဲ့ အစွယ်တွေဟာ သေးငယ်လွန်းပြီး လူအရေပြားကို ထိုးဖောက်ဖို့ဆိုရင် ကျိုးလွယ်လွန်းပါတယ်။ သူတို့ရဲ့ အဆိပ်တွေနဲ့ အစွယ်တွေကို သူတို့ထက် ကြီးမားတဲ့ သတ္တဝါတွေထက် သူတို့ဖမ်းနိုင်တဲ့ အစာဖြစ်မဲ့ သားကောင်အတွက်ပဲ အသုံးပြုကြပါတယ်။ ဒါကြောင့် သူတို့တွေအနေနဲ့ လူတွေကို တွေ့ရင် တိုက်ခိုက်ဖို့ မဟုတ်ဘဲ အမြဲတမ်း ထွက်ပြေးဖို့ ဒါမှမဟုတ် ပုန်းအောင်းဖို့ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။

ပင့်ကူတွေရှင်သန်နိုင်ဖို့ လူသားတွေကို မလိုအပ်ပေမယ့် လူသားတွေကတော့ ပင့်ကူတွေကို လိုအပ်ပါတယ်။ သင့်အနေနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့၊ ပတ်ဝန်းကျင်အတွက် အထောက်အကူဖြစ်စေဖို့ဆိုရင် ကြီးမားတဲ့ အလုပ်တစ်ခုကို လုပ်နေနိုင်မှမဟုတ်ဘဲ ပင့်ကူတစ်ကောင်ကို တွေ့ခဲ့ရင် ဖယ်ရှားပစ်မယ့်အစား သူ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်လေးပေးပြီး မမြင်သလို နေပေးခြင်းအားဖြင့် သင်ကလည်း ကမ္ကာကြီးအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေတာပဲဖြစ်ပါတယ်။

ပင့်ကူတွေဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်း သန်း ၃၈၀ ကျော် နေထိုင်ခဲ့ပြီးဖြစ်သလို အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှုတွေမှာလည်း ရှင်ကျန်နိုင်ခဲ့ရုံသာမက မျိုးစိတ်ပေါင်း ၅၃,၀၀၀ ကျော်အထိ ဆင့်ကဲပြောင်းလဲခဲ့ပြီး ထူးခြားဆန်းကြယ်တဲ့ လိုက်လျောညီထွေမှုတွေနဲ့ ရှင်သန်နေတဲ့ ခြေချောင်းရှစ်ချောင်းနဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ သူတို့ရဲ့ ရှင်သန်မှု၊ ဖြစ်တည်မှုလေးကတောင် ကမ္ဘာကြီးအတွက် သာမက လူသားတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အထောက်အကူပြုနေတာ‌ ကြောင့် သူတို့လေးတွေသာမရှိရင် ဂေဟစနစ်တွေ အနှေးနဲ့အမြန် ပျက်စီးယိုယွင်းလာနိုင်ပြီး နည်းပညာနဲ့ ဆေးပညာနယ်ပယ်တွေမှာလည်း တီထွင်ဖန်တီးမှုတွေမှာ အနည်းနဲ့အများ နောက်ကျနေနိုင်ပါတယ်။ ဒါကြောင့် ပင့်ကူတွေဆိုတာ ကမ္ဘာကြီးကို ကယ်တင်နေတဲ့ သတ္တဝါလေးတွေ ဖြစ်ပါတယ်။

Content & Graphic - Shan (EHS Myanmar)
Reference - www.notesfromtheroad.com, www.medicalnewstoday.com, www.nature.com, www.bbc.com, textilelearner.net
--------------------------------------------------------------------------
Don't forget to follow us on TikTok - www.tiktok.com/

SustainX Training 2မှာ သင်ကြားပေးသွားမယ့်သူက ဘယ်သူများဖြစ်မလဲနော် 🤔—----------------------------------------------------...
19/09/2026

SustainX Training 2မှာ သင်ကြားပေးသွားမယ့်သူက ဘယ်သူများဖြစ်မလဲနော် 🤔
—-----------------------------------------------------------------------------------------------
EHS Myanmar - 19/09/2026 (English Below)

SustainX Training 2
“Introduction to Circular Economy”

ဒီတစ်ကြိမ်မှာတော့ "Introduction to Circular Economy" ကို ဦးဆောင်မျှဝေပေးမယ့် Trainer Ms. Yoon Nandar Khaing နဲ့ မိတ်ဆက်ပေးပါရစေ။

👩‍🎓Ms. Yoon Nandar Khaing ဟာ လက်ရှိမှာ EMPM Scholarship ဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ Universitas Airlangga မှာ Bachelor of Laws ကို တက်ရောက်နေသူတစ်ဦး ဖြစ်ပါတယ်။
ဒါ့အပြင် Climate Change နဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဂျပန်နိုင်ငံမှာ ပါဝင်တက်ရောက်ခဲ့သလို၊ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Rainforest Youth Summit မှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

🌏သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်နေပြီး WEDU မှ ရွေးချယ်ထားတဲ့ Asia Rising Star (Women Changemaker) အဖြစ်လည်း ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်ပါတယ်။
ထို့အပြင် ၂၀၂၆ ခုနှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံရှိ University of Antwerp မှာ Smart Writing ဘာသာရပ်ကို သင်ယူရန် အထူးရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။

🧩ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ အတွေ့အကြံများစွာရှိတဲ့ Trainer ထံမှ Circular Economy အကြောင်းကို အတူတကွ လေ့လာပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ ဘယ်လိုချိတ်ဆက်အသုံးချနိုင်မလဲဆိုတာကို အတူတူရှာဖွေကြရအောင်။

SustainX Training 2 မှာ တွေ့ကြမယ်နော်။ 🌱
သင်တန်းရက်: ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက် (စနေနေ့)
အချိန်: ည ၇:၀၀ – ၈:၃၀ (မြန်မာစံတော်ချိန်)
ကျင်းပမည့်ပုံစံ - Zoom platform
လျှောက်လွှာပိတ်မည့် ရက် - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်

🌿 စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချပြီး တန်ဖိုးအသစ်တွေ ဖန်တီးနိုင်တဲ့ အနာဂတ်တစ်ခုကို အတူတူလေ့လာကြရအောင်။ 🌿

🚀 ကဲ ဒါဆို Circular Economy အကြောင်း အခြေခံကနေ စတင်လေ့လာချင်တယ်ဆိုရင် အခုပဲ Register လုပ်လိုက်ပါနော်!
🔗 စာရင်းပေးသွင်းရန်လင့်-
https://forms.gle/NASgAZvKcvR1wVacA
—-------------------------------------------------------------------------------------------
English Version

SustainX Training 2
"Introduction to Circular Economy"

This time, we would like to introduce the trainer who will lead and share knowledge in "Introduction to Circular Economy."

Our Trainer is Ms. Yoon Nandar Khaing.

She is currently studying for a Bachelor of Laws at Universitas Airlangga in Indonesia with a EMPM Scholarship. She has also participated in discussions on Climate Change and Disaster Prevention in Japan. In addition, she participated in the Rainforest Youth Summit in Malaysia.
She is also actively involved in activities related to environmental protection and sustainability. She was also selected by WEDU as an Asia Rising Star (Women Changemaker). In addition, she was selected to study Smart Writing at the University of Antwerp, Belgium, in 2026.

With her experience in environmental and sustainability-related activities, let’s learn about Circular Economy together and explore how we can connect and apply it to our daily lives.

See you at SustainX Training 2! 🌱
📅 Training Date: 26 September 2026 (Saturday)
🕖 Time: 7:00 PM – 8:30 PM (Myanmar Time)
💻 Format: Online (Zoom Platform)
📅 Registration Deadline: 25 September 2026
Let's learn together about a future where we can reuse waste and create new value!

If you want to start learning about it, register now!
🔗 Registration Link:
https://forms.gle/NASgAZvKcvR1wVacA

Address

Kamayut Township
Yangon
11041

Alerts

Be the first to know and let us send you an email when Environment, Health and Safety Myanmar - EHS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Environment, Health and Safety Myanmar - EHS Myanmar:

Shortcuts

Share