12/05/2026
❝Cold War ဆိုတာ ဘာလဲ? ဘာကြောင့် “စစ်မတိုက်ဘဲ” ကမ္ဘာကြီးတင်းမာနေခဲ့တာလဲ? ❞
GED Social Studies ရဲ့ US History မှာ မကြာခဏတွေ့ရတဲ့ Cold War အကြောင်းကို ဒီနေ့ လေ့လာကြည့်ရအောင်။
Cold War ဆိုတာ USA နဲ့ Soviet Union (USSR) တို့ တိုက်ရိုက် စစ်မဖြစ်ပေမယ့် နိုင်ငံရေး၊ စစ်ရေး၊ နည်းပညာ၊ အာကာသ စတဲ့နေရာတွေမှာ အင်အားပြိုင်နေခဲ့တဲ့ ကာလကို ခေါ်တာပါ။
အဲ့ဒီ tension ကြီးကို ဖြစ်စေခဲ့တဲ့ အဓိက အကြောင်းရင်း (၃) ချက်ကတော့
1️⃣ Capitalism vs Communism
USA က Capitalism စနစ်ကို အသုံးပြုပြီး၊ USSR က Communism စနစ်ကို အသုံးပြုခဲ့ပါတယ်။
နှစ်နိုင်ငံလုံးက ကိုယ့်စနစ်က ကမ္ဘာအတွက် အကောင်းဆုံးလို့ ယုံကြည်ကြပြီး တခြားနိုင်ငံတွေကိုပါ ကိုယ့်ဘက်ပါလာအောင် ကြိုးစားခဲ့ကြပါတယ်။ ဒီ ideology conflict က Cold War ရဲ့ အဓိက root cause ပါပဲ။
2️⃣ Nuclear Arms Race
World War 2 ဖြစ်ပြီးနောက်ပိုင်းမှာ Nuclear Weapons တွေကို နှစ်နိုင်ငံလုံး အပြိုင်အဆိုင် တိုးချဲ့တည်ဆောက်လာကြပါတယ်။
ဘယ်သူက ပိုအားကြီးလဲ ဆိုတဲ့ fear နဲ့ mistrust ကြောင့် Nuclear Bomb တွေ ပိုပိုများလာပြီး ကမ္ဘာကြီးတစ်ခုလုံး tension အပြည့် ဖြစ်လာခဲ့ပါတယ်။
3️⃣ Space Race
Cold War က စစ်ရေးတင်မဟုတ်ဘဲ Technology နဲ့ Space Exploration အထိ ရောက်ခဲ့ပါတယ်။
USSR က Sputnik Satellite ကို ပထမဆုံးလွှတ်တင်ပြီးနောက် USA ကလည်း NASA ကို တည်ထောင်ကာ Moon Landing အထိ အပြိုင်ကြိုးစားခဲ့ပါတယ်။
ဒီ competition တွေက Cold War tension ကို ပိုကြီးမားလာစေခဲ့ပါတယ်။
ဒီလိုနဲ့ USA နဲ့ USSR ကြားက conflict တွေက Korean War, Vietnam War, Cuban Missile Crisis စတဲ့ events တွေအထိ ဆက်လက်ဖြစ်ပေါ်လာခဲ့တာပါ။
ဒီလောက်ဆိုရင် Cold War အကြောင်း သိလောက်ပြီထင်ပါတယ်။
Here Youths တွင် ဖွင့်လှစ်ထားသော GED, General English Class, Duolingo English Class အပြင် GED စာမေးပွဲအတွက် လိုအပ်သမျှ အကုန်တာဝန်ယူပေးမယ့် GED Exam All-in-one Service များအကြောင်းကို အသေးစိတ်သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များ သို့မဟုတ် Page Messenger မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် -
☎️ 09 758 189 023
☎️ 09 769 202 747
📩 Telegram -