【The Work That Reconnects】
THE WORK THAT RECONNECTS IS A FORM OF GROUP WORK DESIGNED TO FOSTER THE DESIRE AND ABILITY TO TAKE PART IN THE HEALING OF OUR WORLD. Since its inception in the late 1970’s, it has helped countless thousands of people around the globe find solidarity and courage to act, despite political turmoil and rapidly worsening social and ecological conditions. This work is also kn
own as Deep Ecology Work (in Germany, Russia, Ukraine, and Kazakhstan), Active Hope (in Japan) and Despair and Empowerment Work (as it was known in its first years). This work can be done alone and has enriched many individual lives, but it is designed especially for groups. Its effect is deeper and more enduring when experienced interactively with others, for its approach is improvisational and its impact is synergistic.
【JOANNA MACY】
JOANNA MACY PH.D, AUTHOR & TEACHER, IS A SCHOLAR OF BUDDHISM, SYSTEMS THINKING AND DEEP ECOLOGY. A RESPECTED VOICE IN MOVEMENTS FOR PEACE, JUSTICE, AND ECOLOGY, SHE INTERWEAVES HER SCHOLARSHIP WITH LEARNINGS FROM SIX DECADES OF ACTIVISM. https://www.joannamacy.net/main
【‘ပြန်လည်ချိတ်ဆက်မှု လုပ်ဆောင်ချက်များ’】
‘ပြန်လည်ချိတ်ဆက်မှု လုပ်ဆောင်ချက်များ’ ဟာ အုပ်စုဖွဲ့လုပ်ရတဲ့ လုပ်ဆောင်ချက်များဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးကို ကုစားတဲ့နေရာမှာပါဝင်ဖို့ စိတ်ဆန္ဒ နဲ့ စွမ်းရည်ကို အားပေးအားမြှောက်ပြုဖို့ ဒီဇိုင်းဆွဲထားပါတယ်။
ဒီလုပ်ဆောင်ချက်များကို ၁၉၇၀နှစ်များနှောင်းပိုင်းကတည်းက စတင်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက မရေမတွက်နိုင်တဲ့ လူထောင်ပေါင်းများစွာကို ကူညီခဲ့ပြီး အလျင်အမြန်ပိုမိုဆိုးရွားလာတဲ့ လူမှုရေး နဲ့ ဂေဟဗေဒဆိုင်ရာ အခြေအနေတွေရှိသည့်တိုင်အောင် စည်းလုံးညီညွတ်မှု နဲ့ လုပ်ရဲတဲ့သတ္တိကို ရှာတွေ့စေခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်များဟာ နက်ရှိုင်းတဲ့ဂေဟဗေဒအလုပ်အဖြစ် ( ဂျာမနီ၊ ရုရှား၊ ယူကရိန်း နှင့် ကာဇက်စတန် နိုင်ငံများတွင်လည်းကောင်း)၊ ရှင်သန်နေတဲ့မျှော်လင့်ချက် အဖြစ် (ဂျပန်နိုင်ငံတွင်လည်းကောင်း) ပြီးနောက် စိတ်ပျက်ခြင်း နဲ့ စိတ်ဓာတ်ခွန်အားပေးခြင်းအလုပ် အဖြစ် (ကနဦးကာလများတွင် လည်းကောင်း) သိကြပါတယ်။
ဒီလုပ်ဆောင်ချက်များဟာ အုပ်စုလိုက် လုပ်ဆောင်ဖို့ ဒီဇိုင်းဆွဲထားပေမယ့် တယောက်တည်းနဲ့ ပြီးမြောက်အောင် လုပ်လို့ရပြီး လူတဦးချင်းစီရဲ့ ဘဝတွေကို ပြောင်းလဲစေပါတယ်။ အဲဒီလုပ်ဆောင်ချက်များရဲ့ သက်ရောက်မှုဟာ အခြားလူများနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေ့ကြုံတဲ့အခါ ပိုမိုနက်ရှိုင်းပြီး ပိုရှည်ကြာပါတယ်။ ဒီလုပ်ဆောင်ချက်ရဲ့ ချဉ်းကပ်မှုနည်းလမ်းဟာ ကြိုတင်မပြင်ဆင်ဘဲ လုပ်ရတာဖြစ်ပြီး ရလဒ်ဟာလည်း စုပေါင်းအင်အားနဲ့ရရှိစေပါတယ်။
【ဂျိုအန်နာ မေစီ အကြောင်း】
ပါရဂူဘွဲ့ရ၊ စာရေးဆရာ နဲ့ ဆရာတစ်ဦးဖြစ်သူ ဂျိုအန်နာမေစီဟာ ဗုဒ္ဓဝါဒ၊ အတွေးစနစ်များ နဲ့ နက်ရှိုင်းသောဂေဟဗေဒ ပညာရှင်တဦးဖြစ်ပါတယ်။ သူမသည် ငြိမ်းချမ်းရေး၊ တရားမျှတမှု နဲ့ ဂေဟဗေဒ လှုပ်ရှားမှုများမှာ လူသိများလေးစားခံရသူဖြစ်ပြီး သူမရဲ့လေ့လာမှုနယ်ပယ်ကို ဆယ်စုနှစ်ခြောက်စုတာ တက်ကြွလှုပ်ရှားမှုအတွေ့အကြုံများနှင့် ဖြည့်စွက်ထားပါတယ်။
https://www.joannamacy.net/main