ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

  • Home
  • Myanmar
  • Yangon
  • ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း Community Organization

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ (၈/၂၀၂၆ )ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို(၂၈.၈.၂...
29/08/2026

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ (၈/၂၀၂၆ )ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို(၂၈.၈.၂၀၂၆)ရက်နေ့၊ နေ့လည်(၁:၀၀)
နာရီတွင်ရန်ကုန်တိုင်းကျောက်မျက်အသင်းးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အသင်းဥက္ကဌ၊ အသင်းအကြံပေးများ၊ စီခန့်ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကကျင်းပပြီးစီးခဲ့သော ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲ-၂၀၂၆ ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းမှာအလုပ်အမှုဆောင်များရဲ့စည်းလုံးညီညွတ်စွာကော်မတီများဖွဲ့စည်းလုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ကျေးဇူးတင်ဂုဏ်ယူပါကြောင်းပြောကြားခဲ့ပါသည်။
ပြပွဲနှင့်ပတ်သက်ပြီးကော်မတီများအလိုက်ရှင်းလင်းသုံးသပ်တင်ပြခဲ့ကြပါတယ်။
ဆက်လက်ပြီးအသင်းသက်တမ်း(၁၀)နှစ်ပြည့်အခမ်းအနားကိုလဲခမ်းနားကြီးကျယ်စွာကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် ကျင်းပမည့်ရက်သတ်မှတ်ခြင်းနှင့်နေရာစီစဉ်ခြင်း၊ ထည့်သွင်းမည့်အစီအစဉ်များဆွေးနွေးခြင်း၊ တို့ကိုဆွေးနွေးခဲ့ကြပြီး
စတုတ္တသက်တမ်းအလုပ်အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားအတွက်လိုအပ်သည့်အစီအစဉ်များစီစဉ်ထားရှိရန်လိုအပ်ကြောင်းနှင့် ရွေးချယ်တင်မြှောက်ရေးကော်မရှင်နှင့်အထောက်အကူပြုကော်မတီတို့ကိုဖွဲ့စည်းဆောင်ရွက်ထားရန်အတွက်ဆွေးနွေးခဲ့ကြပြီးညနေပိုင်းတွင်အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း


“ကျေးဇူးတင်လွှာ”ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြ...
25/08/2026

“ကျေးဇူးတင်လွှာ”

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအရောင်းပြပွဲ-၂၀၂၆”
5th Yangon International Gems & Jewellery Fair 2026 တွင်ထည့်သွင်းကျင်းပသည့်အသင်းသက်တမ်း
(၁၀)နှစ်ပြည့်အထိမ်းအမှတ်လက်ဝတ်ရတနာဒီဇိုင်းပြိုင်ပွဲ
Jewellery Design နှင့်ခဲဖြင့်ရေးဆွဲသည့် Sketch Design ပြိုင်ပွဲကိုကျင်းပနိုင်ရန်အတွက် “အကဲဖြတ်အမှတ်ပေးနှင့်ဆုရွေးချယ်ရေးအဖွဲ့” တွင်အချိန်ပေးကူညီဆောင်ရွက်ပေးခဲ့ကြပါသော ပညာရှင်
၁။ ဦးမြတ်ထွန်းအောင် (ပါမောက္ခ၊ ပန်းချီပညာဌာန၊ အနုပညာတက္ကသိုလ်)
၂။ ဦးမြကျော်(ဒီဇိုင်းနှင့် ပန်းထိမ်ပညာရှင်)
၃။ ဦးဥက္ကာကျော်( Masterpiece of Jewellery Design Professional)
၄။ ဦးအောင်မြင့်စိုး(ခ) ကိုပေါက်( Gold Angel အရောင်တင်ပညာရှင်)
၅။ ဒေါ်ချိုဇင်လတ်( Jewellery Design Center) တို့အား
ဒီဇိုင်းပြိုင်ပွဲကျင်းပရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဒီဇိုင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ
ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း





PEOPLE CHOICE AWARDရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်...
21/08/2026

PEOPLE CHOICE AWARD

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအရောင်းပြပွဲ-၂၀၂၆”
5th Yangon International Gems & Jewellery Fair 2026 တွင် ထည့်သွင်းကျင်းပခဲ့သည့်အသင်းသက်တမ်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်Sketch design ပြိုင်ပွဲကိုထည့်သွင်းကျင်းပခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုအပြင် ပြပွဲ(၄)ရက်တာကာလအတွင်း လာရောက်ကြသည့်Visitor
များမှပေးသည့် People Choice Award ဆုပေးအပ်ခဲ့ရာ လူကြိုက်အများဆုံးဆုကို
မသော်တာပြည့်ဖြိုးသူ ရေးဆွဲသည့် “ Beautiful Wild Nature” အမည်ဖြင့်ရေးဆွဲထားသည့် Sketch design သည် လူကြိုက်အများဆုံး ဖြစ်ခဲ့သည့်အတွက် အသင်းကြီးမှ
မှတ်တမ်းတင်ဂုဏ်ပြအပ်ပါသည်။

ဒီဇိုင်းပြိုင်ပွဲကျင်းပရေးကော်မတီ

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

“ကျေးဇူးတင်လွှာ”ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြ...
21/08/2026

“ကျေးဇူးတင်လွှာ”

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအရောင်းပြပွဲ-၂၀၂၆”
5th Yangon International Gems & Jewellery Fair 2026 တွင် ဝယ်ယူသည့် Customer များလွယ်ကူမှန်ကန်စွာဝယ်ယူနိုင်စေရန်ရည်ရွယ်၍ အသင်းမှပညာရှင်အကြံပေးများမှ ပြပွဲ(၄)ရက်တာကာလအတွင်းအလှည့်ကျတာဝန်ယူစစ်ဆေးပေးခဲ့သည့်အတွက်ဝယ်ယူသူများအနေဖြင့်များစွာအဆင်ပြေ
ခဲ့ပါသည်။
ပြပွဲရက်များအတွင်းတာဝန်ယူစစ်ဆေးပေးခဲ့ကြသော
(၁) ဆရာဦးကျော်ဝဏ္ဏ(FGA Gem Testing Laboratory)
(၂) Dr. ကျော်သူ( S Gemmological Institute)
(၃) ဦးကျော်စွာထွန်း( AGGL)
(၄) ဦးဘုန်းဖြိုးကံညွန့် ( HGL Hphone Gem Lab)တို့အား
လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အရည်အသွေးစစ်ဆေးခြင်းနှင့်ကျောက်မျက်ဓါတ်ခွဲခန်းကော်မတီ

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

“ကျေးဇူးတင်လွှာ”ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြ...
18/08/2026

“ကျေးဇူးတင်လွှာ”

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအရောင်းပြပွဲ-၂၀၂၆”
5th Yangon International Gems & Jewellery Fair 2026 တွင်ထည့်သွင်းကျင်းပခဲ့သော ပညာရပ်ဆိုင်ရာဟောပြောပွဲနှင့် ပညာရပ်ဆိုင်ရာစကားဝိုင်းတို့ကို ကျင်းပပြုလုပ်ခဲ့ရာ “ပညာရပ်ဆိုင်ရာဟောပြောပွဲ”ကိုနိုင်ငံတကာကျောက်မျက်ပညာရှင် Guild Gems of Laboratories မှ Senior Vice President Mr. Andrew Lucas မှ “Global Emerald supply Chain and Market Update “ခေါင်းစဉ်ဖြင့်ဟောပြောပို့ချခဲ့ပြီး ပညာရပ်ဆိုင်ရာစကားဝိုင်းကို “From Myanmar’s Natural Resources to Global Jewellery Brands: Building a Competitive Industry Together “ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ Moderator အဖြစ်
ဦးဇင်အောင်၊ Panelist များအဖြစ် ဒေါ်ငြိမ်းယုသာ၊ ဒေါ်သီရိမွန်မွန် နှင့် ဦးဥက္ကာ တို့မှ ပါဝင်ဆွေးနွေးပေးခဲ့ပါသည်။
ဆွေးနွေးပွဲအပြီးအမေး၊ အဖြေကဏ္ဍကိုထည့်သွင်းဖြေကြားပေးခဲ့သည့်အတွက် အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါသည်။
ပညာရပ်ဆိုင်ရာ ဟောပြောပို့ချပေးခဲ့သည့် Mr. Andrew Lucas နှင့်ပညာရပ်ဆိုင်ရာစကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းဂုဏ်ယူစွာဖြင့်မှတ်တမ်းတင်အပ်ပါသည်။
ပညာရပ်ဆိုင်ရာဟောပြောပွဲဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှကူညီပေးခဲ့ကြသူအားလုံးနှင့်ကော်မတီဝင်များကိုလဲကျေးဇူးအထူးတင်ရှိပါသည်။
အခမ်းအနားမှူးအဖြစ်ကူညီဆောင်ရွက်ပေးခဲ့တဲ့ မလှယမင်းအိမ်နှင့် မမှူးပိုမိုတို့ကိုလဲကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။

ပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပရေးကော်မတီ

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

ကံစမ်းမဲ(Lucky Draw)ကံထူးရှင်များစာရင်းကြေညာခြင်းရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပ...
12/08/2026

ကံစမ်းမဲ(Lucky Draw)ကံထူးရှင်များစာရင်းကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့်”ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲ ၂၀၂၆” တွင်လာရောက်ဝယ်ယူသူ Buyer များအားကံစမ်းမဲရွေးချယ်ပေးအပ်ရေးနှင့်အခွန်ကြီးကြပ်မှုကော်မတီမှမည်သည့်အရောင်းဆိုင်တွင်မဆို ကျပ်သိန်း(၂၀)ဖိုး ဝယ်ယူလျှင်
ကံစမ်းမဲလက်မှတ်( Lucky Draw Coupon) တစ်စောင်စီ ကံစမ်းနိုင်ရန်ပေးအပ်ခဲ့ပါသည်။
ထိုကံစမ်းမဲလက်မှတ်များထဲမှ ကံထူးရှင်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ အမည်။ ။ မအေးသီရိ
ဝယ်ယူသည့်ဆိုင်။ ။ ရတနာစံအိမ်
ရရှိသည့်ဆု ။ ။ ပထမဆု

၂။ အမည် ။ ။ကိုရှိုင်းလေး
ဝယ်ယူသည့်ဆိုင်။ ။ Diamond Mart
ရရှိသည့်ဆု ။ ။ ဒုတိယဆု

၃။ အမည်။ ။ မတင်ဇာ
ဝယ်ယူသည့်ဆိုင် ။ ။ သိင်္ဂီမြန်မာ
ရရှိသည့်ဆု။ ။ တတိယဆု

၄။ အမည်။ ။ ဦးစိန်ခိုင်
ဝယ်ယူသည့်ဆိုင်။ ။ The Royal Burmese
ရရှိသည့်ဆု။ ။ နှစ်သိမ့်ဆု

၅။ မမိုး (Empress Moe)
ဝယ်ယူသည့်ဆိုင်။ ။ Gemspire
ရရှိသည့်ဆု ။ ။ နှစ်သိမ့်ဆု

၆။ အမည်။ ။မအိရွှေစင်ဝင်း
ဝယ်ယူသည့်ဆိုင်။ ။ Nyo Diamond
ရရှိသည့်ဆု ။ ။ နှစ်သိမ့်ဆု

အဆိုပါကံထူးရှင်များအား မကြာခင်ကျင်းပတော့မည့်
အသင်းတည်ထောင်ခြင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ် ညစာ စားပွဲအခမ်းအနားတွင် ဆုပေးအပ်သွားမည်ဖြစ်ပါသည်။

ကံစမ်းမဲရွေးချယ်ပေးအပ်ရေးနှင့်အခွန်ကြီးကြပ်မှုကော်မတီ
ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၆)ရက်မှ (၉)ရက်နေ့အထိကျင်းပခဲ့သည့်အ...
12/08/2026

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍
၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၆)ရက်မှ (၉)ရက်နေ့အထိကျင်းပခဲ့သည့်
အသင်းတည်ထောင်ခြင်း (၁ဝ)နှစ်ပြည့်အထိမ်းအမှတ်
“ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲ၂၀၂၆"
"5th Yangon International Gems & Jewellery Fair 2026"
ပြပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးပါသော .....
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့်
မြန်မာ့ကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့(Myan Trade)မှ ညွှန်ကြားရေးမှူးချုပ်နှင့်
ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင်များ၊ Exclusive Sponsor & Banking Partner အဖြစ်ပါဝင် ကူညီပေးပါသော
CB Bank ဥက္ကဋ္ဌကြီးအားလည်းကောင်း၊ ဖွင့်ပွဲအခမ်းအနားအား တက်ရာက်ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးပါသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊
ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ဒုတိယဥက္ကဋ္ဌ၊ “မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံရုံးဒုတိယအကြီးအကဲ (Minister-Counselor) မစ္စတာ Jia Junjie” မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(နေပြည်တော်)၊ ဒုတိယဥက္ကဋ္ဌ၊
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာ
Myanmar Trade Center မှတာဝန်ရှိလူကြီးများအား
လည်းကောင်း၊ အခမ်းအနားသို့ တက်ရာက်ပေးပါသောသံရုံးအသီးသီးမှ
သံအမတ်ကြီးများနှင့် ဇနီးများ၊ စီးပွားရေး ကောင်စစ်ဝန်များနှင့်ဇနီးများ၊ သံရုံးဝန်ထမ်းများနှင့်
မိသားစုဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဂုဏ်သရေရှိဧည့်သည်တော်များအားလည်းကောင်း အသင်းမှ နာယကကြီးများ၊ ဂုဏ်ထူးဆောင်အကြံပေး၊ အသင်းသားအကြံပေးများနှင့် ကျောက်မျက်ပညာရှင်အကြံပေးများအားလည်းကောင်း၊
ပြပွဲကာလအတွင်း အကောင်းဆုံး ဝန်ဆောင်မှုပေးပါသော Lotte Hotel, Yangonမှ မန်နေဂျာနှင့်ဝန်ထမ်းများ၊
ပြပွဲအခမ်းအနားအတွက် ထည်ဝါဆန်းသစ်တဲ့ မုခ်ဦးပုံစံနှင့် ပြခန်းပုံစံအား ပြပွဲဗဟိုကော်မတီရဲ့ စိတ်ကူးပုံရိပ်များအတိုင်း လိုချင်သလိုတည်ဆောက်ပေးပါသော ပစ်တိုင်းတောင်ကုမ္ပဏီအားလည်းကောင်း၊ အရောင်းဆိုင်ခန်း(Booth)များ တည်ဆောက်ပေးပါသော Pico Myanmar Co., ltd အားလည်းကောင်း၊
ပြပွဲအတွင်းလှပဆန်းသစ်တဲ့ အရောင်းပြခန်းများ ပုံဖော်ခင်းကျင်း ရောင်းချပေးပါသော အရောင်းဆိုင်ရှင် (Exhibitor)များနှင့် ဝန်ထမ်းများ၊ အသင်းမှကျင်းပပြုလုပ်ခဲ့တဲ့ Jewellery Design ပြိုင်ပွဲနှင့် Sketch Design ပြိုင်ပွဲဝင်များ၊ ပြပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာကဏ္ဍမှပါဝင် အားဖြည့်ပေးကူညီပေးပါသော အသင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းဝင်၊ အသင်းသားများနှင့်ပြပွဲကြီးသို့ လာရောက်ဝယ်ယူ အားပေးကြပါသော ပြည်တွင်း၊ပြည်ပမှ Buyer များ၊ Visitorများ၊ Volunteerများနှင့် ကျေးဇူတင်ထိုက်သူ အားလုံးကို
လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ယူစွာဖြင့်
မှတ်တမ်းတင်အပ်ပါသည်။

ပြပွဲဖြစ်မြောက်ရေးဗဟိုကော်မတီ
ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

YGJEA Yangon Gems & Jewellery Entrepreneurs Association ကမွေးဖွားလာတဲ့YGJFYangon Gems & Jewellery FairYGJF ကနေထပ်မံမွေးဖ...
11/08/2026

YGJEA
Yangon Gems & Jewellery Entrepreneurs Association ကမွေးဖွားလာတဲ့
YGJF
Yangon Gems & Jewellery Fair
YGJF ကနေထပ်မံမွေးဖွားလိုက်တဲ့
MIGA
Myanmar Integrated Gems Auction
MIGA ကျောက်မျက်လေလံပွဲအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ
MIGA Team Fighting👍

Welcome to “Myanmar Integrated Gems Auction”
09/08/2026

Welcome to “Myanmar Integrated Gems Auction”

ကျောက်မျက်ရတနာချစ်မြတ်နိုးတဲ့မိတ်ဆွေများဒီနေ့ 9th Aug, 20265th YGJF 2026 ပြပွဲကြီးရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်ပြပွဲကြီးကို ...
09/08/2026

ကျောက်မျက်ရတနာချစ်မြတ်နိုးတဲ့မိတ်ဆွေများ
ဒီနေ့ 9th Aug, 2026
5th YGJF 2026 ပြပွဲကြီးရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်
ပြပွဲကြီးကို အရောက်လှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်
Registration Counter ကအဆင်သင့်စောင့်ကြိုနေပါတယ်။

Welcome to 5th YGJF 2026

Address

No. 232, Orchid Condo, Ahlone Road
Yangon
11143

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00

Telephone

+959262766656

Website

Alerts

Be the first to know and let us send you an email when ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း:

Shortcuts

Share