Youth Centre

Youth Centre Low Cost _ High Value Education Service Centre

Smart Youth , Smart Society with YC

YC Level 1 (Batch-51/52/53/54) Final Day ❤Thank you all Our YCers💖YC နှင့်အတူ ၂လတာ Learning Journey လေးကို အဆုံးထိ လျှော...
06/10/2026

YC Level 1 (Batch-51/52/53/54) Final Day ❤

Thank you all Our YCers💖

YC နှင့်အတူ ၂လတာ Learning Journey လေးကို အဆုံးထိ လျှောက်လှမ်းခဲ့ကြတဲ့ YC Level 1 (Batch 51-54) မှ YCersများအားလုံးကို ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။

သင်တန်းကာလ တစ်လျှောက်လုံးမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ အသိပညာကို တန်ဖိုးထားပြီးလေ့လာခဲ့ကြတဲ့ YCer တွေအားလုံးကိို အသိအမှတ်ပြုဂုဏ်ယူပါတယ်ခင်ဗျာ။

YC Level 1 (YC_Youth Development Program)မှ အသိပညာများကို အသုံးချပြီး ပိုမိုကောင်းမွန်သော အနာဂတ်တွေကို ဖော်ဆောင်နိုင်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။✨

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း ငါးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Level 2 Batch( 1 to 3 ), YCR Batch ( 1 to 7 ), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

YCers တို့ချစ်ရတဲ့ တီချယ်ဝတ်ရည်အတွက် ဒီနေ့ Teacher’s Day မှာ ကိုယ်စီရင်ထဲမှာရှိတဲ့ အမှတ်တရလေးတွေ၊ ကျေးဇူးတင်စကားလေးတွေ၊ ...
05/10/2026

YCers တို့ချစ်ရတဲ့ တီချယ်ဝတ်ရည်အတွက် ဒီနေ့ Teacher’s Day မှာ ကိုယ်စီရင်ထဲမှာရှိတဲ့ အမှတ်တရလေးတွေ၊ ကျေးဇူးတင်စကားလေးတွေ၊ ချစ်ခြင်းမေတ္တာလေးတွေကို ပြောပြပေးကြရအောင်ခင်ဗျာ။ 🫶🏻

တီချယ်နဲ့တွေ့ဆုံခဲ့ရတဲ့အချိန်တွေထဲက
မမေ့နိုင်တဲ့အမှတ်တရတစ်ခုဖြစ်ဖြစ်၊
တီချယ်ဆီက သင်ယူခဲ့ရတဲ့အရာတစ်ခုဖြစ်ဖြစ်၊
ဒါမှမဟုတ် တီချယ်ကို ပြောချင်နေတဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ်—

💌 Comment လေးကနေ မျှဝေပေးခဲ့ပါအုံးခင်ဗျာ။

YCers တို့ရဲ့ စကားလေးတွေက
တီချယ်ဝတ်ရည်အတွက် ဒီ Teacher’s Day ရဲ့ အလှဆုံးအမှတ်တရလေးတစ်ခု ဖြစ်လာမှာပါ။ 🌷✨

YCers တို့ရဲ့ ရင်ထဲက စကားလေးတွေကို စောင့်မျှော်နေပါတယ်ခင်ဗျာ။ 🤍

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

နောက် ၅ နှစ်မှာ ကိုယ့်အနေနဲ့ ဘယ်အခြေအနေကို ရောက်နေမလဲဆိုတာ ဘယ်လို ဆန်းစစ်လို့ရနိုင်မလဲ❓လူတော်တော်များများမှာ ကိုယ်ပိုင်အ...
04/10/2026

နောက် ၅ နှစ်မှာ ကိုယ့်အနေနဲ့ ဘယ်အခြေအနေကို ရောက်နေမလဲဆိုတာ ဘယ်လို ဆန်းစစ်လို့ရနိုင်မလဲ❓

လူတော်တော်များများမှာ ကိုယ်ပိုင်အိပ်မက်တွေ၊ ကြီးမားတဲ့ ပန်းတိုင်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီပန်းတိုင်ကို ဘာကြောင့် မရောက်သေးတာလဲဆိုပြီး ပြန်တွေးကြည့်စေချင်ပါတယ်။ တကယ်တော့ ပန်းတိုင်နဲ့ ဝေးနေရခြင်းရဲ့ အဓိကအကြောင်းရင်းက ကိုယ်နေ့စဉ် အာရုံစိုက်လုပ်ကိုင်နေတဲ့ Priorities တွေကလွှဲနေလို့ဖြစ်ပါတယ်။ 😥

လူတစ်ယောက်ရဲ့ ဘဝမှာ အချိန်နဲ့ စွမ်းအင်ဆိုတာ ကန့်သတ်ချက် ရှိပါတယ်။ ဒါကြောင့် ကိုယ်ရောက်ချင်တဲ့ အောင်မြင်တဲ့နေရာကို တကယ် ပို့ပေးနိုင်မယ့် အရာတွေကိုပဲ ဦးစားပေးထားတတ်ဖို့က အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဦးစားပေးသတ်မှတ်ချက်တွေ လွှဲမှားနေမယ်ဆိုရင်တော့ ကိုယ်မျှော်မှန်းထားတဲ့ ဘဝလမ်းကြောင်းကလည်း တဖြည်းဖြည်းနဲ့ လွှဲဖယ်သွားတတ်ပါတယ်။

ဒါကြောင့် ကိုယ်နေ့စဉ်လုပ်နေတဲ့ အရာတွေ, ဖြတ်သန်းနေတဲ့ ပုံစံတွေက ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ဆီကို တကယ်ပဲ ပို့ဆောင်ပေးနေတဲ့ အလုပ်တွေဟုတ်ရဲ့လားဆိုတာကို ခဏလောက် ရပ်ပြီး ပြန်စစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်။ 🌟

တကယ်တော့ ကိုယ်တစ်နေ့ ဘယ်လိုနေရာကို ရောက်သွားမလဲဆိုတာ သိဖို့အတွက် ဘယ်သူ့ကိုမှ သွားမေးစရာ လုံးဝမလိုပါဘူး။ အဲ့ဒီအဖြေကို သိနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အမှန်ကန်ဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။ အဲ့တာကတော့ ကိုယ်လက်ရှိ နေ့စဉ်ပုံမှန်လုပ်နေတဲ့ အလုပ်တွေကို ဒီပုံစံအတိုင်း (၅) နှစ်တိတိ ဆက်လုပ်သွားမယ်ဆိုရင် ကိုယ်ဟာ ဘယ်လိုလူတစ်ယောက် ဖြစ်သွားမလဲဆိုတာကို ကိုယ်တိုင်တွက်ချက်ကြည့်ဖို့ပါပဲ။

အဲ့ဒီလို ကိုယ့်ရဲ့ လက်ရှိလုပ်ရပ်တွေကြောင့် နောင် ၅ နှစ်မှာ ဖြစ်လာမယ့်ပုံစံက ကိုယ်တကယ်ဖြစ်ချင်တဲ့၊ အိပ်မက်မက်တဲ့ ပုံစံမျိုး ဖြစ်နေပြီလား။ ဖြစ်နေတယ်ဆိုရင် ဒီအတိုင်းလေး ဆက်ပြီး ကြိုးစားသွားလို့ရပါတယ်။ ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာနဲ့ တကယ်ဖြစ်လာမယ့် အခြေအနေက ကွာဟနေတယ်၊ လွဲချော်နေတယ်ဆိုရင်တော့ ကိုယ်လက်ရှိ ပေးနေတဲ့ ဦးစားပေးမှုတွေကို အမြန်ဆုံး ပြောင်းလဲပြင်ဆင်ဖို့တော့ လိုပါလိမ့်မယ်။ 🍀

Reference from Tr.Wyutyee's Talk (Source: YC_Youth Development Program)

Tr.Wyutyee (MBA, UK)
Founder of Youth Centre,
Youth Development Trainer,
Business Coach & Consultant

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

Q :  ခွင့်လွှတ်တာနဲ့ အောင့်ထားတာ (တေးထားတာ) ရဲ့ ကွာခြားချက်က ဘယ်လိုမျိုးလဲ❓ခွင့်လွှတ်တယ်ဆိုတာ ကိုယ်လွတ်လပ်ဖို့ ခွင့်လွှတ...
03/10/2026

Q : ခွင့်လွှတ်တာနဲ့ အောင့်ထားတာ (တေးထားတာ) ရဲ့ ကွာခြားချက်က ဘယ်လိုမျိုးလဲ❓

ခွင့်လွှတ်တယ်ဆိုတာ ကိုယ်လွတ်လပ်ဖို့ ခွင့်လွှတ်လိုက်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အကုန်လွှတ်ချလိုက်တာပါပဲ။

တေးထားတယ်ဆိုတာကတော့ အခွင့်မသာသေးလို့ တစ်နေ့နေ့မှာ ပြန်လုပ်ဖို့ စောင့်နေတာမျိုးဖြစ်ပါတယ်။ အခွင့်သာရင် လက်စားချေမယ်၊ ပြန်လုပ်မယ်ဆိုတာက ရင်ထဲမှာ အစိုင်အခဲတစ်ခုကို သိမ်းဆည်းထားတာနဲ့ အတူတူဖြစ်ပါတယ်။

အဲ့ဒါက အမုန်းတရားလိုမျိုး အရာဖြစ်တဲ့အတွက် သိမ်းဆည်းထားတိုင်းမှာ ကိုယ့်ကိုကိုယ်ပဲ အဆိပ်သင့်စေတယ်။ ကိုယ့်အတွက် ဘယ်တော့မှ ကောင်းတဲ့အရာတွေ ပေးမှာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် ဒါဟာ ဒေါသဖြစ်လို့ ဒေါသဆိုတာက ဘယ်တော့မှ ကောင်းတဲ့အရာတွေကို ဖြစ်စေမှာ မဟုတ်ပါဘူး။ 💔

ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာက သူတစ်ပါးကို ကျေအေးပေးလိုက်တာထက် ကိုယ့်ဆီကနေ အဲ့ဒီအညစ်အကြေးတွေကို ဖယ်ရှားလိုက်တာပါ။ သူ့ရဲ့အမှားတွေအတွက် ကိုယ်က ဒဏ်ရာဆက်မခံရအောင် ကိုယ်လွတ်လပ်ဖို့ ကိုယ်တိုင်ရွေးချယ်လိုက်တာလို့ သဘောထားသင့်ပါတယ်။ ✨❤️

Reference from Tr.Wyutyee’s Talk (Source: YC_Youth Development Program)

Tr.Wyutyee (MBA, UK)
Founder of Youth Centre,
Youth Development Trainer,
Business Coach & Consultant

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

October လမှာ ကျရောက်တဲ့ မွေးနေ့ရှင် YC Team Member တို့ရဲ့ မွေးနေ့ကို Youth Centre ကနေ ဂုဏ်ပြုပေးလိုက်ရပါတယ်။ ✨❤️YC ရဲ့ ...
02/10/2026

October လမှာ ကျရောက်တဲ့ မွေးနေ့ရှင် YC Team Member တို့ရဲ့ မွေးနေ့ကို Youth Centre ကနေ ဂုဏ်ပြုပေးလိုက်ရပါတယ်။ ✨❤️

YC ရဲ့ Video Editing Team မှာ Team Leader Role ကို သေချာပိုင်နိုင်စွာတာဝန်ယူထားသော ကျွန်တော်တို့ရဲ့ ဂျာခန့် ခန့်ကုဋေခင် (Khant Katae Khin)၊

YC ရဲ့ အတန်း Management, Page Reply နဲ့ YC Page Team Leader Role တွေကို ပိုင်နိုင်စွာ တာဝန်ယူထားတဲ့ ကျွန်တော်တို့ ဂျာနွေး နွေးရတနာဝေ (Nway Yadanar Wai)၊

YC ရဲ့ Finance Team Leader တစ်ဦးအဖြစ် Leading လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ ဂျာရှင်းမှူး ရှင်းမှူးအံ့ (Shin Hmue Eant) နဲ့

YC ရဲ့ Video Editing Team, YC page team တို့မှာ team member အဖြစ် ပိုင်နိုင်စွာ တာဝန်ယူပေးထားတဲ့ ကျွန်တော်တို့ ဂျာအိ အိမေ‌‌ကျော် (Ei May Kyaw) တို့ကို Happy Birthdayပါခင်ဗျာ။ 🥳

မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ အကုန်ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

YC နဲ့အတူတူ အချိန်အကြာကြီးရှိသွားကြရအောင်ပါခင်ဗျာ။❤️

Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း ငါးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Level 2 Batch (1 to 3), YCR Batch ( 1 to 7 ), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

02/10/2026

အောင်မြင်မှုဆိုတာ ဘာလဲ?

Tr.Wyutyee (MBA, UK)
Founder of Youth Centre,
Youth Development Trainer,
Business Coach & Consultant

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

“ ပြဿနာဆိုတာ ကိုယ့်အတွက် Level တက်ဖို့ ရောက်လာတာဖြစ်တယ်။  လူ့လောကမှာ အသက်ရှင်နေသရွေ့ ပြဿနာတွေဆိုတာ ရှိနေမှာဖြစ်တယ်။ ဒါပေ...
02/10/2026

“ ပြဿနာဆိုတာ ကိုယ့်အတွက် Level တက်ဖို့ ရောက်လာတာဖြစ်တယ်။

လူ့လောကမှာ အသက်ရှင်နေသရွေ့ ပြဿနာတွေဆိုတာ ရှိနေမှာဖြစ်တယ်။ ဒါပေမဲ့ ပြဿနာတစ်ခု တက်လာတဲ့အခါ "ငါ့မှာ ပြဿနာတွေချည်းပဲ" လို့ တွေးပြီး စိတ်ညစ်နေမယ့်အစား၊ ကိုယ့်ရဲ့ Next Level ကို တက်လှမ်းဖို့ ရှင်းရမယ့် Challenge တစ်ခုလို့သာ အကောင်းမြင်ပြီး တွေးကြည့်တတ်ရပါတယ်။ 🔥

လူအများစုရဲ့ သဘာဝကတော့ အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ Blame တာ၊ တိုက်ခိုက်တာ၊ ဝေဖန်တာတွေ လုပ်တတ်ကြပါတယ်။ အဲ့ဒီလို အခြေအနေမျိုးတွေမှာ လူတွေက လွယ်လွယ်နဲ့ စိတ်ဓာတ်ကျသွားတတ်ကြပါတယ်။ ဒါပေမဲ့ “ဒုက္ခတိုင်းမှာ ဒုက္ခနဲ့တူညီတဲ့ အကျိုးခံစားခွင့်မျိုးစေ့ ရှိတယ်” ဆိုတဲ့ အချက်ကို အမြဲ သတိရဖို့ လိုပါတယ်။ 🍀

ဘဝမှာ မကောင်းတာတစ်ခုနဲ့ ကြုံရပြီဆိုရင်လည်း အဲ့ဒီအင်အားပမာဏနဲ့ ထပ်တူညီတဲ့ ကောင်းကျိုးတရားတစ်ခုက နောက်ကွယ်မှာ အမြဲ စောင့်ကြိုနေတတ်ပါတယ်။ 🌟

Reference from Tr.Wyutyee's Talk (Source: YC Youth Development Program)

Tr.Wyutyee (MBA, UK)
Founder of Youth Centre,
Youth Development Trainer,
Business Coach & Consultant

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

01/10/2026

"ကိုယ့်ရဲ့တစ်နေ့တာကို ကောင်းမွန်စွာစတင်ပြီး influence လုပ်နိုင်ဖို့အတွက် တစ်နေ့တာကိုမှန်ကန်စွာ အဓိပ္ပါယ်သတ်မှတ်နိုင်ဖို့ လိုအပ်တယ် "

Tr.Wyutyee (MBA, UK)
Founder of Youth Centre,
Youth Development Trainer,
Business Coach & Consultant

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

အကုန်လုံးကို YES ချည်းမပြောဘဲ No လို့လည်း ပြောတတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?လူတွေရဲ့သဘာဝအရ သူတို့  စိတ်တိုင်းကျ လိုက်လျောန...
01/10/2026

အကုန်လုံးကို YES ချည်းမပြောဘဲ No လို့လည်း ပြောတတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?

လူတွေရဲ့သဘာဝအရ သူတို့ စိတ်တိုင်းကျ လိုက်လျောနေပေးတာက တစ်ဖက်လူအတွက်တော့ သဘောကျစရာ အလွန်ကောင်းပါတယ်။ 🤗

ဒါပေမယ့် အချိန်တိုင်း၊ အခြေအနေတိုင်းမှာ လူတိုင်းရဲ့စိတ်တိုင်းကျ ဖြစ်နေဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ကိုယ့်ဘဝမှာ အရာရာတိုင်းကိုသာ အမြဲတမ်း “Yes” လုပ်နေမယ်ဆိုရင် ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ဆိုတာ လုံးဝ ရှိလာတော့မှာ မဟုတ်ပါဘူး။ 🍃

ဒါကြောင့်မလို့ ကိုယ့်အချိန်ကို ကိုယ်မှတန်ဖိုးမထားရင် ဘယ်သူကမှ လာပြီး တန်ဖိုးထားပေးမှာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦးရဲ့ ဘဝဖြတ်သန်းမှု၊ တန်ဖိုးထားမှုနဲ့ ဦးစားပေးရမယ့်အချိန်တွေက မတူကြပါဘူး။ 🌬

ကိုယ်က စေတနာအပြည့်နဲ့ ကူညီပေးချင်လို့ စိတ်ဆန္ဒရှိတဲ့ အလုပ်မျိုးတွေကိုတော့ ငြင်းခိုင်းတာ မဟုတ်သလို ပတ်ဝန်းကျင်ကို အကုန်လုံးမျက်ကွယ်ပြုထားရမယ်လို့လည်း မဆိုလိုပါဘူး။

ဒါပေမယ့် အရာရာကို အားနာစိတ်နဲ့ချည်း “Yes” လုပ်နေဖို့ လုံးဝ မလိုအပ်သလို အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး “Yes” သင့်တာကိုတော့ လုပ်ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Energy နဲ့ အချိန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် No လို့ ပြတ်ပြတ်သားသားပြောရဲဖို့လည်း အားမနာဖို့လိုအပ်ပါတယ်။

Reference from Tr.Wyutyee's Talk (Source: YC Youth Development Program)

Tr.Wyutyee (MBA, UK)
Founder of Youth Centre,
Youth Development Trainer,
Business Coach & Consultant

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

30/09/2026

ကြိုးစားမှုတစ်ခု အရာထင်ဖို့ဆိုတာ အချိန်တစ်ခုတော့ ယူရပါတယ်။
ကိုယ်ရပ်တည်တဲ့ နေရာတစ်ခုအပေါ်မှာ တစိုက်မတ်မတ်နဲ့ အနည်းဆုံး ၂ နှစ်ကနေ အများဆုံး ၁၀ နှစ်အထိ စိတ်ရှည်နိုင်ဖို့ ပြင်ဆင်ထားရပါတယ်။

ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့ဆိုရင်လည်း အနည်းဆုံး အချိန် ၂ နှစ်ကနေ အများဆုံး ၅ နှစ်လောက်ထိ ယူရတာပဲ။
နယ်ပယ်တစ်ခုမှာ Professional ဖြစ်ဖို့ဆိုရင်လည်း အနည်းဆုံး ၅ နှစ်ကနေ ၁၀ နှစ် လိုအပ်တာပဲ။
စီးပွားရေးလုပ်ငန်းတစ်ခု အခြေခိုင်ခိုင်နဲ့ အောင်မြင်လာဖို့ဆိုရင်လည်း ၂ နှစ်ကနေ ၁၀ စုနှစ်မကထိ လိုအပ်တာတွေ ဖြည့်ဆည်းရင်း လုပ်ကိုင်နေဖို့ လိုအပ်တာပဲ။

လုပ်ငန်းတွေ တော်တော်များများကို စစ်တမ်းကောက်ကြည့်တဲ့အခါ စတင်တဲ့အချိန် ပထမ ၂ နှစ်ကတော့ အရှုံးနဲ့ အရင်းပဲ.. မြတ်ရင်တောင် အနည်းငယ်ပေါ့..
တကယ် ကြီးကြီးစားဖို့ အမြတ်အစွန်းတစ်ခု စထွက်တဲ့အချိန်က ၃ နှစ်ကနေ ၅ နှစ်ကြားမှာ စတင်တာများပါတယ်...

အလုပ်တစ်ခုလုပ်တဲ့အခါ၊
ပညာတစ်ခုလေ့လာတဲ့အခါ၊
နယ်ပယ်တစ်ခုမှာ Professional ဖြစ်လိုတဲ့အခါ ဘယ်လောက်နှုန်းနဲ့ပဲ သွားသွား အချိန်တစ်ခုဆိုတာတော့ လိုပါတယ်။

ဒီအချိန်တစ်ခုကို လျှောက်လှမ်းနေတဲ့အချိန် စိတ်ရှည်ရတယ်။
Consistency ရှိရမယ်။ ဇွဲရှိရတယ်။ Self-Discipline ရှိရတယ်။

တစ်ခါတလေ အရမ်းကြိုးစားနေမိမယ်..
တစ်ခါတလေ လည်း အရမ်းလက်လျော့လိုက်ချင်မိမယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်မယ်...
တစ်ခါတလေတော့လည်း "ငါရွေးချယ်ထားတဲ့လမ်းပဲ" ဆိုပြီး အားတင်းပြီး ဆက်လျှောက်မယ်။

ဒါတွေအားလုံးကို အလှည့်ကျ နှစ်နဲ့ချီ သည်းခံပြီး ကျော်ဖြတ်နေရမယ့် အချိန်တစ်ခုပေးဆပ်ရပါတယ်။

ဒီအချိန်တစ်ခု လွန်မြောက်ပြီဆိုရင်တော့ ရေကြည်သောက်ချိန် တန်ပါပြီ။
ငွေ၊ အောင်မြင်မှု၊ ပျော်ရွှင်မှု ဒါတွေက ကိုယ့်နောက်ကို သူ့ဘာသာသူ လိုက်လာမယ့်အချိန် ဖြစ်လာပါပြီ။

ကိုယ်စိုက်ခဲ့တဲ့အပင်ရဲ့ အသီးအပွင့်တွေ ဒီဘဝတစ်ခုမှာ ဒီအပင် မသေမချင်း ခူးစားရုံပါပဲ။

စတင်ခဲ့တုန်းကအချိန်လောက် ဘယ်အရာမှ ကိုယ့်အတွက် အရမ်း မခက်ခဲတော့ဘူး။
မင်းလုပ်သမျှကလည်း ဆေးစက်ကျရာ အရုပ်ထင်တဲ့ အဆင့်တစ်ခုကို ရောက်လာတော့မှာပါ။

ဟိုးအရင်က Mentor ပြောဖူးတဲ့ စကားလေးတစ်ခုရှိတယ်။

"အရာရာတို့က အစပဲခက်တာ၊
မင်းက အစမှာပဲ အမြဲနေရင် မင်းဘဝရဲ့ အရာရာက အမြဲခက်ခဲနေမှာပဲ။"

အဲ့စကားက တကယ်မှန်တယ်။

အလုပ်တစ်ခုလုပ်ကြည့်တယ်၊ အဆင်မပြေလို့ နောက်တစ်ခု၊ နောက်တစ်ခု၊ နောက်တစ်ခုပေါင်းများစွာ ပြောင်းလုပ်တဲ့သူနဲ့...
တစ်ခုဆိုတစ်ခု တစိုက်မတ်မတ် အချိန်တစ်ခုပေးပြီး လုပ်သွားတဲ့သူနဲ့ အချိန်တစ်ခုကြာရင် ခရီးပေါက်ပုံချင်း တူမှာမဟုတ်ပါဘူး။
အကျိုးခံစားခွင့်နဲ့ ရလဒ်တွေလည်း သေချာပေါက် ကွာခြားနေမှာပါ။

ပညာတစ်ခုလေ့လာတယ်၊ မလွယ်လို့ နောက်တစ်ခုပြောင်းတယ်၊
စိတ်ဝင်စားမှုလျော့လာလို့ နောက်တစ်ခုပြောင်းတယ်...
ဘယ်အရာကိုမှ ပြီးဆုံးအောင် မလေ့လာဘူးဆိုရင် သိလားဆို သိတယ်။
ဘယ်လောက်သိလဲဆို သုံးစားလို့ရအောင်ထိ သိမနေဘူး။

သိုင်းကွက် ၁၀၀ ကို တစ်ခေါက်စီ လေ့ကျင့်ထားတဲ့သူနဲ့ သိုင်းတစ်ကွက်ကို အခေါက်တစ်ရာ လေ့ကျင့်ထားတဲ့သူနဲ့ သိုင်းပြိုင်ချရင် ဒုတိယလူက နိုင်မှာပါ။

ဘယ်အရာမဆို လူတိုင်း စတင်နိုင်ပါတယ်။
လျှောက်နေတဲ့ချိန်မှာတော့ လူတစ်စု ပြတ်ကျန်ခဲ့ပါပြီ။
အဆုံးမှာတော့ လူမကျန်သလောက်ပါပဲ။

အဲ့ဒါကြောင့်လည်း လူတိုင်းမရောက်နိုင်တဲ့နေရာမှာ လူတိုင်းမရနိုင်တဲ့ဘဝကို တည်ဆောက်နိုင်ဖို့ဆိုတာ ဖြစ်လာပါတယ်။

လူတော်တော်များများမှာရှိတဲ့ သာမန်အရည်အချင်း၊ သာမန်ဇွဲ၊ သာမန်တွေးခေါ်ပုံလောက်နဲ့ဆိုရင် စျေးကွက်မှာ "သာမန်" ဆိုတာ ရွေးချယ်စရာ သိပ်များလို့ သာမန်အတွက်ဆို နေရာသိပ်မပေးချင်ပါဘူး။

ကောင်းကောင်း အသက်ရှင်သန်ဖို့၊
ထမင်းဝဝစားဖို့၊
ငွေများများရှာဖို့၊
လိုချင်တဲ့ဘဝမှာ နေနိုင်ဖို့၊
တစ်နေ့ ကြီးကြီးစားနိုင်ဖို့ဆိုတာ
နယ်ပယ်တစ်ခုမှာ အချိန်တစ်ခုပေးပြီး Professional အဖြစ် ရပ်တည်ဖို့ လိုပါတယ်။

တန်ဖိုးရှိတဲ့အရာတွေပိုင်ဆိုင်ချင်တယ်ဆိုရင်
သာမန်ဆိုတဲ့ ပေးဆပ်မှုလောက်နဲ့ မရဘူးဆိုသလိုပါပဲ။

Tr.Wyutyee (MBA, UK)
Founder of Youth Centre,
Youth Development Trainer,
Business Coach & Consultant

🔰 Youth Centre Association ( YC ) သည် 2019 April 9 မှစတင်၍ သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်သည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လူငယ်များအပြင် ၊ ကမ္ဘာ့နေရာအနှံအပြားမှာရှိကြတဲ့ မြန်မာလူငယ်များဖြင့် ဖွဲစည်းထားသော Organization တစ်ခုဖြစ်ပါသည်။ ၇ နှစ်တာအတွင်း သင်တန်းသားပေါင်း နှစ်သောင်းကျော် ၊ YC Members ပေါင်း လေးထောင်ကျော်ဖြင့် YC Batch ( 1 to 54 ), YC Batch Level 2( 1 to 3 ), YCR Batch ( 1 to 7), YCK စတဲ့ အခြား YC Program ပေါင်း များစွာကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Youth Centre Association (YC)
Smart Youth, Smart Society with YC

Address

Yangon

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Youth Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Youth Centre:

Shortcuts

Share