28/09/2026
မြန်မာနိုင်ငံစိန့်ဗင်းဆင်းလူငယ်ကော်မတီ မှ ဦးဆောင်၍ စိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့နှင့် အကြိုနိုဗီနားရက် စုပေါင်းဆုတောင်းခြင်း အွန်လိုင်းအစီအစဉ်ကို ၁၉.၇.၂၀၂၆ မှ စတင်၍ ညစဉ် (၇) နာရီတိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နိုဗီနားတစ်ရက်ချင်းစီတွင် မြန်မာနိုင်ငံနေရပ်အသီးသီးမှ စိန့်ဗင်းဆင်းအဖွဲ့ဝင် လူကြီး/လူငယ် ၃၀ ခန့် တတ်ရောက်ခဲ့ကြသည်။
နိုဗီနားရက်တိုင်းတွင် ရည်ရွယ်ချက် တစ်ခုချင်းစီဖြင့် သမ္မာကျမ်းစာဖတ်ရှုခြင်း၊ နိုဗိီနားမေတ္တာများရွတ်ဆိုခြင်း၊ စိပ်ပုတီးစိပ်ခြင်း ကို လူငယ်တစ်ဉီးချင်းစီမှ ဦးဆောင်ပြုလုပ်ခဲ့သည်။
၁၉.၇.၂၀၂၆ တွင် မြန်မာနိုင်ငံပြည်တော်ကောင်စီ လူငယ်ကော်မတီ ဥက္ကဌ မအိမွန်မြင့်မောင်မှ
"Peace In Myanmar" ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
၂၀.၉.၂၀၂၆ တွင် မြန်မာနိုင်ငံပြည်တော်ကောင်စီ လူငယ်ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး မိုင်ဖြိုးပုလဲထွန်းမှ "Protection of Families and Children " ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
၂၁.၉.၂၀၂၆ တွင် မြန်မာနိုင်ငံပြည်တော်ကောင်စီ လူငယ်ကော်မတီ၏ ဒုဥက္ကဌ ကိုစည်သူဝင်းမှ "For Displaced people and refugees" ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
၂၂.၉.၂၀၂၆ တွင် ရန်ကုန်စိန့်ဗင်းဆင်းလူငယ် စာရင်းစစ် မဂျူလီယာ မှ " For the poor and Hungry" ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
၂၃.၉.၂၀၂၆ တွင် မြန်မာနိုင်ငံပြည်တော်ကောင်စီ လူငယ်ကော်မတီ အတွင်းရေးမှူး မနိုရင်းမှ "Healing and Comfort" ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
၂၄.၉.၂၀၂၆ တွင် ရန်ကုန်စိန့်ဗင်းဆင်းလူငယ် ဘဏ္ဌာရေးမှုး မအိုလီဗာ မှ "For those who serve" ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
၂၅.၉.၂၀၂၆ တွင် မန္တလေးစိန့်ဗင်းဆင်းလူငယ် အတွင်းရေးမှု မကက်သရင်းမှ "Hope for Myanmar" ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
၂၆.၉.၂၀၂၆ တွင် မန္တလေးစိန့်ဗင်းဆင်းလူငယ်
ဒုဥက္ကဌ ma Ann Geraldine မှ "Unity and Solidarity " ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊
ရဟန္တစိန့်ဗင်းဆင်းဒီပေါလ်၏ ပွဲနေ့ဖြစ်သော ၂၇.၉.၂၀၂၆ တွင် ပြည်စိန့်ဗင်းဆင်းလူငယ် ဥက္ကဌ Salai Naing Linn Htut မှ " Love In Actions" ရည်ရွယ်ချက်ဖြစ်လည်းကောင်း ဦးဆောင်ပေးပြီး မအိမွန်မြင့်မောင်မှ Fr.Thomas ၏ စိန့်ဗင်းဆင်းပွဲနေ့ သတင်းစကားကို ဖတ်ကြားခဲ့သည်။
ထို့နောက် အတူတကွ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
Happy Feast Day of St. Vincent De Paul