Heal-with-Art By Ma Su Htwe

Heal-with-Art By Ma Su Htwe Ma Su Htwe, passionate in healing and emotional well-being through breathwork, felt sense, and art.

Imperfection is the truest form of art. 🎨🩹ကျွန်မတို့ဟာ များသောအားဖြင့် တစ်ခုခုကို ဖန်တီးတဲ့အခါ စိတ်ကူးထားတဲ့အတိုင်း တိတိ...
13/06/2026

Imperfection is the truest form of art. 🎨🩹

ကျွန်မတို့ဟာ များသောအားဖြင့် တစ်ခုခုကို ဖန်တီးတဲ့အခါ စိတ်ကူးထားတဲ့အတိုင်း တိတိကျကျနဲ့ ပြီးပြည့်စုံချင်တတ်ကြပါတယ်။ နည်းနည်းလေး မှားသွားတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် အလိုမကျဖြစ်ပြီး လက်လျှော့ပစ်မိတတ်ကြတယ်မဟုတ်လား။

ဒါပေမဲ့ အနုပညာဆိုတာက အမှားအမှန် စစ်ဆေးတဲ့ စာမေးပွဲမဟုတ်ပါဘူး။ ဖန်တီးနေတဲ့အခိုက်အတန့်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်ကသာ အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။

ဒါကြောင့် ဖန်တီးမှုတွေလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုလေး ခွင့်ပြုပေးလိုက်ပါ။
✅ You can make mistakes.
✅ You can be confused.
✅ You can ruin it.

အဲ့ဒီလို အနုပညာနဲ့ ဖန်တီးမှုမှာ မပြည့်စုံခြင်းတွေကို ခွင့်ပြုပေးလိုက်တဲ့အခါ

🌻 စိတ်ဖိအားတွေ လျော့ကျသွားတယ်။

🌻 ကိုယ့်ကိုယ့်ကိုယ် အရှိအတိုင်း လက်ခံပေးရင်း မပြည့်စုံတဲ့ အစိတ်အပိုင်းတွေကိုလည်း မြတ်နိုးတတ်လာတယ်။

🌻 ဒါ့အပြင် မမျှော်လင့်ထားတဲ့ အလှတရားကိုလည်း တွေ့ရှိနိုင်ပါသေးတယ်။

ဒါ့ကြောင့် ကျွန်မတို့အားလုံးဟာ မပြည့်စုံခြင်း အပိုင်းအစလေးတွေ စုစည်းကာ တည်ဆောက်ထားရတဲ့ ဖြစ်တည်မှုတွေဆိုရင်လည်း မမှားပါဘူး။

Heal With Art မှာ ပြောနေကြအတိုင်း

💌 We all are perfectly imperfect 💌
ဆိုတာကို အခြားသူတွေလည်း သိရှိနားလည်‌လာအောင် မျှဝေပေးလိုက်ကြပါဦးနော်။

💌 ဒီ​နေ့ ည ၈ နာရီ မှာ မစုကိုယ်တိုင် facilitate လုပ်​ပေးမဲ့ Realignment Art Healing Workshop ရှိတာမလို့ စိတ်ဝင်စားတယ်ဆိုရင် Heal With Art Community ကို Join ပြီး zoom link ယူလိုက်ဦး​နော်

https://www.facebook.com/share/g/1EMB6zeTdb/








13/06/2026
13/06/2026

We Must Keep Going…..

Workshop က မနက်ဖြန် ည ၈ နာရီ စမှာ​နော်"Realignment Art Healing Workshop" လေးအတွက် Zoom link ကို 'Heal with Art Community...
12/06/2026

Workshop က မနက်ဖြန် ည ၈ နာရီ စမှာ​နော်
"Realignment Art Healing Workshop" လေးအတွက် Zoom link ကို 'Heal with Art Community' group ထဲ တင်​ပေးမှာဖြစ်တာ​ကြောင့်

Group ထဲမဝင်ရ​သေးရင် အခုကတည်းက join ထားကြ​နော်..

https://www.facebook.com/share/g/1EMB6zeTdb/

📅 Date - 13 June 2026 (tomorrow)
⏰ Time - 8 to 9 pm
💻 Platform - Zoom
_________ ___________ _________

Workshop အ​ကြောင်း 👇

တစ်နှစ်တာရဲ့ ၆ လနီးပါး အချိန်တွေကို ဖြတ်သန်းပြီးတဲ့အခါ စိတ်ရောကိုယ်ပါ ခြေကုန်လက်ပန်းကျသလို ခံစားနေရပြီလား❓

၂၀၂၆ ရဲ့ ကျန်ရှိနေတဲ့ ၆လတာခရီးကို ဘယ်လိုဆက်သွားရမလဲဆိုတာ ဝေခွဲမရဖြစ်နေလား❓

ပြီးခဲ့တဲ့လတွေဟာ အားလုံးအတွက် အခက်အခဲမျိုးစုံကြား ပြိုလဲကျမသွားအောင် ကြိုးစားခဲ့ကြရတဲ့ ကာလတွေဖြစ်မယ်ထင်ပါတယ်။ အဆင်မပြေမှုတွေ ရှိခဲ့ရင်တောင် ဒီနေ့ဒီအချိန်ထိ ကောင်းမွန်စွာရှင်သန်ဖို့ ရုန်းကန်ခဲ့ကြတဲ့အတွက် အရင်ဦးစွာ ကိုယ့်ကိုယ်ကိုယ် Appreciate လုပ်ဖို့ မမေ့နဲ့နော်။

အဲ့ဒီနောက် ‌ကျန်ရှိနေတဲ့ ၆ လတာ ခရီးစဉ်ကို အားအင်အပြည့်နဲ့ လျှောက်လမ်းနိုင်ဖို့ Heal With Art Community ကနေ
💌 "Realignment Art Healing Workshop" လေးကို လာမဲ့ ဇွန်လ ၁၃ ရက်နေ့မှာ စီစဉ်ပေးထားပါတယ်။

ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ဆိုရင် အရေးကြီးဆုံးက ဘယ်လို အခြေအနေမျိုးမှာမဆို ပြန်လည်ရပ်တည်နိုင်တဲ့ Resilience Power ပါပဲ။ အဲ့ဒီလို Resilient ဖြစ်ဖို့အတွက်

🌻 ကျွန်မတို့ ဘာလုပ်နိုင်လဲ၊

🌻 ကျွန်မတို့ ဘာတွေကို လိုအပ်သလဲ၊

🌻 ကျွန်မတို့ရဲ့ ခရီးလမ်းမှာ ဘယ်အရာတွေကို သယ်ဆောင်သွားပြီး ဘယ်အရာတွေကိုတော့ ချန်ထားခဲ့ရမလဲ စတဲ့ မေးခွန်းတွေရဲ့ အဖြေကို ဒီ Workshop လေးမှာ အတူတကွ ရှာဖွေသွားကြမှာ ဖြစ်ပါတယ်။

ဒီ Workshop မှာ Art ကို ကြားခံနယ်တစ်ခုအနေနဲ့ အသုံးပြုသွားမှာဖြစ်ပြီး ပန်းချီ လုံးဝမဆွဲတတ်လည်း ရပါတယ်။ အဓိက လိုအပ်တာကတော့ ကိုယ့်ရဲ့ စိတ်တံခါးကို ဖွင့်ဟပေးမဲ့ Open Mind နဲ့ Open Heart လေး ရှိနေဖို့ပါပဲ။

ဒါဟာ Heal With Art Community ကနေ ပထမဆုံးအကြိမ် ပြုလုပ်မဲ့ Workshop ဖြစ်တာကြောင့် အသေးစိတ် အချက်အလက်တွေကို မလွတ်တမ်း သိရှိနိုင်ဖို့အတွက် Heal With Art Community Group လေးကို Join ထားဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🌻💛

https://www.facebook.com/share/g/1EMB6zeTdb/

📅 Date - 13 June 2026 (tomorrow)
⏰ Time - 8 to 9 pm
💻 Platform - Zoom









📌 Rest is not waste. It’s investment for the journey ahead. လိုအပ်တဲ့အချိန်မှာ အနားယူခြင်းက အချိန်ဖြုန်းတီးတာ မဟုတ်ပါဘူး...
11/06/2026

📌 Rest is not waste. It’s investment for the journey ahead.

လိုအပ်တဲ့အချိန်မှာ အနားယူခြင်းက အချိန်ဖြုန်းတီးတာ မဟုတ်ပါဘူး။

✅ ရှေ့ဆက်ရမဲ့ ခရီးလမ်းအတွက် အားအင်တွေ ပြန်လည်ဖြည့်တင်းနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စိတ်ရောလူပါပင်ပန်းလာတဲ့အခါ ခဏလောက်ဖြစ်ဖြစ် အနားယူဖို့ မမေ့ပါနဲ့နော် 🌻💛








10/06/2026

When you are stuck in the..







အလုပ်ရှုပ်တယ်ဆိုတိုင်း Productive ဖြစ်တယ်လို့ ထင်နေတုန်းလား❓တစ်နေ့တာလုံး အလုပ်တွေပိပြီး ပင်ပန်းနေတဲ့အခါ "ငါ ဒီနေ့တော့ အလ...
09/06/2026

အလုပ်ရှုပ်တယ်ဆိုတိုင်း Productive ဖြစ်တယ်လို့ ထင်နေတုန်းလား❓

တစ်နေ့တာလုံး အလုပ်တွေပိပြီး ပင်ပန်းနေတဲ့အခါ "ငါ ဒီနေ့တော့ အလုပ်တွေ အများကြီး ပြီးသွားတာပဲ" လို့ ထင်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြန်ဆန်းစစ်ကြည့်ရင် အလုပ်တွေသာ ရှုပ်နေပြီး တကယ့်ရလဒ်က ထင်သလောက် ထွက်မလာတာမျိုး ကြုံဖူးကြမှာပါ။

ကျွန်မတို့နေ့စဉ်ဘဝမှာ အလုပ်တွေအများကြီးလုပ်နေမှ၊ အချိန်တိုင်း Busy ဖြစ်နေမှ အလုပ်တွင်တယ်၊ တိုးတက်တယ်လို့ မှားယွင်းပြီး သတ်မှတ်မိတတ်သလို ဘာမှမလုပ်ဘဲ အနားယူနေတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလိုမျိုး ခံစားရတတ်ပါတယ်။

ဒါပေမဲ့ တကယ်တော့ အမြဲအလုပ်ရှုပ်တိုင်းလည်း Productive ဖြစ်ပြီး အကျိုးထိရောက်နေတာ မဟုတ်ပါဘူး။

အလုပ်တွေကြားထဲ အနားယူဖို့တောင် မေ့လျော့ပြီး Busy ဖြစ်နေခြင်းက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲဆိုရင်

📉 Mental Burnout ဖြစ်စေတယ်။
စိတ်ဖိစီးမှုတွေက စုပြုံလာပြီး နောက်ဆုံးမှာ ဘာမှလုပ်ချင်စိတ်မရှိတော့ဘဲ Burnout ဖြစ်သွားတတ်ပါတယ်။

🧩 Creative Block ဖြစ်စေတယ်။
စဉ်းစားရတာတွေများပြီး စိတ်ထဲမှာနေရာလွတ် မရှိတော့တဲ့အခါ အိုင်ဒီယာအသစ်တွေ၊ ဖန်တီးနိုင်စွမ်းတွေ ကွယ်ပျောက်သွားတတ်ပါတယ်။

👤 ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးစေတယ်။
အရေးကြီးဆုံးကတော့ အလုပ်တွေနောက်ပဲ တကောက်ကောက်လိုက်ရင်း ကိုယ်တကယ် ဘာလိုအပ်နေလဲ၊ ဘာတွေ ခံစားနေရလဲဆိုတဲ့ Emotional Needs တွေကို လျစ်လျူရှုမိသွားတတ်ပါတယ်။

စစ်မှန်တဲ့ Productivity ဆိုတာ အလုပ်တွေကို အများကြီး ပြိုင်လုပ်နေမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး လိုအပ်ရင် နားချိန်ပေးကာ စိတ်ကို ပြန်လည်အားဖြည့်ပေးခြင်းကသာ မှန်ကန်တဲ့ Productivity ဖြစ်ပါတယ်။

💬 ကိုယ်တိုင်ရော အလုပ်တွေကြား Productivity ပျောက်ဆုံးပြီး Busy ပဲ ဖြစ်နေပြီလားဆိုတာ ဆန်းစစ်ရင်း Comment မှာ မျှဝေပေးခဲ့ပါဦး။

အခုလို ကိုယ့်ရဲ့ စိတ်ကလေး ကျန်းမာဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို အတူမျှဝေကြမဲ့ ရပ်ဝန်းလေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါ Heal With Art Community Group Link လေးကို Join ထားလို့ရပါတယ်ရှင် 🌻💛

https://www.facebook.com/share/g/1EMB6zeTdb/








“Every brushstroke carries peace.” အနုပညာနဲ့ စိတ်ခံစားချက်တွေကို ဖြေလျော့တဲ့အခါ စုတ်ချက်တစ်ခုချင်းဆီကတဆင့် ငြိမ်းအေးမှုက...
08/06/2026

“Every brushstroke carries peace.”

အနုပညာနဲ့ စိတ်ခံစားချက်တွေကို ဖြေလျော့တဲ့အခါ စုတ်ချက်တစ်ခုချင်းဆီကတဆင့် ငြိမ်းအေးမှုကိုခံစားရမှာပါ ။








Address

Yangon

Alerts

Be the first to know and let us send you an email when Heal-with-Art By Ma Su Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share