နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

  • Home
  • Myanmar
  • Yangon
  • နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ။

17/11/2025
17/11/2025

စင်ကာပူ၊ ဒီဇင်ဘာ ၁၊ ၂၀၁၆ - မြန်မာနိုင်ငံပြည်နယ်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင်စင်ကာပူအမျိုးသားသစ်ခွဥယျာဉ်၌ သစ်ခွမျိုးစုတစ်ခုကို “Papilionanda ဒေါ်အောင်ဆန်းစုကြည်“ ဟုအမည်ပေးခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။

Papilionanda ဒေါ်အောင်ဆန်းစုကြည်သည် Papilionanda ဂျိုးဇက်ဖင်ဗန် Brero နှင့် Vanda Varut အမျိုးစပ်ဖြစ်သည်။
https://www.straitstimes.com/singapore/orchid-hybrid-named-after-aung-san-suu-kyi

17/11/2025

CREDIT ဆ ရာ အောင် ဇံ

17/11/2025

Lynn Seck
✅ ကျနေတဲ့သူဆိုရင် လွတ်မြောက်ဖို့ ကြိုးစားပါ။ လွတ်မြောက်ဖို့ အခွင့်အရေးကို အမြဲ ရှာဖွေနေဖို့နဲ့ ကယ်တင်မှုတခုခု ကြုံလာတဲ့အခါအလိုက်သင့်အလျားသင့်ရှိဖို့ အမြဲအသင့်ရှိနေပါ။

✅ ဆွဲခေါ်မယ့်သူဆိုရင် အားကြီးဖို့ အစွမ်းကြီးဖို့ ကြိုးစားပါ။

============
လူတစ်ယောက် အမြင့်ကနေ ပြုတ်ကျနိုင်တယ်။ ကျဆင်းနေတဲ့ အရာတွေဟာ ပြင်ပသက်ရောက်အား မရှိရင် ကျဆင်းမြဲ ကျဆင်းနေတတ်တယ်ဆိုတာ နျူတန်ရဲ့ နိယာမတစ်ခု ဖြစ်တယ်။ ဗုဒ္ဓဘာသာမှာတော့ ကံဆိုးနေတယ် ပြောရမှာပေါ့။ ဒီနေရာမှာ ကိုယ့်အတွေ့အကြုံက ကံဆိုးနေတဲ့ အချိန်မှာ ဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ စကားအပြောအဆို အလုပ်အကိုင်တွေလည်း မှားတယ်။ ကံဆိုးနေတဲ့အချိန် တစ်ခုခု လုပ်မယ်ဆို သတိကြီးကြီး ထားရတယ်။ ဖြစ်နိုင်ရင် ဘာမှ မလုပ်တာ အကောင်းဆုံးပဲ။ ပြီးရင် ဒီကံဆိုးမှုနဲ့ ကျဆင်းမှုကြီးထဲက လွတ်မြောက်ဖို့ ဆိုတာ ပထမဆုံး ငါကံဆိုးနေတယ် ငါကျဆင်းနေတယ်ဆိုတာ လက်ခံမှ ဖြစ်တယ်။ ပြီးရင် လွတ်မြောက်ဖို့ ကိုယ်တိုင်က ကြိုးစားရမယ်။ ဘာသာရေးမှာတော့ ကုသိုလ်ကောင်းမှုတွေပြု တရားစာတွေရွတ်ဖတ် ဘာညာပေါ့။ ဒီလိုကျဆင်းနေမှာမှာ ကိုယ့်အစွမ်းအစနဲ့ လွတ်မြောက်သွားတာမျိုး ရှိနိုင်သလို ပြင်ပအား/တစုံတယောက်က ကယ်တင်လို့ လွတ်မြောက်သွားတာမျိုးလည်း ရှိနိုင်တယ်။

ဒီနေရာမှာ ကိုယ့်နာဂစ်အတွေ့အကြုံအရ လဲနေတဲ့လူအတော်များများက လာထူရင်တောင်မူပြီး အားကြိုးမာန်တက် မထချင်ဘူး။ တကယ်က ကိုယ်တိုင်ကလည်း ဒုက္ခတွင်းထဲ အရှိန်နဲ့ ကျဆင်းနေတဲ့ ကိုယ့်ကို လာဖမ်းဆွဲ ကယ်တင်မယ့်လက်ကို အလိုက်တသင့်ဖမ်း အံဝင်ခွင်ကျ ဖြစ်စေဖို့ အမြဲအသင့်ရှိနေရမယ် အားထည့်ရမယ်။ နောက်တစ်ခုက နျူတန်ရဲ့ နိယာမနဲ့ ပြန်ဆက်စပ်ရရင် အဲလိုကျဆင်းနေတဲ့ အရာကို ရပ်တန့်သွားစေဖို့ (သို့) လမ်းကြောင်းပြောင်းစေဖို့ (သို့) လွတ်မြောက်ရာကို လုံးဝ ဆွဲခေါ်သွားနိုင်ဖို့ အထက်က ပြောခဲ့တဲ့ ပြင်ပအား (သို့) တစုံတယောက်ဆိုတာက အဲဒီ အရှိန်နဲ့ ကျဆင်းနေတဲ့အရာ (သို့) လူထက် ပိုအားကြီး အစွမ်းကြီး ပါဝါမြင့်မှသာ ဖြစ်နိုင်တယ်။ မဟုတ်ရင် သွားဆွဲတဲ့လူပါ အရှိန်နဲ့ ဒလိမ့်ခေါက်ကွေး ရောပါသွားတတ်တယ်။

✅ ကျနေတဲ့သူဆိုရင် လွတ်မြောက်ဖို့ ကြိုးစားပါ။ လွတ်မြောက်ဖို့ အခွင့်အရေးကို အမြဲ ရှာဖွေနေဖို့နဲ့ ကယ်တင်မှုတခုခု ကြုံလာတဲ့အခါ အလိုက်သင့်အလျားသင့်ရှိဖို့ အမြဲအသင့်ရှိနေပါ။
✅ ဆွဲခေါ်မယ့်သူဆိုရင် အားကြီးဖို့ အစွမ်းကြီးဖို့ ကြိုးစားပါ။
✅ အရေးအကြီးဆုံး တစ်ခုက ဒီလို ဒုက္ခတွင်းကျဆင်းမှုထဲက လွတ်မြောက်သွားခဲ့ရင် ကိုယ့်ကို ကယ်တင်တဲ့ ဆွဲခေါ်တဲ့ အရာတွေကို ဘယ်တော့မှ ပြန်နင်းတက် ဒုက္ခပေးတာမျိုးမလုပ်ရပါဘူး။
✅ လူတိုင်းကို ကယ်လို့မရ ကျနေတဲ့ အရာတိုင်း ဖမ်းထားလို့ မရပါဘူး။ စောက်ဒုက္ခပေးမယ့် အရာမျိုးတွေ စရိုက်တွေကို သိတတ်ရပါမယ်။ မဟုတ်ရင် ချီးထုပ်ကို ဖမ်းဆုပ်မိသား ဖြစ်သွားမယ်။

Lynn Seck

17/11/2025

အင်ဒို-ပစိဖိတ် ဒေသ အတိုင်ပင်ခံ အထူး သံတမန် အဖြစ်

ဒေါ်အောင်ဆန်းစုကြည် ၏ မိတ်ဆွေဟောင်းလည်း ဖြစ်သူ
ကပ် ကမ်ဘဲလ်ကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ကမ်ဘဲလ်သည် အိုဘာမား လက်ထက်တွင် မြန်မာနှင့် အနီးကပ် ဆက်ဆံရေးပြန်လည်ထူထောင်မှ ဖြစ်မည်ကို သိလာသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်ရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်းဖြစ်သည်။

၎င်းတို့၏ အင်ဒို-ပစိဖိတ် မူဝါဒအတွက် မြန်မာပြည်သည် မဟာဗျုဟာအရ အချက်အခြာနေရာ အဖြစ် သဘောထား လာကြပြီ

Address

Myanmar
Yangon

Website

Alerts

Be the first to know and let us send you an email when နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share