Community Care for Emergency Response and Rehabilitation

Community Care for Emergency Response and Rehabilitation We value localization in action and our analysis, intervention and advocacy are adhered to humanitarian principle.

Our vision is that Chin and other people in Myanmar enjoy humanity across each area of human life – social, economic, political and environment. Our mission is to bring the voices of Chin and other ethnic minority people to high level conversations about aid, development and peace efforts that affect their lives in Myanmar.

အထူးမိုးလေဝသသတင်း---------------------------၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၀၀) နာရီအချိန် ထုတ်...
01/10/2024

အထူးမိုးလေဝသသတင်း
---------------------------
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်
========================================
၁။ ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှု ကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း ယနေ့ညနေမှ ၅-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အကြုံပြုချက်

၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

crd
မိုးဇလ

Flood in Naypyidaw Photo courtesy to Myanmar Fire Service Department
13/09/2024

Flood in Naypyidaw

Photo courtesy to
Myanmar Fire Service Department


Tedim Kalay road situation on 13 September Photo crd to Zolenthe Kim
13/09/2024

Tedim Kalay road situation on 13 September

Photo crd to Zolenthe Kim


Flood and lanslide around Moe Hti Moe Mi goldmining, Yametin Township. Photo courtesy to owner/s
13/09/2024

Flood and lanslide around Moe Hti Moe Mi goldmining, Yametin Township.

Photo courtesy to owner/s


နောက် ၂ ရက်အတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည် ======ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချ...
12/09/2024

နောက် ၂ ရက်အတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်

======

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

Community led pyschosocial and unconditional cash support continue in Chin.
08/08/2024

Community led pyschosocial and unconditional cash support continue in Chin.




မင်းတပ်တွင် ဝမ်းရောဂါကြောင့်  ရွာ ၄ ရွာ လော့ဒေါင်းချဧရာဝတီ ၊ ဇွန် ၁၈ ၊ ၂၀၂၄ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင်...
18/06/2024

မင်းတပ်တွင် ဝမ်းရောဂါကြောင့် ရွာ ၄ ရွာ လော့ဒေါင်းချ

ဧရာဝတီ ၊ ဇွန် ၁၈ ၊ ၂၀၂၄

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဝမ်းရောဂါကြောင့် အသက်ဆုံးရှုံးမှုများရှိနေ၍ ရွာ ၄ ရွာကို အသွားအလာ၊ အဝင်အထွက်ကန့်သတ်ခြင်း(Lock Down) ပြုလုပ်ထားသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင် စောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူ ကိုယောကီးကပြောသည်။

လက်ရှိမိုးဦးကာလ မင်းတပ်မြို့နယ်အတွင်းရှိကျေးရွာအများစုတွင် ၀မ်းပျက်၀မ်းလျှောအဖြစ်များနေကြပြီး တိုက်နယ်အမှတ် ၁၃ ရှိ ကျေးရွာတရွာ၌ သက်ကြီးပိုင်းနှစ်ဦး ၀မ်းရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု မင်းတပ်မြို့နယ်စစ်ဘေးရှောင်စောင့်ရှောက်ရေးကော်မတီက ထုတ်ပြန်ထားသည်။

အသက်ဆုံးရှုံးမှုရှိခဲ့သည့်ရွာသည် အောက်ချိုင်ရွာဖြစ်ပြီးထိုရွာအပါအဝင် ဆာတူးရွာ၊ ချိုင် ရွာ၊ အုံရွာတို့ကိုလည်း ဇွန်လ ၁၅ရက်ဝန်းကျင်မှစ၍ ယာယီအဝင်အထွက် ကန့်သတ်ထားကြောင်း ကိုယောကီးကပြောသည်။

၎င်းက " ဖြစ်တာက ပလက်ဝမြို့နယ်ကနေ စတာလို့ပြောတယ်။ အဲဒီကနေမင်းတပ်မြို့နယ်ထဲရောက်လာပြီး အိမ် ၃ အိမ်မှာ ကူးစက်ပြီး ဖြစ်ပွားတယ်။ ကူးစက်ခံရသူအထဲမှာမှ သက်ကြီးပိုင်း၂ ဦးကဆုံးသွားတယ်။ ချက်ချင်းပဲ ရွာအဝင်အထွက်တွေ ကို လော့ဒေါင်းချတယ်။ ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ဆေးကုသမှုတွေ လုပ်တယ်။ လောလောဆယ်က ထိန်းချုပ်နိုင်ပြီလို့ပြောလို့ရတဲ့ အနေအထားတခုပါ "ဟု ပြောသည်။

ကူးစက်ဝမ်းရောဂါ ဖြစ်ပွားသည့်နေရာသည် ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ စသည့်မြို့နယ် လေးခုဆုံရာ ရွာများတွင် ဖြစ်ပွားခြင်းဖြစ်ပြီး မင်းတပ်မြို့နယ်အပါအဝင် ဝမ်းရောဂါကြောင့် ပြည်သူ ၇ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ မကြားအိမ်နူးရွာကိုလည်း အသွားအလာကန့်သတ်ထားပြီး ထိုရွာ၌လည်း ကူးစက်ဝမ်းရောဂါ ကြောင့် ဒေသခံ ၅ ဦးအသက်ဆုံးရှုံးထားသည်ဟု သတင်းကြားနေရသော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အတိအကျ အတည်မပြုနိုင်သေးဟု ကိုယောကီးက ဆိုသည်။

" ကျနော်တို့ရွာတွေအများစုမှာဖြစ်နေတာ သာမာန်ဖြစ်နေတဲ့ ဝမ်းလျှော၊ ဝမ်းပျက်လို့ ယူဆတယ်။ ဓာတ်ဆားသောက်တယ်၊ အဆင်ပြေတယ်။ ဟိုးဘက်မှာဖြစ်နေတဲ့ဝမ်းရောဂါနဲ့က မတူဘူး။ ဟိုးဘက်မှာတော့ ဆရာဝန်နှစ်ယောက် သွားကုနေတာ သူတို့ကတော့ ကာလဝမ်းရောဂါလို့ ပြောတယ် "ဟု ကိုယောကီးကပြောသည်။

၂၀၂၄ ခုနှစ် ဇန်န၀ါရီလတွင် နောက်ဆုံးပြုစုခဲ့သောစာရင်းအရ မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင် ၁၀,၅၀၀ ၀န်းကျင်ခန့် ရှိနေခဲ့ပြီး မင်းတပ် နှင့် မတူပီမြို့တို့မှစစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်လာ၍ စာရင်းပြုစုနေကြဆဲဖြစ်သည်ဟု မင်းတပ်မြို့နယ်စစ်ဘေးရှောင်စောင့်ရှောက်ရေးကော်မတီက ယမန်နေ့၌ ထုတ်ပြန်သည်။

မင်းတပ်မြို့ အနီးအနားတွင်ရှိသော အချို့ကျေးရွာများကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှု ကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည့်အပြင် မင်းတပ်မြို့နယ်တိုက်နယ် အမှတ် ၁၊ ၂၊ ၃ နှင့် ၁၃ အတွင်းရှိ ကျေးရွာများကိုလည်း အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်ဗုံးကြဲမှုများ မကြာခဏ ပြုလုပ်နေသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များအတွက် မိုးကာ ၊ အခြေခံစားသောက်ကုန် နှင့် ဆေး၀ါးအထောက်အပံ့များ လိုအပ်နေပါသဖြင့် ကူညီပါ၀င်ပေးကြပါရန် မင်းတပ်မြို့နယ်စစ်ဘေးရှောင်စောင့်ရှောက်ရေးကော်မတီက မေတ္တာရပ်ခံထားသည်။

ပုံစာ- မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် နေအိမ်တလုံးအားတွေ့ရစဉ်/ မင်းတပ်မြို့နယ် စစ်ဘေးရှောင် စောင့်ရှောက်ရေးကော်မတီ

via
Irrawaddy




📍📍 လူပျောက်ကြော်ညာ စစ်ကိုင်းတိုင်း ကလေးမြို့ လှိုင်သာယာရပ်ကွက်နေ ဒေါ် လျန်ခေါမ်ကျင်၏ ဓာတ်ပုံပါ ခင်ပွန်း ဦးဇေယျာမင်း(ခ) ဦ...
18/05/2024

📍📍 လူပျောက်ကြော်ညာ

စစ်ကိုင်းတိုင်း ကလေးမြို့ လှိုင်သာယာရပ်ကွက်နေ ဒေါ် လျန်ခေါမ်ကျင်၏ ဓာတ်ပုံပါ ခင်ပွန်း ဦးဇေယျာမင်း(ခ) ဦးရဲမြင့်နှင့် သမီးဖြစ်သူ လျာ မန်းလမ်းကြောင်(ခ) မစုစုယမင်း (ရ နှစ်)တို့ သားအဖနှစ်ဦးသည် ၂၉ ဧပြီ ၂၀၂၄ မနက်ပိုင်းတွင် စျေးဝယ်ထွက်ရာ လက်ရှိအချိန်ထိ အဆက်သွယ်မရရှိပါသဖြင့် အောက်ပါဖုန်းနံပါတ်တို့ဖြင့် ကူညီသတင်း​ပေးပို့ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားပါတယ်။

ဒေါ် လျန်ခေါမ်ကျင်
09250529132
09400307667
09942030141

မူရင်းကို
https://www.facebook.com/share/p/e7HGgwkV5GPxuHJx/?mibextid=qi2Omg





via  #ခိုနူမ်းသုန်သတင်း ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော်  အမိုး...
06/05/2024

via #ခိုနူမ်းသုန်သတင်း

ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန်ပျက်စီး၊ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးမစိုးရိမ်ရ ဒါဏ်ရာရရှိ

ခိုနူမ်းသုန်သတင်း၊ ၀၆ မေ ၂၀၂၄

004SS

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန်ပျက်ဆီးခဲ့ကြောင်း ထန်တလန်မြို့နယ် စစ်ဘေး ရှောင်များအရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ယမန်နေ့ မေလ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ပြီး မီုးသီးများပါ အများအပြားကြွေ ကျသောကြောင့် လူနေအိမ်ရာနှင့်ချီပျက်စီးခဲ့သည့်အပြင် အသက် ၆၇ အရွယ် အဘွားတစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

မနေ့ညက မိုးရွာတယ်၊ လေပြင်းတိုက်တယ်၊ ပြီးတော့ မိုးသီးလဲကျတယ်လေ၊ နေအိမ်တော်ပျက်စီးတယ်၊ တချို့က အမိုးလန်ပျက်စီးတာပေါ့ တချို့ စစ်ရှောင်စခန်းတွေဆို မိုးကာတွေနဲ့နေတာဆိုတော့ ပေါက်ပြဲကုန်တာပေါ့နော်၊ ပြီးတော့ အဘွားတစ်ယောက် မိုးသီးကျလို့ ထိခိုက်ထားတယ်၊ ဘယ်လိုဒါဏ်ရာမျိုးရတယ်ဆိုတာတော့ သေချာမသိရသေးဘူး၊ ဒါပေမဲ့သိပ်တော့မစိုးရိမ်ရဘူး ဆေးရုံတော့ သွားပြရတဲ့အခြေအနေပေါ့နော်။ ဟု ထန်တလန်မြို့နယ်အတွင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ထန်တလန်မြို့နယ် Zahnak တောင်ကြောရှိ Bungkhua တွင် စစ်ရှောင် နေအိမ် ၁၄၆ လုံး၊ Thangzang A, B တွင် ၇၀ ကျော်၊ Sihhmuh တွင် ၃၅ လုံး၊ Fungkah တွင် ၃၁ လုံး၊ Lungler တွင် ၈၀ ကျော်၊ Ralpel တွင် ၁၀ လုံး ၊ Ruakhua တွင် ၅၂ လုံး နှင့် Ruabuk တွင် ၁၈ လုံး စသည်ဖြင့် အမိုးလန်ထိခိုက်ပျက်စီးခဲ့ သည်ဟု သိရသည်။

ထို့အပြင် ထန်တလန်မြို့နယ် Vailam တောင်ကြောရှိ Hmunlipi တွင် နေအိမ် ၂၀ ကျော်၊ Bungtlang ရွာသစ်တွင် ၇ လုံး နှင့် Thau ရွာသစ်တွင် ၁၀ လုံး နှင့် Vanzang ရွာတွင် နေအိမ် ၃၀ ခန့်ပျက်စီးခဲ့ကြောင်းသိရသည်။ အပျက်အစီး စာရင်းကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ယခုထက်လည်းများနိုင်သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့အတွက် အကူအညီများလိုအပ်နေကြောင်း သိရပြီး ပျက်စီးသွားသော နေအိမ်များကို စစ်ဘေးရှောင် များနှင့် ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထဖြင့် ပြန်လည်ပြုပြင်နေကြကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း ထန်တလန်မြို့နယ်အတွင်း မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှု၊ မိုးသီး အများအပြားကြွေကျမှုများဖြစ်ပွားခဲ့သည်။

📍📍 ချင်းပြည်နယ် ဟားခါးမြို့ စျေးသစ်ရပ်ကွက်(ကွက်သစ်) တွင် မနက် ၁း၅၀ ခန့်တွင် ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုကြောင့် လူနေအိ...
09/04/2024

📍📍 ချင်းပြည်နယ် ဟားခါးမြို့ စျေးသစ်ရပ်ကွက်(ကွက်သစ်) တွင် မနက် ၁း၅၀ ခန့်တွင် ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၄ အိမ်လုံး မီးလောင်ပြာကျ

၉ ဧပြီ ၂၀၂၄

crd
Original owner

တီးတိန်မြို့နယ် Singlei ရွာတွင် ၃၁ မတ် ညပိုင်းတွင် တိုပ်ခိုက်သည့် လေပြင်းဒါဏ်ကြောင့် ထိခိုက်ပျက်စီးသည့် အဆောက်အဦးများ ၁...
01/04/2024

တီးတိန်မြို့နယ် Singlei ရွာတွင် ၃၁ မတ် ညပိုင်းတွင် တိုပ်ခိုက်သည့် လေပြင်းဒါဏ်ကြောင့် ထိခိုက်ပျက်စီးသည့် အဆောက်အဦးများ

၁ ဧပြီ ၂၀၂၄

Photo crd
Tedim Times


Ngalzang ရွာတွင် ၃၁ မတ်လ ညပိုင်းတွင် တိုက်ခိုက်သည့် လေပြင်းဒါဏ်ကြောင့် နေအိမ် ၇ အိမ်ထိခိုက်ပျက်စီး ၁ ဧပြီ ၂၀၂၄ Photo crd...
01/04/2024

Ngalzang ရွာတွင် ၃၁ မတ်လ ညပိုင်းတွင် တိုက်ခိုက်သည့် လေပြင်းဒါဏ်ကြောင့် နေအိမ် ၇ အိမ်ထိခိုက်ပျက်စီး

၁ ဧပြီ ၂၀၂၄

Photo crd
Rihmedia


Address

Yangon

Telephone

959972884378

Website

Alerts

Be the first to know and let us send you an email when Community Care for Emergency Response and Rehabilitation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Community Care for Emergency Response and Rehabilitation:

Share

Our Story

CCERR opts to bring the voices of local people to higher level on-going debates about the nature and level of aids being decided and planned by government, local and international actors through community led data.