Myanmar Care Group - MCG

Myanmar Care Group - MCG အကောင်းဆုံးစွမ်းဆောင်ရင်း ပြည်သူ့အတွက်

 #ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့(၃၈)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ #အာဏာရူးတဲ့ စစ်ဘီလူးကြောင့်Tayသူတွေရဲ့twayတွေ မခြ...
08/08/2026

#ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့
(၃၈)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့

#အာဏာရူးတဲ့ စစ်ဘီလူးကြောင့်
Tayသူတွေရဲ့twayတွေ မခြောက်သေးသလို
ရှင်သူတွေမှာလည်း သောကဘေးတွေ
မပျောက်သေးဘူး။

နွေဦးရဲ့လေပွေအလည်မှာ ကျဆုံးသူတွေရဲ့
အရိုးတွေကလည်း မဆွေးကြသေးပါဘူး။
ဒီအရေးအတွက် ငေးမနေနဲ့၊တွေးမနေနဲ့
အကြွေးတွေပြန်တောင်းဖို့အတွက်
“ငါတို့ မော လို့မဖြစ်သေးဘူး”

တခါတလေမှာ မောမိပါတယ်။
ဒါပေမယ့် ငါတို့ မောလို့မရသေးဘူး။
ခေတ်ရဲ့သမိုင်းပေး တာဝန်တွေက
ငါတို့ပုခုံးတွေပေါ်မှာ။
မျိုးဆက်သစ်တွေကို ခေတ်ပျက်ကြီးထဲမှာ ဘဝပျက်နေသူတွေအဖြစ် ငါတို့ထားခဲ့လို့မဖြစ်ဘူး။
ငါတို့မောလို့ မဖြစ်သေးဘူး။

ရှေ့ကိုငါတို့အတူတူ ခရီးဆက်တက်ဖို့အတွက်
ရိက္ခာ၊ဆေးဝါးနဲ့စစ်အသုံးအဆောင်များဖြည့်တင်းမယ့် ပဲခူးတိုင်းပကဖ အထူးတိုက်ခိုက်ရေး ရဲဘော်တွေရဲ့ " #ဟင်္သာဌာနေအောင်ပွဲဝေ" ကမ်ပိန်းတခုပြုလုပ်ထားပါတယ်။
ကမ်ပိန်းကာလ(၂)လ နီးလာပေမယ့် လက်ရှိမှာ🚨 27%မျှသာရရှိသေးတာမို့ ပါဝင်အားဖြည့်ပေးဖို့တိုက်တွန်းနှိုးဆော်ပါရစေခင်ဗျာ

ဆက်သွယ်နိုင်သည့် နိုင်ငံတကာရှိ တာဝန်ခံလင့်များအား ကွန့်မန့်တွင်ဖော်ပြထားပေးပါတယ်ခင်ဗျာ
(Please RCS)
#ဟင်္သာဌာနေအောင်ပွဲဝေ
#ကျပ်သိန်း၃၀၀၀
#ပဲခူးတိုင်းပကဖ




02/08/2026

ကျနော်တို့ အထူးလှုပ်ရှားတပ် အနေဖြင့်
လတ်တလော လိုအပ်နေတဲ့ အရေးပေါ်
ရန်ပုံငွေများကို ဖြည့်ဆည်းနိုင်ရန်အတွက်
"တိုက်ပွဲဝင်ဖို့ အားဖြည့်ကူစို့" ဆိုတဲ့ ကမ်ပိန်း
လေးကို (12/7/2026)ရက်နေ့မှစတင်ပြီး
ပြုလုပ်လာရာ ယနေ့ဆိုလျှင် Day(21)ကို
ရောက်ရှိလာပြီဖြစ်ပါတယ်။ 🥺🥺🥺

ကမ်ပိန်းမျှော်မှန်းငွေပမာဏကျပ်သိန်း(၁၀၀၀)
ဖြစ်သော်လည်း ယနေ့အထိ မျှော်မှန်းပမာဏာ
ရဲ့ (22%)ခန့်သာရရှိသေးတာဖြစ်လို့ တော်လှန်
ပြည်သူများအနေဖြင့် ကျနော်တို့ရဲ့ လတ်တလော
အရေးပေါ်ရန်ပုံငွေလိုအပ်ချက်များကို ပါဝင်ကူညီ
ထောက်ပို့ပေးကြဖို့ မေတ္တာရပ်ခံအကူအညီတောင်း
ခံအပ်ပါတယ်။ ❤️

ပါဝင်ထောက်ပို့လိုတယ်ဆိုရင် ကျနော်တို့
အထူးလှုပ်ရှားတပ် ရဲ့ Facebook Messenger
ဖြစ်တဲ့ ⬇️⬇️⬇️
✅ m.me/451568318048496 ကိုတိုက်ရိုက်
ဆက်သွယ်ပါဝင်ထောက်ပို့ကူညီနိုင်ပါတယ်
ခင်ဗျာ။❤️❤️❤️

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုလားးးးး…ပါဝင်ထောက်ပို့မယ်ဆို Cb မှာ ဟယ်လိုလိုက်နော် ..
31/07/2026

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုလားးးးး…
ပါဝင်ထောက်ပို့မယ်ဆို Cb မှာ ဟယ်လိုလိုက်နော် ..

ထင်းလဲမခွေ၊ရေလဲမခပ်၊ဆန်လဲမဆေးပါပဲမကျက်သေးဘူးလားလို့ ခဏခဏမေးသူတွေထဲကိုယ်မပါကြဘူးဆိုတာ သက်သေပြလို့ရမယ့်အခွင့်အရေးလေး လာပါပ...
26/07/2026

ထင်းလဲမခွေ၊ရေလဲမခပ်၊ဆန်လဲမဆေးပါပဲ
မကျက်သေးဘူးလားလို့ ခဏခဏမေးသူတွေထဲ
ကိုယ်မပါကြဘူးဆိုတာ သက်သေပြလို့ရမယ့်အခွင့်အရေးလေး လာပါပြီနော်

အဲ့တာကတော့.....
ပဲခူးတိုင်းပကဖ အထူးတိုက်ခိုက်ရေး ရဲဘော်တွေအတွက် ရိက္ခာ၊ဆေးဝါးနဲ့စစ်အသုံးအဆောင်များဖြည့်တင်းမယ့်" #ဟင်္သာဌာနေအောင်ပွဲဝေ" ကမ်ပိန်း
လေးပဲဖြစ်ပါတယ် 😍

ဆက်သွယ်နိုင်သည့် နိုင်ငံတကာရှိ တာဝန်ခံလင့်များအား ကွန့်မန့်တွင်ဖော်ပြထားပေးပါတယ်ခင်ဗျာ
(Please RCS)
#ဟင်္သာဌာနေအောင်ပွဲဝေ
#ကျပ်သိန်း၃၀၀၀
#ပဲခူးတိုင်းပကဖ




❝ ရာဇတောဝါ ❞  ကဗျာရုပ်ရှင် ခံစားမှုကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၈ရက် (၈၈၈၈ အရေးတော်ပုံ ၃၈နှစ်မြောက်) နေ့တွင် ပြည်တွင်း၊ ပြည်...
25/07/2026

❝ ရာဇတောဝါ ❞ ကဗျာရုပ်ရှင် ခံစားမှုကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၈ရက် (၈၈၈၈ အရေးတော်ပုံ ၃၈နှစ်မြောက်) နေ့တွင် ပြည်တွင်း၊ ပြည်ပ တစ်ကမ္ဘာလုံး ကြည့်ရှုနိုင်အောင် Online မှတဆင့် စတင်ပြသတော့မှာ ဖြစ်ပါတယ်။

ပဲခူးတိုင်းစစ်ဒေသရှိတပ်ရင်း (၁၉) ရင်းအတွက် ရည်ရွယ်ပြုလုပ်တဲ့ ရာဇတောဝါကမ်ပိန်းမှာ မိမိတို့ နိုင်သလောက် ပမာဏနဲ့ ဝင်ရောက်အားဖြည့်နိုင်ပြီး ကျနော်တို့ဘက်မှ ❝ ရာဇတောဝါ ❞ ကဗျာရုပ်ရှင်ခံစားမှု ကြည့်ရှုနိုင်ရန်အတွက် မေတ္တာလက်ဆောင် လက်မှတ်တစ်စောင်ကို ပြန်လည်ပေးအပ်မှာပဲ ဖြစ်ပါတယ်။

ရရှိလာသောရန်ပုံငွေများ အားလုံးကို ပဲခူးတိုင်းစစ်ဌာနသို့ ၁၀၀% စီးဆင်းသွားမှာ ဖြစ်ပါတယ်။

ကောမန့်ရှိ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ Fundraisers များထံမှာ ရဲဘော်တွေကို အားဖြည့်ထောက်ကူရင်း လက်မှတ်များ ရယူနိုင်ပါပြီ ခင်ဗျာ။

#ရာဇတောဝါ
#ကဗျာရုပ်ရှင်ပေါင်းစပ်ခံစားမှု





တမျိုးမူတဲ့ပဲခူးသူလေးတွေနဲ့အကြင်နာနှလုံးသား ပဲခူးသားတို့ရှိရာဟင်္သာတို့ရဲ့ဌာနေ ရိုးမမြေမှာ ကျွန်တော်တို့အတူတူ လူ့မိစ္ဆာတ...
25/07/2026

တမျိုးမူတဲ့ပဲခူးသူလေးတွေနဲ့
အကြင်နာနှလုံးသား ပဲခူးသားတို့ရှိရာ
ဟင်္သာတို့ရဲ့ဌာနေ ရိုးမမြေမှာ ကျွန်တော်တို့အတူတူ လူ့မိစ္ဆာတွေကို မောင်းထုတ်ကြရအောင်လားခင်ဗျာ

၁၆%မျှသာရရှိသေးတဲ့ ရိက္ခာ၊ဆေးဝါးနဲ့စစ်အသုံးအဆောင်များဖြည့်တင်းမယ့် ပဲခူးတိုင်းပကဖ အထူးတိုက်ခိုက်ရေး ရဲဘော်တွေရဲ့ " #ဟင်္သာဌာနေအောင်ပွဲဝေ" ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ပေးဖို့ တိုက်တွန်းနှိုးဆော်ပါရစေခင်ဗျာ

ဆက်သွယ်နိုင်သည့် နိုင်ငံတကာရှိ တာဝန်ခံလင့်များအား ကွန့်မန့်တွင်ဖော်ပြထားပေးပါတယ်ခင်ဗျာ
(Please RCS)
#ဟင်္သာဌာနေအောင်ပွဲဝေ
#ကျပ်သိန်း၃၀၀၀
#ပဲခူးတိုင်းပကဖ




တော်လှန်ရေးက ကိုယ်နှင့်မဆိုင်သလို နေကြသူတွေအပေါ် ရိုက်ခတ်ချက်က ပို၍သာ၍ ပြင်းထန်လာပါပြီ။ ကြက်ဥတလုံး ၇၀၀တို့ အစာငတ်လို့ လမ...
25/07/2026

တော်လှန်ရေးက ကိုယ်နှင့်မဆိုင်သလို နေကြသူတွေအပေါ် ရိုက်ခတ်ချက်က ပို၍သာ၍ ပြင်းထန်လာပါပြီ။

ကြက်ဥတလုံး ၇၀၀တို့ အစာငတ်လို့ လမ်းမှာလဲကျသေဆုံးတို့တွေက လှိုင်းရဲ့ အဖျားအနားလေးတွေပါ။

စကစတွေ ပေါ်တာဆွဲပြီး လူသားလှိုင်း လုပ်ခိုင်းလို့ သေရတဲ့ လူငယ်တွေ အရေအတွက်က မနည်းမနှောဖြစ်နေပါပြီ။ လူငယ်တွေဆွဲလို့ အားမရတော့ nonCDM တွေကိုပါဆက်ဆွဲတယ်။ ရဲတွေကို ကွန်မန်ဒိုတံဆိပ်ကပ်ပြီး စ ပို့နေပြီ။ နောက် ဝန်ထမ်းတွေအလှည့်။

သူတို့ပြီးရင် ဘယ်သူ့ အလှည့်ဖြစ်မလဲ။ သင့် အလှည့်လား။

ဒါမျိုးတွေ ရပ်သွားအောင် #ကြိုးနဲ့စွန် မှာပါဝင်ပေးပါ။

#ကြိုးနဲ့စွန်


19/07/2026
အာဇာနည်ဆိုတာ မသေဆုံးသေးသော စိတ်ဓာတ်ဖြစ်သည်။မြန်မာနိုင်ငံ၏ သမိုင်းဝင် အာဇာနည်နေ့ကို အခြေခံပြီး ယနေ့တိုင် သက်စွန့်ဆံဖျား တ...
19/07/2026

အာဇာနည်ဆိုတာ မသေဆုံးသေးသော စိတ်ဓာတ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းဝင် အာဇာနည်နေ့ကို အခြေခံပြီး ယနေ့တိုင် သက်စွန့်ဆံဖျား တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များအားလုံးကို ဂုဏ်ပြုဦးညွတ်ပါသည်။

"အာဇာနေယျ" ဆိုတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာတဲ့ အာဇာနည် ဆိုတာ အကြောင်းဟုတ်သည် မဟုတ်သည်ကို ခွဲခြားသိမြင်ပြီး၊ အကြောင်းအကျိုးကို နားလည်တတ်သိ လိမ္မာတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်ကြီးတွေ မိမိတို့ယုံကြည်ချက်အတွက် အသက်ပေးလှူသွားခဲ့ကြလို့ ကျွန်တော်တို့ သမိုင်းမှာ ဇူလိုင် ၁၉ ကို "အာဇာနည်နေ့" အဖြစ် မမေ့မလျော့ တန်ဖိုးထား ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ အာဇာနည်ဆိုတာ သမိုင်းစာအုပ်ထဲမှာပဲ ကျန်ရစ်ခဲ့တဲ့ နာမဝိသေသနတစ်ခု မဟုတ်ပါဘူး။

ယနေ့ နွေဦးတော်လှန်ရေးရဲ့ ခေတ်ပျက်ကြီးထဲမှာ မိမိတို့ရဲ့ ကိုယ်ပိုင်အနာဂတ်တွေ၊ အိပ်မက်တွေကို စတေးပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်၊ တရားမျှတမှုအတွက် ရှေ့တန်းကနေ သက်စွန့်ဆံဖျား တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ PDF ရဲဘော်တွေကလည်း ဧကန်မုချ အာဇာနည်တွေပဲ ဖြစ်ပါတယ်။

ထို့အတူပဲ... လမ်းတစ်ဝက်မှာ တင်ကျန်ရစ်တဲ့ ရဲဘော်တွေရဲ့ သွေးမြေကျမှုကို တိုင်တည်ပြီး၊ အခက်အခဲပေါင်းစုံကြားကနေ ယုံကြည်ချက်ကို ရင်ဝယ်ပိုက်ကာ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းနဲ့ နောက်တန်းက တော်လှန်ရေးရဲဘော် အားလုံးဟာလည်း လက်ရှိမျက်မှောက်ခေတ်ရဲ့ လေးစားထိုက်တဲ့ "အာဇာနည်များ" ပင် ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့အထိမ်းအမှတ်မှာလည်း ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်များကို ဦးညွတ်အောက်မေ့ပါတယ်။

ဆက်လက်တိုက်ပွဲဝင်နေသော အသက်ရှင်ဆဲ အာဇာနည်ရဲဘော်များကို အစဉ်အမြဲ ဂုဏ်ပြုလျက် စိတ်ခွန်အားအပြည့်ဖြင့် ဝန်းရံနေပါမယ်။
အာဇာနည်တို့၏ သွေးသည် အချည်းနှီး မဖြစ်စေရ။
တော်လှန်ရေး ဧကန်မုချအောင်ရမည်။ ✊

#အာဇာနည်နေ့
#နွေဦးတော်လှန်ရေး

#ဂုဏ်ပြုဦးညွတ်ခြင်း
#ကြိုးနဲ့စွန်

18/07/2026

"ဒီလောက်တောင်ပဲလား သားရယ်.. ပြန်ခဲ့ပါ" တဲ့
"အမေ...ယုံကြည်ချက်နဲ့ မာနတရားဆိုတာ ဒီလိုရှိတယ်" ဆိုပြီး
အမေ့ဆီပဲ ဒုက္ခတွေ ခဏခဏရောင်းခဲ့ 💔

🏷️သစ္စာပိုင်စိုး

အောင်ပွဲဝေမယ့် ဟင်္သာဌာနေမှ အမေ့အိမ်ဆီ အရောက်ပြန်ကြမယ့် ပဲခူးတိုင်းပကဖရဲဘော်တွေကို FR List မှတဆင့် ထောက်ပံ့ကြပါစို့။ 😍🎯

#ဟင်္သာဌာနေ_အောင်ပွဲဝေ
#ပဲခူးတိုင်းပကဖ

Address

Yangon

Telephone

+959250123654

Website

Alerts

Be the first to know and let us send you an email when Myanmar Care Group - MCG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share