Yangon Anarchist Association - YAA

Yangon Anarchist Association - YAA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Anarchist Association - YAA, Community Service, Yangon.

တော်လှန်ရေးသမားတစ်ယောက်က သူဟာ လူတွေကို စိုးမိုးခြယ်လှယ်ဖို့ အခွင့်အာဏာရှိတယ်လို့ ထင်မှတ်လိုက်တာနဲ့တပြိုင်နက် ဒီကောင်တွေဟ...
23/02/2025

တော်လှန်ရေးသမားတစ်ယောက်က သူဟာ လူတွေကို စိုးမိုးခြယ်လှယ်ဖို့ အခွင့်အာဏာရှိတယ်လို့ ထင်မှတ်လိုက်တာနဲ့တပြိုင်နက် ဒီကောင်တွေဟာ တော်လှန်ရေးရဲ့ အနှစ်သာရကို ဆုံးရှုံးလိုက်ရတော့တာပဲ။

ပြီးတော့ ဒီကမ္ဘာမြေပေါ်မှာ ရှိတဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးတပ်ဦး လို့ထင်နေတဲ့ကောင်တွေ အကုန်လုံးပေါ်ကို ငါ ချီးပါချပစ်မယ်။ ကိုယ့်ကိုယ်ကို ပစ္စည်းမဲ့လူတန်းစားရဲ့ ကိုယ်စားပြုတပ်ဦးပါလို့ ပြောတဲ့ကောင်တွေရော ၊ အလုပ်သမား၊လယ်သမား ကိုယ်စားပြုတပ်ဦးပါဆိုတဲ့ကောင်တွေကိုရော ၊ ကျောင်းသားထုရဲ့ တပ်ဦးပါလို့ ပြောတဲ့ကောင်တွေရော ၊ ပညာတတ်လူတန်းစားရဲ့ တပ်ဦးပါလို့ပြောတဲ့ကောင်တွေကိုရော အကုန်လုံးပဲ။ အနာဂတ်မှာ 'ငါတို့တပ်ဦးတစ်ခုတည်းကသာ' ဘယ်လိုမျိုး အစဥ်အလာကြီးမားပြီး ၊ ဘယ်လိုမျိုး စုဖွဲ့ဦးဆောင်နိုင်ပါလိမ့်မယ်လို့ ပြောရင်း သူတို့ တော်လှန်နေတဲ့ကောင်တွေရဲ့ စနစ်အတိုင်း တစ်ဖန်ပြန်ပြီး အုပ်ချုပ်ဖို့ စဥ်းစားနေကြတဲ့ ကောင်တွေ အကုန်လုံးအပါအဝင်အားလုံးကို ဆိုလိုတယ်။ အဲဒီကောင်တွေအားလုံးနဲ့ သူတို့ရဲ့ တပ်ဦးတွေအပေါ်ကို ငါ ချီးပါချပစ်မယ်။ ဘာလို့လဲဆိုတော့ ဒီကောင်တွေအားလုံးဟာလည်း 'လူထု' ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ကောင်တွေဖြစ်နေလို့ပဲ။ ဒီကောင်တွေကလည်း လူထု ကို ဘယ်လိုနည်းလမ်းမျိုးနဲ့ တော်လှန်သင့်တယ် ၊ ဘယ်သူ့ကို ယုံကြည်ရမယ် ၊ ဘယ်အချိန်မှာ တိုက်ခိုက်ရမယ် ဆိုပြီး ခေါင်းကိုင် ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ ကောင်တွေ ဖြစ်နေလို့ပဲ။

ဘာလို့လဲဆိုတော့ 'တော်လှန်ရေး' ဆိုတာ ဘယ်ကောင်တစ်ဦးတစ်​ယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်းမှ မဟုတ်လို့ပဲ။ အဲဒီ သူတို့ကိုယ်သူတို့ 'တော်လှန်ရေးတပ်ဦး' လို့ထင်နေတဲ့ ကောင်တွေလည်း တော်လှန်ရေးကို မောင်ပိုင်စီးလို့မရဘူး။ တော်လှန်ရေးဟာ ပြည်သူလူထု နဲ့ပဲ သက်ဆိုင်တယ်။ ပြီးတော့ ဘယ်အချိန်မှာ ဘယ်လိုမျိုး လှုပ်ရှားလုပ်ကိုင်မယ်ဆိုတာကို ဆုံးဖြတ်ရမှာလည်း ပြည်သူလူထု သာလျှင် ဖြစ်တယ်။

| Subcomandante Marcos
— Sixth Declaration of the Lacandon Jungle စာအုပ်မှ
Translated by HMrd

ငါ့အပေါ်မှာ မတရားမင်းမူဖိနှိပ်နေတဲ့ နိုင်ငံတော်၊ ဘာသာတရားနဲ့ ဩတ္တပ္ပတရားတို့ရဲ့ လွတ်လပ်မှုဟာ ငါ့ရဲ့လွတ်မြောက်မှုလို့ အဓိ...
25/11/2023

ငါ့အပေါ်မှာ မတရားမင်းမူဖိနှိပ်နေတဲ့ နိုင်ငံတော်၊ ဘာသာတရားနဲ့ ဩတ္တပ္ပတရားတို့ရဲ့ လွတ်လပ်မှုဟာ ငါ့ရဲ့လွတ်မြောက်မှုလို့ အဓိပ္ပါယ်မမည်ပါဘူး။ နိုင်ငံတော်၊ ဘာသာတရား၊ ဩတ္တပ္ပတရားနဲ့ အဲ့လိုအလားတူအရာတွေကသာ ငါ့ကို ကျေးကျွန်ဘဝကို သက်ဆင်းစေတယ်။ အဲ့အပြင် သူတို့ရဲ့လွတ်လပ်စွာလုပ်ပိုင်ခွင့်ဟာ ငါ့အတွက်တော့ ကျွန်ပြုခံရခြင်းပဲ။ ငါ့ရဲ့ စွမ်းဆောင်ရည်ကသာ ငါ့ရဲ့ပိုင်ဆိုင်မှုအစစ်အမှန်ပဲ။ ငါ့ရဲ့ စွမ်းဆောင်ရည်ကသာ ငါ့အတွက် ပိုင်ဆိုင်မှုအစစ်အမှန်ကို ပေးအပ်တယ်။

- Max Stirner

#မင်းမဲ့စရိုက်

"ပြည်သူ့အာဏာရှင်နိုင်ငံတော်" ဆိုတာ တကယ်တော့ လှည်းကြိုးထမ်းရတာနဲ့တူတဲ့ ဖိနှိပ်မှုတစ်မျိုးပဲ။ တစ်ဖက်က မတရားမင်းလုပ်အုပ်ချု...
21/11/2023

"ပြည်သူ့အာဏာရှင်နိုင်ငံတော်" ဆိုတာ တကယ်တော့ လှည်းကြိုးထမ်းရတာနဲ့တူတဲ့ ဖိနှိပ်မှုတစ်မျိုးပဲ။ တစ်ဖက်က မတရားမင်းလုပ်အုပ်ချုပ်နေတဲ့အချိန်မှာ တစ်ဖက်ကတော့ ကျွန်ပြုခံနေရတယ်။ သူတို့ကတော့ နဖားကြိုးထိုးကောင်းအောင် - ပြည်သူ့အာဏာရှင်စနစ်ဆိုတာ လူထုရဲ့အပြည့်အဝလွတ်မြောက်မှုအတွက် ကြားခံခြေလှမ်းတစ်လှမ်းပဲဖြစ်တယ်- ဆိုတာမျိုးကို ပြောလေ့ရှိတယ်။မင်းမဲ့ဝါဒ သို့မဟုတ် အလုံးစုံလွတ်မြောက်မှုကသာ အဓိကရည်ရွယ်ချက်ဖြစ်ပြီး နိုင်ငံတော် နှင့် ပြည်သူ့အာဏာရှင်စနစ် ဆိုတာ နည်းလမ်းတစ်ခုသာဖြစ်တယ် ဆိုတာမျိုးကိုပြောကြတယ်။ ဒါကြောင့် (သူတို့ပြောသလို) ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ လွတ်မြောက်စေဖို့အတွက် ၎င်းတို့ဟာ ပထမဦးဆုံးအနေနဲ့ ကျွန်ခံဖို့တော့ လိုအပ်တယ်။

- Mikhail Bakunin

#မင်းမဲ့စရိုက်

ဆိုရှယ်လစ်အယူအဆမပါတဲ့ လွတ်လပ်မှုဟာ "အခွင့်ထူးခံမှု" နဲ့ "တရားမျှတမှုမရှိခြင်း" သာဖြစ်ပြီး လွတ်လပ်မှုမရှိတဲ့ ဆိုရှယ်လစ်ဝါ...
18/11/2023

ဆိုရှယ်လစ်အယူအဆမပါတဲ့ လွတ်လပ်မှုဟာ "အခွင့်ထူးခံမှု" နဲ့ "တရားမျှတမှုမရှိခြင်း" သာဖြစ်ပြီး လွတ်လပ်မှုမရှိတဲ့ ဆိုရှယ်လစ်ဝါဒကတော့ "ကျွန်ပြုမှု" နဲ့ "လူမဆန်ခြင်း" သာဖြစ်တယ်။

- Mikhail Bakunin

#မင်းမဲ့စရိုက်

ဟုတ်တယ် Marcos က Gay ပဲ၊ Marcos က San Francisco မှာဆို Gay၊ တောင်အာဖရိကမှာ လူမည်း၊ ဥရောပမှာဆိုရင် အာရှသား၊ San Ysidro မှ...
10/11/2023

ဟုတ်တယ် Marcos က Gay ပဲ၊ Marcos က San Francisco မှာဆို Gay၊ တောင်အာဖရိကမှာ လူမည်း၊ ဥရောပမှာဆိုရင် အာရှသား၊ San Ysidro မှာဆိုရင် Chicano ( Mexican-American တွေကို US မှာနှိမ်တဲ့စကားလုံး) ၊ စပိန်မှာဆို မင်းမဲ့ဝါဒီတစ်ယောက်၊ အစ္စရေးမှာဆိုရင် ပါလက်စတိုင်းတစ်ယောက်၊ San Cristobal ရဲ့လမ်းမပေါ်တွေမှာတော့ မာယာ-အင်ဒီးယန်းလူမျိုးတစ်ယောက်၊ ဂျာမနီမှာဆိုရင် ဂျူးလူမျိုးတစ်ယောက်၊ ပိုလန်မှာဆိုရင် ဂျစ်ပစီ၊ Quebec(ကနေဒါ) မှာဆိုရင် မိုဟော့ခ်လူမျိုး၊ ဘော့စနီးယားမှာဆိုရင် ငြိမ်းချမ်းရေးသမား၊ ည၁၀နာရီအချိန် မြေအောက်ရထားပေါ်က အမျိုးသမီးခရီးသည်တစ်ယောက်၊ မြေပိုင်မရှိတဲ့ လယ်သမားတစ်ယောက်၊ အောက်ခြေကျူးကျော်ရပ်ကွက်ထဲက ဂိုဏ်းသားတစ်ယောက်၊ အလုပ်မရှိတဲ့ အလုပ်သမားတစ်ယောက်၊ မပျော်ရွှင်တဲ့ကျောင်းသားတစ်ယောက် ပြီးတော့ သေချာတာပေါ့၊ တောင်တန်းတွေကြားထဲက ဇာပတီစတာဝါဒီ ( Emiliano Zapata - မက္ကဆီကန်တော်လှန်ရေးသမား) တစ်ယောက်ပဲ။ အဲ့တာ Marcos ပဲ။
-- Subcomandante Marcos

#မင်းမဲ့စရိုက်

ငါ့ရဲ့လက်တွေက ဘယ်သူ့ရဲ့လက်တွေလဲဆိုတာ ငါတပ်အပ်ပြောနိုင်တယ်။ ဒီလက်တွေက တုန်နေလား? ဒါဆိုရင်တော့ သံသယဖြစ်စရာမရှိပါဘူး၊ အဲ့ဒီ...
06/11/2023

ငါ့ရဲ့လက်တွေက ဘယ်သူ့ရဲ့လက်တွေလဲဆိုတာ ငါတပ်အပ်ပြောနိုင်တယ်။ ဒီလက်တွေက တုန်နေလား? ဒါဆိုရင်တော့ သံသယဖြစ်စရာမရှိပါဘူး၊ အဲ့ဒီလက်တွေက စစ်တပ်အရာရှိတစ်ယောက်ရဲ့လက်တွေပဲ။ ဒါမှမဟုတ် အဲ့လက်တွေမှာ တည်ငြိမ်ခိုင်မာတဲ့သွေးခုန်နှုန်းရှိနေလား။ ဒါဆိုရင်တော့ ငါတုံ့ဆိုင်းမနေပဲငါပြောလိုက်မယ် - အဲ့ဒီလက်တွေဟာ လွတ်မြောက်သူတစ်ယောက်ရဲ့လက်တွေပဲ။

- Ricardo Flores Magón

#မင်းမဲ့စရိုက်

ငါတို့ဟာ ပေါင်မုန့်တစ်ဖဲ့လောက်ကို ငါတို့ရဲ့ပါးစပ်ထဲ ထည့်နိုင်ဖို့အတွက်လောက်နဲ့ ဘယ်သူ့ကိုမှ ငါတို့ရဲ့လက်မောင်း(လုပ်အား) တ...
05/11/2023

ငါတို့ဟာ ပေါင်မုန့်တစ်ဖဲ့လောက်ကို ငါတို့ရဲ့ပါးစပ်ထဲ ထည့်နိုင်ဖို့အတွက်လောက်နဲ့ ဘယ်သူ့ကိုမှ ငါတို့ရဲ့လက်မောင်း(လုပ်အား) တွေကို ငှားစရာမလိုတဲ့အခါကျရင်တော့ ငါတို့ဟာလွတ်လပ်ပြီ၊ တကယ်ကိုပဲ လွတ်လပ်ပြီ။

- Ricardo Flores Magon

#မင်းမဲ့စရိုက်

လူသားတယောက်က ကျွန်ထက်အများကြီးပိုသာမနေဘူး ဘာလို့လဲဆိုတော့ သူကသူ့ကိုအုပ်ချုပ်ပေးမယ့်သခင်ကို အချိန်ကာလသက်တမ်းအလိုက်ရွေးပေး...
02/11/2023

လူသားတယောက်က ကျွန်ထက်အများကြီးပိုသာမနေဘူး ဘာလို့လဲဆိုတော့ သူကသူ့ကိုအုပ်ချုပ်ပေးမယ့်သခင်ကို အချိန်ကာလသက်တမ်းအလိုက်ရွေးပေးခွင့်နေရလို့ပဲ။

Lysander Spooner

#မင်းမဲ့စရိုက်

အကယ်၍ အစိုးရမရှိတယ့် မင်းမဲ့အခြေနေက အပျက်သဘောဆောင်တယ့် ကစဉ့်လျားဖြစ်စဉ်ကိုတကယ်ကိုယ်စားပြုတယ်ဆိုရင်…(အမှန်အဲ့အဓိပ္ပယ်နဲ့တ...
01/11/2023

အကယ်၍ အစိုးရမရှိတယ့် မင်းမဲ့အခြေနေက အပျက်သဘောဆောင်တယ့် ကစဉ့်လျားဖြစ်စဉ်ကိုတကယ်ကိုယ်စားပြုတယ်ဆိုရင်…(အမှန်အဲ့အဓိပ္ပယ်နဲ့တော့တခြားဆီပါပဲ)။ ထားပါ အဲ့လိုသာတကယ်ဟုတ်ခဲ့ရင်တောင် ဘယ်မင်းမဲ့ကစဉ့်ကလျားဖြစ်မှုကမှ လူသားတွေကို ဆိုးရွားတယ့်အခြေနေကိုရောက်သွားအောင် အုပ်ချုပ်သူအစိုးရတွေတွန်းပို့သလိုမျိုးတော့ ဆိုးရွားနိုင်ဘူး။

Leo Tolstoy

#မင်းမဲ့စရိုက်

မင်းမဲ့တယောက်ဟာ သူ ကောင်းမွန်စွာပြုမူနေထိုင်ဖို့အတွက် ရဲမလိုအပ်ဘူး။Ammon Hennacy     #မင်းမဲ့စရိုက်
31/10/2023

မင်းမဲ့တယောက်ဟာ သူ ကောင်းမွန်စွာပြုမူနေထိုင်ဖို့အတွက် ရဲမလိုအပ်ဘူး။

Ammon Hennacy

#မင်းမဲ့စရိုက်

မင်းမဲ့စနစ်ဆိုတာ ထိန်းမရပြုမရဖြစ်နေတာကိုပြောတာမဟုတ်ဘူး သူတို့တွေထိန်းလို့မရတော့တာကိုဆိုလိုတာ။Jim Dodge     #မင်းမဲ့စရိုက...
30/10/2023

မင်းမဲ့စနစ်ဆိုတာ ထိန်းမရပြုမရဖြစ်နေတာကိုပြောတာမဟုတ်ဘူး သူတို့တွေထိန်းလို့မရတော့တာကိုဆိုလိုတာ။

Jim Dodge

#မင်းမဲ့စရိုက်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Anarchist Association - YAA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yangon Anarchist Association - YAA:

Share