မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်HIVကာကွယ်ရေး-SARA

  • Home
  • Myanmar
  • Yangon
  • မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်HIVကာကွယ်ရေး-SARA

မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်HIVကာကွယ်ရေး-SARA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်HIVကာကွယ်ရေး-SARA, Non-Governmental Organization (NGO), No. 149, Thukha Street, DKMA Condo, 3rd floor, 8 Ward, Hlaing Township, Yangon.

Covid-19 & HIV“ ရှက်၊ ကြောက်ရွံ့စရာ မဟုတ်ပါ ”HIV ပိုးရှိသူများဟာ Covid  ကူးစက်ခံရရင် HIV ပိုးမရှိသူများနဲ့ နှိုင်းယှဉ်ကြ...
06/11/2023

Covid-19 & HIV
“ ရှက်၊ ကြောက်ရွံ့စရာ မဟုတ်ပါ ”

HIV ပိုးရှိသူများဟာ Covid ကူးစက်ခံရရင် HIV ပိုးမရှိသူများနဲ့ နှိုင်းယှဉ်ကြည့်ပါက (၃၈) ရာခိုင်နှုန်းအထိ ရောဂါပိုမိုဆိုးရွားမှုရှိပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိရပါတယ်။

မိမိခန္ဓာကိုယ်အတွင်းရှိနေသော HIV ပိုး ပမာဏ (viral load)၊ ART ဆေး မသောက်သူများအဖို့ ခုခံအားကျဆင်းကာ ကိုဗစ်ရောဂါပိုး ပိုကူးစက်ခံရနိုင်ပြီး၊ ကူးစက်ခဲ့လျှင်လည်း ရောဂါအခြေအနေ ပိုမိုဆိုးရွားကာ ဆေးရုံတွင် ကုသရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ပို၍ ဖြစ်နိုင်ပါတယ်။ အလားတူပင် နှလုံးရောဂါရှိသူများ၊ ဆီးချို၊ သွေးတိုး၊ နာတာရှည်အဆုတ်ရောဂါ၊ ကျောက်ကပ် ရောဂါ အခံရှိသူများတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရပါက ပိုမိုပြင်းထန်နိုင်ပါတယ်။

HIV ပိုးရှိသူများအနေဖြင့် ကိုဗစ်ရောဂါကို ကုသရာတွင် HIV ပိုးမရှိသူအား ကုသသည်နှင့် အတူတူပင် ဖြစ်ပါတယ်။ ကွဲပြားခြင်း မရှိပါဘူး။ အေအာတီ (ART) ဆေးများဟာ ကိုဗစ်ရောဂါအား ကောင်းစေခြင်း၊ ဆိုးစေခြင်း နှင့် ဆက်နွယ်ခြင်းမရှိပါ။ ART ဆေးများကို ကိုဗစ်ရောဂါအတွက် ကာကွယ်၊ ကုသရာတွင်လည်း အသုံးမပြုပါဘူး။
ဒါပေမယ့် HIV ပိုးရှိသူများအနေဖြင့် ကိုဗစ်ရောဂါအား ကုသမှု ခံယူမည်ဆိုရင် သင်ရဲ့ ဆရာဝန်၊ ဆရာမ အား မိမိရဲ့ HIV အခြေအနေကို အသိပေးသင့်ပါတယ်။

Covid အတွက် ကာကွယ်၊ ကုသရာတွင် အသုံးပြုသော ဆေးဝါးများသည် HIV ပိုး ကူးစက်ခြင်းအား ကာကွယ်ပေးသော PrEP သောက်နေသော သူများအတွက်လည်း ဆေးများ အချင်းချင်း အာနိသင်ဓါတ်ပြုခြင်းများ မရှိကြောင်း လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးပါ။ WHO မှ ခွင့်ပြုချက်ရရှိထားသော ကိုဗစ်ကာကွယ်ဆေးများသည် HIV ပိုးရှိသူများအတွက် ဘေးကင်းလုံခြုံမှု ရှိပါတယ်။ ဒါ့အပြင် ART ဆေးများနှင့်လည်း ဘေးထွက်ဆိုးကျိုးများ မရှိပါဘူး။
ကာကွယ်ဆေးလည်း ထိုး ၊ ဆေးလည်း ပုံမှန်သောက်သုံးနိုင်ပါတယ်။ ထပ်ဆောင်းအားဖြည့် ကာကွယ်ဆေးကိုလည်း ပို၍ ထိုးသင့်ကြောင်း အကြုံပြုထားပါတယ်။

ရှက်စရာ၊ ကြောက်စရာ မလိုပါဘူး။
ကိုဗစ်ကာကွယ်ဆေးကို အသေအချာ ထိုးပါ။
ထပ်ဆောင်းအားဖြည့် (Booster) ထိုးပါ။
ART ဆေးကို နေ့စဉ် အချိန်မှန်သောက်ပါ။
Mask တပ်ပါ။ လက်ဆေးပါ။
အာဟာရပြည့်ဝစွာ စားပါ။

Referrences:
https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/coronavirus-disease-(covid-19)-covid-19-and-people-living-with-hiv
https://www.cdc.gov/hiv/basics/covid-19.html

Covid-19 and Breathing Exercises (Part - 1)ကိုဗစ်-၁၉ (COVID-19) သည် ကိုရိုနာဗိုင်းရပ်စ်ပိုး (Coronavirus) ကြောင့်ဖြစ်သော...
02/08/2023

Covid-19 and Breathing Exercises (Part - 1)

ကိုဗစ်-၁၉ (COVID-19) သည် ကိုရိုနာဗိုင်းရပ်စ်ပိုး (Coronavirus) ကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ လူတိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေရှိသည်။ ယခုအခါ ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ကူးစက်နှုန်း မြန်ဆန်သည့်အတွက် ကာကွယ်ရေးနည်းလမ်းများကို မပျက်မကွက်လိုက်နာရန် အလွန်အရေးကြီးသည်။ များသောအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် (၅-၆) ရက်အတွင်း ရောဂါလက္ခဏာများ ခံစားရမည်ဖြစ်ပြီး အချို့မှာမူ (၁၄) ရက်ကြာမှ လက္ခဏာများ ပေါ်လာနိုင်သည်။ ရောဂါပိုးကူးစက်ခံရသူအများစုမှာ သာမန် (သို့) အလယ်အလတ်အဆင့်ရှိသော လက္ခဏာများသာ ခံစားရပြီး ဆေးရုံတက်၍ ကုသရန် မလိုအပ်ပေ။ သက်ကြီးရွယ်အိုများ (အသက် ၆၀ နှစ်နှင့်အထက်)၊ အခြားရောဂါအခံရှိသူများ (နှလုံးရောဂါ၊ အဆုတ် ရောဂါ၊ ဆီးချို/သွေးတိုးရောဂါသည်များ၊ အဝလွန်သူများ၊ ကင်ဆာဝေဒနာရှင်များ) တွင် ကိုဗစ်-၁၉ ကူးစက်ခံရပါက ပြင်းထန်သောလက္ခဏာများ ရရှိရန် ဖြစ်နိုင်ခြေ ပိုမိုများပြားသည်။

ရောဂါလက္ခဏာများ

အဖြစ်များသော ရောဂါလက္ခဏာများ

- ဖျားခြင်း (သာမိုမီတာဖြင့် တိုင်းတာပါက အပူချိန် ၉၉.၅ ဒီဂရီ ဖာရင်ဟိုက် (သို့) ၃၇.၅ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ရှိခြင်း။
- ချောင်းခြောက်ဆိုးခြင်း။
- မောပန်းနွမ်းလျခြင်း။

အဖြစ်နည်းသော ရောဂါလက္ခဏာများ

• ခေါင်းကိုက်ခြင်း၊
• နှာခေါင်းပိတ်၊ နှာစေးခြင်း။
• ကြွက်သား (သို့) အရိုးအဆစ်များနာခြင်း။
• လည်ချောင်းနာခြင်း။
• ပျို့အန်ခြင်း။
• ၀မ်းလျှောခြင်း။
• အနံ့ (သို့) အရသာပျောက်ဆုံးခြင်း။
• မျက်စိနာခြင်း/မျက်သား အဖြူမှာနီလာခြင်း ။
• အရေပြားတွင် အနီကွက်ပေါ်ခြင်း။
• ချမ်းတုန်ခြင်း (သို့) မူး‌ဝေခြင်း။

ပြင်းထန်သော ရောဂါလက္ခဏာများ

• အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမဝခြင်း။
• ရင်ဘတ်အောင့်ခြင်း (သို့) ရင်ဘတ်ပေါ်တွင် အလေးဖိထားသည်ဟု ခံစားရခြင်း။
• စကားမပြောနိုင်ခြင်း (သို့) လှုပ်ရှားမှုမရှိခြင်း။
• စိတ်ရှုပ်ထွေးခြင်း။

Covid-19 လူနာများတွင် အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါသည်။

မည်သူမဆို အသက်ရှူ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ကျင့်နိုင်ပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာသူများသည် အဓိက ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်းများကို မိမိ၏နေ့စဥ်လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဥ် ပြုလုပ်နိုင်သလို၊ Self-isolation သီးသန့်နေထိုင်ချိန်တွင်လည်း လေ့ကျင့်နိုင်ပါတယ်။ သာမန်နှင့် အလယ်အလတ် ရောဂါလက္ခဏာများ ခံစားနေရသည့် ကိုဗစ်-၁၉ လူနာများတွင် သွေးတွင်းအောက်စီဂျင် ကောင်းမွန်စေရန် အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်သင့်ကြောင်း ညွှန်ကြားထားပါသည်။
လူနာအနေဖြင့် အသက်ရှူရ ခက်ခဲခြင်း၊ မောနေခြင်း ရှိ/မရှိ ဆန်းစစ်ပြီးမှသာ အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ရန် တိုက်တွန်းပါ။ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ရာတွင် လူနာ၏ အခြေအနေကို စောင့်ကြပ်ကြည့်ရှုပါ။

အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာပါက လေ့ကျင့်ခန်းကို ချက်ချင်းရပ် ခိုင်းပါ။

• မူး‌ဝေလာခြင်း ၊ မောပန်းခြင်း။
• အသက်ရှူနှုန်း နဂိုပုံမှန်ထက် မြန်လာခြင်း။
• ခြေလက်များအေးခဲလာခြင်း။
• နှလုံးခုန်နှုန်း ပုံမမှန်ခြင်း။
• ရင်ဘတ်အောင့်ခြင်း။
• အရေးပေါ်ဟု ယူဆနိုင်သော လက္ခဏာများ ဖြစ်ပေါ်လာခြင်း။

 သွေးတွင်းအောက်စီဂျင်ပမာဏ (၉၀ %) အောက် နည်းနေသည့်လူနာကို အားစိုက်ပြီး အသက်ရှူသွင်း/ရှူထုတ်ခိုင်းခြင်း (Deep Breathing ) မလုပ်ခိုင်းရပါ။

 အသက်ရှူလေ့ကျင့်ခန်းကို ပုံမှန်အားဖြင့် (၁၀) ကြိမ်လျှင် (၁) ခေါက်နှုန်းဖြင့် (၂) နာရီခြား တစ်ခါ ပြုလုပ်ပေးပါ။

20/07/2023

ကိုဗစ် (Covid-19) ရောဂါ ဆိုတာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတုန်းလား?

ယနေ့ခေတ် ပြောင်းလဲလာသော ကိုဗစ် (Covid-19) ရဲ့ ရောဂါလက္ခဏာတွေကို သတိထားမိကြသေးလား?

 ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇတွေ အမျိုးမျိုးပြောင်းလဲပြီး ကူးစက်မှုတွေ ဆက်ဖြစ်နေဆဲပါ။ အခုနောက်ဆုံး တွေ့ရတဲ့ ကိုဗစ်ဗိုင်းရပ်စ်က Omicron ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ XBB.1.5 ဖြစ်ပါတယ်။ ရောဂါကူးစက်နိုင်စွမ်း အမြင့်ဆုံး (the most transmissible) ကိုဗစ်ဗိုင်းရပ်စ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

 ကိုဗစ်ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇသဘာဝ ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ ရောဂါတုန့်ပြန်ခုခံနိုင်စွမ်းကလည်း ပြောင်းလဲလာခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြတာ၊ ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးတာ၊ ကိုဗစ်ကုသမှု ဆေးဝါးနဲ့ ကုထုံးတွေပေါ်ပေါက်လာတာစတဲ့ အခြေနေအရပ်ရပ်ကြောင့်လို့ ဆိုပါတယ်။ ပြောင်းလဲဖြစ်ပေါ်လာတဲ့ သဘောဖြစ်ပါတယ်။ အနံ့ပျောက်တဲ့လက္ခဏာဟာ ကိုဗစ် ကပ်ရောဂါရဲ့အစောပိုင်းကာလတွေမှာ အတွေ့ရများတဲ့ လက္ခဏာဖြစ်ပေမယ့် ယခုအခါမှာတော့ သိပ်မတွေ့ရတော့ဘူးလို့ဆိုပါတယ်။ ပြင်းထန် အဆုတ်ရောင်လက္ခဏာတွေဖြစ်တဲ့ အသက်ရှုမဝတာ၊ မောတာ၊ သွေးတွင်းအောက်ဆီဂျင်ကျတာတွေလည်း တွေ့ရနည်းလာပါတယ်။

အကြောင်းကတော့ ဗိုင်းရပ်စ်ပိုးဟာ (Upper Respiratory Tract) အသက်ရှု လမ်းကြောင်းရဲ့ အပေါ်ပိုင်းမှာ အတွယ်အကပ် ပိုများလာတယ်။ (Lower Respiratory Tract) အောက်ပိုင်းက အဆုတ်ထိရောက်တာ နည်းလာတာကြောင့် ဖြစ်မယ်လို့ ဆိုထားပါတယ်။

 လတ်တလော အတွေ့ရများတဲ့ ကိုဗစ်ရောဂါလက္ခဏာတွေထဲကမှ အဓိက (၇) ခုကို စဉ်ကြည့်ရင် အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

၁။ နှာရည်ယိုခြင်း (running nose)
၂။ ချောင်းဆိုးခြင်း (cough)
၃။ လည်ချောင်းနာခြင်း (sore throat)
၄။ ဖျားခြင်း (fever)
၅။ ခေါင်းကိုက်ခြင်း (headache)
၆။ ညောင်းညာကိုက်ခဲခြင်း (muscle pain)
၇။ နှုံးချိ ၊ မအီမသာ ဖြစ်ခြင်း (fatigue)

 အထက်ပါ လက္ခဏာများကို မိမိမှာသော်လည်းကောင်း ၊ မိမိပတ်ဝန်းကျင်က မိသားစုမိတ်ဆွေများမှာ သော်လည်းကောင်း တွေ့ရှိပါက ကိုဗစ်ရောဂါ စစ်ဆေးကြည့်သင့်ပါသည်။

စစ်ဆေးဖို့အတွက် SARA ဆေးခန်းများမှာ လာရောက်စစ်ဆေးနိုင်ပါကြောင်း သတင်းစကားပါးလိုက်ပါတယ်။
Source; WebMD.com: The COVID-19 Omicron Variant
bmj.com: How are covid-19 symptoms changing?

လက်ဆေးခြင်းဖြင့် Covid – 19 (Corona Virus) ရောဂါကိုကာကွယ်စို့

- Covid -19 ရောဂါ (Corona Virus) ကိုကာကွယ်ရန် နည်းလမ်းများထဲမှ လက်ဆေးခြင်းဟာလဲ အဓိကကျသော ကာကွယ်ခြင်းတစ်ခုပါပဲ။
- လက်ဆေးခြင်းဖြင့် Covid – 19 (Corona Virus) ရောဂါကို ကာကွယ်နိုင်သလို အခြားသောရောဂါများဖြစ်သော ၀မ်းလျောဝမ်းပျက်ရောဂါ (Diarrhoea disease)၊ ၀မ်းကိုက်ရောဂါ(dysentery disease)၊ သန်ကောင်များ(worms)မှဖြစ်ပွားတတ်သောရောဂါများကိုလဲ ကာကွယ်နိုင်ပါသည်။

- ရေအိမ်မှ ထွက်လာပြီးတိုင်းလက်ဆေးပါ။
- ဟင်းသီးဟင်းရွက်မချက်ပြုတ်မှီနှင့် ချက်ပြုတ်ပြီးတိုင်းလက်ဆေးပါ။
- အစာမစားမှီနှင့် စားပြီးတိုင်း လက်ဆေးပါ။
- ပိုက်ဆံ၊အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်းနှင့် ဈေးသွားဈေးပြန်လာပြီးတိုင်း လက်ကိုသေချာစွာဆေးပါ။
- လက်ကိုဆပ်ပြာ သို့မဟုတ် WHO မှသတ်မှတ်ထားသော ဆပ်ပြာရည်၊Hand Sanitizer 99.99% တို့ကို အသုံးပြုပါ။
- Hand Sanitizer ကဲ့သို့သော ဆပ်ပြာရည် မရရှိနိုင်သော နေရာဒေသများတွင် မိမိအိမ်တွင်အသုံးပြုသော ဆပ်ပြာတို့ဖြင့် လက်ကိုသေချာစွာဆေးကြောပါ။
- လူအများ စုဝေးတက်သောနေရာ (ဈေး၊ ဘူတာရုံ၊ဘဏ်၊ဆေးရုံ) အစရှိသော နေရာများမှ ပြန်လာလျှင် လက်ဆေးပါ။
- ခန္ဓာကိုယ်မှထွက်သော (နှပ်ချေး၊ မစင်) အစရှိသည်တို့ ကိုင်တွယ်မိပါက လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးပါ။
- အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်မိလျှင် လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးပါ
- လက်ကို Second 20 ကြာ ပွတ်တိုက်ပြီး သေချာစွာဆေးကြောပါ။

Non-governmental organisation (NGO)

သင်ဟာ ကိုယ်ဝန်ဆောင်မိခင် (သို့) နို့တိုက်မိခင် (သို့) ကလေးယူရန် စီစဥ်နေသောသူ တစ်ဦး ဖြစ်နေလျှင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သ...
06/12/2022

သင်ဟာ ကိုယ်ဝန်ဆောင်မိခင် (သို့) နို့တိုက်မိခင် (သို့) ကလေးယူရန် စီစဥ်နေသောသူ တစ်ဦး ဖြစ်နေလျှင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို သိထားသင့်ပါတယ်။

Part - 2

(၅) ကိုယ်ဝန်‌ဆောင်မိခင်များသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးလို့ရသလား?
ရောဂါပိုးအသစ်ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အဓိကထား စမ်းသပ်ထားခြင်း မဟုတ်ပါ။
ယခုလေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်မိခင်များသည် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသောအခါ ကာကွယ်ဆေးသည် မိခင် အပေါ်နှင့် သန္ဓေသား၏ ပုံမှန်ကြီးထွားမှု အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုမရှိကြောင်း တွေ့ရသည်။ ထို့အပြင် ကာကွယ်ဆေးထိုးထားသော ကိုယ်ဝန်ဆောင်မိခင်များ၏ သန္ဓေသား နှင့် မိခင်နို့ရည်တို့တွင် ပဋိပစ္စည်းများ (Antibodies) တွေ့ရှိရကြောင်း သိရသည်။

မည်သည့် ကိုယ်ဝန်သက်တမ်းမဆို ထိုးနှံနိုင်သော်လည်း ကိုယ်ဝန်နုစဥ်ကာလ စောစောထိုးနှံထားမှသာလျှင် Antibody ရရှိရန်အချိန်နှင့် ရောဂါပြင်းထန်တတ်သည့် ကိုယ်ဝန်သက်တမ်း ရင့်ချိန်တွင် ရောဂါပိုးကို အချိန်ကိုက် ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်ကာကွယ်ဆေးကို စောစောထိုးသင့်ပါသည်။
ကာကွယ်ဆေး ထိုးနှံထားသော ကိုယ်ဝန်ဆောင်မိခင်များသည် ကာကွယ်ဆေးကြောင့် ကိုယ်ဝန်သန္ဓေသားအပေါ်တွင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးဖွံဖြိုးကြီးထွားမှုကို ထိခိုက်ခြင်း၊ ကိုယ်လက်အဂါ ချို့ယွင်းစေခြင်း စသည်တို့ မတွေ့ရှိကြောင်း ဖော်ပြထားသည်။
အကယ်၍ သင်သည် ကာကွယ်ဆေးထိုးမည်ဆိုပါက ကာကွယ်ဆေးမထိုးခင် သင်၏ OG (သို့) ကျန်းမာရေး ဆရာဝန်/ဆရာမနှင့် ဆွေးနွေးတိုင်ပင်၍ အကြံဥာဏ်ကောင်းများ ရယူပါ။

(၆) ကိုဗစ်ကာကွယ်ဆေးဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကိုယ်ခံအားစနစ်ကို နှောင့်ယှက်အကျိုး ဆိုးယုတ်မှု ဖြစ်စေသလား?
မဖြစ်ပါ။ ကာကွယ်ဆေး ဟာ အကျိုးဆိုးယုတ်မှု မဖြစ်စေသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကိုယ်ခံအားစနစ်အား ကောင်းကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ရောဂါပိုးကို တိုက်ခိုက်ပေးပါတယ်။

(၇) ကိုယ်ဝန်ဆောင်မိခင် အပြင် နို့တိုက်မိခင်များလဲ ကာကွယ်ဆေးထိုးနှံသင့်သလား?
ထိုးသင့်ပါတယ်။ နို့တိုက်မိခင်များအတွက်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ထောက်ခံအကြုံပြုထားပါတယ်။ တွေ့ရှိချက်များအရ ကာကွယ်ဆေးများသည် ပိုးအရှင်(Live vaccine) မပါဝင်သောကြောင့် မွေးကင်းစ ကလေးအတွက်ရော မိခင်အတွက်ပါ ဆိုးကျိုးမရှိပါ။ မိခင်နို့ ကိုလည်း ဆက်လက်တိုက်နိုင်ပါတယ်။ ရှေးဦးစွာ ကာကွယ်ဆေး မထိုးနှံခင် သင်ရဲ့ ဆရာဝန်၊ သင်ရဲ့ အမျိုးသား နှင့် တိုင်ပင်ဆွေးနွေးပါ။

(၈) ကိုဗစ်ကာကွယ်ဆေး ဟာ လူသားတစ်ဦး၏ မျိုးပွားနိုင်မှုကို ထိခိုက်နိုင်ပါသလား?
မထိခိုက်စေပါဘူး။ ကလေးယူဖို့ အသေအချာစီစဥ်နေသော ဇနီးမောင်နှံများအဖို့ နောက်မကျစေပဲ ကာကွယ်ဆေးထိုးနှံကြဖို့ အကြုံပြုထားပါတယ်။ ကာကွယ်‌ဆေးဟာ လူသားတစ်ဦးရဲ့ မျိုးဆက်ပွားနိုင်ခြင်းကို သက်ရောက်ထိခိုက်မှု မရှိပါဘူး။

References
Coronavirus disease (COVID-19): Pregnancy and childbirth (who.int)
COVID-19 Vaccines While Pregnant or Breastfeeding (cdc.gov)
COVID-19 FAQs for Obstetrician-Gynecologists, Obstetrics | ACOG
The COVID-19 Vaccine and Pregnancy: What You Need to Know | Johns Hopkins Medicine
The Society for Maternal-Fetal Medicine | SMFM.org - The Society for Maternal-Fetal Medicine (COVID_vaccine__Patients_JULY_29_2021_final.pdf)

ကိုယ်ဝန်ဆောင်မိခင် (သို့) နို့တိုက်မိခင် (သို့) ကလေးယူရန် စီစဥ်နေသောသူ တစ်ဦး အနေဖြင့်သိသင့်သော ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်သည့်အကြောင်းအရာများ Part - 2 ကို ဖော်ပြပေးသွားခြင်းဖြစ်ပါတယ်။

လူတိုင်း ကိုဗစ်ကင်းစင် ပြုံးပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ပါစေ။

References
Coronavirus disease (COVID-19): Pregnancy and childbirth (who.int)
COVID-19 Vaccines While Pregnant or Breastfeeding (cdc.gov)
COVID-19 FAQs for Obstetrician-Gynecologists, Obstetrics | ACOG
The COVID-19 Vaccine and Pregnancy: What You Need to Know | Johns Hopkins Medicine
The Society for Maternal-Fetal Medicine | SMFM.org - The Society for Maternal-Fetal

source of image - cartoon picture of pregnant woman.

သင်ဟာ ကိုယ်ဝန်ဆောင်မိခင် (သို့) နို့တိုက်မိခင် (သို့) ကလေးယူရန် စီစဥ်နေသောသူ တစ်ဦး ဖြစ်နေလျှင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သ...
14/11/2022

သင်ဟာ ကိုယ်ဝန်ဆောင်မိခင် (သို့) နို့တိုက်မိခင် (သို့) ကလေးယူရန် စီစဥ်နေသောသူ တစ်ဦး ဖြစ်နေလျှင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို သိထားသင့်ပါတယ်။

Part - 1

(၁) ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုဗစ်-၁၉ ရောဂါပိုး ပိုပြီး ကူးစက်နိုင်ချေ/ရောဂါဖြစ်နိုင်ချေ များသလား?
မိမိဟာ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေသောကြောင့် ကိုဗစ်ရောဂါပိုး ပိုကူးစက်လွယ်တယ် ဆိုတာ မမှန်ပါဘူး။ အခြား သာမန်လူများအတိုင်း ကူးစက်နိုင်ခြေမှာ အတူတူပင် ဖြစ်ပါတယ်။
သို့သော် အားလုံးကို ခြုံငုံသုံးသပ်ပါက ဖြစ်နိုင်ချေနည်းပါးသော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးဖွားပြီးမိခင်များသည် ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရလျှင် အသက်အရွယ်တူသော အမျိုးသမီးပျိုများထက် ပို၍ ရောဂါပြင်းထန်တတ်ပါသည်။ ဆေးရုံတက်ရနှုန်း ပိုများခြင်း၊ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူရခြင်း၊ အသက် ရှူစက်များအသုံးပြုရခြင်း၊ အသက်ဆုံးရှုံးရခြင်း စသည်အထိ ရောဂါပြင်းထန်တတ်ပါတယ်။ ထို့အပြင် နောက်ဆက်တွဲ အနေဖြင့် နေ့မစေ့ လမစေ့ ပဲ မွေးဖွားခြင်း နှင့် အသေမွေးဖွားခြင်းများ ဖြစ်နိုင်ပါသည်။
✓ အသက်အရွယ်ကြီးသော ကိုယ်ဝန်‌ဆောင်မိခင်၊ အဝလွန်သော ကိုယ်ဝန်ဆောင်မိခင်၊ ရောဂါအခံရှိသော ကိုယ်ဝန်ဆောင်မိခင်(ဥပမာ - သွေးတိုးရောဂါ၊ ဆီးချိုရောဂါ) စသည်တို့သည် ပို၍ ရောဂါပြင်းထန်လေ့ ရှိပါသည်။
✓ ကိုယ်ဝန်ဆောင်မိခင်သည် နေမကောင်းဖြစ်ခဲ့လျှင် (ဖျား၊ ချောင်းဆိုး၊ အသက်ရှူကြပ် စသဖြင့်) နီးစပ်ရာကျန်းမာရေးဌာနသို့ သွား၍ ကုသမှု ခံယူပါ။

(၂) ကျွန်မ က ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ပါ။ ကျွန်မ ကိုဗစ်-၁၉ ရောဂါပိုးကို ဘယ်လိုကာကွယ်ရမလဲ?
ကိုယ်ဝန်ဆောင်မိခင်များသည်လည်း အခြားသူများကဲ့သို့ပင် ဖြစ်သည်။
✓ ပါးစပ်နှင့် နှာခေါင်းစည်း သေချာစနစ်တကျ တပ်ဆင်ပါ။
✓ လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောပါ။
✓ အခန်းများဟာ လေဝင်လေထွက် ကောင်းမွန်ပါစေ။
✓ လူစုလူဝေး ရှောင်ရှားပါ။ တတ်နိုင်သမျှ အနည်းဆုံး (၆)ပေ အကွာမှာ ခွာနေပါ။
✓ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးသင့်ပါသည်။ ကာကွယ်ဆေးမထိုးခင် သင်၏ OG (သို့) ကျန်းမာရေး ဆရာဝန်/ဆရာမနှင့် ဆွေးနွေးတိုင်ပင်ပါ။
✓ အပို အားဆေးများလဲ သောက်စရာမလိုပါ။ မိမိတို့ ပုံမှန်သောက်သုံးနေသော ကိုယ်ဝန်အားတိုးဆေး နှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

(၃) ကိုဗစ် ရောဂါပိုးဟာ သန္ဓေသား(သို့) မွေးကင်းစ ကလေး ကို ကူးစက်နိုင်ပါသလား?
လေ့လာစမ်းသပ်နေကြဆဲ ဖြစ်ပါတယ်။ သို့သော် ယခုအထိ လေ့လာတွေ့ရှိချက် များအရ သန္ဓေသားဆီသို့ မကူးစက်သလို မွေးကင်းစ ကလေးဆီကိုလည်း မိခင်နို့ရည် မှတစ်ဆင့် ကူးစက်သော အထောက်အထားများ မတွေ့ရသေးပါ။

(၄) မိခင်ဟာ ကိုဗစ်ရောဂါ ခံစားနေရပါက သူမ၏ကလေးအား နို့တိုက်/ထိလို့/ချီလို့ ရပါသလား?
ရပါတယ်။ ကူးစက်နိုင်ခြေ အလွန်နည်းပါးပါတယ်။ ရာခိုင်နှုန်းအတိအကျဖြင့် မပြောနိုင်သေးပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းအတွက် သက်သေ အထောက်အထားများ၊ ကန့်သက်ချက်များရှိနေသော်လည်း သုတေသနပညာရှင်များသည် အဆက်မပြတ် လေ့လာ စမ်းသပ် နေကြဆဲဖြစ်သည်။
မွေးကင်းစ ကလေးအတွက် မိခင်နို့ရည်သည် အကောင်းဆုံးဖြစ်ပါသည်။ ကလေး၏ ကိုယ်ခံအားသည် မိခင်နို့ တစ်မျိုးတည်းမှသာလျှင် ရရှိပါသည်။
မိခင်မှ ကလေးဆီသို့ မကူးစက်ရန် မိခင်သည် နို့မတိုက်မီ လက်ကို ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ နို့တိုက်သည့်အခါ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ရန်၊ ချောင်းဆိုးနှာချေ ခြင်းများ မပြုလုပ်မိစေရန် သတိထားရမည်။ ကလေးအား အခြားသူများ မထိန်းစေရန်နှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်များကို သေချာလိုက်နာပြီး ကလေးအား မိမိနှင့် အတူ ထားရှိခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ရောဂါ ပြင်းထန်ချိန်တွင် နို့ဘူးတိုက်နိုင်ပြီး ရောဂါသက်သာပါက မိခင်နို့တိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်မိခင် (သို့) နို့တိုက်မိခင် (သို့) ကလေးယူရန် စီစဥ်နေသောသူ တစ်ဦး အနေဖြင့်သိသင့်သော ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်သည့်အကြောင်းအရာများ Part - 2 ကိုလည်းနောက်လတွင် ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

References
Coronavirus disease (COVID-19): Pregnancy and childbirth (who.int)
COVID-19 Vaccines While Pregnant or Breastfeeding (cdc.gov)
COVID-19 FAQs for Obstetrician-Gynecologists, Obstetrics | ACOG
The COVID-19 Vaccine and Pregnancy: What You Need to Know | Johns Hopkins Medicine
The Society for Maternal-Fetal Medicine | SMFM.org - The Society for Maternal-Fetal

source of image - cartoon picture of pregnant woman

03/03/2022

Post COVID-19 condition (or) Long COVID

Post COVID-19 condition (Long COVID) (who.int)
Post-COVID Conditions | CDC

Synonyms
-haul COVID
-acute COVID-19
-term effects of COVID
COVID

လူနာအများစုသည် ကိုဗစ်-၁၉ရောဂါကို သာမန်(သို့) အသင့်အတင့်
ခံစားရသော်လည်း (၁၀-၁၅) ရာခိုင်နှုန်းသည် ရောဂါပြင်းထန်အဆင့်ကို ခံစားရပြီး (၅) ရာခိုင်နှုန်းသည် အလွန် ပြင်းထန်သော အခြေအနေကို ကြုံတွေ့ကြရသည်။
အချို့‌သော လူနာများသည် ကိုဗစ်ရောဂါလက္ခဏာများကို ခံစားရသည်မှာ ကြာရှည်လွန်း လှသည်။ ရောဂါပျောက်ကင်းသည့်တိုင် အချို့သောလက္ခဏာရပ်များသည် ရက်သီတင်းပတ် များ (သို့မဟုတ်) လ များအထိကြာအောင် ပျောက်ကင်းမသွားကြပေ။ ဤသို့သော အချိန်တွင် လူနာ၌ ရောဂါပိုး မရှိတော့ပေ။ အခြားသူများကိုလည်း မကူးစက်တော့ချေ။ သို့သော် နောက်ဆက်တွဲ ရောဂါဝေဒနာများကို ခံစားကြရသည်။
ဤကဲ့သို့သော အချိန်အတော်ကြာ တည်ရှိနေသော ရောဂါအခြေအနေကို “ ကိုဗစ်အလွန် နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေများ (သို့) ရှည်ကြာလွန်းသော
ကိုဗစ်ရောဂါ ” ဟု ခေါ်ဆိုကြသည်။

➡️➡️➡️Long COVID ဆိုသည် - - - - -
လူနာသည် အရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်သောသူ (သို့မဟုတ်)
ကိုဗစ်-၁၉ ရောဂါ အတည်ပြုသူ ဖြစ်ခဲ့ပြီး ရောဂါလက္ခဏာ စဖြစ်သောအချိန်မှ ရေတွက်လျှင် (၃) လ၊ ရောဂါပျောက်ကင်းသောအချိန်မှ စရေတွက်လျှင် (၂) လ ရောဂါလက္ခဏာ ခံစားရကာ အခြားသော ရောဂါအမည် ခေါင်းစဥ်မတပ်နိုင်လျှင်၊ ရောဂါရှာဖွေ မတွေ့ရှိလျှင် “ Post COVID-19 condition (or) Long COVID ” ဟု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသည်။

အဖြစ်များသော လက္ခဏာများ

▶️မောပန်းနွမ်းနယ်ခြင်း
▶️အသက်ရှူ ကြပ်ခြင်း၊ ချောင်းကြာရှည်ဆိုးခြင်း
▶️ရင်ဘတ်အောင့်ခြင်း
▶️ရင်တုန်ခြင်း
▶️အနံ့ပျောက်ခြင်း
▶️ကြွက်သားများ နာကျင်ခြင်း
▶️ခေါင်းကိုက်ခြင်း
▶️မေ့တတ်လာခြင်း
▶️မှတ်ဥာဏ်များ ချို့ယွင်းလျော့ကျလာခြင်း
▶️စိတ်ကျရောဂါ ဖြစ်ခြင်း
▶️ပုံမှန် လုပ်နေကျ လုပ်ငန်းများ မလုပ်ကိုင်နိုင်ခြင်း
▶️ဝမ်းပျက် ဝမ်းလျှောခြင်း ၊ ဗိုက်နာခြင်း
▶️ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း
▶️မကြာခဏ ဖျားခြင်း

အဖြစ်နည်းသော်လည်း အထူးသဖြင့် ကိုဗစ်ရောဂါပြင်းထန်၍ ဆေးရုံတက်ခဲ့ရသောလူနာများ ခံစားရသော ပို၍ ဆိုးသော လက္ခဏာများလည်း တွေ့ရသည်။

▶️နှလုံးကြွက်သား ရောင်ရမ်းခြင်း
▶️အဆုတ်သည် ပုံမှန်အတိုင်း လုပ်ငန်းမလုပ်ဆောင်နိုင်ခြင်း
▶️အနံ့၊ အရသာ ပျောက်ခြင်း၊ အိပ်မပျော်ခြင်း
▶️စိတ်ကျခြင်း၊ စိုးရိမ်ပူပန်နေခြင်း

ရောဂါလက္ခဏာများသည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ကတည်းက လက္ခဏာရပ်များ ဖြစ်နိုင်သလို ရောဂါပျောက်ကင်းချိန်မှ အသစ်ဖြစ်ပေါ်လာသော လက္ခဏာများလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

Q: ဘယ်လို ကာကွယ်ကြမလဲ?

A: ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည်မှာ ကိုဗစ်ဗိုင်းရက်စ်ပိုးကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေများ၊ ပြဿနာများကို မကြုံတွေ့ မခံစားရစေရန် အတွက် အကောင်းဆုံးနည်းလမ်းမှာ ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင် ကာကွယ်နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်များကို အထူးအလေးပေး စနစ်တကျ လိုက်နာကြဖို့ လိုအပ်ပါသည်။
ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြရမည်ဖြစ်သည်။ အကြိမ်ပြည့်ထိုးနှံပြီး သူများအနေဖြင့် Booster ထိုးနှံကြဖို့ လိုအပ်ပါသည်။
Mask တပ်ဆင်ကြရမည် ဖြစ်သည်။ အပြင်သွားသည့်အချိန်တွင်သာမက လိုအပ်လျှင် အိမ်တွင်းမှာပါ ဝတ်ဆင်ကြရမည်။ (မက်စ်ခ် လင့်ခ် ချပေးရန်)
လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) အကြာ စနစ်တကျ ဆေးကြောသန့်စင်ပါ။ အနည်းဆုံး အယ်လ်ကိုဟော (၆၀) ရာခိုင်နှုန်းပါသော ရေမလို လက်သန့်ဆေးရည်ကို အသုံးပြုနိုင်ပါသည်။
အခြားသူများနှင့် ပြောဆိုဆက်ဆံရသည့်အခါ အတတ်နိုင်ဆုံး (၆) ပေ အကွာမှ ပြောဆိုပါ။
မိမိအိမ်အခန်းများကို လေဝင်လေထွက်ကောင်းမွန်အောင် ပြုလုပ်ထားခြင်းသည် လည်း ကိုဗစ်-၁၉ ရောဂါပိုးအား ကာကွယ်နည်းတစ်မျိုးပင် ဖြစ်သည်။
ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ရန်၊ လေ့ကျင့်ခန်းပြုလုပ်ပေးရန်

Q:ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ?

A:အခြေအနေသစ်တစ်ခု ခံစားမှုအသစ် ခံစားနေရသောသူ၊ သင်ချစ်ရသောသူတစ်ဦးအား ပြုစုစောင့်ရှောက်ရမည်မှာ အလွန်ပင်ခက်ခဲသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ လူနာ၊ ဂရုစိုက်ပြုစုသူများ၊ ဆရာဝန်များ စသည်ဖြင့် အားလုံးပူးပေါင်းပါဝင်ရမည် ဖြစ်သည်။
ရောဂါသည် ရုပ်ခန္ဓာ ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေသည်။ နောက်ဆက်တွဲအနေဖြင့် စီးပွားရေးပြဿနာများ၊ မိသားစုများ နှင့် လူမှုပတ်ဝန်းကျင်တွင် အခက်အခဲများစွာဖြင့် သောကမျိုးစုံ ဖြစ်ကြရသည်။ ထို့ကြောင့် လူသားတစ်ဦး၏ function and quality of life ကို ပြန်လည်ရရှိဖို့ လိုအပ်ပါသည်။ လူနာ၏ ခံစားရမှု ဝေဒနာတစ်ခုချင်းစီ အတွက် အထူးပြုကျန်းမာရေးကဏ္ဍအသီးသီးမှ ပြန်လည်ထူထောင်ရေး အစီအစဥ်များဖြင့် အားလုံးပူးပေါင်း လုပ်ဆောင်ကြရမည် ဖြစ်သည်။
သင် တစ်ယောက်တည်း ဤသို့ ခံစားနေရသည် မဟုတ်ပါ။ စိတ်အားငယ်၊ စိတ်ကျနေဖို့ မလိုပါ။
ဤဝေဒနာများကို သက်သာစေမည့် ဆေးနည်းလမ်းကောင်းများစွာ ရှိသည်။ ဤအတွက် စိုးရိမ်ပူပန် စိတ်ကျ နေစရာ မလိုပါ။
စိတ်ခံစားမှုများ ဖိစီးခံစားလာသည့်အခါ သင်သည် ကိုဗစ်-၁၉ ရောဂါအကြောင်းကို တီဗွီ သတင်းစာများမှ ကြည့်ရှုနားဆင်ဖတ်ရှုခြင်းမှ ခဏတစ်ဖြုတ် အနားယူပါ။ ဤသတင်းများသည် သင့်ခံစားရမှုကို ပိုဆိုးစေလိမ့်မည်။
သင့်၏ ခန္ဓာကိုယ်အား ဂရုစိုက်ပါ။ အသက် ဝဝ ရှူပါ။ လေ့ကျင့်ခန်းလုပ်ပါ၊ တရားထိုင် မှတ်ရှုပါ။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကို စားသုံးပါ။ ကောင်းကောင်းအနားယူ အိပ်စက်ပါ။
စိတ်ညစ်သော အချိန်မှာ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်းများကို ရှောင်ပါ။ဤသို့ လုပ်ဆောင်ခြင်းသည် အဖြေ မဟုတ်ပါ။
စိတ်မလေ စေပါနှင့်။ ပျော်ရွှင်စရာ၊ စိတ်အပန်းပြေစရာ တစ်ခုခုကို ပြုလုပ်ပါ။ အခြားသူများနှင့် စကားစမြည် ပြောပါ။ မိမိ ယုံကြည်ရသောသူကို ခံစားနေရမှုတွေအား ဖွင့်ဟပြောဆိုပါ။
မိမိကဲ့သို့ လက္ခဏာခံစားရခြင်း အဖြစ်အပျက်ခြင်းတူသော သူများနှင့် မကြာခဏ စကားပြောဆိုပါ။ ရောဂါအတွေ့အကြုံများ မျှဝေဖလှယ်ပါ။
အရေးကြီးသည့် ဆရာဝန် ရက်ချိန်းကို အမြဲမပြတ် မှန်မှန် ပြသပါ။

28/02/2022

👉👉COVID-19 ရောဂါ ကာကွယ်၊ကုသရေး စီမံချက် -SARA " သည် စစ်ကိုင်းတိုင်း

ဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်များတွင် စီမံချက်လုပ်ငန်းများ

ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ Covid-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေသော

ကာလတွင် ဆေးရုံ၊ ဆေးခန်းများသို့ လူကိုယ်တိုင်လာရောက် မပြသနိုင်သည့် လူနာ

များအတွက် ရည်ရွယ်၍ Tele-consultation ဝန်ဆောင်မှုလုပ်ငန်းကို

အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အခမဲ့ဝန်ဆောင်မှုရယူနိုင်မည့် အချိန်ကာလမှာ

🕘➡️🕗 နေ့စဉ် နံနက် (၉:၀၀) နာရီ မှ ည (၈:၀၀) နာရီအတွင်းဖြစ်ပါသည်။

ဝန်ဆောင်မှုကို ရယူရန်အတွက်

☎️☎️ ဖုန်းနံပါတ် - ၀၉၉၈၉၈၀၇၇၀၅ သို့ဆက်သွယ်နိုင်ပြီး

🤝🤝 Facebook Messenger ၊ Telegram ၊ Viber တို့မှ တဆင့်လည်း
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

** မိမိအိမ်/အလုပ်နေရာမှာ လေဝင်လေထွက်ကောင်းမွန်စေဖို့ အကြံပြုချက်များ **     ============================================...
25/02/2022

** မိမိအိမ်/အလုပ်နေရာမှာ လေဝင်လေထွက်ကောင်းမွန်စေဖို့ အကြံပြုချက်များ **
===================================================

ကပ်ရောဂါ အချိန်ကာလအတွင်း မိသားစုဝင်များသော အိမ်များ၊ မိသားစုပေါင်းစုံ

နေထိုင်သောနေရာများ (ဥပမာ - တိုက်ခန်းများ၊ ကွန်ဒိုများ၊ မြို့ပြအိမ်ရာများ၊

နှစ်ခန်းတွဲ၊ လေးခန်းတွဲ အိမ်များ စသဖြင့်) သည် ကိုဗစ် ရောဂါပိုးထိတွေ့ကူးစက်

နိုင်ခြေများသောကြောင့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးသည် လေထုထဲတွင် ရှူထုတ်လိုက်သော (စကားပြောခြင်း၊

သီချင်းဆိုခြင်း ၊ လေ့ကျင့်ခန်း ပြုလုပ်သည့်အခါ၊ ချောင်းဆိုးနှာချေသည့်အခါ)

ရောဂါပိုးမွှားများပါသော အရည်၊ အမှုန်အမွှားမှတဆင့် ကူးစက်ပါသည်။

ဤကဲ့သို့ လူနေထူထပ်သော နေရာများတွင် ကလေးသူငယ်များ၊ အသက်အရွယ်ကြီး

သူများ၊ မသန်စွမ်းသူများနှင့် ရောဂါအခံရှိသူများအတွက် အထူးဂရုပြုသင့်​ပေသည်။

👉👉 မဖြစ်မနေ လိုက်နာရမည့် အချက်များမှာ -

💦💦 လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးပါ။ ဆပ်ပြာ အဆင်မပြေပါက

အနည်းဆုံး အယ်လ်ကိုဟော (၆၀)ရာခိုင်နှုန်းပါဝင်သော ရေမလို

လက်သန့်စင်ဆေးရည်ကို သုံးပါ။

🙋‍♂️--- 🙋‍♀️ အခြားသူများနှင့် ခပ်ခွာခွာနေ၍ ပြောဆို ဆက်ဆံပါ။

💉💉ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါပြင်းထန်မှုနှုန်း၊

ဆေးရုံတက်ရခြင်းများကို နည်းစေပါသည်။

😷😷 Mask တပ်ရန် မပျင်းပါနှင့်။ ယခုအခါတွင် အိမ်တွင်းမှာလည်း ရောဂါပိုး

ကူးစက်နေသည်ကို တွေ့ရသည်။

🏘️🏘️ လူနေထူထပ်သော နေအိမ်များတွင် မိမိအိမ်ကို လေဝင်လေထွက်ကောင်းမွန်

အောင် ပြုလုပ်ရန် အထူးလိုအပ်ပါသည်။

References
Coronavirus disease (COVID-19): Ventilation and air conditioning (who.int)
Efficacy of Portable Air Cleaners and Masking for Reducing Indoor Exposure to Simulated Exhaled SARS-CoV-2 Aerosols — United States, 2021 | MMWR (cdc.gov)
Ventilation in Buildings | CDC
Ventilation of indoor spaces to stop the spread of coronavirus (COVID-19) - GOV.UK (www.gov.uk)
Indoor Air and Coronavirus (COVID-19) | US EPA
COVID-19: Resources Available to Address Concerns (ashrae.org)

👉👉COVID-19 ရောဂါ ကာကွယ်၊ကုသရေး စီမံချက် -SARA " သည် စစ်ကိုင်းတိုင်း

ဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်များတွင် စီမံချက်လုပ်ငန်းများ

ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ Covid-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေသော

ကာလတွင် ဆေးရုံ၊ ဆေးခန်းများသို့ လူကိုယ်တိုင်လာရောက် မပြသနိုင်သည့် လူနာ

များအတွက် ရည်ရွယ်၍ Tele-consultation ဝန်ဆောင်မှုလုပ်ငန်းကို

အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အခမဲ့ဝန်ဆောင်မှုရယူနိုင်မည့် အချိန်ကာလမှာ

🕘➡️🕗 နေ့စဉ် နံနက် (၉:၀၀) နာရီ မှ ည (၈:၀၀) နာရီအတွင်းဖြစ်ပါသည်။

ဝန်ဆောင်မှုကို ရယူရန်အတွက်

☎️☎️ ဖုန်းနံပါတ် - ၀၉၉၈၉၈၀၇၇၀၅ သို့ဆက်သွယ်နိုင်ပြီး

🤝🤝 Facebook Messenger ၊ Telegram ၊ Viber တို့မှ တဆင့်လည်း
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

“သင်ကိုယ်တိုင် သင့်အိမ်မှာ ကိုဗစ်ရောဂါပိုးစစ်ဆေးနိုင်ဖို့”🔎🔎〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️အမှန်စင်စစ်အားဖြင့် ကျန်...
18/02/2022

“သင်ကိုယ်တိုင် သင့်အိမ်မှာ ကိုဗစ်ရောဂါပိုးစစ်ဆေးနိုင်ဖို့”🔎🔎
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အမှန်စင်စစ်အားဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်ရောဂါပိုး စစ်ဆေးနည်းကို

လေ့ကျင့်သင်ကြား တတ်မြောက်ထားသူများနှင့်သာလျှင် စစ်ဆေးရမှာဖြစ်ပါတယ်။

အကယ်၍ မိမိနေထိုင်သော အရပ်‌ဒေသမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးသည့်နေရာများ

မရှိလျှင်၊ ဆေးရုံဆေးခန်းများနှင့် အလှမ်းကွာဝေးနေလျှင်၊ မိမိပတ်ဝန်းကျင်တွင်

စစ်ဆေးပေးနိုင်မည့်သူ မရှိနေလျှင် ၊ အကြောင်းအမျိုးမျိုးကြောင့် မိမိမှာ ရောဂါပိုး

ကို စစ်ဆေးချင်ပေမယ့် မစစ်ဆေးနိုင်ဖြစ်နေလျှင် စသဖြင့် ထိုသို့သောသူများ

အတွက်သာ ရည်ရွယ်ပါသည်။

ရောဂါပိုးစစ်ဆေးရန် လက်လှမ်းမှီသောသောသူများအနေဖြင့် တတ်သိကျွမ်းကျင်

သောသူများနှင့်သာ အစစ်ဆေးခံယူခြင်းသည် အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးပဲ ဖြစ်ပါသည်။

နှာခေါင်းတို့ပတ်ယူ၍ ကိုဗစ်ရောဂါပိုးစစ်ဆေးခြင်းသည် ရိုးရှင်းလွယ်ကူသော နည်း

လမ်းတစ်ခု ဖြစ်ပါတယ်။ ကုန်ကျစရိတ် လည်းနည်းသည်။ စစ်ဆေးပုံအဆင့်ဆင့်မှာ

လည်း သေချာလေ့လာလျှင် မိမိကိုယ်တိုင် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ မိမိမှာပစ္စည်း

ပြည့်ပြည့်စုံစုံရှိလျှင် ကိုယ်တိုင်စစ်ဆေးနိုင်မည်ဖြစ်သည်။အဖြေဖတ်ရသည်မှာလည်း

လွယ်ကူပါသည်။ အချိန်ကြာကြာ မစောင့်စားရပဲ (၁၅) မိနစ်၊ မိနစ် (၃၀) အတွင်း အဖြေကို သိရှိနိုင်မည် ဖြစ်ပါတယ်။

စစ်ဆေးပုံအဆင့်ဆင့်ကို အောက်ပါ VIDEO LINKS များတွင် ကြည့်ရှုလေ့လာနိုင်ပါတယ်။

⚠️ မှတ်ချက်။ စစ်ဆေးပုံ စစ်ဆေးနည်းများသည် Brand အမျိုးအစား တစ်ခုနှင့်
တစ်ခု မတူကြပါ။ အနည်းငယ် ကွဲပြားခြားနားမှု ရှိပါသည်။ ထို့ကြောင့် Brand အမျိုးအစားအလိုက်အညွှန်း(Instruction) အတိုင်း လိုက်နာပြုလုပ်ပေးရန် လိုအပ်ပါသည်။

လေ့လာကြည့်ရှုနိုင်သော You Tube Links များ --------

[English subtitle] Video Guide for STANDARD Q COVID-19 Ag test (professional use only) – YouTube
Panbio™ COVID 19 Ag Rapid Test Device Nasopharyngeal Swab Procedure – YouTube
Panbio™ COVID 19 Ag Rapid Test Device Nasal Swab Procedure – YouTube
OnSite COVID-19 Ag Rapid Test Procedure Video Single Use Kit - YouTube

*****Coronavirus disease (COVID-19): Masks (who.int)*****MASK ဝတ်ဆင်ထားခြင်းသည် ကိုဗစ်ဗိုင်းရက်စ်ရောဂါပိုးအပြင် အခြားသော...
14/02/2022

*****Coronavirus disease (COVID-19): Masks (who.int)*****

MASK ဝတ်ဆင်ထားခြင်းသည် ကိုဗစ်ဗိုင်းရက်စ်ရောဂါပိုးအပြင် အခြားသော လေထုထဲမှ ကူးစက်သော ရောဂါပိုးမွှားများ၏ ကူးစက်နိုင်မှုကိုပါ အထိုက်အလျောက် လျှော့ချပေးပြီး တန်ဖိုးရှိလှသည့် လူသားတစ်ဦး၏ အသက်ခန္ဓာကို ကာကွယ်စောင့်ရှောက်ပေးသည့်အတွက် ကြောင့် ဖြစ်ပါတယ်။
မိမိ မျက်နှာပုံစံအနေအထားနှင့် ကိုက်ညီသော MASK အရွယ်အစားကို ရွေးချယ်ဝတ်ဆင် ကြဖို့ လိုအပ်ပါသည်။
MASK တပ်ဆင်ရုံနှင့် မလုံလောက်သေးပါဘူး။
MASK ဝတ်ဆင်ခြင်းအပြင် အတူတူလိုက်နာဆောင်ရွက်ရမည့် အချက်များကတော့ - - - - -
👉လက်ကို ဆပ်ပြာ ဖြင့် အနည်းဆုံး စက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးကြောပါ။ ဆပ်ပြာ မရှိပါက အယ်လ်ကို‌ဟော ၇၀ ရာခိုင်နှုန်း ပါဝင်သော ရေမလို လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ ဆေးကြောပါ။
👉နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်သျှူး(သို့) တံတောင်ဆစ် ကို အသုံးပြုပါ။ လူစုလူဝေး ရှောင်ရှားပါ။
👉အခြားသူများနှင့် ခပ်ခွာခွာနေပါ။ (၆) ပေ အကွာမှ နေ၍ ပြောဆိုဆက်ဆံပါ။
အခန်းများကို လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ပါ။

MASK များကို အသုံးပြုပုံ အမျိုးမျိုး ရှိပါသည်။ အခြားသူများဆီမှ မိမိကို မကူးစက်အောင် ဝတ်ဆင်ခြင်း၊ မိမိဆီမှ အခြားသူများကို မကူးစက်စေရန် ဝတ်ဆင်ခြင်း၊ သို့မဟုတ် နှစ်မျိုးလုံးအတွက် ရည်ရွယ်ဝတ်ဆင်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။
အခြေအနေအရပ်ရပ်ပေါ် မူတည်၍ အသုံးပြုပုံများ မတူကြပါ။ မည့်သည့်နေရာတွင် မည်သည့် MASK အမျိုးအစားကို ရွေးချယ်အသုံးပြုရမည် စသဖြင့် ကွဲပြားခြားနားပါသည်။

ယခုအချိန်တွင် အိုမိုင်ခရွန် ဗိုင်းရက်စ်ပိုးသည် ကူးစက်မှု အလွန်မြန်ဆန်သည့်အတွက် မိဘပြည်သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ကြရန် အထူးလိုအပ်ပါသည်။ အားလုံးသိရှိပြီး ဖြစ်ပေမယ့် ပြန်လည်အမှတ်ရစေရန်၊ MASK အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုတတ်စေရန် နှင့် ကာကွယ်ရေးနည်းလမ်း ဆောင်ရန်ရှောင်ရန်များကို စနစ်တကျ လိုက်နာကျင့်သုံးတတ်ကြစေဖို့ရန်အလို့ငှာ အထူးအလေးပေး အကြံပြု တင်ပြအပ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြုထား‌သော MASK အမျိုးအစား (၃)မျိုး ရှိပါတယ်။
(၁) ပြန်လည်အသုံးပြု၍ရသော ခွဲစိတ်ခန်းသုံး မဟုတ်သော MASK များ
(၂) တစ်ခါသုံး ခွဲစိတ်ခန်းသုံး MASK များ

တစ်ခါသုံး MASK များအား အောက်ပါ အခြေအနေများတွင် အသုံးပြုရမည်ဖြစ်သည်။

➡️အသက် (၆၀) နှင့် (၆၀) အထက် လူကြီးများ
➡️ရောဂါအခံရှိသောသူများ (ဥပမာ - နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ နှလုံး နှင့် သွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာဝေဒနာရှင်များ၊ အလွန်ဝ သောသူများ၊ ဆီးချိုရောဂါသည်များ နှင့် ခုခံအားကျဆင်းသော ရောဂါ ဝေဒနာသည်များ)
➡️ချောင်းဆိုး၊ လည်ချောင်းနာ၊ ပင်ပန်းနွမ်းနယ်နေသောသူ၊ ကိုယ်လက်ညောင်းညာ ကိုက်ခဲနေသောသူများ စသဖြင့် နေမကောင်းသောသူများ
➡️ကိုဗစ် စစ်ဆေးပြီး အတည်ပြုလူနာ ဖြစ်နေလျှင်
➡️ကိုဗစ် စစ်ဆေးထားပြီး အဖြေစောင့်ဆိုင်းနေသောသူများ
➡️ကိုဗစ်အတည်ပြုလူနာ(သို့) သံသယလူနာအား စောင့်ရှောက်မှု ပေးသောသူများ၊ မိမိအိမ်တွင် ပြုစုပေးသူများ၊ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် လုပ်ဆောင်နေသောသူများ ဝတ်ဆင်ရမည်ဖြစ်သည်။

(၃) အခြားအမျိုးအစားများ

အခြားရွေးချယ်စရာများ မရှိတော့လျှင် Home-made Mask များကို အသုံးပြုလို့ ရပါတယ်။

Q: ပြည်သူလူထုအနေဖြင့် ဘယ်အချိန်မှာ ဝတ်ဆင်သင့်သလဲ?

A: ယခုလို ပြည်သူအများကြားတွင် ကူးစက်မြန် မျိုးရိုးဗီဇသစ် အိုမိုင်ခရွန်ဗိုင်းရက်စ်ပိုး ပြန့်နှံ့နေသောအချိန်မှာ မဖြစ်မနေ ဝတ်ဆင်ကြရမည် ဖြစ်ပါသည်။ ကာကွယ်ဆေး ထိုးနှံပြီးသားပင် ဖြစ်စေ၊ အရင်က ကိုဗစ်ရောဂါ ဖြစ်ခဲ့ပြီးသည်ပင်ဖြစ်စေ MASK ကို သေချာလုံခြုံစွာ ဝတ်ဆင် ရပါမည်။
မိမိအိမ်တွင်း ဖြစ်နေလျှင်၊ လေဝင်လေထွက် မကောင်းမွန်လျှင် အနည်းဆုံး ၃ ပေ ခြား နေထိုင်သော်လည်း MASK တပ်ဆင်ရမည် ဖြစ်သည်။
လေဝင်လေထွက်ကောင်းမွန်သော်လည်း အနည်းဆုံး ၃ ပေ ခွာ မနေလျှင်
အိမ်အပြင်ထွက်လျှင် အနည်းဆုံး ၃ ပေ အကွာထိ ခွါနေလို့ မရလျှင်
မိမိစိတ်တွင် သံသယ ရှိနေလျှင် MASK ဝတ်လိုက်ခြင်းသာ အကောင်းဆုံး ဖြစ်ပါတယ်။

Q: Respirator ကို ကျန်းမာရေးလုပ်သားများသည် ဘယ်အချိန်မှာ ဝတ်ဆင်သင့်သလဲ?

A: Respirator ကို အကာအကွယ်ဝတ်စုံ (PPE) ဝတ်သည့်အခါ ၊ အတည်ပြုလူနာ(သို့) သံသယလူနာများရှိသောအခန်းကို ဝင်သည့်အခါ၊ မိမိအိမ်တွင် ကိုဗစ်လူနာအား စောင့်ရှောက်ပေးရသည့်အခါ၊ လူထုကျန်းမာရေးလုပ်သားများနှင့် အခြား ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်သောအခါတွင် ဝတ်ဆင်သင့် ပါသည်။

Q: Medical Mask နှင့် Respirator ဘာတွေ ကွာခြားသလဲ?

A: Respirator masks များသည် သာမန်ခွဲစိတ်ခန်းသုံး မဟုတ်သော masks များ နှင့် ခွဲစိတ်ခန်းသုံး masks များထက် ရောဂါပိုးဖြစ်နိုင်သော အမှုန်အမွှားများကို ပိုမိုကာကွယ် နိုင်စွမ်းရှိပြီး ဓာတ်ငွေ့များနှင့် အနံ့များကိုတော့ မတားဆီးနိုင်ပါ။ (Respirator များကို ၎င်းတို့၏ ကောင်းမွန်မှုအပေါ်တွင်မူတည်ပြီး FFP2, FFP3, N95, N99, N100 စသည်ဖြင့် အမျိုးမျိုးရရှိနိုင်ပါသည်။)
Surgical Mask သည် အလွှာ ၃ လွှာနဲ့ ပြုလုပ်ထားပြီး အလယ်လွှာတွင် အမှုန်အမွှားများကို စစ်ထုတ်နိုင်သည့် အလွှာတစ်ခုပါရှိသည်။
Mask ၏ အထူမှာ ထုတ်လုပ်သည့် Company အပေါ်တွင်မူတည်ပြီး မတူညီပါ။ အမှုန်များကို စစ်နိုင်သည့် ပမာဏနှင့် ရေစိုခံနိုင်မှုမှာလည်း ထုတ်လုပ်သည့် Company အပေါ်တွင်မူတည် ပြီး အမျိုးမျိုးရှိနိုင်ပါသည်။

အဝတ် Mask များ
Mask တစ်ခု၏ အ‌ရေးကြီးသော အချက်များမှာ - စစ်ထုတ်နိုင်ခြင်း စွမ်းရည်၊ အသက် ရှူသွင်း ရှူထုတ် အဆင်ပြေမှု၊ မိမိ မျက်နှာနှင့် အံဝင်ခွင်ကျ ဖြစ်ခြင်း တို့ဖြစ်သည်။
သင်ဟာ ခွဲစိတ်ခန်းသုံး Mask မဟုတ်ပဲ အခြား Mask ကို ဝယ်ယူမည်ဆိုလျှင် စံရည်စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ သေချာ စိစစ်၍ ဝယ်ယူပါ။

Q: မည်သည့်အချိန်တွင် ကျန်းမာရေးဝန်ထမ်းများသည် Mask များကို ဝတ်ဆင်သင့်သလဲ။

A: ကျန်းမာရေးလုပ်သားများသည် ကိုဗစ်ပိုးလူနာများနှင့် ပို၍ ထိတွေ့ရသောကြောင့် စားချိန်သောက်ချိန်၊ Mask လဲလှယ်သည့် အချိန်မှလွဲ၍ (၆)ပေခြားအကွာ ခွာ၍ နေသော်လည်း အလုပ်ချိန်အတွင်းမှာ အမြဲတမ်း တပ်ဆင်ထားရမည်။
ကျန်းမာရေးလုပ်သားများသည် Mask ဝတ်ဆင်ထားရမည့်အပြင် လက်ကို မကြာ ခဏဆေးရပါမည်။ Mask မဝတ်ဆင်ခင် ၊ Mask ချွတ်သည့် အခါတွင် လက်ကို ဆေးရမည်။
အလုပ်နားချိန်တွင်လည်း ကျန်းမာရေးလုပ်သားများသည် မလိုအပ်ပဲ နီးနီးကပ်ကပ် မနေပဲ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရမည်။

Q: အဝတ် Mask များကို ဝတ်ဆင်ရာတွင် မည်ကဲ့သို့ စနစ်တကျ ဝတ်ဆင်ရမလဲ?

A: ဝတ်ဆင်သည့် အခါ ____
ပထမဦးစွာ Mask မဝတ်ဆင်ခင် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုကာ သန့်စင်ဆေးကြောပါ။ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ဖြင့် သန့်စင်ပါ။
Mask မှာ အစုတ်အပြဲ၊ အပေါက်များ ရှိ/မရှိ စစ်ဆေးပါ။ ရှိခဲ့လျှင် မသုံးပါနှင့်။
Mask ကို သင့်၏ ပါးစပ်၊ နှာခေါင်း၊ မေးစေ့ တို့နှင့် အံဝင်ခွင်ကျ ဖြစ်/မဖြစ် စစ်ဆေးပါ။ ဘေးဖက်များမှာ အပေါက်အဟ များ ဖြစ်မနေရပါ။
Mask ရဲ့ ကြိုးကို နားရွက်နောက်ဖက်(သို့) ခေါင်း ရဲ့ နောက်ဖက်တွင် ထားပါ။ ကြိုးများကို Cross မလုပ်ရပါ။
ထိုသို့ ပြုလုပ်ပါက သင်၏ မျက်နှာဘေးဖက်များတွင် အပေါက်အဟများ ဖြစ်စေတတ်ပြီး ပိုးမွှားများ ဝင်နိုင်ထွက်နိုင်၍ ရောဂါကူးစက်နိုင်ပါတယ်။
Mask ဝတ်ဆင်သည့်အခါ Mask အရှေ့ဖက်နေရာကို မထိမိပါစေနှင့်။ အကယ်၍ ထိသွားခဲ့လျှင် သင်၏ လက်ကို ပြန်ဆေးပါ။
သင်၏ Mask ဟာ ညစ်ပေနေလျှင်၊ စိုစွတ် နေလျှင် အသစ်လဲလှယ်ပါ။
Mask ချွတ်သည့် အခါ ____
ပထမဦးစွာ လက်ကို ဆေးကြောသန့်စင်ပါ။
ထို့နောက် နားမှ ကြိုးအား အရင်ဆုံး ဖြုတ်ပြီး Mask အရှေ့ပိုင်းအား မထိမိစေပဲ ချွတ်ရမည်။
သင်၏ Mask သည် မညစ်ပေသေးပဲ ပြန်လည်အသုံးပြုရန် ရည်ရွယ်ထားလျှင် သန့်ရှင်းသောအိတ်မှာ ထည့်သိမ်းထားပါ။ ‌ပြန်ဝတ်မည်ဆိုလျှင် နားပတ်ကြိုးမှ ကိုင်၍ အထက်ပါ ဝတ်ဆင်သည့်အတိုင်း အဆင့်ဆင့် ဝတ်ပါ။ Mask ကို တစ်နေ့ တစ်ခါ သန့်စင်ပါ။
Mask ချွတ်ပြီးသည့် အခါ သင်၏ လက်ကို ပြန်ဆေးပါ။
အဝတ် Mask ကို သန့်စင်နည်း
အဝတ် Mask အား ဆပ်ပြာ(သို့) ချေးချွတ်ဆေး အသုံးပြု၍ တစ်နေ့တစ်ကြိမ် သန့်စင်ပါ။ (ပူသောရေ {60°C or 140°F} အသုံးပြုစေပါ။)
အကယ်၍ ပူသောရေတွင် ဆေးကြောရန် အဆင်မပြေပါက ဆပ်ပြာနှင့် ရေကို အသုံးပြုဆေးပြီးလျှင် Mask ကို တစ်မိနစ်ကြာ ပြုတ်၍ ခြောက်သွေ့အောင်ထားပါ။

Q: ခွဲစိတ်ခန်းသုံး Mask များကို မည်ကဲ့သို့ ဝတ်ဆင်၍ အများပြည်သူအား မကူးစက်အောင် မည်သို့ စွန့်ပစ်ရပါမည်နည်း။

A: ဝတ်နည်း/ချွတ်နည်း
Mask ကို မယူခင် အရင်ဆုံး လက်ကို ဆပ်ပြာနှင့်ရေ (သို့) ရေမလိုလက်သန့်ဆေးရည် ဖြင့် ဆေးပါ။
အစုတ်အပြဲ၊ အပေါက်အပြဲ များ ရှိ/မရှိ စစ်ဆေးပါ။ ရှိခဲ့လျှင် မသုံးပါနှင့်။
ဘယ်အပိုင်းက အပေါ်/အောက်ဆိုတာ ကြည့်ပါ။ ကွေး၍ဆန့်၍ ရသော ခဲချောင်းရှိသော ဘက်ကို အပေါ်ဘက်မှာ ထားရမည် ဖြစ်သည်။
အတွင်း/အပြင် ခွဲခြားခြင်းတွင် အဖြူရောင်ရှိသောဖက်သည် အမြဲ အတွင်းဖက်မှာ ထားရမည် ဖြစ်သည်။
Mask သည် သင်၏ နှာခေါင်း၊ ပါးစပ် နှင့် မေးစေ့တို့ကို လုံခြုံနေရမည်။ မျက်နှာနှင့် Mask ကြားမှာ အပေါက်အဟ များ ရှိ/မရှိ စစ်ဆေးပါ။ Mask ကြိုးကို နား‌ရွက် (သို့) ခေါင်းနောက်တွင် ထားပါ။ ကြိုးအား Cross မလုပ်ပါနှင့်။ ထိုသို့ ပြုလုပ်ခြင်းသည် မျက်နှာနှင့် Mask ကြားတွင် အပေါက်အဟများ ဖြစ်စေပါသည်။
အကွေးအဆန့်ရသော ခဲ‌ချောင်းကို သင့်ရဲ့ နှာခေါင်းပုံစံအတိုင်း ဖိနှိပ်ပေးပါ။
Mask ရဲ့ မျက်နှာပြင် အရှေ့ပိုင်းကို မထိမိစေရန် သတိထားပါ။ အကယ်၍ ထိမိသွားပါက သင်ရဲ့ လက်ကို ဆေးပါ။
Mask ချွတ်နည်း
အရင်ဆုံး လက်ကို ဆပ်ပြာနှင့်ရေ သုံးကာ ဆေးပါ။ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ကို အသုံးပြုပါ။
နား‌ရွက်နောက်(သို့) ခေါင်းနောက်မှ ကြိုးကို Mask ရဲ့ အရှေ့ပိုင်းအား မထိမိစေပဲ အရင်ဆုံး ဖြုတ်ပါ။ ချွတ်သည့် အခါ မျက်နှာမှ အဝေးကို ဆွဲ၍ ဖြုတ်ပါ။ တစ်ခါသုံးဖြစ်သည့်အတွက် ချက်ချင်းပင် အဖုံးပါသော အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
လက်ကို ပြန်ဆေးကြောပါ။
Mask သည် စိုထိုင်းလာသည်နှင့် အသစ်လဲလှယ်ပါ။

Q: အားကစားပြုလုပ်သောအခါများတွင် Mask များကို ဝတ်ဆင်သင့်ပါသလား၊ ဝတ်ဆင်နိုင်ပါသလား?

A: မဝတ်ဆင်ရပါ။
သင်ရဲ့ အသက်ရှူ စွမ်းအားကို လျှော့ကျစေခြင်းကြောင့် ဖြစ်ပါသည်။
မည်သို့ပင် လေ့ကျင့်ခန်း ပြုလုပ်ပါစေ အခြားသူများနှင့် အနည်းဆုံး (၁) မီတာအကွာ (၃ပေ) မှာ ခွာနေရပါမည်။ မိမိ အိမ်တွင်းဖြစ်နေလျှင် လေဝင်လေထွက် ကောင်းမွန်ရမည် ဖြစ်သည်။

References

When and how to use masks (who.int)

👉👉COVID-19 ရောဂါ ကာကွယ်၊ကုသရေး စီမံချက် -SARA " သည် စစ်ကိုင်းတိုင်း

ဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်များတွင် စီမံချက်လုပ်ငန်းများ

ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ Covid-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေသော

ကာလတွင် ဆေးရုံ၊ ဆေးခန်းများသို့ လူကိုယ်တိုင်လာရောက် မပြသနိုင်သည့် လူနာ

များအတွက် ရည်ရွယ်၍ Tele-consultation ဝန်ဆောင်မှုလုပ်ငန်းကို

အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အခမဲ့ဝန်ဆောင်မှုရယူနိုင်မည့် အချိန်ကာလမှာ

🕘➡️🕗 နေ့စဉ် နံနက် (၉:၀၀) နာရီ မှ ည (၈:၀၀) နာရီအတွင်းဖြစ်ပါသည်။

ဝန်ဆောင်မှုကို ရယူရန်အတွက်

☎️☎️ ဖုန်းနံပါတ် - ၀၉၉၈၉၈၀၇၇၀၅ သို့ဆက်သွယ်နိုင်ပြီး

🤝🤝 Facebook Messenger ၊ Telegram ၊ Viber တို့မှ တဆင့်လည်း
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

No. 149, Thukha Street, DKMA Condo, 3rd Floor, 8 Ward, Hlaing Township
Yangon
111

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Telephone

+95973040097

Alerts

Be the first to know and let us send you an email when မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်HIVကာကွယ်ရေး-SARA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်HIVကာကွယ်ရေး-SARA:

Share