29/07/2026
ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်ပြီး မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်းနှင့် ဓမ္မစကြာတရားဦး ဟောကြားတော်မူခြင်းတို့ ထူးခြားစွာ စုစည်းကျရောက်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ဒီလိုဝိသေသတွေပြည့်နှက်နေတဲ့ ဝါဆိုလပြည့်နေ့မှစတင်ပြီး ဝါတွင်းသုံးလမှာ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာကျင့်ကြံ အားထုတ်ခြင်းများကို စိတ်အေးချမ်းသာစွာ ပြုလုပ်ရင်း ကုသိုလ်ကောင်းမှုများကို အစဉ်ပြုနိုင်ကြပါစေ ဟု မြဧရာမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏💙
#ဝါဆိုလပြည့်နေ့
#မြဧရာ_နှလုံးသားဖြင့်ထုတ်လုပ်သည်။