မြို့ပြအမှိုက် - Urban Waste

မြို့ပြအမှိုက် - Urban Waste A small donation can solve hunger

မင်္ဂလာ ညနေခင်းပါဗျ။၂၃.၁၁.၂၀၂၅ ရက်နေ့မှာမြို့ပြအမှိုက်အနေဖြင့် ကြာဇံကြော်ဗူး ၁၅၀ နှင့် အ၀တ်အထည်များ တို့ကို ဝေမျှခဲ့ကြပါ...
30/11/2025

မင်္ဂလာ ညနေခင်းပါဗျ။

၂၃.၁၁.၂၀၂၅ ရက်နေ့မှာမြို့ပြအမှိုက်အနေဖြင့် ကြာဇံကြော်ဗူး ၁၅၀ နှင့် အ၀တ်အထည်များ တို့ကို ဝေမျှခဲ့ကြပါသည်။

ထိုဝေမျှမှု မှာငွေအားဖြင့်ကူညီပေးကြသောသူများ၊ ချက်ရေးပြုတ်ရေးမှာပါဝင်ပေးကြသော အကို/အမ များတစ်ဦးတစ်‌ေယာက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

အားလုံးဘဲမဂ်လာပါဗျ အခြေနေအရပ်ရပ်ကြောင့်အကြာကြီးပျောက်နေပြီးတဲ့ မြို့ပြအမှိုက်အဖွဲ့ ရဲ့တနပ်စာကျွေးခြင်းအစီအစဉ်ကိုပြန်လည်စ...
07/11/2025

အားလုံးဘဲမဂ်လာပါဗျ အခြေနေအရပ်ရပ်ကြောင့်
အကြာကြီးပျောက်နေပြီးတဲ့ မြို့ပြအမှိုက်အဖွဲ့ ရဲ့တနပ်စာကျွေးခြင်းအစီအစဉ်ကိုပြန်လည်စတင်ပါပြီဗျ အဖွဲ့လေးအနေနဲ့ မေတ္တာနဲ့ ပြန်လည်စတင်လိုက်တာဖြစ်ပြီး တနပ်စာလှူဒါန်းချင်သူတိုင်းကိုPageမှကြိုဆိုနေပါတယ်

#မြို့ပြအမှိုက် #တနပ်စာအလှူ

၂၈.၃.၂၀၂၅တွင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအားဗဟိုပြုကာလှုပ်ခက်ခဲ့သော သဘာဝဘေးအန္တရာယ်(မြေငလျှင်)ကြောင့် ပျက်စီးဆုံးရှုံး...
29/03/2025

၂၈.၃.၂၀၂၅တွင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအားဗဟိုပြုကာလှုပ်ခက်ခဲ့သော သဘာဝဘေးအန္တရာယ်(မြေငလျှင်)ကြောင့် ပျက်စီးဆုံးရှုံးသွားသော အသက်များ အိုးအိမ်များ အနာဂတ်များအတွက်ကျွန်တော့်တို့မြို့ပြအမှိုက်အဖွဲ့သူအဖွဲ့သားများမှ ထပ်တူဝမ်းနည်းရပါသည်။
ထို့အပြင်
မြို့ပြအမှိုက်မှ သဘာဝဘေးအန္တရာယ်(ငလျှင်)အားခံစားခဲ့ရသော အဖွဲ့ဝင်များအတွက်လည်းထပ်တူဝမ်းနည်းရပါသည်

Photo-မြို့ပြအမှိုက်မှအဖွဲ့သားတဦး

မင်္ဂလာရှိသောညနေခင်းလေးပါဗျ။ကျနော်တို့မြို့ပြအမှိုက်အနေနဲ့ ၂၂.၃.၂၀၂၅ ရက် စနေနေ့က မန္တလေးမှာ မုန့်လက်ဆောင်းတစ်ခွက်လျှင်  ...
23/03/2025

မင်္ဂလာရှိသောညနေခင်းလေးပါဗျ။

ကျနော်တို့မြို့ပြအမှိုက်အနေနဲ့ ၂၂.၃.၂၀၂၅ ရက် စနေနေ့က မန္တလေးမှာ မုန့်လက်ဆောင်းတစ်ခွက်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ခွက်ရေ ၂၀၀ ရောင်းချဝေမျှခဲ့ပါတယ်ဗျ။

နောက်လည်းအခုလိုအစီအစဉ်များပြုလုပ်သွားမှာဖြစ်တာကြောင့် ကျွန်တော်တို့ Urban-Waste (မြို့ပြအမှိုက်) page အား စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။

ပရောဂျက်မှာ ငွေအား လူအားဖြင့် ပါဝင်ကူညီပေးကြသောတစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

မင်္ဂလာမနက်ခင်းပါဗျ။၃၀.၁၂.၂၀၂၄ ရက်နေ့မှာမြို့ပြအမှိုက်အနေဖြင့် အသီးအရွက်ထမင်းကြော် နှင့်ကြက်ဥကြော် ဗူး၂၀၀စာ ဝေမျှခဲ့ပါတယ...
01/01/2025

မင်္ဂလာမနက်ခင်းပါဗျ။

၃၀.၁၂.၂၀၂၄ ရက်နေ့မှာမြို့ပြအမှိုက်အနေဖြင့် အသီးအရွက်ထမင်းကြော် နှင့်ကြက်ဥကြော် ဗူး၂၀၀စာ ဝေမျှခဲ့ပါတယ်ခင်ဗျာ။ထိုဝေမျှမှု မှာငွေအားဖြင့်ကူညီပေးကြသောသူများ၊ ချက်ရေးပြုတ်ရေးမှာပါဝင်ပေးကြသော သစ်တောmovement မှအကိုအမတို့ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
မင်္ဂလာပါရှိသောနှစ်သစ်ဖြစ်ကြပါစေခင်ဗျာ။

၂၂.၁၂.၂၀၂၄ ရက်နေ့ သစ်တောလှုပ်ရှားမှု တွင် မြို့ပြအမှိုက်အနေဖြင့် ပူးပေါင်းပါ၀င်ခဲ့ပါသည်ခင်ဗျာ။ ပါဝင်မျှဝေပေးတဲ့တစ်ဦးတစ်‌...
23/12/2024

၂၂.၁၂.၂၀၂၄ ရက်နေ့
သစ်တောလှုပ်ရှားမှု တွင် မြို့ပြအမှိုက်အနေဖြင့် ပူးပေါင်းပါ၀င်ခဲ့ပါသည်ခင်ဗျာ။
ပါဝင်မျှဝေပေးတဲ့တစ်ဦးတစ်‌ေယာက်ချင်းစီအားကျေးဇူးအထူးတင်ရှိပါသည်။

မင်္ဂလာပါခင်ဗျ။ Urban-Waste ဆိုတာကိုမြင်လိုက်တာနဲ့တနပ်စာဆိုတာကိုတန်းသိကြမှာပါ။ ဒီတစ်ခါမှာတော့ပုံမှန်အတိုင်းပဲတနပ်စာမျှဝေ...
25/11/2024

မင်္ဂလာပါခင်ဗျ။ Urban-Waste ဆိုတာကိုမြင်လိုက်တာနဲ့တနပ်စာဆိုတာကိုတန်းသိကြမှာပါ။ ဒီတစ်ခါမှာတော့ပုံမှန်
အတိုင်းပဲတနပ်စာမျှဝေအစီအစဉ်လေးလုပ်ထားပါတယ်ခင်ဗျ။
ပရောဂျက်ကာလကတော့နောက်လ၁၂လပိုင်းအလယ်လောက်အထိထားထားပါတယ်ခင်ဗျ။ တားဂတ် ၃သိန်း သတ်မှတ်ထားပြီး မိဘပြည်သူများအနေဖြင့် အကြွေကအစ ပါဝင်ပံ့ပို့လို့ရပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

04/11/2024

မင်္ဂလာပါရှင်။ မြို့ပြအမှိုက်အနေနဲ့ တစ်နပ်စာအစီအစဉ်လေးများ ရပ်နားထားခြင်းဟာဆိုရင်ဖြင့် အချိန်ကာလတစ်ခုထိကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၃.၁၁.၂၀၂၄ တနင်္ဂနွေနေ့)တွင် မန္တလေးမြို့တစ်နေရာ၌ လူအယောက် ၃၀၀ စာ တစ်နပ်စာကျွေးမွေးခြင်းအစီစဉ်ကိုပြုလုပ်ခဲ့ပါသည်ရှင်။ ထိုသို့ တစ်နပ်စာကျွေးမွေးပြုလုပ်နိုင်အောင် အဘက်ဘက်မှကူညီ၍ ယုံကြည်စွာ အဖွဲ့အစည်းအား လှူဒါန်းပေးကြသည့်အတွက် ညီမတို့ မြို့ပြအမှိုက်အဖွဲ့သားများမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ နောက်နောင်တွင်လည်း ယခုကဲ့သို့လှူဒါန်းနိုင်အောင် ဝိုင်းဝန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်။

ဒီတခေါက်မှာတော့ ၁၃.၁၀.၂၀၂၄ရက်နေ့မှာ ကလေးတွေကိုပန်းချီအခမဲ့သင်ပေးသည့်နေရာတခုသို့မိမိတို့ဘက်မှ တက်နိုင်သလောက်တစိတ်တပိုင်းအ...
15/10/2024

ဒီတခေါက်မှာတော့ ၁၃.၁၀.၂၀၂၄ရက်နေ့မှာ ကလေးတွေကိုပန်းချီအခမဲ့သင်ပေးသည့်နေရာတခုသို့မိမိတို့ဘက်မှ တက်နိုင်သလောက်တစိတ်တပိုင်းအဖြစ် ကလေးများအတွက် ကြာဇံကြော် များကျွေးမွေး၍ ပါ၀င်ခဲ့ပါသည်။
လာရောက်မျှ‌ေဝ‌ေပးကြသောပြည်သူတစ်ဦးတစ်ယောက်ချင်းစီအားလည်းကျေးဇူးတင်ပါတယ်ခင်ဗျ။

ကျွန်တော်တို့မြို့ပြအမှိုက်(urban waste) နှင့် Hand In Hand Associationတို့မှပူးပေါင်း၍ အင်းလေးဒေသရှိရေဘေးသင့်ပြည်သူများ...
06/10/2024

ကျွန်တော်တို့မြို့ပြအမှိုက်(urban waste) နှင့် Hand In Hand Associationတို့မှပူးပေါင်း၍ အင်းလေးဒေသရှိရေဘေးသင့်ပြည်သူများအားဆန် ဆီ ဆေး တကိုယ်ရည်သုံးပစ္စည်းများနှင့်အဝတ်စားတချို့အား ပါဝင်ကူညီလှုဒါန်းမှုပြုလုပ်ခဲ့ပါသည်။ကျွန်တော်တို့အနေဖြင့် မှတ်တမ်းဓာတ်ပုံများရိုက်ကူးရာတွင် အဆင်မပြေမှုလေးများရှိခဲ့သဖြင့် မှတ်တမ်းများအား အနည်းငယ်မျှသာ ရရှိခဲ့ပါသည်။ထို့ကြောင့်ကျွန်တော်တို့မြို့ပြအမှိုက်မှ အနူးအညွှန့်တောင်းပန်အပ်ပါသည်။


ကျွန်တော်တို့အခုလောလောဆယ်တော့ ပျဉ်းမနားဘက်သွားတဲ့တစ်ဖွဲ့ကို အဝတ်အစားနှင့် ဆေးဝါးအထွေ‌ထွေတို့အား သွားရောက်ပို့ဆောင်ခဲ့ပါတ...
25/09/2024

ကျွန်တော်တို့အခုလောလောဆယ်တော့ ပျဉ်းမနားဘက်သွားတဲ့တစ်ဖွဲ့ကို အဝတ်အစားနှင့် ဆေးဝါးအထွေ‌ထွေတို့အား သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ နောက်ရက်မှာအင်းလေးဘက်ကိုသွားရောက်လှူဒါန်းဖို့စီစဉ်ထားပါတယ်ဗျ အဲ့ဘက်ကူပြီးတဲ့အခါကျ စာရင်းနဲ့တကွပြန်တင်ပေးပါ့မယ်ခင်ဗျာ။
ပြန်လည်ထူထောင်ရေးအတွက်လည်း ကျွန်ဝောာ်တို့ဆီလာရောက်လှူဒါန်းလို့ရပါသေးကြောင်းနှိုးဆော်လိုက်ရပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when မြို့ပြအမှိုက် - Urban Waste posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share