Red Cross Charity Clinic - Dagon Seikkan

Red Cross Charity Clinic - Dagon Seikkan ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထွေ?

28/03/2025
အပူဒဏ် ကြိုတင်ကာကွယ်ရေး နည်းလမ်းနှင့် အပူလျှပ်ခြင်း လက္ခဏာ ၊ ရှေးဦးပြုစုခြင်းယခုအချိန်သည် အလွန်ပူပြင်းခြောက်သွေ့သည့်ရာသီ...
23/03/2025

အပူဒဏ် ကြိုတင်ကာကွယ်ရေး နည်းလမ်းနှင့် အပူလျှပ်ခြင်း လက္ခဏာ ၊ ရှေးဦးပြုစုခြင်း
ယခုအချိန်သည် အလွန်ပူပြင်းခြောက်သွေ့သည့်ရာသီဖြစ်ပြီး အပူဒဏ် ကြောင့် မူးမေ့/ သေဆုံးမှုအထိ ကြားသိနေရ၍ အပူဒဏ်ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များကို
လိုက်နာသင့်ပါတယ်။

#အပူဒဏ်ကြိုတင်ကာကွယ်ရေးလိုက်နာသင့်သည့်အချက်များ

၁။ အရိပ်ရ၍ အေးမြ သည့်နေရာတွင်နေပါ။
၂။ မိမိအသားကိုနေရောင်ခြည်နှင့်တိုက်ရိုက် မထိတွေ့စေရန် လက် ၊ လည်ပင်းနှင့်ပခုံးတို့ကို
လုံခြုံသော ချောင်လည်သည့် ချွေးစုပ်သော ချည်ထည်များကိုဝတ်ဆင်ပါ။
၃။ နေ့ခင်းဖက်အပြင်သွားပါက ထီး ၊ ဦးထုပ်ဆောင်းပါ ၊ နေကာမျက်မှန် တပ်ဆင်ပါ။
၄။ ရေ များများ သောက်ပါ။

#ရှောင်ကြဉ်ရန်အချက်များ
၁။ နံနက် ၁၀ နာရီမှညနေ ၄ နာရီအတွင်း
နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို
တတ်နိုင်သမျှ ရှောင်ပါ။
၂။ ပူပြင်းသည့်နေရောင်ခြည်အောက်တွင်
အလုပ်လုပ်ခြင်းနှင့်ကိုယ်လက်လှုပ်ရှားမှု
ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကျဥ်ပါ။
၃။ နေပူမှပြန်လာပြီးချက်ချင်းရေချိုးခြင်းကို
ရှောင်ကျဥ်ပါ။
၄။ ပူပြင်းသည့်နေရောင်ခြည်အောက်မှ
အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့
ချက်ချင်း ဝင်ရောက်ခြင်း ၊ အလွန်အေးသော
အခန်း နှင့် ကားအတွင်းမှ ပူပြင်းသော
နေရောင်ထဲသို့ချက်ချင်း ထွက်ခြင်းကို
ရှောင်ကျဥ်ပါ။

#အပူလျှပ်ခြင်းလက္ခဏာများ
၁။ ခေါင်းကိုက် ၊ မူးဝေခြင်းနှင့် စိတ်ရှုတ်ထွေးခြင်း
၂။ အစာစားချင်စိတ် ဆုံးရှုံးခြင်း ၊ဖျားနာခြင်း
နေထိုင်မကောင်းခြင်း
၃။ ချွေးအလွန်ထွက်၍ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
၄။ ဝမ်းဗိုက်အောင့်ခြင်း လက် ၊ ခြေထောက်
ကြွက်တက်ခြင်း
၅။ ခန္တာကိုယ် အပူချိန်ကြီးခြင်း ၊ ရေအလွန်ငတ်ခြင်း
၆။ ကလေးများရုတ်တရက်မှိန်း၍
ငြိမ်ကျသွားတတ်ခြင်း

#အရေးပေါ်ရှေးဦးပြုစုခြင်း
၁။ လူနာကိုအရိပ်ရသောအေးမြသည့်နေရာသို့
ရွှေ့ပါ။
၂။ လေပန်ကာ လေအေးပေးစက် ဖွင့်ထားပေးပါ
မရှိက ယပ်ခတ်ပေးပါ။
၃။ လူနာ၏ခြေရင်းဘက်ကိုမြှင့်ထား၍ ပက်လက်
အနေအထား ထားပါ။
၄။ လူနာ၏ အဝတ်အစားကို ချွတ်ပါ။
၅။ လူနာ၏ ဂျိုင်း ၊ ပေါင်ခြံတို့ကို ရေပတ်တိုက်ပါ
၆။ လူနာ ကောင်းစွာသတိရလာပါက ရေအေးအေး
(သို့မဟုတ် )ဓာတ်ဆားရည်တိုက်ပါ။
#အပူဒဏ်ကြောင့်သတိလစ်ခြင်းလက္ခဏာများပေါ်ပေါက်လာပါကနီးစပ်ရာဆေးရုံဆေးခန်းသို့ချက်ချင်းပို့ပါ ။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့် ကျန်းမာရေးအပေ...
17/03/2025

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို လိုက်နာနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ မဖ...
15/03/2025

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်ရေးအတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မိဘပြည်သူများသိရှိနိုင်ပါရန်
19/03/2024

မိဘပြည်သူများသိရှိနိုင်ပါရန်

.                   " WORLD TOILET DAY ''နှစ်စဉ် နိုဝင်ဘာလ(၁၉)ရက်နေ့ကို  " WORLD TOILET DAY ''အဖြစ် သတ်မှတ်ထားပြီး ယခုနှ...
19/11/2022

. " WORLD TOILET DAY ''

နှစ်စဉ် နိုဝင်ဘာလ(၁၉)ရက်နေ့ကို " WORLD TOILET DAY ''အဖြစ် သတ်မှတ်ထားပြီး ယခုနှစ် ဆောင်ပုဒ်မှာ

"စနစ်ကျစွာတည်ဆောက်ပါ သန့်ရှင်းသင့်အိမ်သာ မြေအောက်ရေထုသန့်ရှင်းမှု အစဉ်သတိပြု"
ဖြစ်ပါသည်။

🤲🧼   သင့်ရဲ့လက်တွေကို မကြာခဏဆေးကြောခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါနဲ့ အခြားရောဂါတွေ ပြန့်ပွားခြင်းကို ကာကွယ်နိုင်တယ်ဆိုတာ သိပ...
15/10/2022

🤲🧼 သင့်ရဲ့လက်တွေကို မကြာခဏဆေးကြောခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါနဲ့ အခြားရောဂါတွေ ပြန့်ပွားခြင်းကို ကာကွယ်နိုင်တယ်ဆိုတာ သိပါသလား။

🤲🧼 ဒါကတော့ လက်ကို ဘယ်လိုသေချာဆေးကြောရတယ်ဆိုတဲ့ အကြံပြုချက်လေးတွေပဲဖြစ်ပါတယ်။

အောက်တိုဘာလ ၁၅ရက်နေ့သည် ကမ္ဘာ့လက်ဆေးရေးနေ့ဖြစ်ပါသည်။''အားလုံးလက်ဆေး သန့်ရှင်းရေးစည်းလုံးညီညာ ဆောင်ရွက်ပေး''
15/10/2022

အောက်တိုဘာလ ၁၅ရက်နေ့သည် ကမ္ဘာ့လက်ဆေးရေးနေ့ဖြစ်ပါသည်။
''အားလုံးလက်ဆေး သန့်ရှင်းရေး
စည်းလုံးညီညာ ဆောင်ရွက်ပေး''

သီတင်းကျွတ်အချိန်အခါသမယလေးမှာ လူတိုင်းကိုယ်စီ ကျန်းမာရွှင်လန်း​ကြပါစေ....
08/10/2022

သီတင်းကျွတ်အချိန်အခါသမယလေးမှာ လူတိုင်းကိုယ်စီ ကျန်းမာရွှင်လန်း​ကြပါစေ....

👉👉 COVID-19 ရောဂါ ကူးစက်နိုင်ချေကိုလျော့ချဖို့ဆိုရင်📌 အကွာအဝေးခြားနားစွာနေရာယူပါ။📌 အပြင်ဘက်တွင်သာတွေ့ဆုံပါ။📌 ပြတင်းပေါက်...
15/09/2022

👉👉 COVID-19 ရောဂါ ကူးစက်နိုင်ချေကိုလျော့ချဖို့ဆိုရင်

📌 အကွာအဝေးခြားနားစွာနေရာယူပါ။
📌 အပြင်ဘက်တွင်သာတွေ့ဆုံပါ။
📌 ပြတင်းပေါက်များကိုဖွင့်ထားပါ။
📌 ကာကွယ်ဆေးထိုးပါ။
📌 နှာခေါင်းစည်းတပ်ဆင်ပါ။
📌 မကြာခဏ လက်ဆေးပါ။
📌 သင်ကာကွယ်ဆေးအပြည့်ထိုးပြီးသည့်တိုင် သင့်ပတ်ဝန်းကျင်ကို ရောဂါပိုးမကူးအောင်နေပါ။

💁‍♀️💁‍♂️ အထက်ပါ အချက်တွေကိုလိုက်နာပြီး အန္တရာယ်ကင်းအောင်နေပါ။

💪💪 ကျွန်ုပ်တို့အားလုံး အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြရအောင်။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဉာဏ်စမ်း (အလွတ်တန်း)ပြိုင်ပွဲကျင်းပမည်=============...
29/08/2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဉာဏ်စမ်း (အလွတ်တန်း)ပြိုင်ပွဲကျင်းပမည်
==========================

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နှစ်စဥ် စက်
တင်ဘာလ ဒုတိယပတ် စနေနေ့တွင် ကျရောက်
သည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်
အဖြစ် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများကို နှစ်စဥ်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယခုနှစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ရှေးဦီးပြုစုအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ” (Lifelong First Aid Learning) ဖြစ်ပြီး ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဉာဏ်စမ်း (အလွတ်တန်း) ပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ (ကြက်ခြေနီမဟုတ်သော) အများပြည်သူများကလည်း ဝင်ရောက်ယှဥ်ပြိုင်နိုင်ပါသဖြင့် အောက်ဖော်ပြပါ Linkသို့ ဝင်ရောက်ပြီး Register ပေးသွင်းနိုင်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSeAMxdvJrstUcz8YURDoS9kMDH7kXilUAFR-UtRSd24DZ-QUw/viewform?usp=sf_link

ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက် (၀၉း၃၀)နာရီတွင် Virtual (Zoom) ဖြင့်ပြုလုပ်မည် ဖြစ်ပြီး Zoom Link များကို ပေးပို့မည်ဖြစ်ပါသည်။ ဆုရရှိသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက် နေ့တွင်ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့တွင် ဆုများချီးမြှင့်သွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲစည်းကမ်းနှင့် အသေးစိတ်အချက်
အလက်များကို ဦီးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး(ဖုန်း-၀၉၅၀၉၃၄၁၂)၊ ဦီးထွန်းလွင်ဦီး၊ စီမံကိန်းမန်နေဂျာ၊(ဖုန်း-၀၉၄၀၀၇၈၈၉၀၂)၊ ဒေါ်ပန်းအိအိမွန်၊ အကြီးတန်းသင်တန်းအရာရှိ(ဖုန်း-၀၉၄၂၂၅၃၄၅၁၄၇) ရှေးဦီးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

#လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန

" ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ "" Lifelong First Aid Learning"
29/08/2022

" ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ "
" Lifelong First Aid Learning"

Address

Padauk Street(B) , 94 Ward , Dagon Seikkan Township
Yangon
11441

Opening Hours

Thursday 08:00 - 12:00
Sunday 08:00 - 12:00

Telephone

+959400746264

Website

Alerts

Be the first to know and let us send you an email when Red Cross Charity Clinic - Dagon Seikkan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Red Cross Charity Clinic - Dagon Seikkan:

Share