30/09/2026
🍎♻️🌍 အပြည်ပြည်ဆိုင်ရာ အစားအစာဆုံးရှုံးမှုနှင့် ဖြုန်းတီးမှုဆိုင်ရာ အသိပညာပေးနေ့
📅 ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
🌍🥗 ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အစားအစာဆုံးရှုံးမှုနှင့် ဖြုန်းတီးမှုဆိုင်ရာ အသိပညာပေးနေ့ကို “အစားအစာဆုံးရှုံးမှုနှင့် ဖြုန်းတီးမှု လျှော့ချခြင်းဖြင့် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖော်ဆောင်နိုင်စွမ်း” ဟူသော ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ်ပြုကြပါစို့။ 💚 အစားအစာများကို အလဟဿမဖြစ်အောင် ထိန်းသိမ်းခြင်းသည် တောင်သူများ၏ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားခြင်းဖြစ်သကဲ့သို့ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် ရေ၊ မြေနှင့် စွမ်းအင်တို့ကိုလည်း ကာကွယ်ထိန်းသိမ်းရာ ရောက်ပါသည်။ 🌾💧 ဝယ်ယူမည့်အစားအစာများကို ကြိုတင်စီစဉ်ခြင်း၊ စနစ်တကျ သိုလှောင် ခြင်း၊ ကျန်ရှိသောအစားအစာများကို ဘေးကင်းစွာ ပြန်လည်အသုံးပြုခြင်းနှင့် စားသုံး ရန်သင့်လျော်သည့် ပိုလျှံအစားအစာများကို ရပ်ရွာအစီအစဉ်များမှတစ်ဆင့် မျှဝေခြင်းတို့ဖြင့် အသိပညာမှ လက်တွေ့လုပ်ဆောင်မှုသို့ ပြောင်းလဲကြပါစို့။ 🤝
ကောင်းမွန်သောအစားအစာများ အလဟဿမဖြစ်ဘဲ လူများထံ ရောက်ရှိစေရန် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများအနေဖြင့် ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ပိုလျှံအစားအစာများ ပြန်လည်ဖြန့်ဝေခြင်းတို့ ပိုမိုကောင်းမွန်လာရေးအတွက် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းပါသည်။ ✨ အစားအစာကို တန်ဖိုးထားပြီး စားနပ်ရိက္ခာဖူလုံရေးနှင့် ကမ္ဘာမြေကာကွယ်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့။
🌍🥗 On September 29, 2026, we mark the International Day of Awareness of Food Loss and Waste under the theme “Transformative Potential of Reducing Food Loss and Waste.” 💚 Every food item saved honours farmers’ hard work and protects the water, land, and energy used to produce it. 🌾💧 Let’s turn awareness into action: plan purchases, store food properly, use leftovers safely, and share safe surplus food through community initiatives. 🤝 We call on governments, businesses, and communities to invest in better harvesting, storage, transport, and food redistribution so that good food reaches people instead of becoming waste. ✨ Together, let’s value food, support food security, and protect our planet!