Myanmar Underwater Organization

Myanmar Underwater Organization Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Underwater Organization, Environmental conservation organisation, Building 11, MICT Park, Hlaing Township, Yangon.

10/03/2026

𝟕𝐭𝐡 𝐁𝐞𝐚𝐜𝐡 𝐂𝐥𝐞𝐚𝐧 𝐔𝐩 𝐄𝐯𝐞𝐧𝐭 𝐑𝐞𝐜𝐚𝐩!!

🌊 (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးလှုပ်ရှားမှု အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။

ကျွန်တော်တို့ရဲ့ (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးမှာ ပါဝင်ပေးခဲ့ကြတဲ့သူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပင်လယ်ပြင်ဂေဟစနစ်ကို ကာကွယ်ဖို့အတွက် အခုလို စုပေါင်းလုပ်ဆောင်ကြတာ မြင်ရတာတကယ်ကို စိတ်အားတက်ကြွဖို့ကောင်းလို့ နောက်နှစ်တွေမှာလည်း တူတူပြန်လည်ဆုံတွေ့ရအောင်နော်။

09/03/2026

𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐌𝐔𝐅 𝟕𝐭𝐡 𝐁𝐞𝐚𝐜𝐡 𝐂𝐥𝐞𝐚𝐧-𝐔𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫!

We’re diving deep into marine conservation and bringing the community along for the ride. Moving beyond awareness to protect our blue planet. 🌊✨

“Ngwe Saung Beach Clean-Up Event” 🌊🗑️ငွေဆောင်ကမ်းခြေရဲ့ လှပတဲ့ သဲသောင်ပြင်တွေဟာ ကျွန်တော်တို့ရဲ့ အဖိုးတန်အမွေအနှစ်တွေပါ။...
05/03/2026

“Ngwe Saung Beach Clean-Up Event” 🌊🗑️

ငွေဆောင်ကမ်းခြေရဲ့ လှပတဲ့ သဲသောင်ပြင်တွေဟာ ကျွန်တော်တို့ရဲ့ အဖိုးတန်အမွေအနှစ်တွေပါ။ ဒါပေမဲ့ တစ်ခါသုံး ပလတ်စတစ်တွေနဲ့ စွန့်ပစ်အမှိုက်တွေဟာ ပင်လယ်ပြင်ရဲ့ အလှတရားကို ခြိမ်းခြောက်နေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

ဒီအချက်ကို သိရှိနားလည်တဲ့အတွက် Myanmar Underwater Federation ရဲ့ (၇) ကြိမ်မြောက် Beach Clean Up လှုပ်ရှားမှုကို ငွေဆောင်ကမ်းခြေ (Lover's Island) အနီးတစ်ဝိုက်မှာ ကျင်းပဖြစ်ခဲ့ကြပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ Volunteers တွေအားလုံး စုပေါင်းပြီး စွန့်ပစ်အမှိုက်ပေါင်း [ 620.04 KG ] ကီလိုဂရမ်ကို ကောက်ယူရှင်းလင်းနိုင်ခဲ့ပါတယ်။ ပမာဏတစ်ခုတည်းကို ကြည့်ရင် များပြားတယ်လို့ ထင်ရပေမဲ့၊ ဒါဟာ ကျွန်တော်တို့ရဲ့ ပင်လယ်ပြင်ကို ပြန်လည်သက်ဝင်စေဖို့အတွက် အစပျိုးချက်တစ်ခုသာ ဖြစ်ပါတယ်။

အထူးခြားဆုံးကတော့ အမှိုက်တွေကို အမှိုက်ပုံထဲ ပစ်လိုက်တာမျိုးမဟုတ်ဘဲ ပြန်လည်အသုံးပြုနိုင်သော အမှိုက်များ (Recyclable) နှင့် ပြန်လည်အသုံးပြုမရသော အမှိုက်များ (Non-Recyclable) အဖြစ် စနစ်တကျ ခွဲခြားခြင်းကို လုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကောက်ယူလိုက်တဲ့ အမှိုက် ( 620.04 KG ) ဆိုတာ ပင်လယ်ထဲမှာ ရှိနေတဲ့ အမှိုက်တွေရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိပါသေးတယ်။

ဒါကြောင့် နောက်တစ်ခေါက် ကမ်းခြေကို လာလည်ရင် ကိုယ်ယူလာတဲ့ အမှိုက်တွေကိုယ် ပြန်ယူသွားဖို့၊ တစ်ခါသုံး ပလတ်စတစ်တွေကို တတ်နိုင်သမျှ လျှော့သုံးဖို့ တိုက်တွန်းချင်ပါတယ်။

လှပတဲ့ ပင်လယ်ပြင်နဲ့ သန့်ရှင်းတဲ့ ကမ်းခြေတွေကို ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းပေးဖို့ အချိန်တန်ပါပြီ။ အားလုံးပဲ ပူးပေါင်းပေးကြသူတစ်ယောက်ချင်းစီကို အထူး ကျေးဇူးတင်ပါတယ်။

[ကျေးဇူးတင်လွှာ] 🌊 “Myanmar Underwater Federation ၏ (၇) ကြိမ်မြောက် Beach Clean Up လှုပ်ရှားမှုကို အစမှအဆုံး ပံ့ပိုးကူညီ...
03/03/2026

[ကျေးဇူးတင်လွှာ]

🌊 “Myanmar Underwater Federation ၏ (၇) ကြိမ်မြောက် Beach Clean Up လှုပ်ရှားမှုကို အစမှအဆုံး ပံ့ပိုးကူညီပေးခဲ့ကြသူများအား အထူးကျေးဇူးတင်ရှိခြင်း”

ပင်လယ်ပြင်ရဲ့ သာယာလှပမှုကို ထိန်းသိမ်းဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်ဆောင်လို့ မရနိုင်တဲ့ အလုပ်တစ်ခုဆိုတာ ကျွန်တော်တို့ အမြဲယုံကြည်ထားပါတယ်။ ဒီယုံကြည်ချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အင်အားစုတွေကတော့ ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီသူများ (Sponsors) များပဲ ဖြစ်ပါတယ်။

Myanmar Underwater Federation အနေနဲ့ (၇) ကြိမ်မြောက် Beach Clean Up လှုပ်ရှားမှုကို ကျင်းပရာမှာ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ပြီး ဘဏ္ဍာရေးအရရော၊ အဖက်ဖက်ကနေပါ ရက်ရောစွာ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ Sponsors များအားလုံးကို ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က "အသိပညာပေးခြင်း" တစ်ခုတည်းမှာတင် ရပ်တန့်မနေဘဲ "လက်တွေ့လုပ်ဆောင်ခြင်း" ဆိုတဲ့ ရလဒ်ကောင်းကို ပိုမိုထိရောက်အောင် ဖော်ဆောင်ပေးဖို့ဖြစ်ပြီး ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အချိန်၊ လူအင်အား၊ နေရာထိုင်ခင်းနဲ့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို အပြည့်အဝ ပံ့ပိုးပေးခဲ့ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ စေတနာဟာ ကျွန်တော်တို့အတွက်တော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အားဆေးတစ်ခွက်ပါပဲ။

ယခုလိုမျိုး နောင်လာမည့် လှုပ်ရှားမှုတွေမှာလည်း ဆက်လက်ပြီး လက်တွဲပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါရင်း အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Together, we are protecting the beauty of our blue planet! 🌊💙

ကျွန်တော်တို့ Myanmar Underwater Federation ရဲ့ (၇) ကြိမ်မြောက် Beach Clean Up ကို အသိပညာပေး Seminar လေးနဲ့ စတင်ခဲ့ပါတယ်...
27/02/2026

ကျွန်တော်တို့ Myanmar Underwater Federation ရဲ့ (၇) ကြိမ်မြောက် Beach Clean Up ကို အသိပညာပေး Seminar လေးနဲ့ စတင်ခဲ့ပါတယ်။

ဒီ Seminar လေးမှာ ပင်လယ်ကြီးရဲ့ အလှတရားတွေ ဘယ်လိုခြိမ်းခြောက်ခံနေရသလဲဆိုတာကို ဆရာဆရာမတွေ၊ တာဝန်ရှိလူကြီးမင်းတွေနဲ့ ပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေ စုပေါင်းဆွေးနွေးခဲ့ကြပါတယ်။

အထူးသဖြင့် ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေရဲ့ စိတ်အားထက်သန်မှုက ကျွန်တော်တို့ Myanmar Underwater Federation အတွက် အားတက်စရာပါပဲ။

"သိရုံတင်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ဖို့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Seminar ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ ပါဝင်ကူညီပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Myanmar Underwater Federation မှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးနှင့် သန္တာကျောက်တန်း ထိန်းသိမ်းစ...
13/02/2026

Myanmar Underwater Federation မှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးနှင့် သန္တာကျောက်တန်း ထိန်းသိမ်းစောင့်ရှောက်ရေး (7th Beach Clean-Up & Coral Conservation Awareness) လှုပ်ရှားမှုပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် In-Kind Sponsors (ဝန်ဆောင်မှုနှင့် ပစ္စည်းအင်အားဖြင့် ပံ့ပိုးကူညီသူများ) အဖြစ် ဝိုင်းဝန်းပါဝင်ကူညီပေးခဲ့ကြသော အောက်ဖော်ပြပါ အဖွဲ့အစည်းများနှင့် လုပ်ငန်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

• DoCanDo
• Fortune Media
• Villa Era Ngwe Saung Beach
• Ocean Blue Hotel
• Ngwe Saung Yacht Club & Resort
• Eskala Hotel
• Kyal Nan Taw (Transportation)
• Dream House Guest House
• Grand Ngwe Saung Resort
• Kumudra
• Table 5 Restaurant
• Golden Myanmar Restaurant & Guest House
• Garden Breeze Restaurant

ယခုလို ပံ့ပိုးကူညီမှုများသည် 7th Beach Clean-Up လှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် စီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကမ်းရိုးတန်းနှင့် ပင်လယ်ရေအောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်မှန်းချက်များကို ပိုမိုထိရောက်စွာ အောင်မြင်စေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးအတွက် အစဉ်တစိုက် အားပေးထောက်ပံ့ပေးတဲ့ လုပ်ငန်းများအားလုံးအား ထပ်မံလေးနက်စွာ ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည် ခင်ဗျာ။ 🌊♻️

Myanmar Underwater Federation မှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးနှင့် သန္တာကျောက်တန်း ထိန်းသိမ်းစ...
12/02/2026

Myanmar Underwater Federation မှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးနှင့် သန္တာကျောက်တန်း ထိန်းသိမ်းစောင့်ရှောက်ရေး (7th Beach Clean-Up & Coral Conservation Awareness) လှုပ်ရှားမှုပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ငွေကြေးအင်အားဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းပါဝင်ကူညီပေးခဲ့ကြသော အောက်ဖော်ပြပါ အဖွဲ့အစည်းများနှင့် လုပ်ငန်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

- Do Can Do
- WTM & Mickey’s
- Mya Kyar Khine Co., Ltd. (Paul Mitchell Myanmar)
- Mya Kyar Khine Co., Ltd. (Sothys Myanmar)
- Bay of Bengal Hotel Resort
- The Palm Resort
- Myanmar Tourism Bank
- Babylon Trekking & Camping
- Nay’s Gemora Gems & Jewelry

ယခုလို ပံ့ပိုးကူညီမှုများသည် 7th Beach Clean-Up လှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် စီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကမ်းရိုးတန်းနှင့် ပင်လယ်ရေအောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်မှန်းချက်များကို ပိုမိုထိရောက်စွာ အောင်မြင်စေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးအတွက် အစဉ်တစိုက် အားပေးထောက်ပံ့ပေးတဲ့ လုပ်ငန်းများအားလုံးအား ထပ်မံလေးနက်စွာ ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည် ခင်ဗျာ။ 🌊♻️

Myanmar Underwater Federation မှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးနှင့် သန္တာကျောက်တန်း ထိန်းသိမ်းစ...
11/02/2026

Myanmar Underwater Federation မှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် ကမ်းခြေသန့်ရှင်းရေးနှင့် သန္တာကျောက်တန်း ထိန်းသိမ်းစောင့်ရှောက်ရေး (7th Beach Clean-Up & Coral Conservation Awareness) လှုပ်ရှားမှုတွင် Hats Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးပေးသည့် Myanmar Women Entrepreneurs Network အဖွဲ့အစည်းအား လေးနက်စွာ အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျာ။

Myanmar Women Entrepreneurs Network အဖွဲ့အစည်း၏ အားပေးကူညီမှုများက ယခုလှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် စီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကမ်းရိုးတန်းနှင့် ပင်လယ်ရေအောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်မှန်းချက်များကို ပိုမိုထိရောက်စွာ အောင်မြင်စေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးအတွက် အစဉ်တစိုက် အားပေးထောက်ပံ့ပေးလျက်ရှိသော Myanmar Women Entrepreneurs Network အား ထပ်မံလေးနက်စွာ ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည် ခင်ဗျာ။ 🌊♻️

Address

Building 11, MICT Park, Hlaing Township
Yangon
11051

Telephone

+95973009224

Website

Alerts

Be the first to know and let us send you an email when Myanmar Underwater Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Underwater Organization:

Shortcuts

Share