သံမဏိသိန်းငှက်-Steel Hawk

သံမဏိသိန်းငှက်-Steel Hawk Our booms,blood and lives must be the power to eradicate the Military Regime and to build a Federal Democratic Country.

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဖက်ဒရယ်ဒီမိုကရေစနစ် ပေါ်ပေါက်ရေးအတွက် စိတ်အားထက်သန်စွာဖြင့် ဝိုင်းဝန်းပါဝင် ကူညီထ...
10/09/2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဖက်ဒရယ်ဒီမိုကရေစနစ် ပေါ်ပေါက်ရေးအတွက် စိတ်အားထက်သန်စွာဖြင့် ဝိုင်းဝန်းပါဝင် ကူညီထောက်ပံ့ပေးကြပါသော လူပုဂ္ဂိုလ်၊အဖွဲ့အစည်းအားလုံးတို့ကို အမျိုးသား ညီညွှတ်ရေးအစိုးရ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂ က ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။


‎ #သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂

06/09/2025
Aug 9 .2025 နေ့မနက်ပိုင်း ၈း၀၀ အချိန်တွင် မြိုင်နယ်အရှေ့မြောက်ပိုင်း ရေစကြိုနယ်အစပ်ရှိ ပြည်သူနေ ကျေးရွာတစ်ရွာကို လေကြောင...
09/08/2025

Aug 9 .2025 နေ့မနက်ပိုင်း ၈း၀၀ အချိန်တွင် မြိုင်နယ်အရှေ့မြောက်ပိုင်း ရေစကြိုနယ်အစပ်ရှိ ပြည်သူနေ ကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်သွားပါတယ်ခင်ဗျာ လက်နက်ကြီးများဖြင့်လဲ အဆက်မပျက်ပစ်ခတ်ခဲ့ပြီး
ပခုက္ကူတပ်မ ၁၀၁ ခွေးခြံမှ တက်လာသော စက်တပ်လေထီးများဖြင့်လဲ ပစ်ခတ်သွားပါတယ်။
ပြည်သူ၃ဦးသေဆုံးပြီး နွား၅ကောင် သေဆုံးဟုသတင်းရရှိထားပိး ၎င်းရွာအနီးရှိ ပြည်သူ နေအိမ် တစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်လို့ သိရပါတယ်။

ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ်မှကင်းလွတ်နိုင်ရန် ဗုံးခိုကျင်းများ တည်ဆောက်ထားရန်နှင့် အထူးဂရုစိုက်ကြပါရန် ကျနော်တို့
ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂ မှ အသိပေးအပ်လိုက်ပါတယ်။

#သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂

19/06/2025

🎉Happy Birthday 🎉ပါ အမေစု June 19ရက်နေ့ဟာအမေစုရဲ့ အသက် ၈၀ ပြည့်မွေးနေ့ဖြစ်ပါသည် မွေးနေ့မှစ အမေအသက်ရာကျော်ရှည်ပြီး အချုပ်နှောင်မှအမြန်ဆုံးကင်းလွတ်ပါစေ အမေ ဖြစ်စေချင်သော ဆန္ဒများလည်းအမြန်ဆုံး ပြည့်ဝပါစေကြောင်း ကျွန်တော်တို့ ရဲဘော်ညီကို များမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည် အမေစု......🙏🙏

#သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂

09/06/2025

စစ်အာဏာရှင်စနစ်အမြစ်ပျက် ချေမှုန်းနိုင်ရန်အတွက် ကျနော်တို့ရဲဘော်လေးများသည် အမေ့အိမ်အမေ့ရင်ခွင် နှင့်အ‌ေဝးတစ်‌ေနရာမှာ တောတောင် အခက်အခဲကြားမှာ မိုးမလုံလေမလုံ နေကြရသော်လည်းအပြုံးမပျက် ရှေ့ဆက်တော်လှန်နေခြင်းဖြစ်သည်။
ဒါကြောင့် တော်လှန်ပြည်သူများအနေဖြင့် ရဲဘော်လေးများ၏ အခက်အခဲများကိုယ် တစ်‌ထောင့်တစ်နေရာမှ ကူညီထောက်ပံ့ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂

ယခု လိုပေးပို့လှူဒါန်းမှုများအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။မြေပြင်ရှိ တေ...
05/06/2025

ယခု လိုပေးပို့လှူဒါန်းမှုများအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
မြေပြင်ရှိ တော်လှန်ရေးအင်အားစုများအား
ပြည်သူလူထုမှ တာ၀န်သိစိတ်ဖြင့်
၀ိုင်း၀န်းကူညီထောက်ပံ့နေခြင်းသည်
အရေးတော်ပုံရထားကြီးအား
ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ အချိန်တိုအတွင်း အလျင်အမြန်
ဆိုက်ကပ်နိုင်ရန် ကြီးမားသော အားအင်တစ်ခုဖြင့် တွန်းပို့နေခြင်းဖြစ်သည်။

#သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂

09/05/2025

မေ ၁ ရက်မှာ မြိုင်မြို့နယ်ထဲကိုဝင်ရောက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါစကစ စခတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ သစ်ကြီးတောရွာနဲ့ လေးတန်းရွာအနီး မေ ၂ ရက်မှာ စတင်တိုက်ပွဲ ဖြစ်ခဲ့ကြတာပါ။

၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ တိုက်ပွဲလေးတွေကတော့ နေ့စဉ်ဖြစ်နေတာပါ။ သူတို့ဘက်က ထွက်လာလိုက် ပစ်လိုက်ကိုယ်တွေဘက်ကတက်ပစ်လိုက်ပါပဲ။ အကြိမ်ရေကတော့ ပြန်တောင် စဉ်းစားရမှာပါ။
စကစ စခများ ‌ေ သဆုံးအထိနာလွန်းသဖြင့် လေကြောင်း အကာအကွယ် အလွန်အကျွန်ယူကာ တပ်ရွေ့ပြောင်းဆုတ်ခွာကြရပါတယ်။

#သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် တပ်ရင်း အမှတ် ၁၇ တပ်ခွဲ ၂

ဖယ်ဒရယ် ဒီမိုကရေစီရရှိနိုင်အောင် တိုက်ပွဲဝင်ကြိုးပမ်းနေချိန်မှာ ယခုလိုတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီထောက်ပံ့မှုအား မှတ်တမ်း...
08/05/2025

ဖယ်ဒရယ် ဒီမိုကရေစီရရှိနိုင်အောင် တိုက်ပွဲဝင်ကြိုးပမ်းနေချိန်မှာ ယခုလိုတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီထောက်ပံ့မှုအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

#သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် တပ်ရင်း အမှတ် ၁၇ တပ်ခွဲ ၂

11/04/2025

တိုက်ပွဲသတင်းထုတ်ပြန်ချက်
သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိ
စကစဘက်မှ စခန်းစွန့်ခွာ ထွက်ပြေးသူ ၁၇၀ ကျော် အားလည်း ဖမ်းဆီးရမိ
၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်သည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ရက် ည ၉:၀၀နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်သည်။

အင်းတော်မြို့တွင်း စစ်အုပ်စုရဲ့ နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူကုန်းကို ဧပြီလ ၇ ရက် ညပိုင်းမှာ တော်လှန် ရေး တပ်ဖွဲ့ တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဲဒီ ညပိုင်းမှာ ကသာမြို့နယ်ဘက်ကို ထွက်ပြေးသွားတဲ့ စစ် အုပ်စု ၁၇၀ ကျော် ကို တော်လှန်ရေးအင်အားစုKIA၊ PDF ပူးပေါင်း အဖွဲ့ တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၆၊ ၉၊ ၁၂) တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၃၊ ၅၊ ၈၊ ၁၀၊ ၁၇) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းတိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့
တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ဤ မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း ကနဦးသတင်းထုတ်ပြန်အပ် ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန

ပုံ- ရှေ့တန်းစစ်မြေပြင်မှ ပြည်သူချစ်သော PDF များ စစ်ကြောင်းထိုးနေသော ပုံတချို့ ဖြစ်ပါသည်။

ကျနော်တို့ သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင်  အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂ မှ ရှေ့တန်းရဲဘော်များက မဟာမိတ် တပ်ရင်းများ...
09/04/2025

ကျနော်တို့ သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂ မှ ရှေ့တန်းရဲဘော်များက မဟာမိတ် တပ်ရင်းများမှ ရဲဘော်များနှင့် လက်တွဲ ညီညီ စကစ၏ အင်းတော်မြို့အား မြို့သိမ်းစစ်ဆင်ရေးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါပီဗျ။

26/03/2025

ပြည်သူများအတွက် စကစ၏လေကြောင်းအန္တရာယ်မှ ကင်းစေရန်အတွက် မိမိတို့၏ စစ်ရေးသတင်းများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ချပြကြေညာခြင်းမပြုခဲ့ပါဘူး။
စစ်ရေးသတင်းများကို ထုတ်ပြန်ချပြခြင်း မပြုခဲ့ရသည့်အတွက်လည်း မိမိတို့ေတာ်လှန်ေရးအတွက်
တစိုက်မတ်မတ် ကူညီထောက်ပံ့ပေးနေသည့် အလှူရှင်များမှလည်း ထောက်ပံ့မှု လျှော့ကြသွားခြင်း၊အသစ်များနှင့် မချိတ်ဆက်မိခြင်များအတွက် မိမိတော်လှန်ရေးရဲဘော်များမှာ အကောင်းဆုံးကြိုးစားနေခဲ့သော်လည်း ဆက်လက်ရပ်တည်နိုင်ရန်အတွက်
အခက်အခဲနှင့်စိန်ခေါ်မှုများရှိနေခြင်းသည်
ပြည်သူများကိုမျက်နှာမူ၍ အရာအားလုံးကို ချင့်ချိန်ပြီး စစ်ရေးသတင်းများကို သိုဝှက်ဖုံးဖိ၍နေခဲ့ရခြင်းကြောင့် ယခုလို အခက်အခဲများဖြင့် ကြုံတွေခဲ့ရပါသည်။
ကျွန်တော်တို့တပ်ရင်း၊တပ်ဖွဲ့များ ဆက်လက်ရပ်တည်နိုင်မှုမရှိပါက အညာမြေပြည်သူများအတွက် အခက်အခဲများဖြင့် ရင်ဆိုင်ရပေတော့မည်။
ဒါ့ကြောင့် ကျွန်တော်တို့ သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၂ မှ ရဲဘော်များ ဆက်လက်ရပ်နိုင်ရေးအတွက် တော်လှန်ရေးဘက်တော်သားများမှ တတ်နိုင်သ၍ စုပေါင်း ထောက်ပံ့ပေးကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

လှူဒါန်းထောက်ပို့ပေးရန်အတွက် ဆက်သွယ်ရန် ဖုန်း +95 9 988 096884

Address

Yangon

Website

Alerts

Be the first to know and let us send you an email when သံမဏိသိန်းငှက်-Steel Hawk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share