12/06/2026
အလုပ်ခေါ်စာ
==========
Title: : MO 2 post
: Male or Female
Location : Bogalay Tsp, Irrawaddy delta.
Salary : ညှိနှိုင်း
( နေ၊စား အငြိမ်း)
---------------------------------------------------------------------
Irrawaddy River Doctors Mobile Clinic Boat သည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အခြေစိုက်ကာ မြစ်ဝကျွန်းပေါ်ရှိကျေးရွာများကို လစဥ် လိုက်လံပြီးဆေးကုသပေးတဲ့ ပြည်တွင်းအသင်းအဖွဲ့ဖြစ်ပါသည်။ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သည်မှာ ဆယ်နှစ်ကျော်ဖြစ်ပါပြီ။ ယခုအခါတွင် အထွေထွေရောဂါကုဆရာဝန် (2)ဦးတာဝန်ထမ်းဆောင်ရန် အမြန်အလိုရှိပါသည်။ စိတ်ဝင်စားသူများ (ကျား ၊ မ) မရွေးလျှောက်ထားနိုင်ပါသည်။
Job descriptions အကျဥ်းချုပ်ဖော်ပြခြင်း
----------------------------------------------------------
1. လစဥ် 1 ရက်နေ့ မှ 23 ရက်နေ့အထိသည် အလုပ်ဆင်းရက်ဖြစ်ပြီး၊ လစဥ် နောက်ဆုံးအပါတ် သည် Holiday ဖြစ်ပါသည်။
2. တစ်နေရာထဲ အထိုင်ချပြီးဆေးကုသမျိုးမဟုတ်ပဲလစဥ် ကျေးရွာပေါင်း 13 ရွာခန့်ကို အလှည့်ကျ စနစ်ဖြင့် ဆေးကုသပေးခြင်းဖြစ်ပါသည်။
3. တစ်နေ့တာ အလုပ်ဆင်းချိန်မှာ နံနက် 8:00 မှ ညနေ 5:00 ဖြစ်ပါသည်။ လူနာပေါ်မူတည်ပြီး စောတဲ့နေ့ရှိသလို နောက်ကျမှ အလုပ်သိမ်းရတာ လည်း ရှိတတ်ပါသည်။
4. လုပ်ငန်းရှင်ဘက်မှာ နံနက်စာ နေ့လည်စာ ညနေ စာ နှင့် နေစရာပံ့ပိုးထားပါသည်။ Boat ပေါ်မှာပဲ နေရပါသည်။ Wifi နှင့် လျှပ်စစ်မီး 24 နာရီရရှိပြီး Aircon လည်းပါသည်။
5. လူနာ နေ့စဥ် မများသောကြောင့် စာဖတ်ဖို့လည်း အချိန်ပိုရပါသည်။ အေးအေးဆေး အလုပ် လုပ်ကိုင်လိုတဲ့သူတွေအတွက် သင့်တော်ပါသည်။
6. ပရဟိတ လုပ်ငန်းဖြစ်သောကြောင့် လစာအပြင် အခြားသော ခံစားခွင့်များတော့မရှိပါ။ ပရဟိတ စိတ်ဝါသနာရှိသူတွေအတွက်ပိုပြီး အဆင်ပြေ ပါသည်။ လူအများနဲ့ လုပ်ကိုင် နေထိုင်စား သောက် နိုင်ဖို့တော့ လိုအပ်ပါသည်။
စိတ်ဝင်စားပြီး အလုပ်လျှောက်ချင်တဲ့ ဆရာဝန်များ အနေဖြင့် အောက်ပါဖုန်းနံပါတ်ဖြင့် ဆက်သွယ်ပြီး မိမိတို့ ပိုမိုသိရှိလိုသည့်အချက်များ မေးမြန်းနိုင်ပါသည်။
Ko Min Min (GM)
Ph- 09450293864 (Viber) yes
Email: [email protected]