သူမ - Thuma

သူမ - Thuma Community Organization

မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်တွင်  စိတ်၏ရွှင်လန်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ကောင်းသောအစများဖြစ်လာပါစေလို့ ဆုမွ...
17/04/2025

မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်တွင် စိတ်၏ရွှင်လန်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ကောင်းသောအစများဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 💦✨️

#သူမ_thuma

သူမမှ Fundraising ကူညီနှိုးဆော်ပေးထားသော စစ်ကိုင်းမြို့သို့ သောက်ရေသန့်၊ ဆေးဝါးနှင့် အစားအစာအခြောက်အခြမ်း ပို့ဆောင်ပေးသည...
02/04/2025

သူမမှ Fundraising ကူညီနှိုးဆော်ပေးထားသော စစ်ကိုင်းမြို့သို့ သောက်ရေသန့်၊ ဆေးဝါးနှင့် အစားအစာအခြောက်အခြမ်း ပို့ဆောင်ပေးသည့် လှုပ်ရှား ပုံရိပ်များအား ပြန်လည်မျှဝေလိုက်ရပါတယ်။

မနေ့မှစတင်၍ ရထောင်ရပ်ကွက်၊ ဇေယျာကွက်သစ်၊ ပါရမီရပ်ကွက်များသို့ ရေကားများလှည့်လည်ပြီး ယနေ့တွင် ထပ်မံ၍ မြရတနာရပ်ကွက်သို့ ဆေးဝါး၊ ရေသန့် နှင့် အစာခြောက်များအား မျှဝေပေးခဲ့ပါတယ်။

သူမ page messenger မှတဆင့် လှူဒါန်းပေးလာသော သူများကို ကျေးဇူးအထူးတင်ရှိသည့်အတွက် ပုံရိပ်များအားပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်။

အလှူငွေထည့်ဝင်လိုပါက -
https://www.facebook.com/share/p/12JjRmGjKDq/

နေ့စဥ်လှုပ်ရှားမှုမှတ်တမ်းများအား အောက်ပါ account များထံမှလည်း သိရှိနိုင်ပါတယ်။

https://www.facebook.com/share/p/16Qttd33Pv/

https://www.facebook.com/share/p/164zmPWwtq/?mibextid=wwXIfr

#သူမ_thuma

❗️ခန္ဓာကိုယ်ရှိ ပြတ်ရှ၊ ပွန်းပဲ့၊ ပေါက်ပြဲ ဒဏ်ရာအကြီးအသေး ရှေးဦးသူနာပြုစုနည်း❗️ငလျင်လှုပ်ပြီးနောက် ထိခိုက်ပွန်းပဲ့ ဒဏ်ရ...
01/04/2025

❗️ခန္ဓာကိုယ်ရှိ ပြတ်ရှ၊ ပွန်းပဲ့၊ ပေါက်ပြဲ ဒဏ်ရာအကြီးအသေး ရှေးဦးသူနာပြုစုနည်း❗️

ငလျင်လှုပ်ပြီးနောက် ထိခိုက်ပွန်းပဲ့ ဒဏ်ရာ အသေး၊အလတ် ရရှိပြီး ဆေးကုသမှုမခံယူနိုင်သေးသောသူများအတွက် ဒဏ်ရာမပြင်းထန်စေရန်အတွက်သာရည်ရွယ်ပါတယ်။

ဒဏ်ရာပြင်း၍ သွေးထွက်များခြင်း၊ လူနာသတိမရှိခြင်းများရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များထံ ပို့ဆောင်ရန်လိုအပ်ပါတယ်။

#ရှေးဦးသူနာပြုနည်း
#သူမ_thuma

❗️ဦးခေါင်း ဒဏ်ရာရသူကို ရှေးဦးသူနာပြုစုနည်း❗️ငလျင်ဒဏ်ကြောင့် ပေါက်ပြဲဒဏ်ရာ အကြီး၊ အသေး ရရှိခဲ့ပြီး ကယ်ဆယ်ရေးပရဟိတများ၊ ...
01/04/2025

❗️ဦးခေါင်း ဒဏ်ရာရသူကို ရှေးဦးသူနာပြုစုနည်း❗️

ငလျင်ဒဏ်ကြောင့် ပေါက်ပြဲဒဏ်ရာ အကြီး၊ အသေး ရရှိခဲ့ပြီး ကယ်ဆယ်ရေးပရဟိတများ၊ ဆေးရုံ၊ ဆေးခန်း များသို့ ချက်ချင်းမရောက်ရှိနိုင်သော သူများအတွက် ဒါဏ်ရာများမပြင်းထန်စေရန်သာရည်ရွယ်ပါတယ်။

ဆက်တိုက်သွေးထွက်များပြီး လူနာသတိမရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များထံပို့ဆောင်ရန်လိုအပ်ပါတယ်။

အောက်ပါပုံများတွင် ဦးခေါင်းဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုနည်းများအား မျှဝေထားပါတယ်။

#ရှေးဦးသူနာပြုနည်း
#သူမ_Thuma

‼️ငလျင်လှုပ်ပြီးရင် ဘာလုပ်ရမလဲ။ 📍ဖန်ကွဲစတွေ တခြား ချွန်ထက်တဲ့ အရာတွေကနေ ကာကွယ်နိုင်ဖို့ဖိနပ်ထူထူ စီးပါ။ 📍ဒဏ်ရာ အနာတရတွေက...
01/04/2025

‼️ငလျင်လှုပ်ပြီးရင် ဘာလုပ်ရမလဲ။

📍ဖန်ကွဲစတွေ တခြား ချွန်ထက်တဲ့ အရာတွေကနေ ကာကွယ်နိုင်ဖို့ဖိနပ်ထူထူ စီးပါ။

📍ဒဏ်ရာ အနာတရတွေကို စစ်ဆေးပါ။

📍သွေးထွက်ဒဏ်ရာရတဲ့လူရှိပါက သန့်ရှင်းသောအဝတ်စဖြင့် သွေးတိတ်အောင်ပြုလုပ်ပေးပါ။

📍အသက်မရှုတဲ့လူနာရှိပါက CPR ကိုပြုလုပ်ပေးပါ။

📍မလိုအပ်ဘဲနဲ့ ဒဏ်ရာရသူကို ပြင်းပြင်းထန်ထန်
လှုပ်ရှားခြင်းကို သတိပြုဆောင်ရွက်ပေးပါ။

📍ဒဏ်ရာရသူများကို လုံလုံခြုံခြုံနွေးနွေးထွေးထွေးထားပေးပါ။

📍ပြင်းထန်ဒဏ်ရာရသူများကို ဆေးရုံ၊ ဆေးခန်းသို့အမြန်ပို့ဆောင်ပါ။

📍တခြား ဘေးအန္တရာယ်တွေကိုလည်းသတိပြုပပါ။

📍မီးသတိပြုပါ။

📍အန္တာရယ်ဖြစ်စေနိုင်သော ဓာတ်ငွေ့များယိုစိမ့်မှုရှိမရှိသေချာ သတိပြုပါ။

📍လျှပ်စစ်ဓာတ်ကြိုးများ ပေါက်ပြဲမှုရှိမရှိသေချာစွာစစ်ဆေးပါ။

📍ပြိုကျနေသော ဓာတ်အားလိုင်းများနှင့်ထိစပ်နေသောအရာများကို ကိုင်တွယ်ခြင်းမပြုပါနှင့်။

📍အန္တာရယ်ရှိသော ဆေးများ၊ အရည်များ၊ အက်စစ်များဖိတ်ကျနေပါက ဂရုတစိုက်သန့်ရှင်းပေးပါ။

📍ပြိုကျပျက်စီးနိုင်သောအရာများ၊ အဆောက်အအုံများနှင့်ဝေးရာမှာနေပါ။

#သူမ_thuma

သူမကနေ Fundraising ကူလုပ်ပေးတာပါ။ Edit - "အားလုံးရဲ့ ၀ိုင်း၀န်းကူညီမှုကြောင့် အခုဆိုရင် လူဦးရေ ၁,၀၀၀ စာကနေ ၂,၀၀၀ စာအထိ ...
31/03/2025

သူမကနေ Fundraising ကူလုပ်ပေးတာပါ။

Edit - "အားလုံးရဲ့ ၀ိုင်း၀န်းကူညီမှုကြောင့် အခုဆိုရင် လူဦးရေ ၁,၀၀၀ စာကနေ ၂,၀၀၀ စာအထိ တိုးပြီး အစာနှင့် သောက်ရေသန့်‌တွေ ပို့​ဆောင်နိုင်ပြီဖြစ်ပါတယ်။"

"မနက်ဖြန် ရေကားလှည့်ပြီးရင်လည်း အသေးစိတ်အချက်အလက်တွေကို post တစ်ခုထပ်တင်ပြီး အကြောင်းကြားပေးသွားပါ့မယ်။"

Project Info ကတော့ အောက်အတိုင်းပါ။

"စစ်ကိုင်းကိုမနက်ဖြန်နဲ့ သဘက်ခါမှာ ​ရေနဲ့အစားအစာ ပို့ဖို့လုပ်​နေပါတယ်။ ပို့ဖို့​​ရော၊ ဖြန့်ဖို့​ရော၊ supplyရနိုင်တဲ့​နေရာ​ရော အားလုံး ချိတ်ဆက်ပြင်ဆင်ထားပြီးပါပြီ။ ၅ရက်စာ ​ရေနဲ့အစားအစာ လူ '၁​ထောင်' စာရည်ရွယ်ထားပါတယ်။"

ငလျင်ရဲ့ ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်း​ဒေသတစ်ခွင်ဟာ လမ်းပန်း​တံတားကစလို့ ဆက်သွယ်​​ရေးအထိ အားလုံး ပြတ်​တောက်ခက်ခဲ​နေတဲ့အ​ခြေအ​နေဖြစ်ပါတယ်။ ​အဆိုးဆုံးက​တော့ တစ်မြို့လုံး ​သောက်သုံး​ရေ မရှိ​တော့တာပါပဲ။

​သောက်​ရေသန့် အ​​ရေး​ပေါ်လိုအပ်​နေတဲ့ စစ်ကိုင်းအတွက် ကျွန်‌တော်တို့ 2016 International Red Cross Youth Team နဲ့ ရွာငံမြို့နယ် Rescue Team တို့ပူးပေါင်းပြီး အင်္ဂါ​နေ့မနက်မှာ ​ရေသန့်ဘူး​တွေ ဦးစား​ပေးပြီးပို့ပါမယ်။

https://www.facebook.com/share/p/1ARx4z1RBW/

https://www.facebook.com/share/1SHG4icQHw/

🇲🇲 မြန်မာကနေ လှူလိုသူများအတွက်
K Pay – 09977892966 (Aung Kaung San)
CB Pay- 09450251211(Nyan Pyae)
CB Bank - 0087-6001-0005-5743 ( Nyan Pyae)

🇹🇭 ထိုင်းကနေ ကူညီလိုသူများအတွက်
Prompt Pay – 0983210136 (Linn Let Shwesin)
True Money – 098321013 (Linn Let Shwesin)
SCB Bank - 707-292093-7 (Linn Let Shwesin)

🤍 လှူဒါန်းမှုတစ်ခုစီတိုင်းက လူတစ်‌ယောက်အတွက် တစ်ရက် ဆက်ပြီးအသက်ရှင် စေနိုင်သလို အသက်များစွာကိုလည်း ကယ်တင်နိုင်ပါတယ်။ ထပ်မံသိရှိရတဲ့ အခြေအနေ‌တွေကိုလည်း Update တင်ပြပေးသွားပါ့မယ်။

#ကယ်ဆယ်ရေး
#သူမ_thuma

28 March 2025 တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်သွားသော အင်အား ၇.၇ ရှိ အလွန်အင်အားပြင်းသော မြေငလျှင်ကြောင့် အသက်အိုးအိမ်များထိ...
30/03/2025

28 March 2025 တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်သွားသော အင်အား ၇.၇ ရှိ အလွန်အင်အားပြင်းသော မြေငလျှင်ကြောင့် အသက်အိုးအိမ်များထိခိုက်ပျက်စီးရသည့်အတွက် သူမအဖွဲ့သားများအနေဖြင့်လည်း အထူးပင်စိတ်ထိခိုက်၍ ဝမ်းနည်းရပါတယ်။

The 7.7 major earthquake from the Sagaing Fault, Myanmar, on 28th March 2025 took the lives of Myanmar civilians and destroyed households. There are still aftershocks, and buildings are continuing to collapse while people are being rescued. We are deeply affected and saddened by this tragic event.

မြန်မာနိုင်ငံမှာစစ်တပ်အစိုးရမှထိရောက်စွာအရေးပေါ်ကယ်ဆယ်ရေးမလုပ်နိုင်မှု ကယ်ဆယ်ရေးအင်အားမလုံလောက်မှု ကြောင့် ယခုလက်ရှိအချိန်ထိ ငလျင်ဘေးသင့်ဒေသများမှာပိတ်မိနေသူများစွာ ရှိနေဆဲပါ။

The high death toll is a result of the Myanmar military (that took dictatorship of the country)'s failure to act an emergency response. With no special equipment, only the people are helping each other with their bare hands.

၂၀၂၁ အာဏာသိမ်းနောက်ဆက်တွဲအနေဖြင့် ဆရာဝန် ဆေးပညာရှင်များလျော့နည်းမှု ဆေးဝါးစောင့်ရှောက်မှုအားနည်းမှုတို့ကြောင့် ယခု အရေးပေါ်ဆေးရုံများမှာလဲ လူနာများဖြင့်ပြည့်ကာ မလုံလောက်မှုများစွာ ကြုံနေရပါတယ်။

Additionally, the impact of the dictatorship since 2021 has caused a severe shortage of medical supplies and doctors, resulting in a lack of professionals and hospitals. Patients are left waiting outside emergency rooms, bleeding and without treatment, while prioritizing those in critical condition among themselves.

လျှပ်စစ်မီးဖြတ်တောက်ခံရမှုနှင့် ဖုန်းလိုင်းမရရှိမှုများကြောင့်လဲ ဆက်သွယ်ရေးအခက်အခဲကြုံရသည့်အပြင် ပင်မနေရာများမှ သတင်းစီးဆင်းမှုအားနည်းနေခြင်းကိုလဲတွေ့ရပါတယ်။

On top of that, major cities even in Yangon are experiencing electricity blackouts, and phone lines are unavailable. As a result, information is not reaching the outside world from the most severely affected areas, where people may already be buried with no help.

သူမအဖွဲ့သားများအနေဖြင့် မြေပြင်ကိုတိုက်ရိုက်မရောက်ရှိနိုင်သောအခက်အခဲများကြောင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ စီးဆင်းစေမှုဆိုသည်ကိုသာ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ငွေကြေးလှူဒါန်းမှုများအားလဲ စိတ်ချရသောသူများထံသာညွှန်းပေးပါရစေ။

As our Thuma Team cannot provide direct on-ground assistance, we will support by spreading true and legitimate information as an indirect way of helping. We salute with heartfelt respect to those risking their lives; giving their blood, sweat, and personal resources to rescue others. It is painfully clear that we only have each other; there is no government for us.

(အချက်အလက်များအား ထပ်တိုးထည့်ရာတွင် Fact check ပြီးမှထည့်သွင်းပေးပါမည်)

(Link များဝင်မရပါက comment ပေးပါရန် မေတ္တာရပ်ခံပါတယ်)

#အရေးပေါ် #ကယ်ဆယ်ရေး
#ဆေးအလှု
#သူမ_thuma

သူမရဲ့ အပတ်စဉ် ကျင်းပလေ့ရှိတဲ့ English Club မှာ ဒီတခေါက်တော့ ‘What is Love?  ’ ခေါင်းစဉ်နဲ့ ဆွေးနွေး လေ့ကျင့်ကြမှာ ဖြစ်ပ...
08/03/2025

သူမရဲ့ အပတ်စဉ် ကျင်းပလေ့ရှိတဲ့ English Club မှာ ဒီတခေါက်တော့
‘What is Love? ’ ခေါင်းစဉ်နဲ့ ဆွေးနွေး လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ဒီအပတ် သူမရဲ့ English Club မှာ English Skills ကို မြှင့်တင်ရင်း ပိုမိုကောင်းမွန်တဲ့ အကြောင်းတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။

သူမရဲ့ အပတ်စဉ် English Club မှာ လူငယ်တွေရဲ့ English Speaking စွမ်းရည် တိုးတက်လာစေဖို့သာမက Networking Skills, Communication Skills တွေပါ တိုးတက်စေပြီး Learning Opportunities တွေပါ ရရှိနိုင်မှာပါ။

English လိုပြောရမှာ သေချာ မပြောရဲသေးဘူး၊ Grammar မှားသွားမှာ စိုးတယ်၊
ကိုယ်တွေးထားတဲ့အတိုင်း ထွက်မလာဘူး၊
ကိုယ့်ရဲ့ pronunciation ကို အားမရသလိုပဲ၊

စတဲ့ အခက်အခဲတွေကို တစ်ယောက်တည်း လေ့ကျင့်နေမှာထက် တစ်နာရီလောက် အချိန်ပေးပြီး သူမရဲ့ အပတ်စဉ် English Club လေးမှာ ဝင် join လိုက်ပါ။

📌 ဘယ်လိုလူငယ်တွေ Joinသင့်သလဲ?
ဘာသာစကားကိုအခုမှ စပြီးသေချာလေ့လာဖို့ဆုံးဖြတ်နေတဲ့လူငယ်တွေ၊ မိမိရဲ့ အင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်ချင်တဲ့သူတွေ၊ Networking ချိတ်ဆက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေ၊ Public Speaking စွမ်းရည်တိုးတက်ချင်တဲ့ လူငယ်တွေအနေနဲ့ Join ဖို့သင့်တော်ပါတယ်။

📌Club join ဖို့ဘာတွေ လိုအပ်မလဲ?

Club join ဖို့ အဓိကအနေနဲ့ကတော့ မိမိကိုယ်ကိုတိုးတက်အောင်ပြုလုပ်ချင်တဲ့စိတ်နဲ့ စိတ်အားထက်သန်မှုလေးတွေသာ လိုအပ်ပါတယ်။

📌ဘယ်လို ဒီ Club လေးမှာ ပါဝင်လို့ရနိုင်မလဲ?

-Conversation Club ကိုအပတ်စဉ်
-တနင်္ဂနွေနေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။
-ဒီအပတ်အတွက်တော့ 9.3.2025 ရက်နေ့
-ညနေ 4:30 - 6:00 PM မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ အောက်ပါ Form မှာ အခွင့်အရေးကို လက်လွှတ်မခံပဲ လျှောက်ထားလိုက်ပါတော့။

https://forms.gle/JFF4oFSQ9uDijhvM7

Clubကို အဓိက Zoom Platform ကို အသုံးပြုပြီးတော့ Speaking skill ကို တစ်ပတ်တစ်မျိုး မရိုးရအောင် Main Topic အပြင်အခြားသောစိတ်ဝင်စားဖွယ် Activities တွေနဲ့အတူ Club participants တွေအတွက် သက်သောင့်သက်သာ လေ့ကျင့်နိုင်အောင် ဖန်တီးပေးထားတာဖြစ်လို့ အခုပဲ ပါဝင်နိုင်ရန် လျှောက်ထားလိုက်ပါ။

[ English Version ]

We will be discussing and practicing on the topic of
‘ Perfectionism ‘ this week at Thuma's weekly English club.

Everyone is invited to discuss better things while also improving English skills at Thuma's English Club this week.

From Thuma’s weekly English Club, you will not only have the benefit to improve your English speaking skills, networking skills, and communication skills, but also you will get learning opportunities.
" I don't have the courage to speak in English. I afraid of using wrong grammar. The words won't come out the way I expected them to be. The pronunciation could be better. "

Rather than praticing these inconveniences alone, how about giving one hour of your time to join Thuma's weekly English club?

📌What kind of youth should join the club?

Those who just decided to learn a language passionately from the start, those who want to improve their English speaking skill, those who are interested in Networking, or those who want to improve their Public Speaking skill will be well fitted to join.

📌What do you need to join this club?

In order to join the club, you only need to have the passion to improve yourself and a motivated mindset to do so.
📌How can you join this conversation club?

-Conversation Club is held every Sunday.
-For this week, it will be on 9.3.2025
-at -(4:30 - 6:00Pm) Myanmar time.
Those youths who are interested, please apply in the form below without missing the opportunity.

https://forms.gle/JFF4oFSQ9uDijhvM7

The club mainly use Zoom platform and in addtion to main topic, there will be interesting activities every week while also making sure that club participants can practice your English Speaking comfortably.

#သူမ_thuma

သူမရဲ့ အပတ်စဉ် ကျင်းပလေ့ရှိတဲ့ English Club မှာ ဒီတခေါက်တော့ ‘Perfectionism’ ခေါင်းစဉ်နဲ့ ဆွေးနွေး လေ့ကျင့်ကြမှာ ဖြစ်ပါတ...
07/02/2025

သူမရဲ့ အပတ်စဉ် ကျင်းပလေ့ရှိတဲ့ English Club မှာ ဒီတခေါက်တော့
‘Perfectionism’ ခေါင်းစဉ်နဲ့ ဆွေးနွေး လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ဒီအပတ် သူမရဲ့ English Club မှာ English Skills ကို မြှင့်တင်ရင်း ပိုမိုကောင်းမွန်တဲ့ အကြောင်းတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။

သူမရဲ့ အပတ်စဉ် English Club မှာ လူငယ်တွေရဲ့ English Speaking စွမ်းရည် တိုးတက်လာစေဖို့သာမက Networking Skills, Communication Skills တွေပါ တိုးတက်စေပြီး Learning Opportunities တွေပါ ရရှိနိုင်မှာပါ။

English လိုပြောရမှာ သေချာ မပြောရဲသေးဘူး၊ Grammar မှားသွားမှာ စိုးတယ်၊
ကိုယ်တွေးထားတဲ့အတိုင်း ထွက်မလာဘူး၊
ကိုယ့်ရဲ့ pronunciation ကို အားမရသလိုပဲ၊

စတဲ့ အခက်အခဲတွေကို တစ်ယောက်တည်း လေ့ကျင့်နေမှာထက် တစ်နာရီလောက် အချိန်ပေးပြီး သူမရဲ့ အပတ်စဉ် English Club လေးမှာ ဝင် join လိုက်ပါ။

📌 ဘယ်လိုလူငယ်တွေ Joinသင့်သလဲ?
ဘာသာစကားကိုအခုမှ စပြီးသေချာလေ့လာဖို့ဆုံးဖြတ်နေတဲ့လူငယ်တွေ၊ မိမိရဲ့ အင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်ချင်တဲ့သူတွေ၊ Networking ချိတ်ဆက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေ၊ Public Speaking စွမ်းရည်တိုးတက်ချင်တဲ့ လူငယ်တွေအနေနဲ့ Join ဖို့သင့်တော်ပါတယ်။

📌Club join ဖို့ဘာတွေ လိုအပ်မလဲ?

Club join ဖို့ အဓိကအနေနဲ့ကတော့ မိမိကိုယ်ကိုတိုးတက်အောင်ပြုလုပ်ချင်တဲ့စိတ်နဲ့ စိတ်အားထက်သန်မှုလေးတွေသာ လိုအပ်ပါတယ်။

📌ဘယ်လို ဒီ Club လေးမှာ ပါဝင်လို့ရနိုင်မလဲ?

-Conversation Club ကိုအပတ်စဉ်
-တနင်္ဂနွေနေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။
-ဒီအပတ်အတွက်တော့ 9.2.2025 ရက်နေ့
-ညနေ 4:30 - 6:00 PM မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ အောက်ပါ Form မှာ အခွင့်အရေးကို လက်လွှတ်မခံပဲ လျှောက်ထားလိုက်ပါတော့။

https://forms.gle/JFF4oFSQ9uDijhvM7

Clubကို အဓိက Zoom Platform ကို အသုံးပြုပြီးတော့ Speaking skill ကို တစ်ပတ်တစ်မျိုး မရိုးရအောင် Main Topic အပြင်အခြားသောစိတ်ဝင်စားဖွယ် Activities တွေနဲ့အတူ Club participants တွေအတွက် သက်သောင့်သက်သာ လေ့ကျင့်နိုင်အောင် ဖန်တီးပေးထားတာဖြစ်လို့ အခုပဲ ပါဝင်နိုင်ရန် လျှောက်ထားလိုက်ပါ။

[ English Version ]

We will be discussing and practicing on the topic of
‘ Perfectionism ‘ this week at Thuma's weekly English club.

Everyone is invited to discuss better things while also improving English skills at Thuma's English Club this week.

From Thuma’s weekly English Club, you will not only have the benefit to improve your English speaking skills, networking skills, and communication skills, but also you will get learning opportunities.
" I don't have the courage to speak in English. I afraid of using wrong grammar. The words won't come out the way I expected them to be. The pronunciation could be better. "

Rather than praticing these inconveniences alone, how about giving one hour of your time to join Thuma's weekly English club?

📌What kind of youth should join the club?

Those who just decided to learn a language passionately from the start, those who want to improve their English speaking skill, those who are interested in Networking, or those who want to improve their Public Speaking skill will be well fitted to join.

📌What do you need to join this club?

In order to join the club, you only need to have the passion to improve yourself and a motivated mindset to do so.
📌How can you join this conversation club?

-Conversation Club is held every Sunday.
-For this week, it will be on 9.2.2025
-at -(4:30 - 6:00Pm) Myanmar time.
Those youths who are interested, please apply in the form below without missing the opportunity.

https://forms.gle/JFF4oFSQ9uDijhvM7

The club mainly use Zoom platform and in addtion to main topic, there will be interesting activities every week while also making sure that club participants can practice your English Speaking comfortably.

#သူမ_thuma

For this week conversation clubTopic - Electricity in our lifeသူမရဲ့ အပတ်စဉ် ကျင်းပလေ့ရှိတဲ့ English Club မှာ ဒီတခေါက်တေ...
10/01/2025

For this week conversation club
Topic - Electricity in our life

သူမရဲ့ အပတ်စဉ် ကျင်းပလေ့ရှိတဲ့ English Club မှာ ဒီတခေါက်တော့
‘Electricity in our life’ ခေါင်းစဉ်နဲ့ ဆွေးနွေး လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ဒီအပတ် သူမရဲ့ English Club မှာ English Skills ကို မြှင့်တင်ရင်း ပိုမိုကောင်းမွန်တဲ့ အကြောင်းတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။

သူမရဲ့ အပတ်စဉ် English Club မှာ လူငယ်တွေရဲ့ English Speaking စွမ်းရည် တိုးတက်လာစေဖို့သာမက Networking Skills, Communication Skills တွေပါ တိုးတက်စေပြီး Learning Opportunities တွေပါ ရရှိနိုင်မှာပါ။

English လိုပြောရမှာ သေချာ မပြောရဲသေးဘူး၊ Grammar မှားသွားမှာ စိုးတယ်၊
ကိုယ်တွေးထားတဲ့အတိုင်း ထွက်မလာဘူး၊
ကိုယ့်ရဲ့ pronunciation ကို အားမရသလိုပဲ၊

စတဲ့ အခက်အခဲတွေကို တစ်ယောက်တည်း လေ့ကျင့်နေမှာထက် တစ်နာရီလောက် အချိန်ပေးပြီး သူမရဲ့ အပတ်စဉ် English Club လေးမှာ ဝင် join လိုက်ပါ။

📌 ဘယ်လိုလူငယ်တွေ Joinသင့်သလဲ?
ဘာသာစကားကိုအခုမှ စပြီးသေချာလေ့လာဖို့ဆုံးဖြတ်နေတဲ့လူငယ်တွေ၊ မိမိရဲ့ အင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်ချင်တဲ့သူတွေ၊ Networking ချိတ်ဆက်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေ၊ Public Speaking စွမ်းရည်တိုးတက်ချင်တဲ့ လူငယ်တွေအနေနဲ့ Join ဖို့သင့်တော်ပါတယ်။

📌Club join ဖို့ဘာတွေ လိုအပ်မလဲ?

Club join ဖို့ အဓိကအနေနဲ့ကတော့ မိမိကိုယ်ကိုတိုးတက်အောင်ပြုလုပ်ချင်တဲ့စိတ်နဲ့ စိတ်အားထက်သန်မှုလေးတွေသာ လိုအပ်ပါတယ်။

📌ဘယ်လို ဒီ Club လေးမှာ ပါဝင်လို့ရနိုင်မလဲ?

-Conversation Club ကိုအပတ်စဉ်
-တနင်္ဂနွေနေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။
-ဒီအပတ်အတွက်တော့ 12.1.2025 ရက်နေ့
-ညနေ 4:30 - 6:00 PM မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ အောက်ပါ Form မှာ အခွင့်အရေးကို လက်လွှတ်မခံပဲ လျှောက်ထားလိုက်ပါတော့။

https://forms.gle/ZLHFti44oAwsyJSv5

Clubကို အဓိက Zoom Platform ကို အသုံးပြုပြီးတော့ Speaking skill ကို တစ်ပတ်တစ်မျိုး မရိုးရအောင် Main Topic အပြင်အခြားသောစိတ်ဝင်စားဖွယ် Activities တွေနဲ့အတူ Club participants တွေအတွက် သက်သောင့်သက်သာ လေ့ကျင့်နိုင်အောင် ဖန်တီးပေးထားတာဖြစ်လို့ အခုပဲ ပါဝင်နိုင်ရန် လျှောက်ထားလိုက်ပါ။

[ English Version ]

We will be discussing and practicing on the topic of
'Electricity in our life' this week at Thuma's weekly English club.

Everyone is invited to discuss better things while also improving English skills at Thuma's English Club this week.

From Thuma’s weekly English Club, you will not only have the benefit to improve your English speaking skills, networking skills, and communication skills, but also you will get learning opportunities.
" I don't have the courage to speak in English. I afraid of using wrong grammar. The words won't come out the way I expected them to be. The pronunciation could be better. "

Rather than praticing these inconveniences alone, how about giving one hour of your time to join Thuma's weekly English club?

📌What kind of youth should join the club?

Those who just decided to learn a language passionately from the start, those who want to improve their English speaking skill, those who are interested in Networking, or those who want to improve their Public Speaking skill will be well fitted to join.

📌What do you need to join this club?

In order to join the club, you only need to have the passion to improve yourself and a motivated mindset to do so.
📌How can you join this conversation club?

-Conversation Club is held every Sunday.
-For this week, it will be on 12.1.2025
-at -(4:30 - 6:00Pm) Myanmar time.
Those youths who are interested, please apply in the form below without missing the opportunity.

https://forms.gle/ZLHFti44oAwsyJSv5

The club mainly use Zoom platform and in addtion to main topic, there will be interesting activities every week while also making sure that club participants can practice your English Speaking comfortably.

#သူမ_thuma

မင်္ဂလာရှိသော နှစ်သစ်တစ်နှစ်ဖြစ်ပါစေ ✨️၂၀၂၅ နှစ်သစ်မှာ အားလုံးပဲ စိတ်သစ် လူသစ်နှင့် ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်က...
31/12/2024

မင်္ဂလာရှိသော နှစ်သစ်တစ်နှစ်ဖြစ်ပါစေ ✨️

၂၀၂၅ နှစ်သစ်မှာ အားလုံးပဲ စိတ်သစ် လူသစ်နှင့် ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ကြပြီး မိသားစု ချစ်သူခင်သူများနဲ့လည်း တန်ဖိုးရှိသောအမှတ်တရများကုန်ဆုံးနိုင်ကြပါစေ၊ လောကဓံအခက်အခဲများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေလို့ သူမ ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းရှိ စစ်ဘေး သဘာဝဘေး အမျိုးမျိုးအား တွေ့ကြုံခံစားနေရသောသူများအတွက်လဲ ၂၀၂၅ မှာ အပြောင်းအလဲတစ်ခု ဖော်ဆောင်နိုင်ပါစေလို့ အလေးအနက် တောင်းဆုပြုလိုက်ပါတယ်။

ူမ

New year မှာ ခရီးသွားဖို့မရှိပဲအိမ်မှာနေသူများအတွကိ reset checklist New year မှာ အိမ်တွင်းအောင်းမယ့်သူတွေအတွက် သူမကနေ 20...
31/12/2024

New year မှာ ခရီးသွားဖို့မရှိပဲ
အိမ်မှာနေသူများအတွကိ reset checklist

New year မှာ အိမ်တွင်းအောင်းမယ့်သူတွေအတွက် သူမကနေ 2025 အတွက် ပြငဆင်လို့ရအောင် checklist လေး မျှဝေလိုက်ပါတယ်။

- ဖုန်းထဲမှာ မလိုတဲ့ screenshot တွေဖျက်ရန်
- ပုံတွေ video တွေကို folder တွေခွဲပြီး
မလိုတာတွေဖျက်ရန်
- မသုံးပဲ သိမ်းထားတဲ့ apps တွေရှင်းရန်
- charging ပေါက်တွေ earphone ပေါက်တွေမှာ
ဝင်နေတဲ့ ဖုန်တွေရှင်းရန်
- ဖုန်းမှန်ကပ် လိုအပ်ရင် အသစ်လဲရန်
- သွားပွတ်တံအသစ်လဲရန်
- မသုံးတော့တဲ့ skin care တွေပစ္စည်းတွေရှင်းရန်
- ကြမ်းပြင်သန့်ရှင်းရေးလုပ်ရန်
- ရေပိုက်ခေါင်းတွေ ဖြုတ်ပြီး ပိတ်နေတဲ့
ချေးတွေသန့်ရှင်းရေးလုပ်ရန်
- အိမ်သာ သန့်ရှင်းရေးလုပ်ရန်
- ပိုက်ဆံအိတ်ထဲမှာ သိမ်းထားတဲ့ ဘောက်ချာတွေ ပစ်ရန်
- မလိုတဲ့ အဆောင်တွေကဒ်တွေရှိရင်ရှင်းရန်
- မသုံးတဲ့ member card တွေပစ်ရနါ
- ဓါတ်ပုံဟောင်းတွေရှိရင်ရှင်းရန်
- မဖတ်တော့တဲ့ email တွေ unsubscribe လုပ်ရနါ
- မဖတ်ဖြစ်ပဲသိမ်းထားတာတွေ ဖျက်ရန်
- ကြော်ညာemail တွေရှင်းရန်
- ခေါင်းဦးစွတ်တွေ အိပ်ယာခင်းတွေလဲရန်
- လိုအပ်ရင် အသစ်လဲ နေပူလှန်းရန်
- ကုတင်အောက်က အမှိုက်တွေရှင်းရန်
- မဝတ်တော့တဲ့ အဝတ်ဟောင်းတွေရှင်းရန်
- အသစ်နဲ့ အဟောင်းခွဲဖို့ တူရာစုရန်
- ပရုတ်လုံး အမွှေးအကြိုင်များထည့်ရန်
- Social media မှာ မဖတ်ဖြစ်တဲ့ account တွေ unfollow ရန်
- မလိုအပ်တဲ့ သူငယ်ချင်းတွေဖယ်ရှားရန်
- notification တွေစီမံရန်
- မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေ ဖတ်ဖြစ်မယ့်နေရာထားရန်
- ဖတ်ပြီးသားစာအုပ်တွေကို သီးသန့်ထားရန်
-Computer download ထဲက မလိုတာတွေရှင်းရန်
- ပွနေတဲ့ desktop ပေါ်က file တွေရှင်းရန်
- document ထဲက file တွေတူရာစုရန်

နှစ်သစ်ကို fresh start နဲ့စတင်နိုင်ပါစေလို့ သူမကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်🙏🏻

ူမ #2024

Address

Yangon

Website

Alerts

Be the first to know and let us send you an email when သူမ - Thuma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to သူမ - Thuma:

Share