Ashoka U Myint Ngwe

Ashoka U Myint Ngwe Social development activities

28/04/2026

4993 likes, 115 comments. “ #အပ္ပါယ်လေးဘုံ ဆိုတာ ခုခေတ်မြန်မာနိူင်ငံမှာဖြစ်နေတာ”

28/04/2026

တရားမဝင် သတ္တုတူးဖော်မှုကို အရေးယူမည်ဟု စစ်ကောင်စီ ရှမ်းအစိုးရ ညွှန်ကြား

မဲခေါင်၊ ဧပြီ ၂၈

တရားမဝင် သတ္တုတူးဖော်မှုများကို အရေးယူမည်ဟု စစ်ကောင်စီ၏ ရှမ်းပြည် အစိုးရက သက်ဆိုင်ရာဌာနသို့ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင် ညွှန်ကြားစာ ပေးပို့ထားသည်။

ရှမ်းပြည်ရှိ အချို့နေရာများတွင် တရားမဝင် သတ္တုတူဖော်နေသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ နှင့် ခရိုင်ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့များသည် တရားမဝင် သတ္တုတူးဖော်မှုများ မရှိစေရေး ကွင်းဆင်းစစ်ဆေးရန်နှင့် တရားမဝင် သတ္တုတူးဖော်မှုများ တွေ့ရှိပါက အရေးယူနိုင်ရေး သက်ဆိုင်ရာဌာနသို့ တင်ပြရန် စစ်ကောင်စီပြည်နယ်အစိုးရက ညွှန်ကြားခြင်းဖြစ်သည်။

သို့သော် ရှမ်းပြည် နေရာအနှံ့အပြားတွင် တရားမဝင် သတ္တုတူးဖော်မှုများသည် စစ်ကောင်စီနှင့် ပနံသင့်သည့် အဖွဲ့အစည်းများ ပြည်သူ့စစ်များ၏ နောက်ခံဖြင့် တူးဖော်နေခြင်းဖြစ်သည်ဟု တရားမဝင်သတ္တုတူးဖော်ဖူးသူ တစ်ဦးက ပြောသည်။

“ကျနော်တို့လည်း အသေးစား တရားမဝင် တူးဖူးပါတယ်။ တရားမဝင်ဘူးဆိုပေမယ့် ပြည်သူ့စစ်ရော စစ်တပ်ရော အကုန်လုံးကို အခွန်ပေးပြီးမှ လုပ်ရတာပါပဲ။ သူတို့ မသိပဲနဲ့ တူးလို့ မရပါဘူး။ ကျနော်တို့ဆို တူးပြီးရင် သယ်လို့မရတော့ တရားဝင်ရတဲ့ အဖွဲ့တွေကို ပြန်ရောင်းပေးတာ သူတို့ကို အကျိုးအမြတ်ပေးပြီး သူတို့နာမည်နဲ့ သယ်တာတွေ လုပ်ရတယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် တရားမဝင်တူးဖော်မှုများကို မှန်မှန်ကန်ကန် အရေးယူလိုပါက စစ်တပ်နှင့် သက်ဆိုင်ရာဌာနများတွင် စာရင်းရှိပြီးဖြစ်သဖြင့် အလွယ်တကူပင် အရေးယူနိုင်သည်ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။

ရှမ်းပြည်တွင် ဟိုပုံး၊ မောက်မယ်၊ ပင်းတယ ၊ ရွာငံ၊ နမ့်စန်၊ မိုင်းပွန်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ ဟိုပန်၊ မက်မန်း စသည့် မြို့နယ်များတွင် တရားဝင် တရားမဝင် ပုံစံအမျိုးမျိုးဖြင့် သတ္တုတူးဖော်မှုများ ရှိနေသည်။

သတ္တုအလွန်အကျွံ တူးဖော်မှုများကြောင့် မြစ်ချောင်းများ ပိတ်ဆို့ခြင်း၊ ချောင်းတိမ်ကောလာခြင်း၊ မြစ်ရေ ချောင်းရေ အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝကိုပါ ဆိုးရွားစွာ ထိခိုက်နိုင်သဖြင့် သတိပြုကြရန် ပညာရှင်များက စဉ်ဆက်မပြတ် သတိပေးနေကြသည်။


#တရားမဝင်
#သတ္တုတူးဖော်မှု
#အရေးယူ
#စစ်ကောင်စီ
#ရှမ်းအစိုးရ

28/04/2026
27/04/2026
ဆရာကြီးအမှန်တရားနဲ့တွေ့ပါစေ။
27/04/2026

ဆရာကြီးအမှန်တရားနဲ့တွေ့ပါစေ။

ာရေးဆရာကြီးတင်မက ထုတ်ဝေသူ သားဖြစ်သူပါ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်! 😢

စာပေလောကမှာ ထင်ရှားတဲ့ ဆရာကြီး ဦးတင်ညွန့်ရဲ့ မိသားစုအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ စာအုပ်ထုတ်ဝေသူ သားဖြစ်သူနဲ့ စာအုပ်ရောင်းချသူ အမျိုးသမီးတို့ပါ အတူတူ ဖမ်းဆီးခံလိုက်ရတာပါ။ ဘယ်လို ပုဒ်မတွေနဲ့ ရင်ဆိုင်ရနိုင်သလဲဆိုတာ အားလုံးက စိတ်ပူနေကြပါတယ်။

👇 သတင်းအပြည့်အစုံကို Comment မှာ တင်ပေးထားပါတယ်။

18/04/2026

သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ခြင်းအပေါ် ကုလအတွင်းရေးမှူးချုပ် မှတ်သားထား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းအားလုံးကို လွှတ်ပေးရန် တောင်းဆို

18 Apr 2026 By Ko Myo / MPA

ပြည်သူရွေးကောက်ခံ သမ္မတဦးဝင်းမြင့်ကို သမ္မတတုမင်းအောင်လှိုင်က လွှတ်ပေးခြင်းအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မှတ်သားထားကြောင်း သိရသည်။

ဧပြီ၁၇ရက်၊မြန်မာနှစ်ဆန်းတစ်ရက်တွင် အကျဉ်းသား၄၃၃၅ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအနည်းငယ်ကို ပြန်လွှတ်ပေးခဲ့သည့်အပေါ် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အထက်ပါအတိုင်း ပြောကြောင်း ၎င်း၏ ပြောခွင့်ရက ဆိုသည်။

ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရားမဲ့ဖမ်းဆီးခံထားရသူ များအားလုံး အမြန်ဆုံး လွှတ်ပေးရန်နှင့် ယုံကြည်ရသော နိုင်ငံရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာစေ ရေးအတွက် အဓိပ္ပါယ်ရှိသည့် ဆောင်ရွက်ချက်များ လိုအပ်ကြောင်းနှင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဆက်လက်ရှာဖွေရန် လိုအပ်ကြောင်း ကုလအတွင်း ရေးမှူးချုပ်ကအ လေးထားပြောကြားခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ကျနော်တို့ရဲ့ သမ္မတကြီးကို လွှတ်ပေးတာတောင် သာမန်ရာဇဝတ်အကျဉ်းသားတစ်ယောက်ကို လွှတ်ပေးတဲ့ပုံစံမျိုးနဲ့ အကျဉ်းသားဝင်းမြင့် ဆိုပြီး သုံးနှုန်းထုတ်ပြန်ထားတာ တွေ့ရတယ်။အဲဒါ မအလ ရဲ့ သိမ်ငယ်စိတ်နဲ့ နိုင်ငံရေးစေတနာကင်းမဲ့မှုပါပဲ”ဟု ၂၀၂၀ရွေးကောက်ခံ မန္တလေးတိုင်း လွှတ်တော်အမတ်တစ်ဦးက MPAသို့ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ၏ ဧပြီ၁၇ရက် မွန်းလွဲပိုင်းအထိ အတည်ပြုထားနိုင်သည့် လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ ၁၆၅ဦးသာ ရှိသည်။

စာတည်း-ML

#သမ္မတဦးဝင်းမြင့် #ကုလအတွင်းရေးမှူးချုပ် #ဒေါ်အောင်ဆန်းစုကြည် #လွှတ်ပေးရန်တောင်းဆို

16/03/2026

မြင်းခြံမှ ရန်ကုန်သို့သွားသည့် အဝေးပြေးခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ

ဓာတု

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ သွားသည့် အဝေးပြေးယာဉ်(Express) ပေါ်မှ ခရီးသည်များသည် မြင်းခြံ-တောင်သာ အစပ် ကားလမ်းမပေါ်၌ ဓားပြတိုက်ခံရကြောင်း ကြုံတွေ့ခဲ့ရသူများထံက သိရသည်။

ယမန်နေ့( မတ်လ ၁၅ ရက် ) နံနက် ၇ နာရီ၌ ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ထိုယာဥ်ပေါ်တွင် ခရီးသည် ဆယ်နှင့်ချီ၍ စီးနှင်းလိုက်ပါလာကြောင်း၊ ဓားပြတိုက်ခံရသည့် နေရာသည် စစ်ကော်မရှင်တပ် အထိုင်ချတပ်စွဲထားသည့် နန်းမြင့်တောင် (ယခင်က စစ်ကော်မရှင်၏ တိုးဂိတ်) အနီးတွင်ဖြစ်ကြောင်း ကားပေါ်ပါခရီးသည်က ဆိုသည်။

“မျက်နှာဖုံးစွပ် အရပ်ဝတ်နဲ့ ခြောက်ယောက်လောက်ပဲ ချုံတွေထဲက ထွက်လာပြီး ကားကိုအနီးကပ် လက်နက်ငယ်တွေနဲ့ချိန်တယ်။ ချိန်ပြီးရပ်ခိုင်းတယ်။ ကျန်တဲ့သူတွေက ချုံတွေထဲ ကင်းပုန်းဝပ်နေကြတယ်။ ကားသမားက မရပ်ရင် ပစ်မယ့်ပုံစံ။ ကားပေါ်က ပါလာတဲ့လူတွေကို ပိုက်ဆံတွေလည်း ယူတယ်။ ဖုန်းတွေလည်း အကုန်ယူတယ်။ ဓားပြတိုက်ပြီးကားကို ပြန်လွှတ်ပေးတယ်။ အဖိုးတန်တယ်ထင်တဲ့ ပစ္စည်းမှန်သမျှ အကုန်ယူသွားတယ်။ နောက်ထပ်လာတဲ့ တစီးလည်း တိုက်ခံရတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

ဓားပြများမှာ ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟု ယူဆ၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်းများ မပြုလုပ်ရဲကြောင်းလည်း ကားပေါ်ပါခရီးသည်များက ဆိုသည်။

ယင်းဒေသမှာ စစ်ကော်မရှင်စိုးမိုးထားသည့် နယ်မြေ၍ လက်နက်ကိုင်ဓားပြများမှာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း မြင်းခြံမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ဆိုသည်။

“ကျွန်တော်တို့အဖွဲ့ကလည်း အဲ့ဒီနားအထိမသွားဘူး အန္တရာယ်များလို့။ အရင်က တိုးဂိတ်ဟောင်း ။ မြင်းခြံ ပျူစောထီးတွေနဲ့ စစ်ကောင်စီဘက်က သူတွေပဲ အဲ့ဒီနေရာတွေက ။ ပျူစောထီးတွေ ခဏခဏပြန်ပေးဆွဲတဲ့နေရာ လစဉ်နီးပါး အရင်က ယူနီဖောင်းတွေနဲ့ပေါ်တင်လုပ်တာ အခုက အသွင်ယူတာ ။ လမ်းပေါ်တက်တက်ပြီးကားတွေ ပြန်ပေးဆွဲတာတွေ၊ ကားတွေသိမ်းတာတွေ၊ ဖုန်းတွေလုတယ်။ လက်ဝတ်လက်စားတွေယူတာ လုပ်နေကျ”ဟု၎င်းက မဇ္ဈိမသို့ပြောသည်။

မြင်းခြံခရိုင်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များရှိ အဝေးပြေးကားလမ်းမများတွင် ခရီးသည်တင်ယာဉ်များမှာ မကြာခဏ လုယက်မှု ကြုံရကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင်ရှိကျေးရွာများတွင် လတ်တလော စစ်ကော်မရှင်တပ်အနေဖြင့် စစ်ကြောင်းထိုးခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ အိမ်တွင်းပစ္စည်းများ နေ့စဉ်နီးပါးဖောက်ထွင်း လုယက်သယ်ဆောင်မှုများကို လုပ်ဆောင်နေဆဲကြောင်း သိရသည်။

ဓာတ်ပုံ- အဝေးပြေးခရီးသည်တင်ယာဥ် ကားဝန်းတခုကို မြင်တွေ့ရစဥ်(Mizzima)

စာတည်း။ ။အောင်ကျော်ဖြိုး
#လုယက်မှု
#ဓားပြတိုက်
#မြင်းခြံခရိုင်
#ပြည်တွင်းသတင်း

Address

Yangon
11101

Alerts

Be the first to know and let us send you an email when Ashoka U Myint Ngwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ashoka U Myint Ngwe:

Share