Best Time Ever-Myanmar BTE-M

Best Time Ever-Myanmar BTE-M BTE-Myanmar aims to focus on community development and the development of Myanmar youth, which play

Organizational Description and Key Activities
Myanmar version
BTE-Myanmarအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဥ◌်များတွင် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည့် လူထုဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာလူငယ်များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထားအားပေးကူညီထောက်ပံ့ပေးသွားရန် ရည်ရွယ်ပါသည်။
ထိုကဲ့သို့ အားပေးကူညီထောက်ပံ့ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့အနေဖြင့် အဓိကထား ဆောင်ရွက်သွား

မည့်လုပ်ငန်းစဥ◌်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ လူငယ်များအပါအဝင် မြန်မာလူထုတစ်ရပ်လုံး၏အသိပညာ၊ အတတ်ပညာများ တိုးတက်ပွားများလာပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင်လက်တွေ့အသုံးချအောင်မြင်လာနိုင်စေရေးအတွက် အသိပညာ၊ အတတ်ပညာများရရှိစေမည့် နယ်ပယ်စုံမှ သတင်းအချက်အလက်များမျှဝေပေးခြင်း၊ အရင်းအမြစ်များအား လမ်းညွှန်ပေးခြင်း၊
၂။ ပညာရေးအခွင့်အလမ်းများနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတို့၏ လက်ရှိဖြစ်ပေါ်တိုးတက်ပြောင်းလဲလျက်ရှိသော ပညာရေးအခြေအနေများအား နှိုင်းယှဥ◌်သုံးသပ်ခြင်း၊ ဝေဖန်အကြံပြုခြင်းနှင့် ပြည်သူများသို့အစီရင်ခံတင်ပြခြင်း၊
၃။ ပြည်တွင်း/ပြည်ပ ပညာတော်သင်ဆုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များမျှဝေပေးခြင်း၊ ဆွေးနွေးအကြံပြုပေးခြင်း၊
၄။ မြန်မာလူငယ်များအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရေးအတွက် ပြည်တွင်း/ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များမျှဝေပေးခြင်း၊ ဆွေးနွေးအကြံပြုပေးခြင်း၊
၅။ စဥ◌်ဆက်မပြတ်ဖြစ်ပေါ်တိုးတက်ပြောင်းလဲလျက်ရှိသော ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် သတင်းအချက်အလက်များအား အလျဥ◌်းသင့်သလို တင်ပြပေးခြင်း။
English version
BTE-Myanmar aims to focus on community development and the development of Myanmar youth, which play a key role in the comprehensive development process of the Republic of the Union of Myanmar. The following are some of the activities we will focus on in providing such support:
1. Knowledge of the entire Burmese people, including the youth; To develop skills and apply them successfully in various fields. Sharing information from various fields to gain skills; Directing resources;
2. Comparison of current and evolving educational conditions in the world and Myanmar in relation to educational opportunities; Commenting and reporting to the public;
3. Sharing information about local / international scholarships; Consultation;
4. Sharing information on local / foreign employment opportunities to increase employment opportunities for Myanmar youth; Consultation;
5. Submission the constantly changing or developing world politics, business, social affairs, education, disclosure of health and other information as appropriate.

Job opportunity!လူငယ်များအတွက် Denmark Embassy မှ အလုပ်သင်ခေါ်ယူနေပါတယ်။ အတွေ့အကြုံလိုချင်ကြတဲ့ လူငယ်တွေအနေနဲ့ လက်လွတ်မခ...
12/10/2023

Job opportunity!

လူငယ်များအတွက် Denmark Embassy မှ အလုပ်သင်ခေါ်ယူနေပါတယ်။

အတွေ့အကြုံလိုချင်ကြတဲ့ လူငယ်တွေအနေနဲ့
လက်လွတ်မခံဘဲ ကြိုးစားလျှောက်ကြည့်ကြပါ။

" အမ်ဘီအေ(MBA) ကို သူတို့ဘယ်လိုတက်၊ ဘယ်လိုတွက်"ခင်မောင်ညို (ဘောဂဗေဒ)မြန်မာတိုင်းစက်တင်ဘာ၂၆၊ ၂၀၁၉(၁)စီးပွားရေးလုပ်ငန်းစီမ...
28/09/2022

" အမ်ဘီအေ(MBA) ကို သူတို့ဘယ်လိုတက်၊ ဘယ်လိုတွက်"

ခင်မောင်ညို (ဘောဂဗေဒ)

မြန်မာတိုင်း
စက်တင်ဘာ၂၆၊ ၂၀၁၉

(၁)
စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) ကို၊ အနောက်နိုင်ငံတွေကရော၊ အရှေ့တိုင်းမှာပါ စိတ်ဝင်စားကြပါတယ်။ ဘာလို့လဲ၊ အမ်ဘီအေတက်ရင် ဘာဖြစ်သလဲ၊ ဘာတွေမဖြစ်သလဲ ? အနောက်နိုင်ငံက ဘယ်လိုစဉ်းစားပြီးတွက်ကြ၊ တက်ကြသလဲ?
(၂)
အမ်ဘီအေဘွဲ့ရရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုကောင်းမယ်။ လစာတွေ ပိုကောင်းမယ်၊ ရာထူးတွေတိုးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တက်ကြတယ်။ သင်တန်းတက်တဲ့အတွက် စီးပွားရေးလုပ်ငန်း အသစ်တစ်ခုတည်ထောင်မယ်ဆိုရင် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေကို ဖြည့်ဆည်းပေးတယ်။ အလုပ်ရှင်တွေဘက်ကကြည့်ရင်လည်း တချို့စီမံခန့်ခွဲမှုရာထူးတွေ၊ ခေါင်းဆောင်မှုရာထူးတွေအတွက် အမ်ဘီအေဘွဲ့လိုအပ်တယ်။
တစ်ဘက်ကကြည့်ရင် ကျောင်းတက်ဖို့ အချိန်ပေးရမယ်၊ ငွေကုန်ကြေးကျရှိမယ်။ ဒီတော့ အမ်ဘီအေတက်ရတာတန်သလား? တက်ရကျိုးနပ်သလားလို့မေးရင် တက်တဲ့သူအပေါ် တက်ပုံတက်နည်းအပေါ် မူတည်သတဲ့။

အမ်ဘီအေပြဋ္ဌာန်းသင်ရိုးထဲမှာ၊ စာရင်းကိုင်တို့၊ စာရင်းအင်းတို့၊ ဘောဂဗေဒ၊ ကူးသန်းရောင်းဝယ်ရေး၊ ဆက်ဆံရေး၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းစွန့်ထွင်ဦးစီးမှု စတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့အကြောင်းအရာတွေပါတယ်။ ဘဏ်လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေသာမက၊ တခြားစီမံခန့်ခွဲမှုရာထူးတွေအတွက်ရော၊ အခုမှလုပ်ငန်းစထောင်မယ့်သူတွေအတွက်ပါ၊ ပြင်ဆင်ပေးတယ်။
အမ်ဘီအေဘွဲ့ရဖို့လမ်းကြောင်း ၂ ခုရှိတယ်။ အချိန်ပြည့်နဲ့ အချိန်ပိုင်း။ ဘွဲ့ရတာချင်းတော့အတူတူ အချိန်ပြည့်သင်တန်းတက်မယ်ဆိုရင် နှစ်နှစ်သုံးနှစ်လောက် အလုပ်မလုပ်ဘဲ ကျောင်းတက်ရမယ်။ ခုလိုအချိန်ပြည့်သင်တန်းတွေက လူကြိုက်အများဆုံးဖြစ်တယ်။ ကျောင်းပြီးကာစ၊ ပထမဘွဲ့ရကာစလူငယ်တွေ၊ တက္ကသိုလ်ဝင်းထဲမှာ အချိန်ပြည့်နေနိုင်သူတွေနဲ့ အဆင်ပြေတယ်။
အချိန်ပိုင်းသင်တန်းထဲမှာ အမှုဆောင်အရာရှိတွေအတွက် ဖွင့်တဲ့ (Executive MBA) က အလုပ်ခွင်ထဲရောက်၊ အရာရှိအဆင့်၊ ခေါင်းဆောင်အဆင့်မှာ အချိန်အတန်ကြာ လုပ်ဖူးတဲ့သူတွေအတွက် ဖြစ်ပါတယ်။ သူတို့ဆီမှာတော့ အသက် ၃၂ နှစ်နဲ့ ၄၂ နှစ်ကြားအရွယ်တွေ တက်ကြတာများတယ်။ အဲဒီသင်တန်းတွေက ဈေးကြီးနိုင်တယ်။ အများအားဖြင့် ကျောင်းစရိတ်ကို အလုပ်ရှင်တွေကပေးမယ်လို့ မျှော်လင့်ကြတယ်။

နောက်အချိန်ပိုင်း အမ်ဘီအေကတော့ အချိန်ပြည့်အလုပ်လုပ်နေကြပေမယ့်၊ စီမံခန့်ခွဲမှုနေရာ၊ ခေါင်းဆောင်နေရာ မရောက်သေးတဲ့သူတွေအတွက်ပါ။ အသက်အားဖြင့်တော့ ၂၄ နှစ်နဲ့ ၃၅ နှစ်ကြားမှာရှိ၊ အလုပ်ချိန်ပြီးတော့ ညနေဘက်ဖြစ်ဖြစ်၊ စနေ တနင်္ဂနွေဖြစ်ဖြစ်၊ တက်ကြတာပါ။

အမ်ဘီအေတက်ဖို့ ပထမဘွဲ့မှာ အမှတ်ကောင်းထားရင် ကောင်းပါတယ်တဲ့။ ဒါပေမယ့် အမှတ်တွေကောင်းရုံနဲ့ လက်ခံမယ်တော့ မထင်ပါနဲ့။ အများအားဖြင့် ပထမဘွဲ့ရပြီးသားသူတွေအတွက် Graduate Management Admission Test (GMAT) ကို အမှတ်တောင်းလေ့၊ ဖြေခိုင်းလေ့ရှိတယ်။
အမှတ် ၈၀၀ ပေးရင်၊ ပျမ်းမျှ ၇၂၀၊ ၇၃၀ ရတဲ့သူတွေက ထိပ်တန်းကျောင်းတွေကို ဝင်ခွင့်ရတယ်။ အမှတ် ၈၀၀ အပြည့်ရဖို့တော့ မလိုပါဘူး။ ဘယ်ကျောင်းတွေမှာ ဝင်ခွင့်အမှတ်ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းပြုစုထားလေ့ရှိပါတယ်။

သင်တန်းဝင်ခွင့်မှာ ပထမဘွဲ့က ရမှတ်ထက်၊ လုပ်ငန်းအတွေ့အကြုံနဲ့ အချိတ်အဆက်ဘယ်လောက်ရှိသလဲဆိုတာက ပိုပြီး အရေးပါပါတယ်။ သင်တန်းသားတွေအတွက် ကျောင်းစရိတ်ကို အပြည့်ဖြစ်ဖြစ်၊ တစ်ဝက်ဖြစ်ဖြစ်၊ အလုပ်ရှင်တွေ ကျခံပေးတာက ဘွဲ့ရလာရင် ကုမ္ပဏီအတွက် အကျိုးရှိမယ်ထင်လို့ပါ။
စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်နွယ်ရာ စီမံခန့်ခွဲမှုနယ်ပယ်၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေရှိရင်တော့ အမ်ဘီအေတက်ရတာ ငွေကုန်၊ အချိန်ကုန် ပင်ပန်းရကျိုးနပ်ပါတယ်။ ဒါပေမယ့် တခြားနေရာတွေမှာ စီမံခန့်ခွဲတဲ့နေရာ၊ ခေါင်းဆောင်မှုနေရာမှာ မဟုတ်တဲ့သူတွေအတွက်ဆိုရင်တော့ အသုံးမဝင်လှပါဘူးတဲ့။ ပြီးတော့ ဒီခေတ်မှာ ကျောင်းပေါင်းစုံက ဘွဲ့တွေပေးနေတော့ အမ်ဘီအေဘွဲ့ရတဲ့သူတွေလည်း အများကြီးဖြစ်လာပြီ။ အမ်ဘီအေဘွဲ့တော့ရကြတယ်၊ ဒါပေမယ့် ဘွဲ့ချင်းက တူကြတာမဟုတ်ပြန်ဘူး။ ထင်ရှားတဲ့ကျောင်းကရတဲ့ဘွဲ့နဲ့၊ သာမန်ကျောင်းကရတဲ့ဘွဲ့ မတူဘူး။ သာမန်ကျောင်းကရတာ၊ အွန်လိုင်းကရတာတွေနဲ့ ထိပ်တန်းတက္ကသိုလ်ကရတာကို တန်းတူသဘောမထားနိုင်ကြဘူး။ ဒါကြောင့် တစ်ခါတစ်ရံ ဘွဲ့သာရတယ်။ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်သလောက် အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေက တိုးမရဘူး။
အလုပ်ခန့်မယ့်သူတွေကလည်း အမ်ဘီအေဆိုတဲ့ စာလုံးလေးသုံးလုံး နာမည်နောက်မှာပါရုံနဲ့ တန်းခန့်မှာ မဟုတ်ဘူး။ အမ်ဘီအေဘွဲ့ရပေမယ့် ဒုန်းဝေးတာ၊ ပြုပြင်ပြောင်းလဲဖို့ခက်တာ၊ ဆရာလုပ်အာဏာပြတာစတဲ့ အရည်အချင်းမျိုးတွေရှိနေရင်လည်း စိတ်ဝင်စားခံရမှာမဟုတ်ဘူး။
ခုခေတ်မှာ လုပ်ငန်းရှင်အတော်များများက အမ်ဘီအေဘွဲ့ရဖြစ်တော့ တခြားအမ်ဘီအေတွေကို သိပ်အထင်မကြီးတော့ဘူး။ ဖြန့်တွေးတတ်၊ တီထွင်တတ်၊ ကွဲပြားတဲ့အမြင်ရှိတတ်တဲ့သူတွေကို ပိုပြီးသဘောကျလာကြတယ်။
၂၀၁၆ စစ်တမ်းအရ၊ အနောက်နိုင်ငံတွေမှာ အမ်ဘီအေဘွဲ့ရ ၉၆% က သူတို့ရဲ့ဘွဲ့နဲ့ပတ်သက်လို့ ကျေနပ်ကြတယ်။ သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတယ်လို့ ၇၅% ကဖြေတယ်။ ကျောင်းသားဟောင်း ၉၃% က ကျောင်းတောင်ပြန်တက်ချင်ကြသေးသတဲ့။ ဒါပေမယ့် ကျောင်းလခတွေကများလာတော့ အရင်းများသလောက် အကျိုးရှိသလား? လခတိုးတာကနည်းနည်း၊ ကျောင်းလခပေးရတာကများများ၊ မြန်မြန်ဖြစ်နေသလား စဉ်းစားလာကြပါတယ်။ ဒါကြောင့် တချို့ကလည်း ယေဘုယျအမ်ဘီအေမတက်ဘဲ ဘဏ္ဍာရေးပညာမဟာဘွဲ့လို၊ တခြားမဟာဘွဲ့တွေကို ရွေးချယ်စဉ်းစားလာကြတယ်။
ဒီတော့ ထိပ်တန်းတက္ကသိုလ်ကရတဲ့ ဘွဲ့မဟုတ်ရင်၊ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာမလုပ်ရင်၊ အကျိုးမရှိဘူးလို့ သုံးသပ်တယ်။ စရိတ်မတတ်နိုင်၊ အလုပ်နဲ့ကျောင်းနပန်းလုံးနေရရင် တခြားဘွဲ့တွေယူပါလားလို့ အကြံပြုတာကို တွေ့ရတယ်။

ညွှန်း - Investopedia
17092019

🔔IELTS မလိုပဲ Switzerland Fully Funded Scholarships တွေလျှောက်ကြမယ်🔔🇨🇭 Switzerland လို့ကြားလိုက်တာနဲ့ Swiss cheese, choc...
05/06/2022

🔔IELTS မလိုပဲ Switzerland Fully Funded Scholarships တွေလျှောက်ကြမယ်🔔

🇨🇭 Switzerland လို့ကြားလိုက်တာနဲ့ Swiss cheese, chocolate နဲ့ မြင့်မားတဲ့ Alps တောင်တန်းကြီးတွေ၊ ရေကန်တွေစတဲ့ သဘာဝအလှတရားတွေ စုဝေးနေတဲ့နိုင်ငံလို့ ပြေးမြင်မိကြမှာပါ။ ဒီလိုမျိုးလှပတဲ့ Switzerland နိုင်ငံဟာဆိုရင် educations.com မှာဖော်ပြထားတဲ့ Top Places to Study in the World 2022 ranking အရ international students တွေပညာသင်ယူဖို့အတွက်ကမ္ဘာ့ပဉ္စမကောင်းဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။

🇨🇭International students တွေအတွက် Bachelor’s, Master, PhD fully funded scholarships တွေပေးတဲ့အပြင် fully funded internships ရရှိနိုင်မဲ့အခွင့်အရေးတွေလည်း ရှိပါတယ်။

🇨🇭ကျောင်းအများစုက admissions ရဖို့ IELTS မလိုတဲ့အတွက် Scholarship လျှောက်တဲ့အခါမှာ IELTS အစား ကိုယ်က English language နဲ့သင်တဲ့ကျောင်းမှာတက်ခဲ့တဲ့သူဆိုရင် ကျောင်းဒါမှဟုတ် institution ကထုတ်ပေးတဲ့ English language proficiency letter နဲ့လျှောက်လို့ရသလို နောက်ထပ်နည်းတစ်ခုက ကိုယ့်ရဲ့ English language skills certificate တစ်ခုခုနဲ့လျှောက်လို့ရပါတယ်။

🇨🇭IELTS မလိုတဲ့ University တွေကတော့
1.The University of Bern
2.The University of Lausanne
3.The University of Basel
4.The University of Fribourg
5.The University of Geneva

🔔ဒါဆိုရင် ဘယ်လို Scholarship Program တွေရှိလဲဆိုတာတူတူဆက်ဖတ်လိုက်ရအောင်

1️⃣Swiss Government Excellence Scholarship

ဒီ scholarship ကိုSwitzerland မှာကျောင်းတက်ချင်တဲ့ international students တွေထဲက ထူးချွန်တဲ့ ကျောင်းသားတွေကို Swiss အစိုးရက ရွေးချယ်ချီးမြင့်တဲ့ program တစ်ခုပါ။ နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ ETH Zurich,EPFL Lausanne, ZHAW တို့မှာတက်ရောက်နိုင်မဲ့ အခွင့်အရေးသာမက ပညာသင်နှစ်လေးနှစ်လုံးအတွက် tuition fees နဲ့ living expense ကိုပါရရှိမှာဖြစ်ပါတယ်။
Swiss Government Excellence Scholarship အကြောင်းအသေးစိတ်ကို https://www.sbfi.admin.ch/sbfi/en/home/education/scholarships-and-grants/swiss-government-excellence-scholarships.html ဒီlink မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

2️⃣UNIL Scholarship in Switzerland

UNIL Scholarship ကို bachelor degree ရရှိထားတဲ့သူတွေလျှောက်ထားနိုင်ပြီးတော့ Master’s Degree Program ဖြစ်ပါတယ်။Scholarship ရရှိသူတွေက University of Lausanne မှာတက်ရောက်ရမှာဖြစ်ပြီးတော့ ပညာသင် (၂)နှစ်တာကာလအတွင်းမှာ monthly stipend CHF 16,00 ($1,662 ခန့်) ရရှိမှာဖြစ်ပါတယ်။
အသေးစိတ်ကို official website https://www.unil.ch/international/en/home/menuinst/etudiants-internationaux/etudiantes-internationaux-reguliers/bourses-master-de-lunil.html မှာလေ့လာနိုင်ပါတယ်။

3️⃣University of Geneva Scholarship

University of Geneva ကလည်း international students တွေအတွက် fully funded Master’s scholarships တွေပေးအပ်လျက်ရှိပါတယ်။Dealine ကနှစ်စဉ် March 15 သတ်မှတ်တဲ့အတွက်နောက်လာမယ့်နှစ်အတွက် ပြင်ဆင်လို့ရပါတယ်။
Scholar အကြောင်းကိုအခု website https://scholarship.pw/university-of-geneva-scholarship/ မှာဖတ်လို့ရပါတယ်။

4️⃣University of Zurich Scholarships

နှစ်စဉ် ETH Scholarship ပေါင်းများစွာကိုပေးအပ်လျက်ရှိပါတယ်။Bachelor ,Masters program တွေပါဝင်ပြီးရရှိတဲ့သူက round trip tickets,accommodation allowance, visa fees စတဲ့ benefitsတွေလည်းပါဝင်ပါတယ်။https://ethz.ch/students/en/studies/financial/scholarships.html အခု website မှာအသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

5️⃣EPFL Excellence Scholarships

EPFL Excellence Scholarship ဟာဆိုရင် Masters Level Program ဖြစ်ပြီးတော့ Lausanne မှာရှိတဲ့ research institute မှာလေ့လာရမှာပါ။Europe မှာရှိတဲ့နာမည်ကြီး science and technology institution မှာတက်ရောက်နိုင်ဖို့အခွင့်အရေးအတွက် ဒီ link မှာ https://www.epfl.ch/education/studies/en/financing-study/grants/ ဖတ်လို့ရပါတယ်။

6️⃣University of St.Gallen Excellence Scholarships

အခု scholarship ကို University of St.Gallen မှာတက်ရောက်နေတဲ့ Bachelor, Master, PhD ဘယ်ကျောင်းသားမဆိုလျှောက်လို့ရတဲ့ အခွင့်ရေးရှိပါတယ်။တစ်ခြား university ကဘွဲ့ရထားသူတွေအတွက်လည်း အခွင့်အရေးတွေရှိပါတယ်။ဒီ website https://studygreen.info/university-of-st-gallen-switzerland-excellence-scholarships/ မှာလေ့လာနိုင်ပါတယ်။

7️⃣University of Basel Scholarships

Switzerland ရဲ့သက်တမ်းအရင့်ဆုံး Basel University ဟာဆိုရင်လည်း Scholarship ဟာဆိုရင်လည် Bachelor,Masters,PhD program scholarshipတွေပေးအပ်လျက်ရှိပါတယ်။

🇨🇭အခုဆိုရင်တော့ IELTS ကိုထည့်စဉ်းစားစရာမလိုပဲနဲ Switzerland မှာ လျှောက်လို့ရမယ့် Bachelor, Master’s, PhD scholarship program တွေကို အနည်းငယ် သိသွားလိမ့်မယ်ထင်ပါတယ်။Program တွေထဲမှာ deadline မှီတာတွေရှိသေးသလို deadline ကျော်သွားတဲ့ scholarshipတွေဆိုရင်လည်းနောက်နှစ်အတွက်ပြင်ဆင်လို့ရပါတယ်။အားလုံးပဲ scholarship တွေရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။✨

Content_Linn
Graphic_Elena


Find your international education on Educations.com - university and college study abroad education programs, student reviews, and course information.

19/05/2021

အခုဒီတစ်ခေါက်မှာတော့ Scholarship လျှောက်တဲ့အခါ ဘယ်လိုအချက်တွေ သိထားသင့်တယ် ဘယ်လို strategy တွေသုံးပြီး ကောင်းမွန်တဲ့ personal statement ကို ရေးရမလဲဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။
ကျမဟာ ၂၀၀၀ ခုနှစ်တုန်းက UK ကပေးတဲ့ Teacher Training in English Language Teaching အတွက် Master's program မှာ မြန်မာက ဆရာတွေအတွက်ပေးတဲ့ Hornby Scholarship ကို ရရှိခဲ့ပါတယ်။ ကျမရဲ့ scholarship ရဖို့ ကြိုးစားခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး scholarship လိုချင်တဲ့ လူငယ်တွေ ဘယ်လိုမျိုး ပြင်ဆင်ကြရမလဲဆိုတာကို ပြောပြပေးပါမယ်။

1. Be clear and to the point.
ကိုယ်ပြောချင်တဲ့ အကြောင်းအရာ ကိုယ် ဒီ Scholarship နဲ့ ထိုက်တန်တဲ့သူ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို essay မှာ ရေးပြတဲ့အခါ စာဖတ်သူ နားလည်လွယ်အောင် ရှင်းရှင်းလင်းလင်းနဲ့ အချက်ကျကျ ရေးပါ။

2. Give evidence.
Essay တွေမှာ ကိုယ်ဟာ scholarship ရသင့်ပါတယ်ဆိုတဲ့ အချက်တွေ ရေးပြရာမှာ ဘာကြောင့်ရသင့်တယ်ဆိုတဲ့အချက်တွေအပြင် ကိုယ် community မှာလည်း ဘယ်လိုတွေ ကြိုးစားဆောင်ရွက်နေတယ်ဆိုတဲ့ Evidence တွေပါ ချပြီး ရေးပြပေးသင့်ပါတယ်။ ကိုယ်ဘာတွေဘယ်လို တကယ် လုပ်ဆောင်နေတယ်ဆိုတဲ့ Evidence တွေ ထည့်သွင်းရေးတာက စာဖတ်သူအမြင်မှာ ကိုယ်ဟာ scholarship နဲ့ ထိုက်တန်တယ်ဆိုတဲ့အချက်ကို ပိုမို သက်ရောက်စေပါတယ်။

3. State the positive effect of the bursary on your life, on achieving your dreams and on the community as a whole.
ဒီ Scholarship ဟာ ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ဘဝအတွက် ဘယ်လိုအရေးပါကြောင်း ကိုယ့် ပတ်ဝန်းကျင် ကိုယ့်နိုင်ငံအတွက်လည်း ဘယ်လောက်ထိ အကျိုးပြန်ပြုနိုင်ကြောင်း စတဲ့ အချက်တွေလည်း ထည့်သွင်းရေးသားဖို့ လိုပါတယ်။

4. Make sure your language is accurate and convincing.
Scholarship လျှောက်တဲ့အခါ ကိုယ့်ရဲ့ language proficiency ကလည်း အရေးပါပါတယ်။ Native speaker တွေ ပြောနိုင်သလောက်အထိ ကျွမ်းကျင်ဖို့ မလိုပေမယ့်လည်း language proficiency ဟာ ကိုယ့်ရဲ့ general skill တစ်ခုကို ပြနိုင်တဲ့အချက်ဖြစ်တာကြောင့် ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင် ပြောနိုင်ခြင်းဟာ ကိုယ့်အတွက် အားသာချက်ပါပဲ။ ကိုယ့် language က ကောင်းမွန်ကျွမ်းကျင်နေတယ်ဆို ကိုယ်ဟာ ဒီ scholarship ရဖို့ အဘက်ဘက်က ပြင်ဆင်ထားတယ် ဒီ scholarship ရဖို့ ထိုက်တန်တယ်ဆိုတဲ့အချက်တွေကို အချက်ကျကျ ပြောနိုင်မှာဖြစ်ပါတယ်။

6. Use formal/neutral English and avoid informal, colloquial expressions.
Essays မှာ ရေးတဲ့အခါ တတ်နိုင်သလောက် Formal/ neutral English ကို အသုံးပြုပြီး ရေးပါ။ Informal , colloquial expression တွေ တတ်နိုင်သလောက် မထည့်တာ အကောင်းဆုံးပါပဲ။

7. Be positive.
Essay မှာ ကိုယ်ရဲ့ အားနည်းချက်တွေ ကိုယ်အမှားတွေကို ချပြမယ့်အစား ကိုယ် သက်ဆိုင်ရာ နယ်ပယ်မှာ အားသာချက် ကိုယ့်ရဲ့ အကောင်းမြင်စိတ်ထားချက် ကိုယ့်ရဲ့ ကြိုးစားမှုတွေကို များများချပြပါ။ ဒါဟာ စာဖတ်သူအပေါ် ကိုယ်က ဒီ scholarship နဲ့ ထိုက်တန်တယ် သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို ရစေပါတယ်။

8. Be persistent
နောက်ဆုံး ပြောချင်တာကတော့ ဇွဲမလျှော့ဖို့ပါပဲ။ မအောင်မြင်သေးမချင်း ထပ်ခါထပ်ခါ ကြိုးစားပါ။ ကျမဟာလည်း ဒီ Scholarship ကို တစ်ကြိမ်တည်း ကြိုးစားရုံနဲ့ ရခဲ့တာ မဟုတ်ပါဘူး။ သုံးကြိမ်မြောက် ကြိုးစားတဲ့အခါမှာမှ ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ကြိမ် မအောင်မြင်လို့ဆိုပြီး စိတ်ဓာတ်ကျပြီး ဇွဲ မလျှော့ပါနဲ့။ မအောင်မြင်သေးမချင်း ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူထားပါ။

အပေါ်က ပြောထားတဲ့အချက်တွေကို ကြည့်ပြီး ကိုယ့်ရဲ့ scholarship လျှောက်တဲ့လမ်းမှာ အကူအညီ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံး ကိုယ်ရည်မှန်းထားတဲ့ scholarship တွေကို အောင်မြင်စွာ ရယူနိုင်ကြပါစေ။

Teacher Thinn
M.Ed. UK
Cambridge DELTA
Founder of TACT English

18/05/2021

Lawyer Job Opportunity
~~~~~~~~~~~~~~~~~
🏢မရမ်းကုန်းမြို့နယ်ရှိ Microfinance လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန်

Lawyer (M/F- 1) 500,000 - 700,000 Ks

- LL.B (Law)
- Lawyer License ရှိသူဖြစ်ရမည်။
- အမှုလိုက်ရှေ့နေ အတွေ့အကြုံ ၂နှစ်ရှိသူ
- ကုမ္ပဏီလုပ်သက်ထက် အမှုလိုက်ရှေ့နေလုပ်ဖူးသောအတွေ့အကြုံရှိသူဖြစ်ရမည်။
- Microfinance လုပ်ငန်းပိုင်းများတွင် အမှုလိုက်ရှေ့နေ အတွေ့အကြုံရှိခဲ့သူများဦးစားပေးမည်။

အလုပ်ချိန်၊ ပိတ်ရက် - 9:00 AM ~ 5:00 PM (Sunday & Gazetted Holidays)

လျှောက်ထားလိုပါက
Mail - [email protected]
Contact - 09 266 179 208

NGO အဖွဲ့အစည်းတွေက လက်ရှိခေါ်ယူနေတဲ့ အလုပ်အကိုင် 3 ခုအကြောင်း ဖော်ပြလိုက်ပါတယ်။ လိုအပ်တဲ့အရည်အချင်းနဲ့ ဘယ်လိုလျှောက်ရမယ်...
20/10/2020

NGO အဖွဲ့အစည်းတွေက လက်ရှိခေါ်ယူနေတဲ့ အလုပ်အကိုင် 3 ခုအကြောင်း ဖော်ပြလိုက်ပါတယ်။ လိုအပ်တဲ့အရည်အချင်းနဲ့ ဘယ်လိုလျှောက်ရမယ်ဆိုတဲ့ အသေးစိတ်ကို ပုံတွေထဲမှာ ကြည့်ပါ။

(1)
ရာထူး - Grant Coordinator
အဖွဲ့အစည်း - ACDI/VOCA
နေရာ - Yangon, Myanmar
deadline - 30-Oct-2020
download link -http://themimu.info/sites/themimu.info/files/jobs/Grants_Coordinator_-_15_Oct_2020.pdf

(2)
ရာထူး - Nurse
အဖွဲ့အစည်း - MSF-Holland
နေရာ - Sitwe
deadline - 30-Oct-2020
download link -http://themimu.info/sites/themimu.info/files/jobs/SP_20101601_Nurse_30-10-2020.pdf

(3)
ရာထူး - Fundraising Strategy Advisor (Re-Advertisement / Volunteer Position)
အဖွဲ့အစည်း - VSO
နေရာ - Yangon
deadline - 31-Oct-2020
download link -http://themimu.info/sites/themimu.info/files/jobs/VSOJD-_Fundraising_Strategy_Advisor_FHI-NV_Re-Advertisement.pdf

Credit-ngojobinmyanmar

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေ အပေါင်းအသင်းတို့ရေ---မမေမြတ်သူရဲ့ page လေးကနေ အပတ်စဉ် ဗုဒ္ဓဟူး နဲ့ စနေနေ့တွေမှာ အသိပညာပြန်လည်မ...
20/10/2020

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေ အပေါင်းအသင်းတို့ရေ---

မမေမြတ်သူရဲ့ page လေးကနေ အပတ်စဉ် ဗုဒ္ဓဟူး နဲ့ စနေနေ့တွေမှာ အသိပညာပြန်လည်မျှဝေပေးတဲ့ Live လေးတွေ အမြဲရှိနေပါတယ်။

ဒီညရဲ့ Live မှာတော့ ကိုယ်ပိုင်အမှတ်တံဆိပ်ဂုဏ်ရည် ္(Personal Branding) တည်ဆောက်တဲ့အခါမှာ
ဘာတွေလိုအပ်မလဲ၊ဘယ်ကနေစရမလဲ စတဲ့ မက်ဆေ့ခ်ျကနေ လာရောက်မေးမြန်းထားတဲ့
မေးခွန်းတွေကို ပြန်လည်ဖြေကြားရင်းမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အားလုံးပဲ ဒီနေ့ည (၇) နာရီမှာ ၀င်ရောက်ကြည့်ရှု ဆွေးနွေးရင်း အသိဗဟုသုတများ တိုးပွားကြပါစေ။

Reshare by
-M

အားလုံးပဲ မဂ်လာပါရှင်

မေ့ရဲ့ page လေးကနေ အပတ်စဉ် ဗုဒ္ဓဟူး နဲ့ စနေနေ့တွေမှာ အသိပညာပြန်လည်မျှဝေပေးတဲ့ Live လေးတွေ မျှဝေပေးလျှက် ရှိပါတယ်။

ဒီညရဲ့ Live မှာတော့ ကိုယ်ပိုင်အမှတ်တံဆိပ်ဂုဏ်ရည် ္(Personal Branding) တည်ဆောက်တဲ့အခါမှာ
ဘာတွေလိုအပ်မလဲ၊ဘယ်ကနေစရမလဲ စတဲ့ မက်စေ့ကနေ လာရောက်မေးမြန်းထားတဲ့
မေးခွန်းတွေကို ပြန်လည်ဖြေကြားရင်းမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ည (၇) နာရီမှာ တွေ့ကြမယ်နော်။

ကျေးဇူးတင်ပါတယ်ရှင့်။

လူငယ်တိုင်းရဲ့ အိပ်မက်ဟာ ကျမအတွက် အနုပညာပါ။



Address

42nd Street, Botahtaung Township
Yangon
11162

Alerts

Be the first to know and let us send you an email when Best Time Ever-Myanmar BTE-M posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Best Time Ever-Myanmar BTE-M:

Share