01/01/2026
✨တော်လှန်နှစ်သစ်အခါမယအတွက် ဘားမားအကယ်ဒမီရဲ့ ဆုမွန်လွှာ✨
၂၀၂၅ ခုနှစ်ကို ကုန်လွန်ပြီး ၂၀၂၆ နှစ်သစ်ကို ရောက်ရှိလာခဲ့ပါပြီ။ တော်လှန်ရေးကာလ ၅ နှစ်ထဲကို ဝင်လာတဲ့အလျောက် ပိုပြီး အရှိန်အဟုန်ကောင်းလာတဲ့ တော်လှန်ရေးဆီကို ဘားမားအကယ်ဒမီက ကျောင်းသူကျောင်းသားပြည်သူလူထုနဲ့အတူ ရှေးရှုချီတက်နေလျက် ရှိပါတယ်။
နှစ်သစ်မှာ တော်လှန်ရေးကို ဆက်လက်တွန်းအားပေးပြီး အရှေ့ကို ရွေ့နိုင်ဖို့နဲ့ အာဏာရှင်တွေ အမြန်ပြုတ်ကျ၊ အမြစ်ပြတ်နိုင်စေဖို့အတွက် အားလုံးမှာ တာဝန်ရှိနေဆဲပါပဲ။ အခုလက်ရှိအချိန်အထိ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ၂၀၂၆ ခုနှစ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ပညာရေးအကူအညီတွေ ပေးစွမ်းနိုင်ဖို့အတွက် ဘားမားအကယ်ဒမီအနေနဲ့ ဆက်လက်ကြိုးစားနေလျက်ရှိပါတယ်။
၂၀၂၆ နှစ်သစ်မှာ ကျောင်းသူကျောင်းသား ဆရာဆရာမများနဲ့ တော်လှန်ပြည်သူတွေ ကိုယ်စိတ်ကျန်းမာပြီး ဆန္ဒရှိတဲ့ အသိပညာ၊ အတတ်ပညာတွေကို တတ်မြောက်ထူးချွန်ကြပါစေလို့ ဘားမားအကယ်ဒမီက နှစ်သစ်အတွက် ဆုတောင်းပေးလိုက်ပါတယ်။
Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။