16/08/2026
၁၆၊ဩဂုတ်လ၊၂၀၂၆
လသာ၊ရန်ကုန်။
#ဝမ်းပျက်ဝမ်လျောရောဂါကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်
(၁၆.၈.၂၀၂၆)ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၀၉:၀၀)နာရီအချိန်မှစ၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၊အုပ်ချုပ်ရေးအဖွဲ့ ၏ လမ်းညွှန်မှု ဖြင့်
#ဝမ်ပျက်ဝမ်းလျောရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပြောကြားခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊နံရံကပ်ပိုစတားကပ်ခြင်း၊ ဓါတ်ဆားထုတ် များပေးဝေခြင်းလုပ်ငန်းများအား #လသာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ #မြို့နယ်တပ်ဖွဲမှူးပြည်စိုး ဦးဆောင်၍ အမှုဆောင်အဖွဲ့ဝင်များ၊တပ်ဖွဲ့ဝင်များ နှင့် Volunteer များဖြင့်ဆောင်ရွက်ခဲ့ပါကြောင်း
ဆက်လက်ပြီး တိုင်း/ခရိုင်/မြို့နယ်ကျန်းမာရေးအဖွဲ့၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊စည်ပင်၊မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ #ရေအရင်းမြစ် များရှာဖွေ၍ ရေနမူနာယူ စစ်ဆေးခြင်း၊သုံးရေနှင့် သောက်သုံးရေသန့်များထဲ တွင်ရေသန့်ဆေးပြားများခပ်ပေးခြင်နှင့် လူနာများ၏ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေး ၍အသုံးပြုသောသောက်သုံးရေ/သုံးစွဲရေ နမူနာများအား သို့လူနာတင်ယာဉ်ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း
သတင်း
#လသာမြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်