26/08/2026
လိုအပ်နေတဲ့ အရာလာပေးလို့…..
ဦးချကန်တော့လိုက်ချင်တယ်ဆိုတဲ့ အဖွား 😍
ညကမှ ရွာကလူတွေ ဝိုင်းမွေးပေးတာ…..
သမီးလေးကို မီးပြလို့ရပြီဆိုတဲ့ ညီလေး 😍
မျောလာတဲ့ သစ်တွေဆယ်ပြီ အကြာကြီး မီးမွှေးရတာ…
ဒါတွေနဲ့ဆို ခဏလေးပဲ ဝမ်းသာလိုက်တာဆိုတဲ့ အန်တီ 😍
သူတို့တွေအတွက် တကယ့်ကို လိုအပ်နေတာ ထင်းပါ
မီးသွေးတောင် မီးဖို မရှိတော့ အရမ်း မသုံးဖြစ်ဘူးတဲ့
ထင်းတွေ မီးသွေးတွေ သွားပို့တော့…..
ဝမ်းသာနေကြတယ် ၊ ဒါကြီးရှိမှ ချက်ပြုတ်စားလို့ရမှာလေ တဲ့
ရိုးသားချက်ကတော့…..
လှူပေးတဲ့ အလှူရှင်တွေကို အရမ်းကျေးဇူးတင်တယ် ပြောပေးအုံး
ထင်းတွေ လှူပေးတာ ယခုချိန် ရွှေလှူပေးတာထက် ပိုပျော်တယ် 😍
သူတို့ မျက်နှာမှာ အပြုံးတွေကြီးပဲ ဗျာ ❣️
တကယ့် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်လို့ ပီတိဖြစ်ရပါတယ် 🙏🏻
ဒီနေ့တော့ ရွာ (၂)ရွာကို အပြည့်လှူပေးခဲ့ပါပြီ 🙏🏻
နောက်ရက် တခြားရွာတွေအတွက် ထပ်ဝယ်ပြီ ပို့ပါမယ်
တကယ်လိုအပ်နေတဲ့ အရာမလို့ လှူဒါန်းပေးဖို့ အကြံပြုပါရစေ 🙏🏻
အတူတကွ ပူးပေါင်းပါဝင်လှူဒါန်းလိုပါက…..
တစ်အိမ်ထောင် (ထင်း (၆)စည်း ၊ မီးသွေး (၁)ပိဿာ) - တစ်သောင်းကျပ် ပါ
#ကိုပူတူးနှင့်ဘော်ဒါများ
#လေးမျက်နှာရေဘေး
☎️ - 095408437 / 09976646395 / 09675555777
(KPay / WavePay / AYAPay) - 095408437 ၊ 09976646395