နေ့သစ်

နေ့သစ် We aim to empower local small and medium-sized enterprises in Myanmar by implementing livelihood activities in their community.

🎨“𝐏𝐢𝐞𝐜𝐞𝐬 𝐢𝐧𝐭𝐨 𝐎𝐧𝐞” 𝐀𝐫𝐭𝐢𝐬𝐭𝐬’ 𝐓𝐚𝐥𝐤 🌟Community Partners Myanmar - CPM မှ ကြီးမှူးကျင်းပပြီး၊ Goethe-Institut Myanmar  နှင့်...
07/08/2024

🎨“𝐏𝐢𝐞𝐜𝐞𝐬 𝐢𝐧𝐭𝐨 𝐎𝐧𝐞” 𝐀𝐫𝐭𝐢𝐬𝐭𝐬’ 𝐓𝐚𝐥𝐤 🌟

Community Partners Myanmar - CPM မှ ကြီးမှူးကျင်းပပြီး၊ Goethe-Institut Myanmar နှင့် SheCreates သူမလက်ရာ တို့ ပူးပေါင်းတင်ဆက်သွားမယ့် “𝑷̲̅𝒊̲̅𝒆̲̅𝒄̲̅𝒆̲̅𝒔̲̅ 𝒊̲̅𝒏̲̅𝒕̲̅𝒐̲̅ 𝑶̲̅𝒏̲̅𝒆̲̅” 𝑨̲̅𝒓̲̅𝒕̲̅𝒊̲̅𝒔̲̅𝒕̲̅𝒔̲̅’ 𝑻̲̅𝒂̲̅𝒍̲̅𝒌̲̅ မှာတော့ ထိုင်းနှင့် မြန်မာနိုင်ငံမှ ထင်ရှားသော အနုလက်မှုပညာရှင်များဖြစ်တဲ့ Khun Nussara, P Khun, P Teem, Khun Nuii, U Aung Soe Myint နှင့် Daw Phyu Ei Thein တို့မှ ပညာရပ်အပေါ်ခံယူချက်၊ ဘဝနေထိုင်မှုပုံစံ၊ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံများကို မျှဝေသွားမှာဖြစ်ပါတယ်။

လက်မှုအနုပညာနှင့် သဘာဝကို မြတ်နိုးတန်ဖိုးထားသူများအတွက် စိတ်ဝင်စားစရာ အစီအစဉ်လေးတခုဖြစ်တာကြောင့် တက်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

🗓️ရက်စွဲ- 15 သြဂုတ် 2024
🕐အချိန် 13:00 မှ 17:00 ထိ
📍တည်နေရာ- Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာနိုင်ငံ

ဆက်သွယ်စုံစမ်းရန် - SheCreates သူမလက်ရာ
09972248032
📝စာရင်းပေးသွင်းရန်

https://docs.google.com/forms/d/e/1FAIpQLSdeFCmIYPXoNcyyCcmOBldVrX7szuR1tsyOkJieyyAHiCh6fg/viewform?usp=sf_link

“Pieces into One” Artists’ Talk

The “Pieces into One” Artists’ Talk will feature artists from Thailand and Myanmar, including Khun Nussara, P Khun, P Teem, Khun Nuii, U Aung Soe Myint, and Daw Phyu Ei Thein, who will share their insights, and personal experiences, organized by Community Partners Myanmar (CPM) in collaboration with the Goethe-Institut Myanmar and SheCreates.

This Talk is an enriching and inspiring event for those who appreciate handicrafts and nature, and we invite you to attend and explore it further.

Event Details:
🗓️Date: 15th August 2024
🕐Time: 13:00 – 17:00
📍Location: Goethe-Institut Myanmar
Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township, Yangon, Myanmar.

𝐃𝐨𝐧’𝐭 𝐦𝐢𝐬𝐬 𝐭𝐡𝐢𝐬 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐭𝐨 𝐛𝐞 𝐩𝐚𝐫𝐭 𝐨𝐟 𝐚 𝐯𝐢𝐛𝐫𝐚𝐧𝐭 𝐚𝐫𝐭𝐢𝐬𝐭𝐢𝐜 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲! 🌟👩‍🎨👨‍🎨🤝

📝𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤

http://docs.google.com/forms/d/e/1FAIpQLSdeFCmIYPXoNcyyCcmOBldVrX7szuR1tsyOkJieyyAHiCh6fg/viewform?usp=sf_link

Let’s come together to celebrate art, culture, and community! 🎉

ူမလက်ရာ




🎨 Join Us for “Pieces into One” Artists’ Talk! We’re excited to invite you to an enriching and inspiring event where dis...
01/08/2024

🎨 Join Us for “Pieces into One” Artists’ Talk!

We’re excited to invite you to an enriching and inspiring event where distinguished artists from Thailand and Myanmar will share their insights and experiences.

Event Details:
🗓️ Date: 15th August 2024
🕐 Time: 13:00 – 17:00
📍Location: Goethe-Institut Myanmar, Corner of Kabar Aye Pagoda Road and Nat Mauk Street, Bahan Township, Yangon.

Don’t miss this opportunity to be part of a vibrant artistic community!

Register Now:
https://docs.google.com/forms/d/e/1FAIpQLSdeFCmIYPXoNcyyCcmOBldVrX7szuR1tsyOkJieyyAHiCh6fg/viewform?usp=sf_link

For more information, contact SheCreates at 09972248032.

Let’s come together to celebrate art, culture, and community! 🎉

ူမလက်ရာ

[English below]

"Pieces into One"
အနုပညာရှင်များ၏ ဟောပြောပွဲသို့ ဖိတ်ခေါ်လိုပါတယ်
ဒီဟောပြောပွဲကို Community Partners Myanmar (CPM)မှ ကြီးမှူးကျင်းပပြီး
Goethe-Institut Myanmar နှင့် SheCreatesသူမလက်ရာတို့ ပူးပေါင်းတင်ဆက်သွားမှာဖြစ်ပါတယ်

ဖိတ်ကြားထားသော ထိုင်းနှင့် မြန်မာနိုင်ငံမှ ထင်ရှားသော အနုလက်မှုပညာရှင်များမှ သူတို့ရဲ့ ပညာရပ်များနှင့် ၎င်းတို့ပေါ်ခံယူချက်၊ ဘဝနေထိုင်မှုပုံစံ၊ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံများကို

1. မတူကွဲပြားခြင်းကို ဂုဏ်ပြုခြင်း- နိုင်ငံများကြား အနုလက်မှုပညာဆိုင်ရာ ရိုးရာဓလေ့များရဲ့ ကွဲပြားမှုကို ဂုဏ်ပြုရင်း ယဉ်ကျေးမှုကို တန်ဖိုးထားအသိအမှတ်ပြုနားလည်နိုင်စေရန်

2. ယဉ်ကျေးမှုဖလှယ်ခြင်း- မတူညီသော ဒေသများနှင့် နောက်ခံများမှ အနုလက်မှုပညာရှင်အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုများနှင့် နားလည်မှုတို့ကို လွယ်ကူချောမွေ့စေရန်

3. ကျွမ်းကျင်မှုမြှင့်တင်ခြင်း- လက်မှုပညာရှင်များအတွက် နည်းစနစ်အသစ်များကို လေ့လာနိုင်ကြပြီး ကျွမ်းကျင်မှုများကို တိုးမြှင့်နိုင်ရန်နှင့် ၎င်းတို့၏ လက်မှုပညာများတွင် ဆန်းသစ်သော နည်းလမ်းများကို ရှာဖွေနိုင်ရန်

4. ကွန်ရက်ချိတ်ဆက်ခြင်း- အရင်းအမြစ်များ၊ ဗဟုသုတများနှင့် အတွေ့အကြုံများကို မျှဝေနိုင်စေခြင်းဖြင့် လက်မှုပညာများအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်

5. ရိုးရာလက်မှုပညာမြှင့်တင်ရေး- ရိုးရာလက်မှုပညာနှင့် အမွေအနှစ်များကို ပြသခြင်း၊ ယဉ်ကျေးမှုအလေ့အထများကို ထိန်းသိမ်းခြင်းနှင့် လက်မှုပစ္စည်းများအပေါ် တန်ဖိုးထားမှုမြှင့်တင်ရန်
ရည်ရွယ်ချက်များနဲ့ မျှဝေသွားမှာ ဖြစ်လို့ စိတ်ဝင်စားသူအားလုံးကို ဖိတ်ခေါ်ပါတယ်

ရက်စွဲ- 15 သြဂုတ် 2024
အချိန် 13:00 မှ 17:00 ထိ
တည်နေရာ- Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာနိုင်ငံ

ဆက်သွယ်စုံစမ်းရန် - SheCreates သူမလက်ရာ
09972248032
စာရင်းပေးသွင်းရန်

https://docs.google.com/forms/d/e/1FAIpQLSdeFCmIYPXoNcyyCcmOBldVrX7szuR1tsyOkJieyyAHiCh6fg/viewform?usp=sf_link

We would like to invite you to the "Pieces into One" artists' talk as per the schedule below.

This talk is presented by Community Partners Myanmar and organized by SheCreates collaboration with Goethe-Institut Myanmar.

Our invited speakers, distinguished artists from Thailand and Myanmar, will share their insights and experiences with the following objectives:

1. Celebration of Diversity: Celebrate the diversity of artisanal traditions across countries, promoting cultural appreciation and understanding.

2. Cultural Exchange: Facilitate cross-cultural dialogue and understanding among artisans from different regions and backgrounds.

3. Skill Enhancement: Provide opportunities for artisans to learn new techniques, refine their skills, and explore innovative methods in their craft.

4. Networking: Foster connections and collaborations among artisans, allowing them to share resources, knowledge, and experiences.

5. Promotion of Traditional Crafts: Showcase traditional craftsmanship and heritage, preserving cultural practices and promoting appreciation for handmade goods.

We hope you can join us for this enriching and inspiring event.

Event Details:
Date: 15th August 2024
Time: 13:00 – 17:00
Location: Goethe-Institut Myanmar
Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township, Yangon, Myanmar.
Registration Link

https://docs.google.com/forms/d/e/1FAIpQLSdeFCmIYPXoNcyyCcmOBldVrX7szuR1tsyOkJieyyAHiCh6fg/viewform?usp=sf_link

ူမလက်ရာ




[English below]🌟 လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အရေး ရယူလိုက်ပါ 🌟📢 လူမှုအကျိုးပြု ...
14/06/2024

[English below]

🌟 လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အရေး ရယူလိုက်ပါ 🌟

📢 လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ကူညီပေးခြင်း အစီအစဉ် 📢

Community Partners Myanmar (CPM) သည်ဒေသအတွင်း လူမှု အကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်လာစေရန် ရည်ရွယ်၍ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ကိုင်လိုသူများ နှင့် လုပ်ငန်းတိုးချဲ့ရန် လုပ်ငန်းသုံးလည်ပတ်ရင်းနှီးငွေ အကူအညီ ပေးအပ်သွားပါမည်။ လိုအပ်သူများ အနေဖြင့် ဤ အခွင့်အလမ်းကို လက်လှမ်းယူလိုက်ပါ။ အနိမ့်ဆုံး ကျပ်သိန်း(၅၀) မှ အမြင့်ဆုံး ကျပ်သိန်း(၁၅၀) အထိ လုပ်ငန်းသုံးလည်ပတ်ရင်းနှီးငွေ ပေးအပ်သွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာလျှောက်ထားရန်လိုအပ်သော အသေးစိတ်အချက်အလက်များကို ဖော်ပြထားသော Link မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://shorturl.at/27lOm

👉အဆိုပြုလွှာလျှောက်ထားရန်အတွက် လမ်းညွှန်ချက်👈

✅အချက်အလက်ဖြည့်စွက်ပြီးသော လျှောက်လွှာများကို 𝐩𝐫𝐨𝐩𝐨𝐬𝐚𝐥𝐬@𝐜𝐩𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐨𝐫𝐠 သို့ ရုံးချိန်အတွင်း လျှောက်ထားရမည် ဖြစ်သည်။
✅လျှောက်လွှာ တင်သွင်းပြီးပါက သင်၏လျှောက်လွှာကို CPM မှလက်ခံရရှိကြောင်း အတည်ပြုသည့် အီးမေး(လ်)ကို (၂၄)နာရီအတွင်း ပြန်လည်ပေးပို့လာမည် ဖြစ်သည်။
✅လျှောက်လွှာနှင့်ပတ်သက်၍ ထပ်မံ မေးမြန်းလို ပါက 📞09795109707 သို့ ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👉နောက်ဆုံးလျှောက်လွှာတင်ရမည့် နေ့ရက်နှင့် အချိန်👈
📅 နေ့ရက်: ဇွန်လ ၃၀ ရက်၊ ၂၀၂၄
🕠 အချိန်: မြန်မာစံတော်ချိန် ညနေ (၅) နာရီခွဲ

🌟 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐦𝐩𝐚𝐜𝐭 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐟𝐨𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭🌟

Community Partners Myanmar (CPM) will provide operational funds ranging from 𝙖 𝒎𝒊𝒏𝒊𝒎𝒖𝒎 𝒐𝒇 5 𝒎𝒊𝒍𝒍𝒊𝒐𝒏 𝒕𝒐 𝒂 𝒎𝒂𝒙𝒊𝒎𝒖𝒎 𝒐𝒇 15 𝒎𝒊𝒍𝒍𝒊𝒐𝒏 𝒌𝒚𝒂𝒕𝒔 for small, medium, and micro enterprises in Myanmar to support their business growth and expansion.

Download from the Link for necessary information and documents for your application

https://shorturl.at/27lOm

👉𝐒𝐮𝐛𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧𝐬👈

✅Please kindly submit your completed application form to the 𝐩𝐫𝐨𝐩𝐨𝐬𝐚𝐥𝐬@𝐜𝐩𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐨𝐫𝐠
✅Please be noted that CPM receiving confirmation email will be sent back within 24 hours.
✅Any detailed information, contact
📞09795109707 during office hours.

👉Application Deadline:👈
📅 Date: June 30, 2024
🕠 Time: 5:30 PM Myanmar Time

‼️𝘿𝙤𝙣’𝙩 𝙢𝙞𝙨𝙨 𝙩𝙝𝙞𝙨 𝙤𝙥𝙥𝙤𝙧𝙩𝙪𝙣𝙞𝙩𝙮 𝙩𝙤 𝙙𝙚𝙫𝙚𝙡𝙤𝙥 𝙮𝙤𝙪𝙧 𝙨𝙤𝙘𝙞𝙖𝙡 𝙞𝙢𝙥𝙖𝙘𝙩 𝙞𝙣𝙫𝙚𝙨𝙩𝙢𝙚𝙣𝙩‼️

🚀 Exciting Opportunity for Aspiring Entrepreneurs! 🚀Bridge Creative Agency နဲ့ SheCreates သူမလက်ရာ တို့က ပြုလုပ်တဲ့ Star...
31/05/2024

🚀 Exciting Opportunity for Aspiring Entrepreneurs! 🚀

Bridge Creative Agency နဲ့ SheCreates သူမလက်ရာ တို့က ပြုလုပ်တဲ့
StartUp Hub for aspiring entrepreneurs ပွဲအကြောင်းကို မျှဝေပေးချင်ပါတယ်။

စီးပွားရေးလုပ်ငန်းကို စတင်ရန်သို့မဟုတ် တိုးတက်လာစေရန် အကူအညီရယူလိုပါက ဒီပွဲလေးကို တက်ရောက်ဖို့ မလွတ်တမ်းကြိုးစားပါနော်!

ဒီပွဲလေးမှာ Speed Dating Program ပုံစံနဲ့ ပြုလုပ်ထားတာဖြစ်ပြီး လုပ်ငန်းများအတွက် Branding, Social Media, Funding စတဲ့အကြောင်းအရာတွေကို လုပ်ငန်းဝန်ဆောင်မှုပေးသူများနှင့် တွေ့ဆုံဖလှယ်နိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းစတင်မှုနှင့် တိုးတက်မှုအတွက် အရေးကြီးတဲ့ Information တွေ ရရှိနိုင်ပြီး တန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ့် နေရာတစ်ခုပါ။

လုပ်ငန်းတခုလျှင် လူဦးရေ (၂)ယောက်သာ တက်ရောက်ခွင့်ရှိမှာဖြစ်ပြီး နေရာအကန့်အသတ်ရှိတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါရစေ။

ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့်
ဖော်ပြပါ QR code ကို scan ဖတ်ပြီးတော့ဖြစ်ဖြစ်အောက်ပါ registration link လင့်ခ်ကနေဖြစ်ဖြစ် အမည်စာရင်းပေးသွင်းနိုင်ပါတယ်။

မေးမြန်းလိုသောအချက်အလက်များရှိပါက SheCreates သူမလက်ရာ Ph no. 09972248032 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Registration Link: https://forms.gle/iwkX5nkKdSEHZSr68

Date: 7 June, 2024 (Friday)
Time: 9 am to 12:30 pm
Venue: Sagawa Center (The Regency Offices, No.587, 2nd Floor
Pyay Road, Kamayut Township, Yangon)

Let’s take the next step towards success together! 💪

May the spirit of the season bring you and your team moments of joy, gratitude, and accomplishment. Here's to continued ...
25/12/2023

May the spirit of the season bring you and your team moments of joy, gratitude, and accomplishment. Here's to continued growth and shared success in the upcoming year. Merry Christmas!

27/11/2023
Celebrate community spirit at our successful "Love Local" market fair! 🌟 Discover unique products from talented local ve...
19/11/2023

Celebrate community spirit at our successful "Love Local" market fair! 🌟

Discover unique products from talented local vendors, indulge in delicious treats. Thanks to everyone who made it a day filled with love, laughter, and supporting our fantastic local businesses! 🛍️

Love local market at Kokkoya! 💚ကုက္ကိုလ်ယာ စိုက်ခင်းလေးမှာ စျေးပွဲတော်လည်း မလုပ်ရတာကြာပြီဆိုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ...
10/11/2023

Love local market at Kokkoya! 💚

ကုက္ကိုလ်ယာ စိုက်ခင်းလေးမှာ စျေးပွဲတော်လည်း မလုပ်ရတာကြာပြီဆိုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စျေးပွဲတော် ပြုလုပ်သွားဖို့ရှိပါမယ်ရှင့်။ စျေးပွဲတော်ရဲ့ အမည်ကတော့ “Love Local Market” လို့ ပေးထားပါတယ်။

ဒီစျေးပွဲတော်လေးမှာ ဆိုင်ခန်းပေါင်း ၂၀ ကျော်နဲ့ အစားအစာဆိုင်ခန်းများ၊ လက်မှုပစ္စည်းများ၊ ပရိဘောဂပစ္စည်း၊ ဖက်ရှင် အဝတ်အစားဆိုင်ခန်းများ၊ အပင်ဆိုင်ခန်းများနှင့် အသုံးအဆောင်ပစ္စည်းဆိုင်ခန်းများ ပါဝင်သွားမှာဖြစ်ပါတယ်။

ဒေသထွက် ထုတ်ကုန်များနှင့် အစားအစာများကို အားပေးကြရအောင်နော်။ သင်တို့ရဲ့ မိသားစု နဲ့ သူငယ်ချင်းများကိုသာမက၊ သင်ကိုယ်တိုင်လည်း ဒီစျေးပွဲတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။

ဆိုင်ခန်းများရဲ့ update ကိုတော့ နောက်ရက်တွေမှာ ပြန်ပြီး တင်ပေးသွားပါမယ်။

Join us at Kokkoya Organics Farm on Sunday, November 19, for love local market. The “Love local Market” will be a gathering of over 20 makers and stores of food, crafts, furniture, fashion, plants and homewares.

Supporting local businesses. Bring your family and friends, and immerse yourself in the market.

It’s a great opportunity to connect with the community.
We will update it details of vendors as soon as possible.

Date - 19/11/2023, Sunday
Time - 10:00AM to 5:00PM
Place - Kokkoya Organics

https://maps.app.goo.gl/YbbAcxHent19viKt6

SME လုပ်ငန်းရှင် တွေ အနေနဲ့ မိမိလုပ်ငန်းကို DICA မှာ မှတ်ပုံတင်ဖို့ ဘာတွေ ပြင်ဆင် ကြမလဲ?သင့်အနေဖြင့် SME လုပ်ငန်းရှင် တစ...
06/11/2023

SME လုပ်ငန်းရှင် တွေ အနေနဲ့ မိမိလုပ်ငန်းကို DICA မှာ မှတ်ပုံတင်ဖို့ ဘာတွေ ပြင်ဆင် ကြမလဲ?

သင့်အနေဖြင့် SME လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာပြီ ဆိုလျှင် သင့်လုပ်ငန်းကို တရားဝင်ဖြစ်စေဖို့ DICA မှာ မှတ်ပုံတင်ထားဖို့ လိုအပ်ပါသည်။ လုပ်ငန်းရှင် တစ်ယောက် အနေဖြင့် မိမိ၏ လုပ်ငန်းအတွက် အခွင့်အရေး၊ အခွင့်အလမ်းများ ရရှိနိုင်ရန် လုပ်ငန်းကို မှတ်ပုံတင်ထားရပါမည်။ ဒီနေ့မှာတော့ SME လုပ်ငန်းရှင် တွေအနေဖြင့် မိမိတို့၏လုပ်ငန်းကို Online မှတဆင့် မှတ်ပုံတင်နည်း အဆင့်ဆင့်ကို ဖော်ပြပေးသွားမှာဖြစ်ပါသည်။

၁။ MyCO အကောင့်ဖွင့်ခြင်း၊
ပထမဦးဆုံး သင့်ရဲ့လုပ်ငန်းကို Online မှတဆင့် မှတ်ပုံတင် နိုင်ရန်အတွက် DICA ၏ Official Website(www.myco.dica.gov.mm) တွင် Account တစ်ခု ဖွင့်ဖို့ လိုအပ်ပါသည်။

MyCO Account လျှောက်ထားနိုင်ရန်အတွက် Email တစ်ခု ရှိရပါမည်။
လိုအပ်သော အချက်အလက်များကို ဖြည့်ပြီးလျှင် အတည်ပြုလက်ခံသော Mail ကို သင့်ရဲ့ Email လိပ်စာ သို့ ပို့ဆောင်ပေးပါမည်။

ထို့နောက် မိမိရဲ့ Account ကို Activate ပြုလုပ်ပါ။ ထိုသို့ ပြုလုပ်ပြီးပါ သင့်အနေဖြင့် MyCO Account ကို စတင် အသုံးပြုနိုင်ပါမည်။

၂။ ကုမ္ပဏီမှတ်ပုံ တင်ရန် အတွက် လိုအပ်သော စာရွက် စာတမ်း များကို စုစည်းခြင်း၊

ကုမ္ပဏီ နာမည် အပြည့်အစုံ
ကုမ္ပဏီ ၏ ဆက်သွယ် ရမည့် လိပ်စာ အသေးစိတ်များ
ကုမ္ပဏီ ၏ တည်ထောင်သူ နှင့် အတွင်းရေးမှူ (မှတ်ပုံတင် ၊ နိုင်ငံကူးလက်မှတ်)
ကုမ္ပဏီ ၏ ရှယ်ယာရှင်များ နှင့် တည်ဆောက်ပုံ အဆင့်ဆင့်
ကုမ္ပဏီ ၏ အခြေခံမူဝါဒ များ

၃။ လုပ်ငန်းမှတ်ပုံတင်ခြင်းကို အပြီးသတ်လုပ်ဆောင်ခြင်း၊

-အထက်ပါအဆင့်များကို ပြုလုပ်ပြီးပါက မိမိကုမ္ပဏီ၏ လုပ်ငန်းအမျိုးအစားကို ရွေးချယ်ရပါမည်။
-ထို့သို့ရွေးချယ်ပြီးနောက် ကုမ္ပဏီ လျှောက်လွှာကြေးများကို ပေးသွင်းရပါမည်။
-Credit Card ၊ MPU Card များဖြင့် လျှောက်လွှာကြေးပေးသွင်းနိုင်ပါသည်။
-ငွေသားဖြင့်ပေးချေလိုပါက Online မှလျှောက်ထားသော မိမိ၏ ကုမ္ပဏီလျှောက်လွှာဖောင်ကို သိမ်ဆည်ထားပြီ DICA ရုံးတွင် ပေးချေပြီး ကုမ္ပဏီလျှောက်လွှာကို ပြုလုပ်နိုင်ပါသည်။
- ထို့သို့ပြုလုပ်ပြီးပါက သင့် ကုမ္ပဏီကို အတည်ပြုလက်ခံကြောင်း Email မှတဆင့် လက်မှတ်ရရှိပါမည်။

အထက်ပါ အဆင့်များကို ပြုလုပ်ပြီးပါက သင့် ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ တွင် တရားဝင် အသိမှတ်ပြု ပြီး လုပ်ငန်းတစ်ခု ဖြစ်လာမှာဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာ မှ အခွင့်အလမ်း များစွာ ကိုလဲ ပိုမိုရရှိလာ နိုင်ပြီး အောင်မြင်သော လုပ်ငန်းတခု အနေဖြင့် စတင်လည်ပတ်နိုင်မှာဖြစ်ပါသည်။

ပြည်တွင်း ထုတ်ကုန် SMEs များကိုလည်းအားပေးချင်တယ်...သီတင်းကျွတ်  ဂါဝရ လက်ဆောင်ကိုလည်း မျက်နှာပန်းလှလှလေး ပေးချင်တယ်ဆိုရင်...
26/10/2023

ပြည်တွင်း ထုတ်ကုန် SMEs များကိုလည်းအားပေးချင်တယ်...

သီတင်းကျွတ် ဂါဝရ လက်ဆောင်ကိုလည်း မျက်နှာပန်းလှလှလေး ပေးချင်တယ်ဆိုရင်...

Nan Htet Myanmar ဝန်ဆောင်မူလေးကို recommend ပေးချင်ပါတယ်...

သင့်အနေနဲ့ SME လုပ်ငန်း တစ်ခုကို စတင်ဖို့ စိတ်ကူး နေပါသလား?လူအများစုဟာ မိမိတို့ကိုယ်ပိုင် လုပ်ငန်း တစ်ခု စတင်တည်ထောင်နို...
20/10/2023

သင့်အနေနဲ့ SME လုပ်ငန်း တစ်ခုကို စတင်ဖို့ စိတ်ကူး နေပါသလား?

လူအများစုဟာ မိမိတို့ကိုယ်ပိုင် လုပ်ငန်း တစ်ခု စတင်တည်ထောင်နိုင်ဖို့ အိမ်မက် တွေ ရှိကြပါတယ်။ ၂၀၂၃ အတွင်းပြုလုပ်ခဲ့တဲ့ Online စစ်တမ်းကောက်မှုတစ်ခုအရ အနည်းဆုံး လူ ၅‌ ယောက်မှာ ၃ ယောက်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပညာရှင် တွေက တွေ့ရှိခဲ့ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စတင်တည်ထောင်ပြီး အောင်မြင်မှု ရရှိဖို့ဟာ ထိုလုပ်ငန်းကို တည်ထောင်သူရဲ့ ဇွဲ လုံလ ဝီရီယ တို့ ဟာ ထိုလုပ်ငန်းအသက်သွေးကြော ဖြစ်ပါတယ်။ မိမိတို့ရဲ့ စိတ်ကူးတွေကို လက်တွေ့ဖြစ်လာ အောင် လုပ်ဆောင်နိုင်ဖို့တော့လိုပါတယ်။ ထိုသို့ မိမိတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့အတွက် SME လုပ်ငန်း တစ်ခုကို မစတင်မီ လိုအပ်သော သတင်းအချက်များကို သိုမှီသိမ်းဆည်ထားခြင်းဖြင့် မိမိလုပ်ငန်းအတွက် အပေါင်းလက္ခဏာ ဆောင်စေနိုင်ပြီး အောင်မြင်မှုများကို ရရှိစေနိုင်ပါတယ်။ ထို့သို့အောင်မြင်မှုများ ရရှိပြီး လုပ်ငန်း ရေရှည် တည်တံ့ နိုင်ဖို့အတွက် လုပ်ဆောင်ရမည့်အချက် တချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

၁။ မိမိလုပ်ငန်း စီမံချက် ရေးဆွဲပါ။

အောင်မြင်တဲ့လုပ်ငန်းတွေ ရဲ့ အဓိကသော့ချက်က ကိစ္စတိုင်းကို ရိုးရှင်းပြီး စရိတ် သက်သာဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် စတင်တည်ထောင်ချိန်မှာဖြစ်ပါတယ်။ ငွေကြေး ကုန်ကျစရိတ် နဲ့ အချိန် သက်သာဖို့လည်း ပါဝင်ပါတယ်။ လုပ်ငန်းတည်ထောင်သူတွေအများစုဟာ ပြည့်စုံခမ်းနားတဲ့ လုပ်ငန်းစီမံချက်ရေးဆွဲရင်း အချိန်ကုန်နေတတ်ပါတယ်။ အခုမှစတင်မယ့်သူတွေအတွက် အချိန်ရောငွေပါ အကုန်သက်သာမယ့် လုပ်ငန်းစီမံချက်တစ်ခုနဲ့ စတင်သင့်ပါတယ်။ ဒါ့ကြောင့် သင့်လုပ်ငန်းအတွက် လုပ်ငန်းစီမံချက်တစ်ခုကို ရေးဆွဲသင့်ပါတယ်။ လုပ်ငန်းစီမံချက်မှာ

သင့်လုပ်ငန်းရဲ့မျှော်မှန်းချက်ကို သတ်မှတ်ပါ။

သင့်လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို သတ်မှတ်ပါ။

သင့်လုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းချက်တွေကို ပြီးမြောက်အောင်မြင်စေဖို့ လုပ်ဆောင်ရမယ့် ရည်မှန်းချက်တွေကိုသတ်မှတ်ပါ။

ရည်မှန်းချက်တွေ အောင်မြင်ဖို့ အခြေခံဗျူဟာ တွေသတ်မှတ်ပါ။

လုပ်ငန်းဆောင်ရွက်ချက် အစီအစဉ်တစ်ခု ရေးဆွဲပါ။

ပိုပြီး ကျစ်လစ်သပ်ရပ်တဲ့ လုပ်ငန်းစီမံချက်တစ်ခုကို အချိန်တစ်ပတ်လောက်ပေးရုံနဲ့ ရရှိမှာဖြစ်ပါတယ်။

၂။ မိမိလုပ်ငန်းရဲ့ အသုံးစရိတ်ကို ဆုံးဖြတ်ပါ။

သင့်အနေနဲ့ လုပ်ငန်းစတင်ဖို့အတွက် အသုံးစရိတ်ကို ဘယ်လောက်သုံးစွဲမှာလဲဆိုတာကို သတ်မှတ်ထားသင့်ပါတယ်။ လိုအပ်တဲ့အသုံးစရိတ်ထက် (၂၀)ရာခိုင်နှုန်းလောက် ပိုမိုသတ်မှတ်ထားတာ သင့်ရဲ့ လစဉ်အသုံးစရိတ်ကို စီမံရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ လစဉ်အသုံးစရိတ်ဟာ သင့်လုပ်ငန်းကနေ အကျိုးအမြတ်မရခင်မှာ လုပ်ငန်းလည်ပတ်နေနိုင်ဖို့အတွက် အရေးပါတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။ သင့်ရဲ့အသေးစား လုပ်ငန်း (SME) ကနေ ရက် (၆၀)နဲ့ (၉၀)အတွင်း အကျိုးအမြတ်ရရှိနိုင်ဖို့ ရည်မှန်းလုပ်ဆောင်ထားသင့်ပါတယ်။

၃။ မိမိလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းကိစ္စတွေကို လေ့လာပါ။

စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ရာမှာ တရားဝင်ဖြစ်ဖို့ စာရွက်စာတမ်းကိစ္စတွေက ငွေကုန်ကြေးကျ ရှိပါတယ်။ လုပ်ငန်းလိုင်စင်၊ အကောက်ခွန်၊ စတဲ့အရာတွေအတွက် ကုန်ကျမယ့် စရိတ်ကို လုပ်ငန်း မစတင်ခင်မှာကတည်းက သေချာလေ့လာ တွက်ချက် သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။

၄။ မိမိလုပ်ငန်းရဲ့ ဝင်ငွေစီးဆင်းမှုကို ဂရုစိုက်ပါ။

သင့်အနေနဲ့ ဘယ်လို လုပ်ငန်းမျိုးကိုပဲလုပ်လုပ် သင့်လုပ်ငန်းငွေနဲ့ ကိုယ်ပိုင်အသုံးစရိတ်ကို သီးသန့် ခွဲခြားထားဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်လုပ်ငန်းအတွက် ငွေစာရင်းတစ်ခု သီးခြားဖွင့်ထားပေးပြီး ဘဏ္ဍာရေးအရှုပ်အရှင်းများ ရှိမလာ အောင် ဆောင်ရွက်ထားသင့်ပါတယ်။

သာမာန် မိသားစု တစ်ခုမှ ပေါက်ဖွားလာတဲ့လူတစ်ဦးအနေဖြင့် လုပ်ငန်းတစ်ခု (SME) ကို စတင်နိုင်ဖို့အတွက် လွယ်ကူလှတဲ့ လမ်းကြောင်း တစ်ခု မဟုတ်သလို စွန့်စားရတဲ့ ခရီးတစ်ခုမှာ လမ်းလျှောက်ရနေသလိုဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ခက်ခဲကြမ်းတမ်းလွန်းတဲ့ SME လုပ်ငန်းတစ်ခုကို ဦးစီတည်ထောင်နိုင်ဖို့၊ မိမိလုပ်ငန်းတွင် တည်ထောင်ရာတွင် လက်တွေ့ အသုံးပြု နိုင်ရန်အတွက် အသုံးဝင်နိုင်မည့် အချက်အလက် တချို့ကို နေ့သစ်မှ မျှဝေပေးလိုက်ရပါတယ်။

Address

No. 241 (A), Ngwe Kyar Yan (12) Street, Ward (3), South Okkalarpa Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959975624371

Website

Alerts

Be the first to know and let us send you an email when နေ့သစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share