16/12/2023
မြွေနဲ့ ပတ်သတ်ပြီးမြန်မာတွေ မှားယွင်းစွာ ယူဆထားသည့်
အချက် (၁၀) ချက်
၁။ အဆိပ်ရှိသောမြွေနှင့် အဆိပ်မရှိသောမြွေတို့ ပေါင်းစပ်ပြီး မျိုးပွားလျှင် မျိုးစပ်မြွေ ဖြစ်လာနိုင်သည် ➡ မှားသည်။
၂။ အန္တရာယ်မရှိသောမြွေတို့သည် မိတ်လိုက်ရာသီအတွင်း အဆိပ်ရှိပြီး အန္တရာယ်ရှိလာနိုင်သည် ➡ မှားသည်။ အန္တရာယ်မရှိသော မြွေသည် ဘဝတစ်လျှောက်လုံး အန္တရာယ်မရှိသောမြွေသာ ဖြစ်မည်။
၃။ မြွေများသည် လူနှင့်အခြားတိရိစ္ဆာန်များကို အိပ်မွေ့ချညှို့စားတတ်သည် ➡ မှားသည်။ မြွေများသည် အိပ်မွေ့ချညှို့မစားတတ်ပါ။
၄။ တြိဂံပုံစံခေါင်းရှိသောမြွေ အကုန်လုံးသည် အဆိပ်ရှိသည် ➡ မှားသည်။ တချို့က အဆိပ်ရှိ၍ တချို့က အန္တရာယ်မပေးနိုင်ပါ။
၅။ အဆိပ်ရှိမြွေအကုန်လုံး အန္တရာယ်ရှိသည် ➡ မှားသည်။ မြန်မာနိုင်ငံအတွင်းမှ အဆိပ်ရှိမြွေတော်တော်များများသည် လူတို့အတွက် အန္တရာယ်မရှိပါ။
၆။ မြွေတို့အတွက် နွားနို့နှင့် ကြက်ဥတို့သည် ကျန်းမာသော အစားအစာများ ဖြစ်သည် ➡ မှားသည်။ မြွေများကို နို့လုံးဝ မတိုက်သင့်ပါ။ မြွေဘုရားများတွင် နို့နှင့်ကြက်ဥတိုက်ကျွေးခြင်းခံနေရသော စပါးအုံးမြွေတို့သည် အဟာရချို့တဲ့မှုဖြင့် တဖြည်းဖြည်းအသတ်ခံနေရခြင်း ဖြစ်သည်။ ဒါသည် တိရိစ္ဆာန်များအပေါ် ညှင်းပန်းနှိပ်စက်နေခြင်းဖြစ်သည်။
၇။ ဆာလ်ဖာအမှုန့်(ကန့်) နှင့် အသီးအနှံများသည် မြွေများကို ဟန့်တားနိုင်သည် ➡ မှားသည်။ မြွေကို ဟန့်တားဖို့ ဝယ်စရာ၊ စိုက်စရာ ဘာမှမရှိပါ။ မြွေကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းမှာ ပိုက်ဆံမကုန်သော ကြွက်ထိန်းချုပ်ရေးသာ ဖြစ်သည်။
၈။ ဆင်ပစ်မြွေများသည် အဆိပ်အရမ်းပြင်းသည့်အတွက် ဆင်ကြီးတစ်ကောင်လုံးတောင် သတ်နိုင်သည် ➡
မှားသည်။
အမြင်အာရုံမရှိသောမြွေတို့သည် အဆိပ်မရှိသည့်အပြင် လူတို့ကို အန္တရာယ်မပေးနိုင်ပါ။ သူတို့သည် ပုရွက်ဆိတ်နှင့်ခြဥများ၊ ပိုးလောင်းများကို စားသောက်သည့်အတွက် သင့်အိမ်နားတွင် ထိုမြွေများရှိခြင်းမှာ ကောင်းသည်။
၉။ အလွန်အမင်းအဆိပ်ရှိသော မြွေတစ်ကောင်က သင့်အရိပ်ကို ကိုက်လိုက်လျှင် သင်သေဆုံးနိုင်သည် ➡ မှားသည်။
၁၀။ မြွေပွေးများသည် လူ၏ ဓာတ်မတည့်မှုနှင့် အရေပြားပြဿနာများကို ကုသနိုင်သည် ➡
မှားသည်။
ကျန်းမာရေးကောင်းကျိုးများရှိကြောင်း အထောက်အထားမရှိသေးပါ။