ရဲဘော်များသို့ - To Comrades

ရဲဘော်များသို့ - To Comrades ရဲဘော်များနဲ့ ပြည်သူများအတွက်
ပေါင်းကူးတံတားတစ်စင်း
(1)

🔹 အညာအတွက် မိုးကာရိက္ခာ နိုင်ရာကူပါ 🔹[ အညာဒေသရှိ စစ်ဘေးရှောင်ပြည်သူများ၏ မိုးကာနှင့် ဆန်လိုအပ်ချက်များ ဖြည့်တင်းနိုင်ရန်...
01/10/2026

🔹 အညာအတွက် မိုးကာရိက္ခာ နိုင်ရာကူပါ 🔹

[ အညာဒေသရှိ စစ်ဘေးရှောင်ပြည်သူများ၏ မိုးကာနှင့် ဆန်လိုအပ်ချက်များ ဖြည့်တင်းနိုင်ရန်အတွက် ]

အညာဒေသက စစ်ဘေးရှောင်ပြည်သူများဟာ အမိုးအကာမလုံလို့ ဒုက္ခရောက်ရတဲ့အထဲ၊ စစ်ကြောင်းတွေကြောင့် ဒုက္ခတွေ ပိုများလှပါတယ်။

ဒီလိုမျိုး အရေးပေါ်တိမ်းရှောင်ရတဲ့အခါ အဝတ်တထည်၊ ကိုယ်တခုနဲ့ ပြေးရတော့ အမိုးအကာအပြင် ရိက္ခာဆန်တွေလဲ လိုအပ်တာပေါ့ဗျာ။

ဒီလိုမျိုး အရေးပေါ်လိုအပ်ချက်များ ရှိနေတဲ့ အညာဒေသက စစ်ဘေးရှောင်ပြည်သူများအတွက် ကျွန်တော်တို့အားလုံး တဖက်တလမ်းကနေ ပါဝင်အားဖြည့်ဖို့အတွက် မိုးကာရိက္ခာကမ်ပိန်းလေး ပြုလုပ်လိုက်ရခြင်း ဖြစ်ပါတယ်ဗျ။

ပါဝင်ကူညီလိုသူများအနေဖြင့် -

🔹 ဆန် ၁ ပြည် - ၅ ထောင်ကျပ်

🔹 ၁၅ပေပတ်လည် မိုးကာ ၁ ချပ် - ၃ သောင်းကျပ်

🔹 ဆန် ၂၄ ပြည် အိတ် - ၁ သိန်းကျပ်

စသဖြင့် ပါဝင်လှူဒါန်းနိုင်သလို၊ မိမိတို့တတ်နိုင်သလောက် ကြိုက်သလောက်ဖြင့်လဲ ပါဝင်အားဖြည့်ပေးနိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းတားဂတ်လေးကတော့ သိန်း( ၅၀ )ကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ကနေ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ရက်(၃၀)တိုင်တိုင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်ဗျ။

ပြည်တွင်း/ပြည်ပ payment မျိုးစုံရှိတာမို့ Page Messenger ကနေတဆင့် လုံခြုံစိတ်ချစွာ ပါဝင်အားဖြည့်ပေးနိုင်ပါပြီဗျို့🥰

[ငွေအားမှ မဟုတ်ပါဘူး၊ RCSဖြင့်လဲ ပါဝင်အားဖြည့်နိုင်ပါတယ်ဗျို့]

[သတိ !  စိတ်မခိုင်သူများ ပုံကို မကြည့်ပါနဲ့။]🔺 ကျောက်တော် အိန္ဒိယဈေး 💥ကြဲခံရမှုမှာ သေဆုံးသူ ၅၀ ဦးဖြစ်သွားပါပြီ၊ ဒီထက်လဲ ...
29/09/2026

[သတိ ! စိတ်မခိုင်သူများ ပုံကို မကြည့်ပါနဲ့။]

🔺 ကျောက်တော် အိန္ဒိယဈေး 💥ကြဲခံရမှုမှာ သေဆုံးသူ ၅၀ ဦးဖြစ်သွားပါပြီ၊ ဒီထက်လဲ ပိုလာနိုင်ပါတယ်။ ဒဏ်ရာရက ၅၈ ဦးပါ။

🔺 ပုံထဲက ကလေးကတော့ ကိုယ်ဝန် ၉လရှိနေတဲ့ အသက် ၃၂ နှစ်အရွယ်မိခင် ဒေါ်ခင်မာနွယ် 💥ကြဲခံရမှုမှာ ပါသွားတာကြောင့် လောကကြီးကို မြင်ခွင့်မရတော့တဲ့ လူမမယ် ကလေးလေးပါ။

နေ့စဉ်နီးပါး စစ်ကောင်စီဟာ လေယာဉ်၊ လနကြီးများဖြင့် အညာ၊ ရခိုင်၊ ကရင်နီ၊ ချင်းစသဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်လေ့ရှိပါတယ်။

တိုက်ခိုက်မှုတိုင်းမှာလဲ ⚽မ/ ၆၈၀၀ တန်လေးတွေက လနကိုင်တွေကို တိုက်ခိုက်တာဖြစ်ကြောင်း၊ သူပုန်မရှိတဲ့ဒေသက အေးချမ်းမှာဆိုပြီး အကောင့်အတု၊ အစစ်အများအပြားနဲ့ ဝင်ပျော်ပြ၊ ဝင်မန့်လေ့ရှိပါတယ်။

များသောအားဖြင့် ဒီလိုလေယာဉ်တွေ၊ လနကြီးတွေနဲ့ ပြည်သူကို တိုက်ခိုက်မှုတွေဟာ အကြောက်တရားသွင်းတာ၊ စစ်ပွဲမှာ မနိုင်လို့ ရှုံးမဲမဲတာ၊ တော်လှန်ရေးတပ်များနဲ့ EAOတွေအတွက် အထောက်အပံ့ဖြစ်လာမှာဆိုးလို့ ရည်ရွယ်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။

၃ ယောက်ပေါင်း ၁ ခေါင်းမပြည့်တဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ အရိုးကို/က်လေးတွေ နားမလည်တာကတော့ အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့ ပြည်သူတွေဟာ စစ်ကောင်စီကို ဘယ်တော့မှ ထောက်ခံတော့မှာ မဟုတ်ဘူးဆိုတာပါပဲ။

ဘယ်သူကမှတော့ ကိုယ့်အိမ်၊ ကိုယ့်ဒေသကို 💥ကြဲဖျ/က်ဆီးနေတဲ့သူကို အားမပေးကြပါဘူး။ စစ်ကောင်စီသုံးတဲ့ 💥၁ လုံး၊ လနကြီး ၁ တောင့်ဟာ စစ်တပ်ကို ပြည်သူတွေ ပိုပြီးရွံမုန်းလာဖို့အတွက် လောင်စာတွေပါပဲ။

အရင်က ကိုယ့်မထိသေးလို့ ရှောင်နေတဲ့သူတွေ ရှိတယ်၊ အဆင်ပြေသလိုလေး နေနေတဲ့သူတွေ ရှိပါတယ်။ ဒီလိုလူတွေကို ထိလာတဲ့အခါ သူတို့တွေက ငြိမ်မနေကြပါဘူး။ အနည်းနဲ့အများ စစ်ကောင်စီကို ဆန့်ကျင်လာကြပါတယ်။တချို့ဆို တော်လှန်ရေးတပ်တွေထဲ ဝင်လာတဲ့သူတွေတောင် ရှိပါတယ်။ ဝေဝါးနေတဲ့သူတွေကလဲ ပြတ်ပြတ်သားသားကို ထောက်ခံလာကြပါတယ်။

တော်လှန်ရေးတပ်တွေ၊ EAOတွေကလဲ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကို ပြန်လည်တုန့်ပြန်လေ့ရှိသလို၊ အခုကျောက်တော်အတွက်လဲ AAက စစ်ကောင်စီကို ပြန်လည်တုန့်ပြန်ဦးမှာပါ။

ဒီလိုမျိုးအမှားတွေလုပ်၊ ဉာဏ်တိမ်နေလို့ စစ်ကောင်စီဟာ ၅နှစ်သား တော်လှန်ရေးကို အမြစ်မဖြတ်နိုင်နေတာပါ။ သူတို့လုပ်တတ်တာက ရွာတွေကို 🔥ရှို့၊ စစ်ရှောင်စခန်းတွေကို 💥ကြဲတာကလွဲရင် မရှိတာမို့လို့ တိုက်တိုင်းရှုံးနေကြတာပါ။

ကျွန်တော်တို့တွေ ဒီလိုအဖြစ်ဆိုးတွေ ‌အမြန်ဆုံးပြီးအောင် တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းအားဖြည့်ကြဖို့ လိုပါတယ်။ တော်လှန်ရေးတပ်တွေကို ကူမှမဟုတ်ပါဘူး။ စစ်ဘေးရှောင်တွေ၊ အကူအညီ‌လိုအပ်နေတဲ့သူတွေကို ကူခြင်းဟာလဲ တဖက်တလမ်းကနေ ပါဝင်အားဖြည့်နေခြင်းပါပဲ။

တော်လှန်ရေးခရီးဆိုတာ ဘယ်တော့မှ လွယ်ကူတယ်ဆိုတာမျိုး မရှိပါဘူး။ ဆုံးရှုံးမှုတွေလဲ ရှိသလို၊ ပေးဆပ်ရတာတွေ အများကြီးရှိပါတယ်။ ပေးဆပ်သွားတဲ့၊ ကြွေလွင့်သွားတဲ့ သူတွေအတွက် ကျွန်တော်တို့အားလုံး ဝမ်းနည်းရပါတယ်။
ပေးဆပ်သွားတဲ့ သူတို့တွေကြောင့် ကျွန်တော်တို့တွေ အောင်ပွဲတွေ အများကြီးရခဲ့သလို၊ နောက်ထပ်လဲ အများကြီးထပ်ရဖို့ ရှိပါတယ်။

ဒီခရီးကြီး နီးပါပြီ ။
အားလုံး အားတင်းထားကြပါ 💪

"အညာအတွက် မိုးကာရိက္ခာ နိုင်ရာကူပါ"အညာဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးရာသီမှာ အမိုးအကာမလုံလို့ ဒုက္ခရောက်ရတဲ့အထဲ၊ စစ်ကြ...
19/09/2026

"အညာအတွက် မိုးကာရိက္ခာ နိုင်ရာကူပါ"

အညာဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးရာသီမှာ အမိုးအကာမလုံလို့ ဒုက္ခရောက်ရတဲ့အထဲ၊ စစ်ကြောင်းတွေကြောင့် ဒုက္ခတွေ ပိုများလှပါတယ်။

ဒီလိုမျိုး အရေးပေါ်တိမ်းရှောင်ရတဲ့အခါ အဝတ်တထည်၊ ကိုယ်တခုနဲ့ ပြေးရတော့ အမိုးအကာအပြင် ရိက္ခာဆန်တွေလဲ လိုအပ်တာပေါ့ဗျာ။

ဒီလိုမျိုး အရေးပေါ်လိုအပ်ချက်တွေ ရှိနေတဲ့ အညာဒေသက စစ်ဘေးရှောင်ပြည်သူများအတွက် ကျွန်တော်တို့အားလုံး တဖက်တလမ်းကနေ ပါဝင်အားဖြည့်ဖို့အတွက် မိုးကာရိက္ခာကမ်ပိန်းလေး ပြုလုပ်လိုက်ရခြင်း ဖြစ်ပါတယ်ဗျ။

ပါဝင်ကူညီလိုသူများအနေဖြင့်

🔹 ဆန် ၁ ပြည် - ၅ ထောင်ကျပ်

🔹 ၁၅ပေပတ်လည် မိုးကာ ၁ ချပ် - ၃ သောင်းကျပ်

🔹 ဆန် ၂၄ ပြည် အိတ် - ၁ သိန်းကျပ်

စသဖြင့် ပါဝင်လှူဒါန်းနိုင်သလို၊ မိမိတို့တတ်နိုင်သလောက် ကြိုက်သလောက်ဖြင့်လဲ ပါဝင်အားဖြည့်ပေးနိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းတားဂတ်လေးကတော့ သိန်း( ၅၀ )ကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ကနေ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ရက်(၃၀)တိုင်တိုင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်ဗျ။

ပြည်တွင်း/ပြည်ပ payment မျိုးစုံရှိတာမို့ Page Messenger ကနေတဆင့် လုံခြုံစိတ်ချစွာ ပါဝင်အားဖြည့်ပေးနိုင်ပါပြီဗျို့🥰

[ငွေအားမှ မဟုတ်ပါဘူး၊ RCSဖြင့်လဲ ပါဝင်အားဖြည့်နိုင်ပါတယ်ဗျို့]

17/09/2026

"ရှေ့တန်းရိက္ခာ သိန်း၅၀၀" ကမ်ပိန်းမှာ ပါဝင်ပေးဖို့အတွက် ရဲဘော်‌များရဲ့ တိုက်တွန်းvideoလေးပါဗျ❤️

96soldier PDF - အညာတပ်ခွဲက ‌ရဲဘော်များအတွက် ရှေ့တန်းရိက္ခာ သိန်း၅၀၀ ကမ်ပိန်းလေး ပြုလုပ်နေပါတယ်ဗျ။

ပါဝင်လိုသူများအနေဖြင့်

🔹ဆီ ၁ ဘူး - ၂ သောင်းကျပ်

🔹ဆန် ၁ အိတ် - ၁ သိန်းကျပ်

စသဖြင့် ပါဝင်အားဖြည့်နိုင်ပါတယ်ဗျ။

အသေးစိတ်ကို အောက်က လင့်လေးမှာ ဝင်ကြည့်နိုင်ပါတယ်ခင်ဗျ။
https://www.facebook.com/100070627083097/posts/1099889429041950/

" ရှေ့တန်းရိက္ခာ သိန်း ၅၀၀ "မိုးရာသီဟာ ရဲဘော်တွေအတွက် ကြမ်းတမ်းခက်ခဲမှုတွေ အပြည့် ရှိနေတဲ့ ရာသီတခုပါပဲ။အခုလို မိုးရာသီရဲ...
09/09/2026

" ရှေ့တန်းရိက္ခာ သိန်း ၅၀၀ "

မိုးရာသီဟာ ရဲဘော်တွေအတွက် ကြမ်းတမ်းခက်ခဲမှုတွေ အပြည့် ရှိနေတဲ့ ရာသီတခုပါပဲ။

အခုလို မိုးရာသီရဲ့ဥတုဆိုးရွားမှုကို အံတုရင်း 96 Soldiers PDF - အညာတပ်ခွဲက ရဲဘော်တွေကတော့ မဟာမိတ်နဲ့အတူ ခြေသံလုံလုံ တိုက်ပွဲဝင်ရင်း အောင်ပွဲတွေ ရယူနေဆဲဖြစ်ပါတယ်။

အောင်ပွဲတွေ ရယူနေတဲ့ ရဲဘော်တွေအတွက် ရှေ့တန်းရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခုလို " ရှေ့တန်းရိက္ခာ သိန်း ၅၀၀" ကမ်ပိန်း ပြုလုပ်လိုက်ရခြင်း ဖြစ်ပါတယ်။

ဒီကမ်ပိန်းက ရရှိသမျှကို မဟာမိတ်နဲ့အတူ ခြေသံလုံလုံ တိုက်ပွဲဝင်ရင်း အောင်ပွဲတွေ ရယူနေတဲ့ 96 Soldiers PDF - အညာတပ်ခွဲက ရဲဘော်တွေရဲ့ ရှေ့တန်းရိက္ခာ လိုအပ်ချက်တွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်အားဖြည့်လိုသူတွေအနေနဲ့

🔹 ဆီ ၁ ဗူး - ၂ သောင်းကျပ်

🔹 ဆန် ၁ အိတ် - ၁ သိန်းကျပ်

စသဖြင့် မိမိအားသန်ရာကို ပါဝင်အားဖြည့်နိုင်သလို၊ မိမိတို့ ကြိုက်သလောက် တတ်နိုင်သလောက်ဖြင့်လည်း ပါဝင်ထောက်ပံ့နိုင်ပါတယ်။

ကမ်ပိန်းကို ၂၀၂၆ စက်တင်ဘာ ၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး၊ ကမ်ပိန်းတားဂတ်ကတော့ သိန်း( ၅၀၀ )ကျပ်ဖြစ်ပါတယ်။

ပြည်တွင်း/ပြည်ပ Payment မျိုးစုံ ရှိတဲ့အတွက် အဆင်ပြေတဲ့ Payment တွေနဲ့ ပေ့မက်ဆင်ဂျာမှာ လုံခြုံစိတ်ချစွာ ပါဝင်နိုင်ပါတယ်။

အညာဒေသက ရဲဘော်တွေအတွက် ငွေအားဖြင့်ဖြစ်စေ၊ RCS ဖြင့်ဖြစ်စေ ပါဝင်အားဖြည့်ပေးကြဖို့ တော်လှန်ပြည်သူများအား မေတ္တာရပ်ခံလိုပါတယ်။

" ဆက်သွယ်လှူဒါန်းနိုင်သော FRs များ "

To Comrades- ရဲဘော်များသို့
https://www.facebook.com/share/19gWN83MxF/?mibextid=wwXIfr

Spring CrowdFund (SCF)
https://www.facebook.com/share/19gWN83MxF/?mibextid=wwXIfr

Pan Sine -ပန်းဆိုင်
https://www.facebook.com/share/1CtEii4L3B/?mibextid=wwXIfr

96 Soldiers -အညာတပ်ခွဲ
https://www.facebook.com/share/1JN7ixsi4b/?mibextid=wwXIfr

စစ်ဘေးရှောင်ပြည်သူများအတွက် 🐍ဆိပ်ဖြေဆေး‌မိုးရာသီလဲ ဖြစ်ပြန်၊ ရေကလဲ ကြီးသွားသေးဆိုတော့ ဒါတွေကလဲ မရှိမဖြစ် လိုရောဗျာ။  ဒါ့...
05/09/2026

စစ်ဘေးရှောင်ပြည်သူများအတွက် 🐍ဆိပ်ဖြေဆေး

‌မိုးရာသီလဲ ဖြစ်ပြန်၊ ရေကလဲ ကြီးသွားသေးဆိုတော့ ဒါတွေကလဲ မရှိမဖြစ် လိုရောဗျာ။ ဒါ့ကြောင့် အညာဒေသက စစ်ဘေးရှောင်ပြည်သူများအတွက် 🐍ဆိပ်ဖြေဆေး အလုံး( ၇၀ )ထောက်ပံ့ပေးခဲ့ပါတယ်ဗျ။

ရေဘေးကမ်ပိန်းကနေ ကျန်ရှိနေတဲ့ ငွေပမာဏများနဲ့ အခုလိုထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်ဗျ🥰

အညာရေဘေးအတွက် ကျွန်တော်တို့TCမှ ( ၁၀၂ ) သိန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်ခင်ဗျာ🥰ပြည်သူမှ ပြည်သူဆီသို့ လိုအပ်နေသူတွေဆီ အမြန်...
31/08/2026

အညာရေဘေးအတွက် ကျွန်တော်တို့TCမှ ( ၁၀၂ ) သိန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်ခင်ဗျာ🥰

ပြည်သူမှ ပြည်သူဆီသို့ လိုအပ်နေသူတွေဆီ အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့ပါတယ်ဗျ။

အခုလို ထောက်ပံ့မှုတွေ ပြုလုပ်နိုင်အောင် ဝိုင်းဝန်းအားဖြည့်ပေးကြတဲ့ ပြည်သူတဦးတယောက်ချင်းစီကိုရော၊ မြေပြင်မှာ လုပ်အားဖြင့် ပါဝင်အားဖြည့်ကြသူတွေကိုရော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ❤️

အညာဒေသ ရေဘေးသင့်ပြည်သူများအတွက် 💛လိုအပ်တာတွေရလို့ ဘွားဘွားတွေ၊ ဒေါ်ဒေါ်တွေလဲ ပျော်‌နေကြတာပေါ့ဗျာ🥰အညာဒေသက ရေဘေးသင့် စစ်ရှ...
25/08/2026

အညာဒေသ ရေဘေးသင့်ပြည်သူများအတွက် 💛

လိုအပ်တာတွေရလို့ ဘွားဘွားတွေ၊ ဒေါ်ဒေါ်တွေလဲ ပျော်‌နေကြတာပေါ့ဗျာ🥰

အညာဒေသက ရေဘေးသင့် စစ်ရှောင်ပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပါတယ်ဗျ။ ဆန်၊ ဆီ၊ ဆား၊ မိုးကာ၊ ခြင်ထောင်နဲ့ ခြင်ဆေးခွေတွေပါ မျှဝေပေးခဲ့တာပါ။

အခုလို လိုအပ်တဲ့သူတွေဆီ ထောက်ပံ့နိုင်အောင် ဝိုင်းဝန်းအားဖြည့်ပေးကြတဲ့ တဦးတယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ဒါတွေက အညာဒေသ ရေဘေးကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်တွေပါ။ဒီလိုဆုံးရှုံးမှုတွေ များသွားတဲ့ စစ်ဘေးရ...
22/08/2026

ဒါတွေက အညာဒေသ ရေဘေးကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်တွေပါ။

ဒီလိုဆုံးရှုံးမှုတွေ များသွားတဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဖို့ ကျွန်တော်တို့ TCကနေ သိန်း( ၅၀ ) ထောက်ပံ့ထားပါတယ်ခင်ဗျ။

နေအိမ်လေးတွေ ပြန်ဆောက်မယ်၊ လိုအပ်တာလေးတွေ ပြန်ဖြည့်မယ်ပေါ့ဗျာ။ တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်ရမှာပေါ့လေ...

ဒါ့ကြောင့်လဲ ရေဘေးသင့်ပြည်သူများအတွက် ကမ်ပိန်းကို မရပ်ရသေးတာပါဗျ။ ရနိုင်သမျှ များများရှာပေး၊ ကူပေးချင်လို့ပါခင်ဗျာ❤️

ငွေအားတတ်နိုင်သူက ငွေအားဖြင့်/ အဆင်မပြေတဲ့သူများက RCSများဖြင့် ဝိုင်းဝန်းအားဖြည့်ပေးကြပါဦးဗျ။ ကမ်ပိန်းလင့်လေးက ကောမန့်မှာ ရှိပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ❤️အညာဒေသက ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာနဲ့ ခြင်ဆေးခွေတွေကို ပြည်...
19/08/2026

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ❤️

အညာဒေသက ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာနဲ့ ခြင်ဆေးခွေတွေကို ပြည်သူများရဲ့ဝိုင်းဝန်းထောက်ပံ့မှုဖြင့် ဝေမျှပေးခဲ့ပါတယ်ဗျ။

ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေတာတွေလဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်ခင်ဗျ။

အခုလို လိုအပ်နေတဲ့သူတွေဆီ တိုက်ရိုက်ရောက်အောင် ကူညီပေးကြသူ တဦးတယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရဲဘော်များသို့ - To Comrades posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share