Core Actions Support for Federal Democratic Burma

Core Actions Support for Federal Democratic Burma CAS_FDB group aims to support the Core Actions to accelerate the cessation of dictatorship in Myanmar and its transformation to a Federal Democratic Nation.

For the purpse of this mission, CAS_FDB is recognized by CRPH to collect donations on its behalf.

04/08/2026

-"အာရုံအလွဲမခံနဲ့ အချိန်ဆွဲမခံနဲ့ ။ တော်လှန်
ရေးဘက်မှာ SCEF ဦးဆောင်ကောင်စီဖွဲ့ပြီ လက်သွက်ခြေသွက်လှမ်းနေပြီ အနိုင်ယူရမည့်အခွင့်အရေးဗျ"- ဦးမင်းကိုနိုင်

04/08/2026

မေတ္တာရပ်ခံလိုတာကတော့ -

အတုအစစ် ငြင်းခုန် မနေကြပဲ -

နိုင်ငံရေး ၊ သံတမန်ရေး ၊ စစ်ရေး ဟန်ချက်ညီညီ

ဆက်လက်ဖိအားပေးကြဖို့ပါပဲ။

အန်တီ့ ရုပ်ပုံလွှာက ပေးတဲ့ ခွန်အားတွေ နဲ့ ရှေ့ဆက်

ချီတက်ကြဖို့ပါပဲ ။

ဩဂုတ် (၃) ၊ ၂၀၂၆။

My sincere appeal is this:

Rather than spending our time debating what is authentic and what is not,

let us remain focused on sustaining coordinated pressure—politically, diplomatically, and militarily.

Let us continue to draw strength from Auntie’s ( Our leader’s )enduring spirit and the inspiration she represents, and move forward together with determination.

3 August 2026

29/07/2026
18/07/2026
16/07/2026

SCEF၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို စုပေါင်းတွေ့ဆုံမှသာ မြန်မာ့နိုင်ငံ ရေး အခြေအနေကို မှန်ကန်စွာနားလည်နိုင်မည်ဟု NUG က အာဆီယံဥက္ကဋ္ဌကို ပြော

ရန်ကုန်၊ ဇူလိုင် ၁၆

မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စုပေါင်းခေါင်းဆောင်မှုယန္တရားဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် မဟာမိတ်အင်အားစုများကို တစ်စုတစ်စည်းတည်း တွေ့ဆုံဆွေးနွေးနိုင်မှသာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုတိကျစွာ နားလည်သဘောပေါက်နိုင်မည်ဖြစ်ပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဖြေရှင်းမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသို့ အသိပေး ပြောကြားသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်၊ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့ Video Conference ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြရာ NUG က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရေး ကြိုးပမ်းမှုများသည် ယခင်က မြန်မာ့အရေးနှင့် သက်ဆိုင်သူများကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေခဲ့သည့် တွေ့ဆုံဆွေးနွေးမှုများ၏ အဆက်အစပ်နှင့် ရရှိပြီးဖြစ်သော တိုးတက်မှုများအပေါ် အခြေခံ၍ ဆက်လက်တည်ဆောက်သွားရန် အရေးကြီးကြောင်း ပြောကြား သည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်များနှင့်လည်း အာဆီယံအထူးကိုယ်စားလှယ်က သီးခြားတွေ့ဆုံပြီးဖြစ်သည့်အတွက် ဒီမိုကရေစီအင်အားစုများ၏ တူညီသည့် သဘောထားများကို သိရှိပြီးဖြစ်မည်ဟု ယူဆကြောင်း ပြောဆိုသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စုပေါင်းခေါင်းဆောင်မှုယန္တရားဖြစ်သည့် SCEF နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများနှင့် မဟာမိတ်အင်အားစုများကို စုပေါင်း၍ တစ်စုတစ်စည်းတည်း တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုတိကျစွာ နားလည်သဘောပေါက်စေရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဖြေရှင်းမှုကို အထောက် အကူပြုမည်ဖြစ်ကြောင်း NUG က ပြောဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Core Actions Support for Federal Democratic Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Core Actions Support for Federal Democratic Burma:

Shortcuts

Share