B2B Brand Management Myanmar Edition Book By Philip Kotler

B2B Brand Management Myanmar Edition Book By Philip Kotler Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from B2B Brand Management Myanmar Edition Book By Philip Kotler, Community Center, No. 202, Tower C3, Parami Valley Residence, Hlaing Township, Yangon.

Historic Global Marketing Workshop In Myanmar.
22 August 2026
Lotte Hotel
Registration Link - https://forms.gle/RM4jAHg1rsdD73P86
Contact Number - 09 421000 546

🎓 MBA, Ph.D. နှင့် Private College များအတွက် သတင်းကောင်း Global B2B Brand Management" ကော်ပိုရိတ်ကျမ်းကြီးကို တရားဝင် ချ...
27/09/2026

🎓 MBA, Ph.D. နှင့် Private College များအတွက် သတင်းကောင်း

Global B2B Brand Management" ကော်ပိုရိတ်ကျမ်းကြီးကို တရားဝင် ချိတ်ဆက်ဝယ်ယူနိုင်ပါပြီ

"Historic Global Marketing Workshop" ပွဲကြီးတွင် မြန်မာ့ထိပ်သီး Business Leaders များ၏ လက်စွဲဖြစ်ခဲ့သော "Global B2B Brand Management (Myanmar Edition)" စာအုပ်ကြီးကို ယခုအခါ ပြည်တွင်းရှိ စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းများ၊ MBA, Ph.D. Program များနှင့် Private College များမှ တရားဝင် ချိတ်ဆက် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ဒီစာအုပ်ဟာ သာမန် စာသင်ခန်းတွင်း သီအိုရီသက်သက် မဟုတ်ဘဲ၊ ကမ္ဘာ့မားကတ်တင်းဖခင်ကြီး Professor Philip Kotler, Dr. Waldemar Pfoertsch နှင့် မြန်မာ့ဗျူဟာရှင် ဦးဇင်မင်းဝေ တို့ရဲ့ ခေတ်ရှေ့ပြေး မဟာဗျူဟာများကို မြန်မာ့မြေပြင်မှ Corporate Giants များ၏ လက်တွေ့ Case Studies များနှင့် အချိုးကျ ပေါင်းစပ်ထားသော "Practical Masterplan" တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပညာရပ်များကို သင်ကြားပို့ချနေတဲ့ တက္ကသိုလ်၊ ကောလိပ်များအနေနဲ့ မိမိတို့ရဲ့ ကျောင်းသား/သူများ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မယ့် B2B ဗျူဟာများ တပ်
ဆင်ပေးနိုင်ရန် အတွက် ရည်ရွယ်ပါတယ်။

ကျောင်းစာကြည့်တိုက်များအတွက် ဖြစ်စေ၊ သင်
ထောက်ကူ စာအုပ်အဖြစ် ကျောင်းသား/သူများ
အတွက် မှာယူလိုသော ပညာရေးအဖွဲ့အစည်းများအနေဖြင့် အထူးအစီအစဉ်များဖြင့် ချိတ်ဆက်ဝယ်ယူ
နိုင်ရန် 👇 အောက်က Link လေးကို နှိပ်ပြီး အလွယ်တကူ ဖောင်ဖြည့် မှာယူနိုင်ပါပြီ

🔗 Https://forms.gle/NmG6iw9jKnL2BvkJ8

Historic Global Marketing Workshop ပွဲကြီးကို တက်ရောက်ခဲ့ကြတဲ့ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေအတွက် သီးသန့် အထူးအခွင့်အရ...
12/09/2026

Historic Global Marketing Workshop ပွဲကြီးကို တက်ရောက်ခဲ့ကြတဲ့ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေအတွက် သီးသန့် အထူးအခွင့်အရေး တစ်ရပ်ကို ယူဆောင်လာခဲ့ပါပြီ

ပွဲတုန်းက ဆွေးနွေးခဲ့တဲ့ ကမ္ဘာ့အဆင့်မီ မဟာဗျူဟာတွေကို ကိုယ့်လုပ်ငန်းမှာ အချိန်မရွေး ပြန်လည်အသုံးချနိုင်ဖို့ Professor Philip Kotler, Dr. Waldemar Pfoertsch နဲ့ Myanmar Marketing Guru ဆရာဇင်မင်းဝေ တို့ ရေးသားထားတဲ့ "Global B2B Brand Management (First Myanmar Edition)Book" ကို တရားဝင် ဝယ်ယူနိုင်ပြီပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဝယ်ယူဖို့ဆိုရင် B2B Event ကြီးကို တက်ရောက်ခဲ့ကြောင်း အထောက်အထား (Event Ticket သို့မဟုတ် E-certificate) ကို ပြသပြီး ဝယ်ယူပေးရမှာ ဖြစ်ပါတယ်။

စာအုပ်အမျိုးအစားနဲ့ ကန့်သတ်အုပ်ရေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
🥇 Good Quality - 200,000 MMK (အုပ်ရေ ၂၀၀ သာ ရနိုင်ပါမည်)
🥈 Printing Quality - 150,000 MMK (အုပ်ရေ ၄၀၀ သာ ရနိုင်ပါမည်)

ဒီစာအုပ်ထဲမှာ ပြည်တွင်းပြည်ပက Real-world Case Studies တွေ၊ လုပ်ငန်းတွေအတွက် တကယ်အလုပ်ဖြစ်မယ့် Proven B2B Strategies တွေ၊ နိုင်ငံတကာခေါင်းဆောင်တွေဆီက Expert Insights တွေနဲ့ Practical Solutions တွေကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှာပါ။

အုပ်ရေ အရမ်းကို ကန့်သတ်ထားတာဖြစ်လို့ Limited Copies လေးတွေကို အခုပဲ အမြန်ဆုံး ဆက်သွယ်မှာယူလိုက်ပါ။
📞 ORDER NOW - 09 421 000 546 (သို့မဟုတ်)

Order တင်ရမည့် Link : https://forms.gle/NmG6iw9jKnL2BvkJ8

KOS Messenger သို့ တိုက်ရိုက် ဆက်သွယ်မှာယူနိုင်ပါသည်။

09/09/2026
📸 B2B Brand Management (First Myanmar Edition) Book Launch အခမ်းအနား ပုံရိပ်များပြီးခဲ့တဲ့ ဩဂုတ်လ (၂၂) ရက်နေ့က အောင်မြင်...
09/09/2026

📸 B2B Brand Management (First Myanmar Edition) Book Launch အခမ်းအနား ပုံရိပ်များ

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၂) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ Global B2B Brand Management စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို အမှတ်ရစေဖို့ မှတ်တမ်းတင်လိုက်ရပါတယ် ။

Professor Philip Kotler၊ Dr. Waldemar Pfoertsch နဲ့ ဆရာဇင်မင်းဝေ တို့ ပူးပေါင်းရေးသားထားတဲ့ ဒီစာအုပ်မိတ်ဆက်ပွဲကို တက်ရောက်အားပေးခဲ့ကြတဲ့ လုပ်ငန်းရှင်တွေ၊ Founders တွေနဲ့ ဧည့်သည်တော် တစ်ဦးချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ပွဲလေးကို ပိုမိုပြည့်စုံသွားစေခဲ့တဲ့ အခမ်းအနားက အမှတ်တရ ပုံရိပ်လေးတွေကို အခုပဲ ဝေမျှပေးလိုက်ရပါတယ် ✨

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၂) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ "Historic Global Marketing Workshop" ကို  တက်ရောက်ပေးခဲ့...
27/08/2026

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၂) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ "Historic Global Marketing Workshop" ကို တက်ရောက်ပေးခဲ့ကြတဲ့ လုပ်ငန်းရှင်များနဲ့ Corporate ခေါင်းဆောင်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ယခုအခါမှာတော့ ပွဲတက်ရောက်ခဲ့ကြသူများအတွက် ဂုဏ်ပြု မှတ်တမ်းတင် Official E-Certificates များနှင့် Workshop တွင် ဆွေးနွေးသွားခဲ့သော B2B Brand Management Presentation ဖိုင်များကို မကြာမီ အချိန်အတွင်း စနစ်တကျ ပေးပို့သွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။

ပေးပို့မည့် အစီအစဉ်အသေးစိတ်ကို မကြာမီ ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီး၊ မိမိတို့ ကြိုတင်စာရင်းပေးသွင်းထားသော အဆက်အသွယ်များ (ဖုန်း/Email) မှတစ်ဆင့် ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ တက်ရောက်ခဲ့ကြသူများအနေဖြင့် ဆက်လက် စောင့်မျှော်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

“Global B2B Brand Management (First Myanmar Edition)” စာအုပ်မိတ်ဆက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခြင်းနှင့် အထူးကျေးဇူးတင...
25/08/2026

“Global B2B Brand Management (First Myanmar Edition)” စာအုပ်မိတ်ဆက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခြင်းနှင့် အထူးကျေးဇူးတင်လွှာ

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သမိုင်းဝင် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာစေမည့် “B2B Brand Management (First Myanmar Edition)” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

ဤသမိုင်းဝင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ရန်အတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီ၊ အားပေးချီးမြှင့်ခဲ့ကြသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအသီးသီးအား လှိုက်လှဲစွာ အထူးပင် ကျေးဇူးတင်ရှိပါသည်။

📕ယခုစာအုပ်ဖြစ်မြောက်ရေးနှင့် စာအုပ်ထုတ်ဝေနိုင်ရန် လက်တွဲခေါ်ယူ လမ်းညွှန်ပေးခဲ့ကြသော Father of Modern Marketing Professor Dr. Philip Kotler၊ Father of B2B Brand Management Professor Dr. Waldemar Pfoertsch၊ အမြဲမပြတ် တွန်းအားပေးကူညီခဲ့သော Global Marketing Nexus ၏ Co-Founder Dr. Ahmad Kibria အပါအဝင် ယုံကြည်မှုအပြည့်ဖြင့် ထုတ်ဝေနိုင်ရန် အားပေးကူညီပေးခဲ့ကြသော Dr. Hla Tun Oo နှင့် Dr. Myint Myint Moe တို့အား အထူးကျေးဇူးတင် ဂါရဝပြုအပ်ပါသည်။

🤝စာအုပ်ဖြစ်မြောက်ရေး လူတွေ့အင်တာဗျူးများနှင့် ကဏ္ဍစုံတွင် အချိန်ပေး ပံ့ပိုးကူညီခဲ့ကြသော Diamond Sponsor ဖြစ်သည့် Rohto-Mentholatum Myanmar Co., Ltd. မှ ဒေါ်စန္ဒာရွှေ၊ Gold Sponsor များဖြစ်ကြသော YATHARCHO Industry Limited နှင့် Myanmar ZARLA Distribution Company Limited ၏ Founder & Managing Director ဦးဝေဖြိုး၊ မြန်မာ့ဩဘာလုပ်ငန်းစုမှ ဦးသတိုးဟိန်း နှင့်တကွ Silver Sponsor နှင့် လိုအပ်သည်များကို ကူညီပေးပါသောMESI Public Company ၏ Chairman ဆရာဇင်ဖြိုးပိုင် နှင့် အခြားသော ပါဝင်ပံ့ပိုးပေးခဲ့ကြသည့် Partner ကုမ္ပဏီများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

👏အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ချီးမြှင့် ဂုဏ်ပြုပေးကြသော အသင်းအဖွဲ့အသီးသီးမှ ဥက္ကဋ္ဌကြီးများ၊ လူကြီးမင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။

အခမ်းအနားသတင်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီရိုက်ကူး ထုတ်လွှင့်ပေးခဲ့ကြသော Sky Net Up To Date Channel နှင့် မီဒီယာအဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

💜အရာရာတိုင်းတွင် အမြဲစိတ်တူကိုယ်တူ တွန်းတိုက်အားပေးပြီး ပွဲဖြစ်မြောက်ရေး လုပ်ငန်းစဉ်အားလုံးကို နေ့မနားညမနား အတူတူ လက်တွဲလုပ်ဆောင်ပေးခဲ့သည့် ကျွန်တော့်ရဲ့ ချစ်ရပါသော ဇနီး ဒေါ်မေစန္ဒီလွင် နှင့်တကွ ကူညီဆောင်ရွက်ပေးခဲ့ကြသော အဖွဲ့သားများ အားလုံးကို ရင်ထဲမှ အထူးကျေးဇူးတင်ပါသည်။

ဤ “B2B Brand Management” စာအုပ်သည် မြန်မာ့စီးပွားရေးလောကမှ လုပ်ငန်းရှင်များ၊ မားကတ်တင်းပညာရှင်များနှင့် ပညာရေးလောကမှ မျိုးဆက်သစ်များအတွက် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတနှင့် မဟာဗျူဟာမြောက် လက်တွေ့အသုံးချ လမ်းညွှန်ကောင်းတစ်ခု ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။



ဘာကြောင့် မနက်ဖြန်ကျင်းပမယ့် ဒီသမိုင်းဝင်ပွဲကြီးကို C-Suite တွေ၊ Founders တွေ မဖြစ်မနေ တက်ရောက်သင့်တာလဲ?စီးပွားရေးလောကမှ...
21/08/2026

ဘာကြောင့် မနက်ဖြန်ကျင်းပမယ့် ဒီသမိုင်းဝင်ပွဲကြီးကို C-Suite တွေ၊ Founders တွေ မဖြစ်မနေ တက်ရောက်သင့်တာလဲ?

စီးပွားရေးလောကမှာ ကိုယ့်လုပ်ငန်းက သူများထက် ခြေတစ်လှမ်း နောက်ကျနေပြီလို့ ခံစားရရင်... ပြဿနာက ကြိုးစားအားထုတ်မှု နည်းနေလို့ မဟုတ်ဘဲ မှန်ကန်တဲ့ မဟာဗျူဟာ မရှိသေးလို့ပါ။

မြန်မာ့ဗျူဟာရှင် ဦးဇင်မင်းဝေ (King of Strategist) ကိုယ်တိုင် ဦးဆောင်ဆွေးနွေးမယ့် ဒီပွဲကြီးမှာ... ပြိုင်ဘက်တွေ မစဉ်းစားနိုင်တဲ့ Strategic Thinking၊ ဈေးကွက်ကို ထိုးဖောက်မြင်နိုင်မယ့် Market Insight၊ ဝယ်ယူသူကို ဗဟိုပြုတဲ့ Customer Focus နဲ့ လုပ်ငန်းခွင်မှာ တကယ်အလုပ်ဖြစ်မယ့် Practical Solutions တွေကို လက်တွေ့ကျကျ ဖွင့်ချပေးသွားမှာပါ။

ဒါ့အပြင် ကမ္ဘာ့ပညာရှင်ကြီးတွေနဲ့ သုံးပွင့်ဆိုင် ပူးပေါင်းရေးသားထားပြီး အပြင်မှာ လုံးဝဝယ်လို့မရတဲ့ B2B Brand Management (Myanmar Edition)
ကိုပါ ပွဲတက်ရောက်သူ ခေါင်းဆောင်တွေအတွက် သီးသန့် လက်ဝယ်ပိုင်ဆိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

မနက်ဖြန် (ဩဂုတ် ၂၂ ရက်) မှာ Lotte Hotel မှာ ခမ်းနားစွာ ကျင်းပတော့မှာဖြစ်လို့... ကိုယ့်လုပ်ငန်းကို Next Level ခေါ်သွားမယ့် ဒီအခွင့်အရေးအတွက် နောက်ဆုံးကျန်ရှိနေတဲ့ ခုံနေရာလေးတွေကို အခုပဲ အမြန်ဆုံး လှမ်းယူလိုက်ပါတော့။

📅 ရက်စွဲ - သြဂုတ်လ ၂၂ ရက်၊ ၂၀၂၆ (စနေနေ့)
📍 နေရာ - Lotte Hotel Myanmar (Yangon)
🎫 RESERVE YOUR SEAT NOW!
📞 Booking Phone - 09 421 000 546

Registration Link - https://forms.gle/RM4jAHg1rsdD73P86

Address

No. 202, Tower C3, Parami Valley Residence, Hlaing Township
Yangon
11131

Alerts

Be the first to know and let us send you an email when B2B Brand Management Myanmar Edition Book By Philip Kotler posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to B2B Brand Management Myanmar Edition Book By Philip Kotler:

Shortcuts

Share