30/09/2026
#ထောက်ပံ့အလှူငွေပေးအပ်ခြင်း
ရန်ကုန်မြို့နေ အသင်းသား တဦးဖြစ်သော ဦးအင်မင်သည် မျက်စိအမြင်မကောင်းပါသဖြင့် အလုံမြို့နယ်ရှိ သီရိမေမျက်စိဆေးရုံကြီးတွင် တက်ရောက်၍ ခွဲစိတ်ကုသမှု ခံယူနေရပါသည်။
ဦးအင်မင်သည် အသင်းဝင်ဖြစ်သည့်အပြင် အသင်းမှ သတ်မှတ်ထားသော လစဉ်ကြေးများပုံမှန်ထည့်ဝင်ခြင်း နှင့် အသင်း စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်နေသူဖြစ်သည်နှင့် အားလျော်စွာ အသင်းသားတိုင်း ခံစားခွင့်ပြုထားသည့် ခံစားခွင့်အတိုင်း ထောက်ပံ့ငွေတစ်သိန်းကျပ်ကို အတွင်းရေးမှူး ဒေါ်ခင်နွဲ့ကြည်မှ သွားရောက်လှူဒါန်းပေးအပ်ခဲ့ပါသည်။
ဦးအင်မင်သည် အမြန်ဆုံး ပြန်လည် သက်သာလာပြီး မိသားစုများပျော်ရွှင်စွာဖြင့် အများအကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။
အသင်းသားအားလုံး သာဓုခေါ်ဆိုနိုင်ရန် ဝေမျှအပ်ပါသည်။