No-1 Basic Education High School Thingangyun Students' Union - ABFSU

  • Home
  • Myanmar
  • Yangon
  • No-1 Basic Education High School Thingangyun Students' Union - ABFSU

No-1 Basic Education High School Thingangyun Students' Union - ABFSU B.E.H.S(1) Thingangyun

20/09/2025
ဒီနေ့ ဖီထွန်း ထွက်သွားတာ ၄နှစ်ပြည့်ပြီ။
27/03/2025

ဒီနေ့ ဖီထွန်း ထွက်သွားတာ ၄နှစ်ပြည့်ပြီ။

08/08/2024

ရှစ်လေးလုံးအရေးတော်ပုံကာလ ကျောင်းသားညီညွတ်ရေးတပ်ဦး ခေါင်းဆောင်ဟောင်း တဦး၏
သပိတ်တိုက်ပွဲကော်မတီများနှင့် ပြည်သူသို့ပန်ကြားချက်

ရဲဘော်တို့ -

ဒီကနေ့ဟာ ကျောင်းသား၊ ရဟန်းသံဃာ၊ ပညာတတ်လူတန်းစား၊ စာပေအနုပညာရှင်များနဲ့ ပြည်သူအားလုံးတို့ရဲ့ နေဝင်းအာဏာရှင်စနစ်ကို တွန်းလှန်ပြီး ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတရပ် ဆင်နွဲနေချိန်ဖြစ်တယ်။ တိုက်ပွဲဒီရေအရှိန်အဟုန်ဟာ တနေ့တခြား မြင့်မားတိုးတက်လာတဲ့အလျှောက်၊ ရန်သူဟာကြောက်ဒူးတုန်ပြီး ပြည်သူကိုနည်းမျိုးစုံနဲ့ လှည့်စားကာ၊ အာဏာတည်မြဲရေးကို ကြိုးစားနေချိန်လဲဖြစ်တယ်။ ပြည်သူတွေဟာ ဒီတော်လှန်ရေး အဆင့်ကိုရောက်ဖို့အတွက် အသက်ပေါင်းများစွာကို စတေးခဲ့ကြရပြီးလည်း ဖြစ်တယ်။ ဒါပေမဲ့ အာဏာရှင်နေဝင်းဟာ အပြီး တိုင်ကျဆုံးသွားခြင်း မဟုတ်သေးဘူး။ ကုလားကာနောက်ကွယ်ကနေပြီး အောက်လမ်းဆရာကြီးအဖြစ် ကြိုးကိုင်နေဆဲပဲရှိသေးတယ်။ ပထမလူသတ်သမား စိန်လွင်ကို ဓါးစာခံလုပ်ပြီး လူသတ်ခိုင်းတယ်။ ပြည်သူက နောက်မဆုတ်တမ်း အသက်စတေးပြီး ဆက်လက်တိုက်ပွဲဝင်တဲ့အခါ မောင်မောင်ကို နတ်ကတော်လုပ်ခိုင်းပြီး၊ နတ်သံနှောကာ ပြည်သူကိုလှည့်စားဘို့ လုပ်နေတယ်။ မောင်မောင်ဟာ ဘယ်သူလဲ? ။ ဒေါ်ခင်မေသန်း၊ ရတနာနတ်မယ်၊ ဒေါ်နီနီမြင့်တို့နဲ့ နေဝင်းဟာ လင်မယားကွာလိုက် - ပြန်ပေါင်းလိုက်လုပ်တိုင်း လင်ကွာမယားကွာရေးတဲ့ သူတဦးပဲဖြစ်တယ်။ “ဟိုကပ်ဒီကပ် ဆိတ်လစေ့မောင်မောင်အတက်” ဆိုဒါမျိုး ဖြစ်တဲ့ နေဝင်းက လင်ကွာမယားကွာ ဥပဒေပညာရှင်အဖြစ် အဆုံးချခဲ့တဲ့ ခြံပေါက်အိမ်တော်ပါကျွန်တဦးဖြစ်တယ်။ စန်းယု၊ စိန်လွင်၊ မောင်မောင်တင် မဟုတ်ဘဲ ကျန်တဲ့ (မ.ဆ.လ) ထိပ်သီးဝင်ဗိုလ်တွေဟာ နေဝင်း အာဏာရှင်စနစ်ရဲ့ ရုပ်သေးများ၊ တနည်းအားဖြင့် နေဝင်းကအလီဘာဘာဖြစ်ရင်၊ သူတို့ကခိုးသားလေးဆယ်ပဲ ဖြစ်တယ်။ ဒါပေမဲ့ စိန်လွင်က လူသတ်တဲ့နေရာမှာ တဘက်ကမ်းခက်သလို မောင်မောင်ကတော့ ပြည်သူကိုလှည့်စားတဲ့ နေရာမှာ ဧတဒက်ရနိုင်တယ်ဆိုတာကို သတိထားရပါမယ်။

ရဲဘော်တို့ -

၂၆ နှစ်လုံးလုံး အာဏာရခဲ့တဲ့ နေဝင်းအလီဘာဘာနဲ့ ခိုးသားလေးဆယ်ဟာ လွယ်လွယ်နဲ့ အာဏာကိုစွန့်လွတ်မှာ မဟုတ်ဘူး။ ဒီနေ့ထိ ကျွန်တော်တို့ ပြည်သူတွေရဲ့ တိုက်ပွဲအရှိန်ကြောင့် (မ.ဆ.လ) ပါတီဟာ၊ ဥက္ကဌနှစ်ဦး ပြုတ်တာနဲ့ အချို့ထုတ်ရတာဘဲရှိသေးတယ်။ ဆင်းပေးဖို့ လုံးဝ စိတ်မကူးသေးဘူး။ လှည့်စားပြီး အာဏာတည်မြဲဖို့ ကြံစည်နေတုံးဘဲရှိသေးတယ်။ ဆန္ဒပြပြီး ပြည်သူ့တော်လှန်ရေးကြီးတရပ်ဆင်နွှဲနေတာကိုတောင်မှ ဆူပူသူများလို့ ခေါ်တုန်းရှိသေးတယ်။ အင်္ဂလိပ်နယ်ချဲ့သမားအတိုင်းပဲ၊ ရန်သူဟာ ပြည်သူကို လှည့်စားပြီး တော်လှန်ရေးအင်အားစုတွေပြိုကွဲအောင် နည်းအမျိုးမျိုးနဲ့ လုပ်အုံးမှာပဲ။ ဒိုင်အာခီ (ဟုမ္မရူး) တွဲရေးခွဲရေး စတဲ့ အင်္ဂလိပ်နယ်ချဲ့သမားရဲံ ပရိယာယ်ကြောင့် ဂျီစီဘီအေစတဲ့ နိုင်ငံရေးအင်အားစုတွေပြိုကွဲခဲ့တာကို ကနေ့ ကျွန်တော်တို့ တော်လှန်ရေးသတိရှိရှိနဲ့ သင်ခန်းစားယူကြရပါမယ်။

ကနေ့လဲ မောင်မောင်ဟာ အရေးပေါ်ပါတီညီလာခံ၊ အရေးပေါ်လွှတ်တော်၊ ဆန္ဒခံယူပွဲ ဘာညာစသည်ဖြင့် လှည့်စားအုံးမှာကို ကျွန်တော်တို့ တော်လှန်ရေးသတိနဲ့ ပြည်သူ့ဆန္ဒလေ့လာရေး အဖွဲ့ကို တိုက်ထုတ်သလို သူတို့ရဲ့ လှည့်စားမှုမှန်သမျှ၊ ရှောမွေးဖြစ်သွားအောင် ကျဆုံးသွားအောင် တိုက်ထုတ်ရလိမ့်မယ်။

ဒါကြောင့်ရဲဘော်တို့ -

ကျွန်တော်တို့ရှေ့ဆက် ဘယ်လိုတိုက်ပွဲဝင်ကြမလဲ။ ဒီမေးခွန်းဟာ အင်မတန်အရေးကြီးပါတယ်။ ပြည်သူ့တော်လှန်ရေးဟာ တနေ့တခြားမြင့်မားလာပြီး၊ လမ်းဆုံလမ်းခွလို့ ဆိုရမဲ့ (၁) အာဏာရနိုင်တယ်၊ (၂) ရန်သူရဲ့လှည့်စားမှုထောင်ချောက်ထဲဝင်သွားပြီး ပြိုကွဲကျဆုံးသွားနိုင်တယ်ဆိုတဲ့ လမ်းဆုံးလမ်းခွကို ရောက်နေပြီလို့ ကျွန်တော်သုံးသပ်မိပါတယ်။ ဒါကြောင့်ပြည်သူတွေအာဏာရဘို့ လက်တလှမ်းအလိုမှာ အသက်သွေးနဲ့ စတေးပြီး ရလာတဲ့ပြည်သူ့တော်လှန်ရေးကြီးကို ရန်သူ (မ.ဆ.လ) မောင်မောင်တို့ရဲ့ လှည့်စားမှုကြောင့် ပြိုကွဲတာမျိုးလုံးဝ အဖြစ်မခံနိုင်ပါဘူး။ ဒီတော့ ကျွန်တော်တို့ဘာလုပ်ကြမလဲ။ နိုင်ငံနဲ့ အဝှမ်းတော်လှန်ဆန္ဒပြနေတာတွေကို တမျိုးသားလုံး စုစည်းပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရပါ့မယ်။ ဒါကြောင့် ကျွန်တော်တို့ မဟာဗျူဟာတရပ်ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ဘာအတွက် တော်လှန်နေကြတာလဲ။ နေဝင်း ဖက်ဆစ်အာဏာရှင်အုပ်စိုးမှုအောက်က လွတ်မြောက်ပြီး ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတရပ်ဆင်နွဲနေတာဖြစ်တယ်။ ဒီတော်လှန်ရေးအောင်မြင်ရင် ဒီမိုကရေစီပြည့်ဝတဲ့ မြန်မာပြည်သစ်တည်ထောင်ရေးပဲ ဖြစ်တယ်။ ဒီတော်လှန်ရေး‌အောင်မြင်ဖို့အတွက် ဘယ်လိုလှုပ်ရှားမလဲ။ တနည်းအားဖြင့် ဘယ်လိုနည်းဗျူဟာမျိုးထားမလဲဆိုတာလိုလာပါတယ်။ မြို့တိုင်းနယ်တိုင်းမှာ ရှိတဲ့ သပိတ်တိုက်ပွဲများမှာပါဝင်တဲ့ ကျောင်းသား၊ ရဟန်းသံဃာ၊ ပညာတက်လူတန်းစား၊ စာပေအနုပညာရှင်နဲ့ ပြည်သူများက အမျိုးသားညီလာခံကိုယ်စားလှယ်များရွေးချယ်ပြီး တပြည်လုံးပါဝင်တဲ့အမျိုးသား ညီလာခံတရပ်ကျင်းပရမယ်။ ဒီညီလာခံကမှ ယာယီအမျိုးသားအစိုးရကိုဖွဲ့ပြီး ရွေးကောက်ပွဲကျင်းပရေး၊ အခြေခံဥပဒေအသစ်ရေးဆွဲရေးနဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရဖွဲ့စည်းပြီး၊ ဒီမိုကရေစီပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာပြည်သစ်ကို တည်ထောင်ကြမှာ ဖြစ်ပါတယ်။ ဒါမှပဲ နေဝင်းတို့ထားခဲ့တဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝကလွတ်မြောက်မှာဖြစ်ပါမယ်။ မြန့်မာ့သမိုင်းမှာ နေဝင်း အာဏာရှင်စနစ်ရဲ့ (၂၆) နှစ်တာကာလကို မြန်မာပြည်ရဲ့ အမှောင်ခေတ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲအောင်ဖို့အတွက် ကျွန်တော်တို့ဟာ (မ.ဆ.လ) ပါတီရဲ့ ဆောင်ရွက်ချက်မှန်သမျှသပိတ်တိုက်ပွဲနဲ့ တုံ့ပြန်ဆန့်ကျင်တိုက်ခိုက်ကြရပါ့မယ်။ ဘာလှည့်စားမှုကိုမှ လက်မခံဘဲ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရပါမယ်။ ဒါကြောင့် နေဝင်းဟာ (၂၆) နှစ်အမှောင်ခေတ်ဖန်တီးခဲ့တဲ့ သမိုင်းတရားခံဘဝကလွတ်အောင် နက်ကတော် မောင်မောင်ကတဆင့်၊ နတ်သံနှောပြီး လှည့်စားတာကို နားမယောင်ပဲ၊ ပြည်သူ့တိုက်ပွဲအရှိန်အဟုန်ကို ဆက်လက်တိုးမြင့်တိုက်ပွဲဝင်သွားကြဖို့ ကျွန်တော်အလေးအနက်ပန်ကြားအပ်ပါတယ်။ ဒါကြောင့် အတိုချုပ်အားဖြင့် ကျွန်တော်ဒီလိုပန်ကြားအပ်ပါတယ်။

ထားရမယ့် မဟာဗျူဟာ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနဲ့ ‌ဗမာပြည်သစ်တည်ဆောက်ရေးလုပ်ရမယ့် နည်းဗျူဟာ
(၁) မ-ဆ-လပါတီ လုံးဝဖျက်သိမ်းရေးအတွက် မ-ဆ-လပါတီရဲ့ လုပ်ရပ်မှန်သမျှ သပိတ်တိုက်ပွဲဖြင့် ဆန့်ကျင်တိုက်ခိုက်ရေး။
(၂)နယ်တိုင်း၊မြို့နယ်တိုင်းမှ အမျိုးသားညီလာခံ ကိုယ်စားလှယ်များ ရွေးချယ်၍ နိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံကျင်းပရေး။
(၃) အမျိုးသားညီလာခံကြီးမှ ယာယီအမျိုးသားအစိုးရဖွဲ့စည်းရေးတို့ဖြစ်ပါတယ်။ ဒါနဲ့အတူ နေဝင်းရဲ့နောက်လိုက်တွေဟာ သူတို့ရဲ့အာဏာတည်မြဲရေးအတွက် တပ်မတော်ကို နောက်ကွယ်မှာ ဝှက်မဲအဖြစ် သိမ်းထားကြတယ်။ တပ်မတော်ဟာ နယ်ချဲ့တော်လှန်ရေး ဖက်ဆစ်တော်လှန်ရေးတို့က ပေါက်ဖွားလာခဲ့တဲ့ အစဉ်အလာရှိခဲ့ပေမဲ့၊ကနေ့ပြည်သူကိုပစ်သတ်နေတဲ့ အာဏာရပါတီရဲ့ ဖိနှိပ်ရေး ယန္တယားတခုဖြစ်နေတယ်။ဒါ့ကြောင့် ကျနော်တို့ပြည်သူ့တော်လှန်ရေးအင်အားစုက တပ်မတော်ကိုမေးရပါလိမ့်မယ်။ပြည်သူ့ဘက်ကိုလိုက်တဲ့ပြည်သူရဲ့တပ်မတော်လား။ ပြည်သူကိုဖိနှိပ်တဲ့ အာဏာရပါတီရဲ့ ဖိနှိပ်ရေးယန္တယားအဖြစ် ပြည်သူ့ဆန့်ကျင်ရေးကိုလုပ်မလားဆိုတာ တပ်မတော်ကဖြေဘို့လိုပါလိမ့်မယ်။ အောက်ခြေရဲဘော်တွေဟာ ပြည်သူတွေလိုဘဲ ဆင်းရဲဖိနှိပ်ခံနေရတယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဗိုလ်မှူးကြီးများနဲ့ အထက်စစ်ဗိုလ်တွေကတော့ မ-ဆ-လ ပါတီကိုဖက်တွယ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲ ပြည်သူတွေကပြစ်ချဆုံးမတဲ့အထိ မိုက်တွင်းမနက်ကျဘို့သတိပေးလိုပါတယ်။နိဂုံးချုပ်အနေနဲ့ ကနေ့တိုက်ပွဲရဲ့ ကြွေးကြော်သံအဖြစ်
" သပိတ်၊သပိတ် --- မှောက်မှောက်
မ-ဆ-လပါတီဖျက်သိမ်းရေး--- ဒို့အရေး၊ဒို့အရေး
အမျိုးသားညီလာခံကျင်းပရေး--- ဒို့အရေး ၊ဒို့အရေး
ယာယီအစိုးရဖွဲ့စည်းရေး --- ဒို့အရေး၊ ဒို့အရေး
‌ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး --- အောင်ရမည်၊ အောင်ရမည်
ဗမာပြည်သစ်တည်ဆောက်ရေး --- အောင်ရမည်၊အောင်ရမည် "
ဆိုတာတွေကို ကျွန်တော်အဆိုပြုပန်ကြားအပ်ပါတယ်။

နေဝင်းနဲ့နောက်လိုက်တချို့ကို မားကိုစ့်လို ထွက်မပြေးနိုင်အောင်ဝိုင်းဖမ်းကြပါစို့။ပြည်သူ့ခုံရုံးတင်စစ်ဆေးကြပါစို့။ပြည်သူတို့ရဲ့ထိုးနှက်တိုက်ခိုက်မှုကြောင့် ယိုင်လဲနေပြီဖြစ်တဲ့ မဆလပါတီကို အပြီးတိုင်ချေမှုန်းကြပါစို့။

⬛ ကျောင်းသားညီညွတ်ရေးတပ်ဦး
ခေါင်းဆောင်ဟောင်းတစ်ဦး
မန္တလေးမြို့
၂၄-၈-၈၈

{ ၈၈၈၈ အရေးတော်ပုံကြီး ၃၆နှစ်ပြည့်အထိမ်းအမှတ်အတွက် ဩဂုတ်လ ပထမရက်သတ္တပတ်လုံး ရှစ်လေးလုံး အမှတ်တရ ဆောင်းပါးများကို အိုးဝေမှ တင်ဆက်ပေးသွားမည် ဖြစ်သည်။ }

#ရှစ်လေးလုံးအရေးတော်ပုံ #ကျောင်းသားညီညွတ်ရေးတပ်ဦး

⬛ လူသတ်ဝါဒကို ဆန့်ကျင်ကြ ရေးသူ - တာ၀န်ခံ အယ်ဒီတာ ( ငါတို့ခေတ် ဂျာနယ် ) ဗကသကျောင်းသားရဲဘော် ကိုမြင့်မြတ်ဦးသည် လူသတ်ဝါဒီတိ...
11/07/2024

⬛ လူသတ်ဝါဒကို ဆန့်ကျင်ကြ

ရေးသူ - တာ၀န်ခံ အယ်ဒီတာ ( ငါတို့ခေတ် ဂျာနယ် )

ဗကသကျောင်းသားရဲဘော် ကိုမြင့်မြတ်ဦးသည် လူသတ်ဝါဒီတို့၏လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရလေပြီ။ ကျူးလွန်သူ တရားခံမှာ မည်သူမည်ဝါဟူ၍ ယခုအချိန်တွင် မပြောနိုင်သေးသော်လည်း အမှန်တရားသည် မုချပေါ်ပေါက်ရမည်။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ(INUG) ၏ အုပ် ချုပ်ရေး ယန္တရားများဖြစ်သော ပအဖ၊ ပကဖနှင့် ပလဖအဖွဲ့များသို့ အမှုမှန်ပေါ် ပေါက်ရေးနှင့် ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်က တရား၀င်တောင်းဆိုထားစေကာမူ ယခုအချိန်အထိ တစ်စုံတစ်ရာအကြောင်းပြန်ခြင်းမျိုး မရှိသေးပါ။ ထို့ပြင် ပြည်ထဲရေးနှင့်လူ၀င်မှုကြီးကြပ်ရေးဌာန၊ ကာကွယ်ရေး၀န်ကြီးဌာနနှင့် ပညာရေး၀န်ကြီးဌာနများသို့ လည်း အိတ်ဖွင့်ပေးစာတစ်ရပ်ဖြင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် ဗကသများအဖွဲ့ချုပ်က တရား၀င်တောင်းဆိုထား သည်။ မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို စောင့်ကြည့်သွားမည် ဖြစ်ပြီး မှန်ကန်သောစစ်ဆေးမှုနှင့် တရားသောအပြစ်ပေးအ ရေးယူမှုကိုသာ ဗကသများအဖွဲ့ချုပ်က လိုလားသည်ဖြစ်ရာ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ(INUG)၏ ‌စုံစမ်း အရေးယူမှုအပေါ် စောင့်ကြည့်သွားမည်ဖြစ်သည်။

ဗကသရဲဘော်ကိုမြင့်မြတ်ဦးသည် မတရားဖိနှိပ်သတ်ဖြတ်ခံရမှု၏ ပြယုဂ်တစ်ခုဖြစ်ခဲ့ပြီ။ နောက်ကွယ်ကကြိုးကိုင်သူများရှိခဲ့သော် ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားထုသည် ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်သွားမည်ဖြစ်ပြီး မိဘ ပြည်သူတို့ထံ ဖြစ်စဉ်ကိုရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။ စိုးမိုးနယ်မြေများကျယ်ပြန့်လာခြင်းအပေါ် ဂုဏ်ယူစွာ မကြာခဏထုတ်ဖော်ပြောဆိုနေသော INUG သည် နယ်မြေစိုးမိုးမှု ဟူသည့် သဘောတရားကို အမှန်တကယ်နားမလည်သေး ကြောင်းကို ကိုမြင့်မြတ်ဦးနှင့် အလားတူဖြစ်စဉ်ဖြစ်ရပ်များ က သက်သေပြခဲ့လေပြီ။ နယ်မြေစိုးမိုးမှုဟူသည် သက်‌ဆိုင် ရာနယ်မြေရှိ ပြည်သူလူထု၏ ပြဿနာများကို ပြေလည် သည်အထိ ဖြေရှင်းခြင်း၊ နယ်မြေအတွင်း ဖြစ်ပေါ်လေ့ရှိ သော ခိုးမှု၊ဓားပြမှုကစ၍ မုဒိန်းမှု၊လူသတ်မှုအထိ ရာဇ၀တ်ပြစ်မှုအဆင့်အမျိုး မျိုးကို ပေါ်ပေါက်မလာစေရန် ငြိမ်၀ပ်ပိပြား‌စေခြင်း၊ လိုအပ်သော တရားစီရင်မှုကို ပြုလုပ်ခြင်းတို့ကို အလုပ်အားဖြင့်ကျယ်ပြန့်စေမှ နယ်မြေစိုးမိုးမှုရရှိသည်ဟု တထစ်ချ ပြောနိုင်ပေလိမ့်မယ်။ ဗကသကျောင်းသားရဲဘော် ကိုမြင့်မြတ်ဦး၏ ဖြစ်စဉ်သည် ပြည်သူ့အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ကြွေးကြော်လျက်ရှိသော ယန္တရား များကို စိန်ခေါ်‌လိုက်ခြင်းဖြစ်သည်ဟူ၍ အားလုံးက နား လည်ထားသင့်သည်။

ထို့ပြင် ၀က်လက်မြို့နယ်အတွင်း ယခုကဲ့သို့ လူသတ်မှုဖြစ် စဉ်သည် မရှေးမနှောင်းကပင် ရှိခဲ့ပြီးဖြစ်၏။ ၀က်လက်မြို့ နယ် သခွတ္တောရွာနေ မယုမွန်ထက်သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် မိဘများရှေ့မှောက်၌ပင် အသတ်ခံခဲ့ရသည်။ ထိုလူသတ်မှုဖြစ်စဉ်၏ တရားခံမှာ ၀က်လက်မြို့နယ် PDF တပ်ရင်း ၂ မှတပ်စိပ်မှူးဆိုသူဖြစ်ပြီး မျက်မြင်သက်သေများ သိသာထင်ရှားသော်လည်း တရားခံကိုတရားစီရင်မှုနှင့်ပတ် သက်ပြီး ပွင့်လင်းမြင်သာခြင်းမရှိသည့်အပြင် နောက်ဆက် တွဲဖြေရှင်းချက်ကိုလည်း ကာကွယ်ရေး၀န်ကြီးဌာနဘက်က ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ဗကသကျောင်းသားရဲဘော်ကိုမြင့် မြတ်ဦး၏ ဖြစ်စဉ်သည်လည်း အထက်ပါကဲ့သို့ ပွင့်လင်းမြင် သာမှုမရှိခြင်းနှင့် နောက်ဆက်တွဲဖြေရှင်းချက်ထုတ်ပြန်ခြင်း တို့မရှိဘဲ တိမ်မြှုပ်ပျောက်ကွယ်သွားမည်ကို ဗကသများအဖွဲ့ ချုပ်အနေဖြင့် မလိုလားပါ။ တရားခံသည် ရပ်ရွာအတွင်းနေ ထိုင်သူ အရပ်သားပင်ဖြစ်ဖြစ် (သို့မဟုတ်) INUG ၏ ညွှန် ကြားချက်များအောက်တွင် ဖွဲ့စည်းတည်ရှိနေသော အုပ်ချုပ် ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်းများအတွင်းမှ ဖြစ်ဖြစ် တရားစီရင်မှုသည် ကျောင်းသားထုနှင့် လူထုရှေ့ မှောက်တွင်ပြုလုပ်သော ပွင့်လင်းမြင်သာသည့် တရားစီရင် မှုသာလျှင် ဖြစ်ရမည်။

အဘယ့်ကြောင့် ကျွန်ုပ်တို့သည် ဤကဲ့သို့စွပ်စွဲပြောဆိုမှုဆန် နေရသနည်းဟု မေးလာသော် သတိထားစရာနောက်ခံအဖြစ် အပျက်တချို့ကို ထုတ်ဖော်‌ပြောဆိုရလိမ့်မည်။ ကိုမြင့်မြတ် ဦးသတ်ဖြတ်ခြင်းခံရသည့် စိုင်နိုင်ကြီးရွာတွင် ၂၀၂၄ ခု၊ ဇန်နဝါရီ ၄ ရက်၌ ၀က်လက်မြို့နယ်ကျောင်းသားများသမဂ္ဂကဦးဆောင်သော လူထုဆန္ဒပြပွဲတစ်ခု၌ ရပ်ရွာပအဖတာ၀န် ခံသည် အသံမိုင်းခွဲခြင်းဖြင့် လူထုဆန္ဒပြပွဲကို ဖြိုခွဲရန်ကြိုး စားခဲ့သည်။ ထိုမျှသာမကသေး ထိုတာ၀န်ခံသည် PDF တပ်ရင်းအမှတ် ၂၃ တပ်ခွဲ ၁ ကိုခေါ်ယူပြီး ကျောင်းသားသမဂ္ဂအဖွဲ့၀င်များကို လက်နက်ဖြင့်ချိန်ရွယ်ခြင်း၊ ခြိမ်း ခြောက်လိုသော ရည်ရွယ်ချက်ရှိရှိ လူအုပ်ဖြင့်အင်အားပြ ဝိုင်းခြင်းအစရှိသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ဖူး၏။ ထို အချိန်က စေ့စပ်ညှိနှိုင်း၍ပြေလည်ခဲ့ပြီး စိုင်နိုင်ကြီးရွာ၌ ထိုဖြစ်စဉ်မျိုးနောက်နောင်ထပ်မံမပေါ်ပေါက်စေရန် ခံ၀န် ကတိထိုးခဲ့ပြီးဖြစ်၏။ ထို့ပြင် ကိုမြင့်မြတ်ဦးသည် ၀က် လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့၀င်နှင့် အခြေခံ ပညာကျောင်းသားများသမဂ္ဂ - စိုင်နိုင်ကြီး၏ အထွေထွေ အတွင်းရေးမှူးတာ၀န်ကို ယူထားကာ အထက်ပါစိုင်နိုင်ကြီးဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့သော ကျောင်းသားရဲဘော်တစ်ယောက်ဖြစ်သည်။ ၀က်လက်မြို့နယ်ကျောင်းသားများသမဂ္ဂနှင့်ကျောင်းသားရဲဘော်များအပေါ် ရန်ရှာဖူးသော စိုင်နိုင်ကြီး ရွာပအဖတာ၀န်ခံနှင့် အပေါင်းအပါများကိုလည်း လိုအပ်သလိုစစ်ဆေးရန် တာ၀န်ရှိပေသည်။ တရားစစ်ဆေးခြင်း၏ အလုပ်သည် မည်သို့သောအစွဲမှထားရှိခြင်းမရှိဘဲ သံသယရှိသူတိုင်းကို စစ်ဆေးရန်ဖြစ်၏။

အငြိုးအတေးဖြင့် လူသတ်ခြင်းသည် ရာဇ၀တ်မှုဖြစ်၏။ နိုင်ငံရေးအာဃာတဖြင့် လူသတ်ခြင်းသည် လူသတ်ဝါဒဖြစ် ၏။ ရာဇ၀တ်မှုသည် နိုင်ငံတော်၏ပြည်တွင်းလုံခြုံမှုပျက် ပြားနေခြင်းကြောင့် ဖြစ်တတ်၏။ လူသတ်ဝါဒသည်ကား တစ်စုံတစ်ရာသော နိုင်ငံရေးဩဇာအာဏာရှိသူတို့၏ အ တိုက်အခံပြုသူများအပေါ် အဆုံးစွန်သောနည်းလမ်းဖြင့် နှိပ်ကွပ်ခြင်းဖြစ်၏။ လုံခြုံရေးအစီအမံများဖြင့် ရာဇ၀တ်မှု ကား ပပျောက်နိုင်၏။ သို့သော် လူသတ်ဝါဒသည်ကား နိုင်ငံ ရေးဩဇာရှိသူတို့၏ ထင်တိုင်းကြဲရမ်းကားမှုဖြစ်ရကား လူ ထုတရပ်လုံးက တက်ညီလက်ညီရှုတ်ချကန့်ကွက်မှသာ ပ ပျောက်နိုင်ရာ၏။ ဗကသကျောင်းသားရဲဘော်ကိုမြင့်မြတ်ဦး သတ်ဖြတ်ခြင်းခံရသည့် ဖြစ်စဉ်သည် အမှန်တရားမပေါ် ပေါက်သေးသရွေ့ သို့လော၊ သို့လော မေးခွန်းထုတ်စရာများ ရှိနေပေသည်။ တာ၀န်ရှိသူများသည် ဤသည်ကို သတိထားပြီး တရားစစ်ဆေးရာတွင် အညှာအတာမထားဘဲ ကိုမြင့်မြတ် ဦးနှင့် လူမှုဆက်ဆံရေးအရ၊ အလုပ်သဘောအရ ပတ်သက် ဆက်စပ်ရာဆက်စပ်ကြောင်းများကို ခေါ်ယူစစ်ဆေးရပေမည်။ သံသယဝါးလုံးဖြင့် အားလုံးကို သိမ်းကြုံးရိုက်ခြင်း မဟုတ်ဘဲ ကိုမြင့်မြတ်ဦးသေဆုံးရသည့်ဖြစ်စဉ်ကို လူထုက သမာသမတ်ကျသည်ဟု လက်ခံထားသော အဖွဲ့၀င်များပါ ၀င်သော စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းအတွက် အာဏာကုန် လွှဲအပ်ထားရမည်။

ရဲဘော်ကိုမြင့်မြတ်ဦးသည် ရပ်ရွာတွင် လူမှုဆက်ဆံရေးအရ ပြေပြစ်သောလူငယ်ဖြစ်သည်။ လူမှုရေးအာဃာတဖြင့် သတ် ဖြတ်ခြင်းခံရသည်ဟုဆိုလျှင် ထိုအဆိုသည် သံသယဖြစ်စရာ ကောင်းလိမ့်မည်။ သို့သော် ပွင့်လင်းမြင်သာပြီး သမာသမတ် ကျသော စုံစမ်းစစ်ဆေးမှုရလဒ်များအရ လူမှုရေးအာဃာတ သက်သက်ဖြင့် သတ်ဖြတ်ခြင်းဖြစ်သည်ဟုဆိုလာလျှင် ခေတ်ပျက်တောကြောင်များကို လက်ခမောင်းခတ်ခွင့်ပြု ထားသော အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အ စည်းများ၏ လုပ်ငန်းလည်ပတ်မှုသည် ပြည်သူ့ရေးရာလုပ် ငန်းများတွင် အခြေမခံဘဲ အဘယ်ကဲ့သို့သော လုပ်ငန်းကိုင် ငန်းများတွင် အခြေခံပါသနည်းဟူ၍ ပြင်းထန်စွာဝေဖန်စရာ ဖြစ်လာလိမ့်မည်။ ထိုသို့မဟုတ်မူ နိုင်ငံရေးအာဃာတဖြင့် သတ်ဖြတ်ခံရကြောင်း ပေါ်လွင်လျှင် လူထုသည် လူသတ်ဝါ ဒအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ထိုဝါဒကိုတိုက်ဖျက်ပစ်ရန် မှာ ကျောင်းသားထုနှင့်လူထု၏ တာ၀န်ဖြစ်လာပေမည်။ ထို့ ပြင် တော်လှန်ရေးအတွင်း၌ နိုင်ငံရေးဩဇာကို အသုံးပြုပြီး ထင်တိုင်းကြဲရမ်းကား၊ သတ်ဖြတ်နေသော လုပ်ရပ်များ သည် ကြီးထွားလာပြီဟူ၍ ကောက်ချက်ချရလိမ့်မည်။ တိုင်းပြည်တည်ဆောက်ရေးတွင် နိုင်ငံရေးဩဇာရှိသူတို့က ၎င်းတို့ကိုဝေဖန်အတိုက်အခံပြုသူများကို အာရုံစိုက်ပြီး ဖိ နှိပ်သတ်ဖြတ်နေလျှင် တိုင်းပြည်နှင့်လူထုသည် အဘယ်မှာ ကောင်းစားတော့မည်နည်း။

ဗကသများအဖွဲ့ချုပ်သည် လူသတ်ဝါဒကို ဆန့်ကျင်သည်။ နိုင်ငံရေးအာဃာတဖြင့် ကျောင်းသားထုနှင့် လူထုအပေါ် ဖိ နှိပ်သတ်ဖြတ်မှုများကို ရှုတ်ချသည်။ ကျွန်ုပ်တို့သည် မိဘ ပြည်သူတို့၏ သားကောင်းသမီးပျိုများဖြစ်ရာ လူထုတရပ် လုံးက ကျွန်ုပ်တို့ကိုကာကွယ်ပေးသွားမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပေသည်။ လူထုရှေ့မှောက်တွင် ဗကသကျောင်း သားရဲဘော် ကိုမြင့်မြတ်ဦးအတွက် အမှန်တရားကို ထုတ် ဖော်တောင်းဆိုသွားမည်ဖြစ်သည်။ အမှန်တရားသည် လူ ပုဂ္ဂိုလ်တို့၏ လုပ်ဇာတ်မဖြစ်စေရဘဲ ကိုမြင့်မြတ်ဦး၏ မိဘ များအပါအ၀င် ကျောင်းသားထုနှင့်လူထုတရပ်လုံးက လက် ခံနိုင်လောက်သော ပွင့်လင်းမြင်သာပြီး သမာသမတ်ကျ သည့် စုံစမ်းစစ်ဆေးရေးလုပ်ရန် INUG သို့ အထပ်ထပ်အခါ ခါတိုက်တွန်းသွားမည် ဖြစ်သည်။ လူတို့အစုအဝေးတွင် တိ ကျမှန်ကန်သော တရားရှိမှ၊ ရှိသည့်တရားကိုလည်း တရား အတိုင်း ဓမ္မဓိဌာန်ကျကျ စီရင်နိုင်မှ၊ တရားကို လူတို့ရိုသေ ပြီး နိုင်ငံတော်တွင် တရားမျှတမှုကို အခြေခံသော အမှန် တရားများ ထွန်းကားပေလိမ့်မည်။မိဘပြည်သူများကလည်း ကျွန်ုပ်တို့ ကျောင်းသားထုနှင့်အတူ လူသတ်ဝါဒကျဆုံးရေးနှင့် ကိုမြင့်မြတ်ဦးအတွက် တရားမျှတမှုပေါ်ပေါက်ရေးအတွက် လှုပ်ရှားမှုများတွင် ပူးပေါင်းပါ၀င်သင့်ပေတော့သည် ။ ။

#လူသတ်ဝါဒကို_ဆန့်ကျင်ကြ #ဗကသများအဖွဲ့ချုပ် #ငါတို့ခေတ်_ဂျာနယ်

11/07/2024
07/07/2024
ဇူလိုင် ၇ ရက်ကျောင်းသား အရေးတော်ပုံဖြစ်ပေါ် လာခြင်း ပြည်ထောင်စုပါတီအတွင်း (ဦးဗိုလ်သခင်ဂိုဏ်းကွဲမှု) ဖြစ်ပေါ်လာခြင်း၊ ပထစ...
07/07/2024

ဇူလိုင် ၇ ရက်ကျောင်းသား အရေးတော်ပုံဖြစ်ပေါ် လာခြင်း

ပြည်ထောင်စုပါတီအတွင်း (ဦးဗိုလ်သခင်ဂိုဏ်းကွဲမှု) ဖြစ်ပေါ်လာခြင်း၊ ပထစအစိုးရ စီးပွားရေး အကျပ်အတည်းများ ပိုမိုတွေ့ကြုံလာခြင်း၊ ချင်း၊ ရခိုင်၊ မွန်ပြည်နယ် တောင်းဆိုမှုများ ဖြစ်ပေါ်လာခြင်း၊ တိုင်းရင်းသားပေါင်းစုံရဲ့ ၁၉၄ရ ခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောင်းဆိုများ အရှိန်အဟုန်ပြင်းထန် လာခြင်းတို့ကို အကြောင်းပြုပြီး အထူးသဖြင့် “ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးနဲ့ တန်းတူသောရှမ်းပြည်’ (တောင်ကြီးဦးထွန်းမြင့်) စစ်တမ်းကို အကြောင်းပြုပြီး ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းပိုက်လိုက်ပါတယ်။ ပြည်ထောင်စုပါတီ အစိုးရဝန်ကြီးအဖွဲ့နဲ့ တည်မြဲဖဆပလခေါင်းဆောင်တချို့ကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ တော်လှန်ရေးကောင်စီနဲ့ တော်လှန်ရေး အစိုးရကို ဖွဲ့စည်းလိုက်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ လွတ်လပ်ရေးထိန်းသိမ်းရေး၊ ပါလီမန်ဒီမိုက ရေစီရဲ့ ဆိုးကျိုးများ ဖျက်သိမ်းရေး၊ မြေရှင်အရင်းရှင် ဆန့်ကျင်ရေးများကို ကြွေးကြော်ပါတယ်။ (မဆလလမ်းစဉ်)ကို ထုတ်ပြန်ကြေညာပြီး၊ မဆလပါတီကို ဖွဲ့စည်းပါတယ်။ မဆလပါတီရဲ့ Guiding Ideology အဖြစ် (အညမည) အတွေးအခေါ်ဆိုတာကို ထုတ်ပြန်လာခဲ့ပါတယ်။

ဒီအကြိမ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဥပဒေအတွင်းရှိ အတိုက်အခံဒီမိုကရေစီ အင်အားစု များရဲ့ သဘောထားတုံ့ပြန်မှုများဟာ တစ်စည်းတစ်လုံးတည်း မရှိကြပါ။ ၅၁/ ၅၂ မှာ စတင်ပေါ်ပေါက် လာပြီး၊ ၁၉၅၅ ခုနှစ်မှာ ခိုင်မာလာပြီး ၁၉၅၆ ရွေးကောက်ပွဲမှာ လွှတ်တော်အတွင်း အတိုက်အခံ အင်အားစု ဖြစ်လာတဲ့ (ပမညတ) က ၆၂ စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့ပါတယ်။ ပမညတအဖွဲ့ အစည်းရဲ့ ခေါင်းဆောင်မှုကျောရိုးဟာ ပြည်သူ့ရဲဘော်နဲ့ ဗမာပြည်အလုပ်သမားပါတီတို့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီ (မလညပ) ပါ။ ခေါင်းဆောင်က ဝိဓူရသခင် ချစ်မောင်ပါ။

သူတို့ဟာ စစ်အာဏာသိမ်းမှု
ကို အောက်ပါအချက် ၃ ချက်နဲ့ ထောက်ခံခဲ့ကြပါတယ်။
၁။ က တပ်မတော်ဟာမျိုးချစ်နိုင်ငံရေးအင်အားစုကြီးဖြစ်တယ်။ ဗိုလ်နေဝင်းဟာ ဗမာပြည်ရဲ့ Castro ဖြစ်တယ်။

၂။ သူတို့ဟာဓနရှင်ပေါက်စလူတန်းစားများဖြစ်တယ်(မိတ်ဆွေတွေ ဖြစ်တယ်လို့ ဆိုတာပါ)

၃။ မဆလလမ်းစဥ်ဟာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ (ဘုံလုပ်ငန်းစဉ်) ဖြစ်တယ်လို့ ကောက်ယူသဘောထားခဲ့ကြပါတယ်။

ဒါဟာ 7 th July အရေးတော်ပုံ ပစ်ခတ်နှိမ်နှင်းခံရတဲ့ နိုင်ငံရေးအကြောင်းပါ။ ဝိဓူရသခင်ချစ်မောင်က July အရေးတော်ပုံဟာ ဆိုရှယ်လစ်စနစ်(မဆလလမ်းစဉ်)ကို ဆန့်ကျင်တဲ့ကျောင်းသားလှုပ်ရှားမှုအဖြစ် သဘောထားပြီး၊ ကြေညာချက်ထုတ်ပြန်ဖို့ ပမညတတသဘာပတိအဖွဲ့မှာ တင်သွင်းခဲ့ပါတယ်။ ကန့်ကွက်ခံရလို့ 7th July အရေးတော်ပုံကိစ္စကို ပမညတက ရေငုံနှုတ်ပိတ်နေခဲ့တာဖြစ်ပါတယ်

အာဏာရအုပ်စုရဲ့ ဂိုဏ်းကွဲများဖြစ်တဲ့ တည်မြဲဖဆပလနဲ့ ပထစတို့ကလည်း အာဏာသိမ်းမှု
အပေါ် ရေငုံနှုတ်ပိတ်နေခဲ့ကြပါတယ်။ ကမ္ဘာ့ဂိုဏ်းကွဲကြီးများဖြစ်တဲ့ အမေရိကန်၊ ဆိုဗီယက်၊တရုတ်တို့ကလည်း ည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ် ကုလသမဂ္ဂစင်မြင့်ကတစ်ဆင့် စစ်အစိုးရကို အသိအမှတ်ပြုပေးခဲ့ကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့
ဗကပ မဒညတနဲ့ လူမျိုးစုတော်လှန်ရေးအင်
အားစုများ၊ ဥပဒေအတွင်းရှိ ပြည်သူ့တိုးတက်ရေးပါတီနဲ့ လူငယ်အဖွဲ့အစည်းတချို့က အာဏာသိမ်းမှု ကို ကန့်ကွက်ခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂကြီး ၃ ခုနဲ့ နဲ့ ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ကျောင်းသားအဖွဲ့အစည်းများက အာဏာသိမ်းမှု ကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ကြတယ်။ ဒါကြောင့် အဖွဲ့အစည်းများက စစ်အစိုးရရဲ့ နိုင်ငံရေးအငြိုးအတေးကို ခံရကြောင်း 7 th July အရေးတော်ပုံက သက်သေခံနေခဲ့ပါတယ်။

ကျောင်းသားထုကြီးနဲ့ ကျောင်းသားသမဂ္ဂကြီးများဟာ ၁၉၅၈ စက်တင်ဘာ အာဏာလွှဲ
ပြောင်းမှုနဲ့ ၁၉၆၂ မတ်လအာဏာသိမ်းမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါကြောင့်စစ်အစိုးရက ကျောင်းသားများအပေါ် ကြီးမားတဲ့ နိုင်ငံရေးအာဃာတများ ထားရှိခဲ့ပါတယ်။ ၁၉၆၂ -၆၃ ပညာသင်နှစ်ထဲ ဝင်လာတဲ့အခါ တက္ကသိုလ်ကောင်စီနဲ့ ကျောင်းဆောင်ကော်မတီမှာ ပါဝင်နေကြ တဲ့
ကျောင်းသားများ လိုက်နာရမဲ့ ကျောင်းဆောင်စည်းကမ်း မေလဆန်းကစပြီး ကျောင်းဆောင်နေ ၂၂ ချက်ကို ရန်ကုန်တက္ကသိုလ် ကျောင်း ဆောင်ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အကျဉ်းထောင်စည်းကမ်းလို ဖိနှိပ်ချုပ်ချယ်ဖို့ပြဌာန်းလာတဲ့ စည်းကမ်းများဖြစ်ပါတယ်။ ထမင်းစားချိန်၊ ကော်ဖီချိန်၊ ရေသုံးချိန်၊ မီးသုံးချိန်များ ကန့်သတ် လာခဲ့ပါတယ်။ အဆောင်ဝင်းတံခါး ပိတ်ချိန် အဆောင်ပိတ်ချိန်များ ကန့်သတ်လာပါတယ်။ တခန်းနဲ့တခန်းကူးချိန်ကိုကန့်သတ်ထားပါတယ်။ တခွန်းထဲပြောရရင် ကျောင်းဆောင်နေကျောင်းသားများကို တက္ကသိုလ်မှာ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ အဆောင်စည်းကမ်းများနဲ့ ဖိနှိပ်ချုပ်ချယ်ဖို့ကြိုးစားခြင်းပဲဖြစ်တယ်။

ဇူလိုင်လဆန်းမှ စတင်ပြီး ကျောင်းသားထုအစည်းအဝေးတွေကျင်းပကာ ဖိနှိပ်ချုပ်ချယ်တဲ့ မတရားကျောင်းဆောင်စည်းကမ်းတွေကို ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာတော့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထုအစည်းအဝေးကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နဲ့ မတရားအဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင်အစည်းအဝေးမှာ ကန့်ကွက်တယ်လို့ဆုံးဖြတ်ရုံတင်မကတော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင်အပြင်ထွက်ကာ လှည့်လည်ဆန္ဒပြကြပါတော့တယ်။ အဲ့ဒီအခါမှာ အနီးအနားကျောင်းဆောင်တွေက ကျောင်းသားတွေပါ ပူးပေါင်းပါဝင်လာတာကြောင့် ဆန္ဒပြကျောင်းသားထုကြီးဟာ တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။ အဲ့ဒီညမှာ ဆန္ဒပြကျောင်းသားထုဟာ ပြည်၊ ပုဂံ၊ တကောင်းကျောင်းဆောင်တွေအထိပါ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီမှာတော့ သမဂ္ဂအဆောက်အဦအစည်းအဝေးခန်းမမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တကသ ဥက္ကဋ္ဌကိုဗဆွေလေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဖိနှိပ်ချုပ်ချယ်တဲ့ကျောင်းဆောင်စည်းကမ်းတွေကိုကန့်ကွက်ကြောင်းနဲ့ တက္ကသိုလ်အက်ဥပဒေတွေကို ကန့်ကွက်ကြောင်းတခဲနက် ဆုံးဖြတ်ခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာတော့ ကျောင်းသားထုဟာ သမဂ္ဂအဆောက်အဦရှေ့က စတင်ကာ ကျောင်းဝန်းထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားတွေဟာ ဆန္ဒပြပွဲအပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါတယ်။ နေ့လယ် ၂ နာရီမှာ ရဲကား ၂ စီး တကသထဲဝင်လာပြီး တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်းအပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။

ရဲကားတွေ ချက်ချင်းပြန်ထွက်သွားပြီး ကျန်ခဲ့တဲ့ရဲတွေကလည်း တကသကိုဝင်စီးလိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ရုတ်တရက်ဖမ်းဆီးလိုက်တာကြောင့် ကျောင်းသားထုဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းတံခါးကို သော့ခတ်ပြီး ပိတ်လိုက်ပြီး တကသဝင်းထဲဝင်ဖို့ကြိုးစားကြပါတော့တယ်။ ဒိုင်းကိုယ်စီကိုင်ထားတဲ့ ရဲတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး နံပတ်တုတ်နဲ့ရိုက်သူကရိုက်ကာ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ကျောင်းသားတွေသွေးသံတရဲရဲဖြစ်လာပြီး ရဲများကလည်း မျက်ရည်ယိုဗုံးတွေနဲ့အဆက်မပြတ်ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမယ့်ကျောင်းသားထုဟာ တစတစများပြားလာခဲ့တာကြောင့် ရဲများတက္ကသိုလ်ဝင်းထဲကပြန်လည်ထွက်ခွာသွားရပါတယ်။ နေ့လယ် ၄ နာရီခန့်မှာ တပ်ရင်း ၄ က စစ်သားအပြည့်တင်လာတဲ့ စစ်ကား ၂ စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်ပါတော့တယ်။ အဲ့ဒီစစ်သားတွေဟာ စစ်မြေပြင်မှာ တခါမှအသုံးမပြုရသေးတဲ့ ဂျီသရီးမောင်းပြန်ရိုင်ဖယ်တွေနဲ့ ကျောင်းသားထုကို တရစပ်ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီလို ရုတ်တရက် ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ရာနဲ့ချီ ကျဆုံးခဲ့ပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။

ယခုနွေဦးတော်လှန်ရေးကာလမှာတော့ ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားရဲဘော်တွေ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေကိုရည်စူးပြီး သမဂ္ဂရင်ပြင်နီ ကျောက်စာတိုင်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စိုက်ထူနိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဂုဏ်ရောင်ပြောင်စွာဆန့်ကျင်ခဲ့တဲ့ ဆဲဗင်းဂျူလိုင်အရေးတော်ပုံဟာ အခု ဇူလိုင်လ ၇ ရက်နေ့မှာ ၆၂ နှစ်ပြည့်မှာဖြစ်ပြီး ပြည်သူတရပ်လုံးအနေနဲ့ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်ကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

“ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓါတ်ကို ဆက်လက်ကိုင်စွဲကြ”
“စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ”

#ဆဲဗင်းဂျူလိုင် #ဗကသ #၇၇၆၂မမေ့ကြနဲ့

ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း(၄၈)နှစ်ပြည့် ( 1951 - 1976 )ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း_______________...
26/06/2024

ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း(၄၈)နှစ်ပြည့် ( 1951 - 1976 )

ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း
_____________________________

သူရဲကောင်းဆိုရင် ငါတို့ကိုယ်၌က
ငုယင်ဗန်ထရွိင်းကို သတိရ
ကင်းဂျူနီယာကို သတိရ
ချေ ဂွေဗားရား စပါတာကပ်ကို သတိရ
ချင်းအမျိုးသား
ဆလိုင်းတင်မောင်ဦးကိုတော့
မေ့နေကြလေရဲ့။

စကြာဝဠာတစ်ဖက်စွန်း ခရီးထွက်နေတဲ့
ဟေလီကြယ်တံခွန်ကြီးကို မေ့သလို
အန္တာတိကတိုက်ကြီးကို မေ့သလို
ငါတို့မေ့နေကြ။
အနောက်ဖက်က နေဝင်ဆည်းဆာကိုငေးချင်တာနဲ့
အရှေ့ဘက်က လင်းအရုဏ်ကို
ငါတို့က မေ့ထားကြတယ်
မိုက်မဲလိုက်လေခြင်း......

ဆလိုင်းတင်မောင်ဦး အမည်နာမ
ကြီးမြတ် ဂုဏ်ပြောင် ရဲရင့်မှုရဲ့ တံဆိပ်
အဆုံးမဲ့ အနစ်နာခံမှုရဲ့ သင်္ကေတ
သံမဏိလို ခိုင်မာမြဲမြံမှုတရားက
စစ်အာဏာရှင်ယန္တရားကို ထစ်အသွားအောင်
ကလန့်ခံခဲ့တယ်ဆို
အဲဒါ ဆလိုင်းတင်မောင်ဦးပဲ
သတိရနေရမယ်
အောက်မေ့နေရမယ်
သူ့ခေတ်မှာတော့
သူ့လောက်လှတဲ့ ကြယ်
ငါတို့ကောင်းကင်မှာ မရှိဘူး။

ဇွန် ၆
မွတ်သိပ်ငတ်ပြတ် အလုပ်သမား
ဆန်တောင်းရာ ကျည်ဆန်ရခဲ့သူများ
ဦးသန့်အရေး ကျောင်းသားများ
ဇွန် ၆ နှစ်ပတ်လည်
မှိုင်းရာပြည့်
အရေးတော်ပုံရေပြင်ပေါ်က
ကြံ့ကြံ့ခံ ဗေဒါ။

ဗြိတိသျှ ကိုလိုနီ အစ
ဒီမိုကရေစီနှစ်အနည်းငယ် အလယ်
စစ်အာဏာရှင်အဆုံး
မြန်မာ့သမိုင်းပေါ်က တစ်ဦးတည်းသော ကြိုးပေးကွပ်မျက်ခံ
ကျောင်းသားခေါင်းဆောင်။

တရားမဝင် အာဏာသိမ်းအစိုးရရဲ့
တရားမှုမဲ့ စက်ဆုပ်ဖွယ် မတရားရုံးများက
နိုင်ငံတော်ပုန်ကန်သစ္စာဖောက်မှု ပါတဲ့
ဆလိုင်းတင်မောင်ဦး
မထီပြုံးနဲ့ နေမှာ မြင်ယောင်တယ်။

ဒီ ချင်းအမျိုးသားဟာ
တိုင်းရင်းသား လူငယ်တွေရဲ့
သန့်စင်သော မီးရှူးတန်ဆောင်ပါပဲ။
လောက်တဖွားဖွားခေတ်ထဲက
မကြောက်တရားပြသူ အာဂ ယောက်ျားမြတ်ပါပဲ။
အာဏာရှင်ကုပ်ပိုးကို ပုတ်နှိုးလိုက်တဲ့
စူးစူးဝါးဝါး တောက်ပသော နေအလင်းရောင်ပါပဲ။

ကျောင်းသားသမိုင်း ဘယ့်တော့မှ မရိုင်းတဲ့အတိုင်း
သူ့ခေတ် သမိုင်းပေါ် ခုန်တက်
အာဏာရှင်ကို ပုံပျက်စေတာပါပဲ။

ကိုအောင်ဆန်း ကိုဗဟိန်း ကိုအောင်ကျော်တို့နဲ့မခြား
ကိုတင်မောင်ဦး ဆိုတာ
သေနတ်ပါသူတွေကို
လက်ဗလာနဲ့ ရင်ဆိုင်ဖူးသလို
လက်နက်အားကိုးသမားကို
လက်နက်အစားထိုးတိုက်ဖို့လည်း
ပြင်ဆင်ခဲ့ဖူးတယ်။

သူဟာ ရှေးရှေ့က အာဇာနည်တွေနဲ့မခြား
ကျောက်ဆောင်လို ခိုင်မာ
မြေသားလို နှိမ့်ကျိုး
လိုအပ်တဲ့အခါ
မိုးကြိုးကဲ့သို့လည်း ထစ်ချုန်းခဲ့ပါတယ်။
သူဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့ခက်ခဲစေတဲ့
မာန်ပြင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ။

ဆလိုင်းတင်မောင်ဦးပါတဲ့
ငါ့ရဲ့ ကိုယ်ခန္ဓာကိုသာ သတ်နိုင်မယ်
ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရ
မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ
တဲ့။

ကြိုးစင်ပေါ်က ထီမထင်ခမ်းနားတဲ့ ကဗျာ
ကြိုးစင်ထက်မှာ ကျူးရင့်တဲ့ဥဒါန်း
နှလုံးတသိမ့်သိမ့်တုန်စေပါရဲ့
သွေးတလှပ်လှပ်ခုန်စေပါရဲ့
အာဏာရှင်တွေကို
ကြောက်ဒူးဆတ်ဆတ်တုန်စေပါရဲ့။

တိုင်းပြည်တစ်ခုလုံးကို
ဟိန်းဟောက် ခြိမ်းခြောက်တဲ့ စစ်ဘီလူး
ဆလိုင်းတင်မောင်ဦးကိုတော့
တိတ်တဆိတ်သာ ကွပ်မျက်ဝံ့ခဲ့တယ်။

ခေတ်ဆိုး ခေတ်ယုတ် အဆက်ဆက်
ဒီပြည်ရဲ့ ဒီမြေပေါ်မှာ
ဒီမိုကရေစီအတွက် ဒီသွေးတွေ စွန်းကွက်ခဲ့
ကျောင်းသားအသက်တွေ အလုပ်သမားအသက်တွေ ရဟန်းရှင်တွေရဲ့ အသက်တွေ
ကလေးငယ်တွေရဲ့ ဖြူစင်နုနယ်လွန်းလှတဲ့ အသက်တွေ
ကိုဘုန်းမော် ကိုစိုးနိုင် မဝင်းမော်ဦး
အခြား အခြားသော အညတရသူရဲကောင်းတွေရဲ့ အသက်တွေ။
လူအုပ်ထဲ ပြေးဝင်လာတဲ့
မရဏကျည်ဆံတွေအောက်
အသက်ပေါင်းများစွာ စွန့်ခဲ့ကြရပေမယ့်
သတ်သူတွေကတော့ လွတ်ငြိမ်းနေဆဲ
မရှက်သူတွေကတော့ ရပ်တည်နေဆဲပါလား။

ငါတို့ရဲ့ မိုက်မဲတဲ့ မေ့တတ်မှုတွေကြောင့်
ဆလိုင်းတင်မောင်ဦးလို သူရဲကောင်းတွေကို မေ့ထားမိခဲ့ကြတာတွေကြောင့်
ဆလိုင်းတင်မောင်ဦးမိသားစု မျက်ရည်တွေ
ဆလိုင်းတင်မောင်ဦး မိခင်ရဲ့ မျက်ရည်တွေ
ဘာဖြစ်လို့ ငါတို့ဟာ မေ့နိုင်အားကြသလဲ . . .
မိုက်မဲလိုက်လေခြင်း . . .

အာဏာရှင် အမှောင်တိုက်က
ငါတို့ကို ဝေဝါးအောင်လုပ်ခဲ့တာပဲ
သူ့ရဲ့ဂုဏ် ညှိုးနွမ်းဖို့
အာဏာရှင်အစဉ်ဆက်ရဲ့ ပြုမူမှုဟာ
မအောင်မြင်နိုင်
ကြယ်နီဟာ ကြယ်နီ
တံခွန်ဟာ တံခွန်
သမိုင်းဟာ
စစ်ဖိနပ်ကို စစ်ဖိနပ်
လူစွမ်းကောင်းကို လူစွမ်းကောင်း
ကိုက်ညီစွာ နေရာပေးရတာပဲ

ဆလိုင်းတင်မောင်ဦး ပါတဲ့
တစ်ချိန် ပုံသွင်းရုပ်ထု
သူ့ ကျောက်ရုပ်ရှေ့ ငါတို့ဦးညွတ်ရလိမ့်မယ်။
ဒီလို ယုံကြည်တယ်။

နောက်ဆုံးထွက်သက်အထိ
တော်လှန်သူ ဆလိုင်းတင်မောင်ဦး
သူ့ မိခင် မျက်ရည်ကျရသလို
သားကောင်းမိခင်တွေ မျက်ရည်ကျမှာ စိုးတဲ့
ဆလိုင်းတင်မောင်ဦး
မှိုင်းရာပြည့်မှာ ဦးဆောင်ရှေ့ရွက်
သူ့ညီမလေး မလှမြိုင်အတွက်
ဂုဏ်ယူသွားခဲ့တဲ့
ဆလိုင်းတင်မောင်ဦး။

ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက သိစေ
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက ကြားစေ
သူရဲကောင်းတွေရဲ့ ကမ္ဗည်းနံရံပေါ်
သူရဲကောင်းတွေရဲ့ မော်ကွန်းကျောက်သားပေါ်
သူ့ကို ထည့်မှတ်ကြ
သူ့ နာမည်ကို ရေးထိုးကြ
စိတ်ဓာတ်ခွန်အားကသာ ရုပ်ကမ္ဘာကို ပြောင်းလဲစေတယ်
တရားမျှတမှု မေတ္တာ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု အကြောင်း
ဆလိုင်းတင်မောင်ဦးရဲ့ ပို့ချချက်
ကမ္ဘာသူ ကမ္ဘာသား အောက်မေ့ကြစေမယ်။

ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှ မသေ။ ။

(လင်းခါး)

08/05/2024

ဗကသများအဖွဲ့ချုပ် (၈၈) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၁၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မေလ ၈ ရက်

တော်လှန်ရေးရဲဘော်များနဲ့ မိဘပြည်သူများခင်ဗျာ …
ရှေးဦးစွာ တော်လှန်ရေးရဲဘော်များနဲ့ တော်လှန်ရေးရဲ့ ထောက်တိုင်တခုအဖြစ် ရပ်တည်ပေးနေကြတဲ့ မိဘပြည်သူတွေအားလုံးကို အလေးနီပြုအပ်ပါတယ်။
ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူလူထုက မွေးထုတ်ပေးခဲ့တဲ့ ပြည်သူ့ရင်သွေးတွေ ပြည်သူလူထုအကျိုး သယ်ပိုးရာ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်ခံ ဘဝမှာလည်း ပြည်သူလူထုအင်အားနဲ့ပဲ တိုက်ပွဲဝင် အောင်ပွဲဆင်ခဲ့သလို၊ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေမှာလည်း ပြည်သူလူထုနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြတာဟာ ဒီကနေ့ဆိုရင် (၈၈) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူလူထုကို ဖိနှိပ်သွေးစုပ်နေတဲ့ ဖက်ဆစ်စစ်တပ်ဟာ ဒီကနေ့အချိန်မှာ ပြည်သူအပေါင်းရဲ့ နည်းလမ်းမျိုးစုံနဲ့ တွန်းလှန်မှုကို ခံနေရပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ မိဘပြည်သူတို့ လက်တွဲပြီး ဖက်ဆစ်စစ်တပ်ကို အကြီးမားဆုံးထိုးနှက်မှုတွေ ဖော်ဆောင်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုမထောက်ခံဘဲ ဘယ်လိုနိုင်ငံရေးအဖွဲ့အစည်းမှ မရပ်တည်နိုင်ပါ။ ဖက်ဆစ်စစ်တပ်လည်း ရပ်တည်နိုင်မှာမဟုတ်ပါ။ ပြည်သူလူထုကသာ သမိုင်းကို ဖန်တီးတာဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး ရှေ့တလှမ်းတိုးနိုင်ဖို့အတွက် ဘာလုပ်ကြမလဲဆိုတာကို ဝိုင်းဝန်းကြံဆကြဖို့ မဟာမိတ်တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။
ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကလည်း အဖိနှိပ်ခံလူထု လွတ်မြောက်ရေးရသည်အထိ ပြည်သူနဲ့အတူ တသားတည်းရပ်တည်သွားမှာဖြစ်ကြောင်း ကတိပြု သစ္စာတည်ရင်း နိဂုံးချုပ်အပ်ပါတယ်။

ရန်သူတကာ ကြောက်ဒူးတုန်ပါစေ
ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီအသတ်ခံခဲ့ရတဲ့သမိုင်း (သို့မဟုတ်) ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံရန်ကု...
07/07/2023

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီအသတ်ခံခဲ့ရတဲ့သမိုင်း (သို့မဟုတ်) ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီပြီးအသတ်ခံခဲ့ရတဲ့ သမိုင်းဖြစ်ရပ်တခု ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်လို့ လူသိများတဲ့အဲ့ဒီအရေးတော်ပုံဟာ ဗိုလ်နေဝင်းစစ်တပ်ရဲ့ စစ်အာဏာသိမ်းခြင်းကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတခု ဖြစ်သလို စစ်အုပ်စုရဲ့ မင်းသားမျက်နှာဖုံးကိုခွာချပြလိုက်တဲ့ အရေးတော်ပုံလည်း ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်၊ ၁၉၆၂ ခု၊ ဇူလိုင်လ ၇ရက်၊ ထိုနေ့က နေဝင်းဦးဆောင်တဲ့ စစ်မိစ္ဆာတွေဟာ ရန်ကုန်တက္ကသိုလ်ထဲမှာ ရာကျော်တဲ့ကျောင်းသားတွေကို ရက်ရက်စက်စက် မတရားသတ်ဖြတ်ခဲ့ကြတယ်။ နောက်တနေ့နံနက် ၈ ရက်နေ့ အရုဏ်ဦးအချိန်မှာလည်း သမိုင်းအစဉ်အလာကြီးမားလှတဲ့ တကသအဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးပစ်ခဲ့ကြတယ်။
၁၉၆၂ မတ်လ ၂ ရက်နေ့မှာ နေဝင်း ဦးဆောင်တဲ့ စစ်တပ်ဟာ ဒုတိယအကြိမ်အာဏာသိမ်းခဲ့တယ်။
ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီအမည်ခံ အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း တကသ၊ ရကသ၊ ဗကသတို့က ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် မတ်လ ၆ ရက်နေ့မှာ ဗကသခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကိုထောက်ခံကြောင်း လက်မှတ်ရေးထိုးကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ပြီး ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ကြပါတယ်။ မတ်လ ၉ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်အက်ဥပဒေကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တော်လှန်ရေးကောင်စီက တက္ကသိုလ်ကောင်စီကို အလိုတော်ရိများနဲ့ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတရားကျောင်းဆောင်စည်းကမ်းများထုတ်ပြန်ကာ ကျောင်းသားထုကို စတင်ဖိနှိပ်လာပါတော့တယ်။ ဒါကြောင့် ကျောင်းသားထုကြားမှာ တော်လှန်ရေးကောင်စီအပေါ် မကျေနပ်မှုတွေ တစတစ တိုးပွားလာခဲ့ပါတယ်။
၁၉၆၂ မေလ၁၄ရက်နေ့တွင်တက္ကသိုလ်ကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးထိုကောင်စီတွင် ဗိုလ်ချုပ်သန်းဖေ,ဗိုလ်ချုပ်စန်းယု,ဗိုလ်မှူကြီးသန်းစိန်,ဗိုလ်မှူကြီးတင်စိုး,ပါမောက္ခချုပ်ဦးကာတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ကျောင်းစည်းကမ်းများကိုလည်း တင်းကြပ်စွာပြဌာန်းလိုက်သည်။ ထို့နောက် မေလ ၉ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းခဲ့ပြီး မေလ ၁၀ရက်နေ့မှာ တက္ကသိုလ်ကောင်စီကိုဖျက်သိမ်းခဲ့တယ်။ မေလ ၁၁ရက်မှာတော့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှ နှုတ်ထွက်ခဲ့တယ်။ မြန်မာစာပါမောက္ခ ဦးဧမောင်လဲ အငြိမ်းစားယူခဲ့ပြီး ဆရာမင်းသုဝဏ် ဌာနပြောင်းခဲ့တယ်။ မေလ ၁၇ ရက်မှာ ပါမောက္ခချုပ်နေရာမှာ အိမ်စောင့်အစိုးရလက်ထက် ပညာရေးဝန်ကြီးဟောင်း ဦးကာကိုခန့်အပ်ခဲ့ပြီး တက္ကသိုလ်ကောင်စီကို စစ်အစိုးရအလိုကျ ပြန်လည်ဖွဲ့စည်းခဲ့တယ်။
ဇွန်လ ၁၈ရက်နေ့မှာ မတရားဖိနိပ် ချုပ်ချယ်သော အဆောင်စည်းကမ်း(၁၇) ချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစည်းကမ်းများတွင် အဆောင်ဝင်ချိန်၊ ထွက်ချိန် ကန့်သတ်တဲ့အချက်တွေ၊ ည၈ နာရီကျော်လျှင် အဆောင်အပြင်မထွက်ရ အခန်းမကူးရ ဆိုတဲ့အချက်တွေ၊ ထမင်းစားချိန်ကန့်ကွတ်တဲ့ အချက်တွေပါဝင်ခဲ့ပြီး ကျောင်းသားတွေကိူ ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။
ဇူလှိုင်လ ၂ ရက်နေ့မှာ အာဏာပိုင်တွေက ရန်ကုန်ခရိုင်တန်းမြင့်ကျောင်းထွက်စာမေးပွဲကို အတိအလင်းဖျက်သိမ်းခဲ့ပြန်ပါတယ်။ ထို့သို့ဖျက်သိမ်းမှုကို ကန့်ကွတ်တဲ့ အနေနဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရရက) က ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ် အတွင်းထဲ၌ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ စာမေးပွဲအောင်စာရင်းထုတ်ပေးရေး၊ ကမောက်ကမ ပညာရေးစနစ်ဖြတ်သိမ်းရေးစသဖြင့် တောင်းဆိုချက်တွေအပါအဝင် တစ်ခြားတောင်းဆိုချက်တွေပါ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ရွှေဘိုဆောင်အစည်းအဝေးမှာ ကန့်ကွက်တယ်လို့ဆုံးဖြတ်ရုံတင်မကတော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင်အပြင်ထွက်ကာ လှည့်လည်ဆန္ဒပြကြပါတော့တယ်။
ဇူလိုင် ၆ ရက်နေ့ မှာ စစ်တပ်က ဆီးနိတ်နဲ့ ကျောင်းဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြန်တယ်။ အဲ့ဒီမှာ အစည်းအဝေးနဲ့ ကန့်ကွက်ရုံ မကတော့ပဲ
ညပိုင်းရောက်တဲ့အခါမှာတော့ အဆောင်တဆောင်က အဆောင်နေကျောင်းသားတွေဟာ အဆောင်တံခါးတွေကို လူအင်အားနဲ့တွန်းဖွင့်ပြီး အဆောင်ပြင်ပမှာ စုဝေးခဲ့ကြတယ်။ အဆောင်မှူးတွေက တံခါးဖွင့်ပေးဖို့ငြင်းဆန်ခဲ့ကြတဲ့အတွက် အဆောင်တံခါးတွေကို လူအားနဲ့ဖွင့်ပြီးထွက်ခဲ့ကြတာဖြစ်ပါတယ်။ ထိုအချိန်မှာ ကျောင်းသားခေါင်းဆောင်တွေဟာ အဆောင်အပြင်မှာစုဝေးနေတဲ့ ကျောင်းသားတွေကိုဦးဆောင်ကာ ကြွေးကြော်သံတွေကြွေးကြော်ကာ ကျောင်းဝင်းထဲ ဆက်လက်လှည့်လည် ချီတက်ခဲ့ကြတယ်။ အဲ့ဒီလိုလှည့်လည်ချီတက်နေရင်းနဲ့ပဲ အဲ့ဒီညမှာ ဆန္ဒပြကျောင်းသားထုကကျောင်းသားတွေပါ ချီတက်ပွဲထဲ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ဒီလိုချီတက်ကြရင်းနဲ့ ၇ ရက်နေ့၊ မနက် ၃ နာရီမှာ လူစုခွဲပြီး ကိုယ့်သက်ဆိုင်ရာအဆောင်တွေကို ပြန်ခဲ့ကြပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီ တကသအဆောက်အဦးမှာ သမဂ္ဂအဆောက်အဦအစည်းအဝေးခန်းမမှာ ကျောင်းသား၂ ထောင်ခန့် တက်ရောက်ခဲ့ကြတဲ့ကျောင်းသားထုအစည်းအဝေးတရပ် ကျင်းပခဲ့တယ်။ ထိုအစည်းအဝေးမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဥက္ကဋ္ဌ ကိုသက်က သဘာပတိအဖြစ်နဲ့ ဗကသ အထွေထွေအတွင်းရေးမှူး ကိုတင်ထွန်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) ဥက္ကဋ္ဌ ကိုဗဆွေလေးက မိန့်ခွန်းပြောခဲ့တယ်။ ကိုဗဆွေလေးမိန့်ခွန်းမှာ ပညာရေးစနစ်ပြောင်းလဲလိုကြောင်း၊ စည်းကမ်းချမှတ်တဲ့အခါ အုပ်ချုပ်သူနဲ့ လိုက်နာရမယ့်သူ ၂ ဦး ၂ ဖက် ပါဝင်ရေးဆွဲမှသာ တကယ်လိုက်နာနိုင်မယ့် သဘာဝကျတဲ့စည်းကမ်းဖြစ်နိုင်မယ့် အကြောင်း၊ တိုးတက်တဲ့နိုင်ငံတွေမှာ အဆောင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးနေချိန်မှာ အခုလိုစည်းကမ်းတွေတင်းကြပ်တယ်ဆိုတာ ခေတ်နောက်ပြန်ဆွဲနေတာဖြစ်ကြောင်း၊ လက်ရှိစည်းကမ်းတွေဟာဖိနှိပ်ဖို့ ချမှတ်ထားတဲ့စည်းကမ်းတွေဖြစ်ကြောင်းတွေ ပြောကြားခဲ့ပါတယ်။ အစည်းအဝေးကိုမွန်းလွဲ ၂ နာရီမှာ အဆုံးသတ်ခဲ့တယ်။ အစည်းအဝေးအပြီးမှာတော့ ကျောင်းသားထုဟာ သမဂ္ဂအဆောက်အဦရှေ့က စတင်ကာ ကျောင်းဝန်းထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ဆန္ဒပြပွဲအပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါတယ်။ နေ့လယ် ၂ နာရီမှာ ရဲကား ၂ စီး တကသထဲဝင်လာပြီး တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်းအပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ ရဲကားတွေဟာ ချက်ချင်းပြန်ထွက်သွားပြီး ကျန်ခဲ့တဲ့ရဲတွေကလည်း တကသကိုဝင်စီးလိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ရုတ်တရက်ဖမ်းဆီးလိုက်တာကြောင့် ကျောင်းသားထုဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းတံခါးကို သော့ခတ်ပြီး ပိတ်လိုက်ပြီး တကသဝင်းထဲဝင်ဖို့ကြိုးစားကြပါတော့တယ်။ ဒိုင်းကိုယ်စီကိုင်ထားတဲ့ ရဲတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး နံပတ်တုတ်နဲ့ရိုက်သူကရိုက်ကာ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေသွေးသံတရဲရဲဖြစ်လာပြီး ရဲများကလည်း မျက်ရည်ယိုဗုံးတွေနဲ့အဆက်မပြတ်ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေက အဓိပတိလမ်း တံခါးနဲ့ သထုံဆောင်တံခါးကို သော့ခတ်ပိတ်လိုက်တယ်။ ကျောင်းသားတွေက တကသကို ပြန်လုကြတယ်။ ဒိုင်းတွေနဲ့ ရဲတွေက နံပတ်တုတ်နဲ့ရိုက်တယ်၊ မျက်ရည်ယိုဗုံးသေနပ်နဲ့ ချိန်ပစ်လို့ လဲကျသူတွေရှိတယ်။ ဒဏ်ရာရသူတွေကို ပြန်ဆွဲယူပြီး တုတ်၊ ခဲများနဲ့ ပြန်တိုက်ကြတော့တယ်။

ဒဏ်ရာရ ကျောင်းသားများကို အဆောင်ပြန်ကြတော့ အဆောင်မှာ ကျန်နေတဲ့ ကျောင်းသားတွေပါ သွေးဆူကုန်ပြီး အကုန်ဆင်းခုခံကြတတော့တယ်။
ဒါပေမယ့်ကျောင်းသားထုဟာ တစတစများပြားလာခဲ့တာကြောင့် နောက်ဆုံး အဓိပဓိဂိတ် လူဝင်တံခါးကနေ ရဲတွေ ထွက်ပြေးသွားကြတော့တယ်။တက္ကသိုလ်ဝင်းထဲကပြန်လည်ထွက်ခွာသွားရပါတယ်။
ကျောင်းသားများ အောင်ပွဲခံနေတုန်း မကြာပါဘူး၊ အသင့်စောင့်နေတဲ့ တပ်ရင်း(၄)စစ်ကား ၂စီးက ဆေးရုံနဲ့ ဓမ္မာရုံဖက်ကနေ ပိတ်ဆို့ထားလိုက်တယ်။ တပ်ရင်း(၄)ဟာ ဗိုလ်နေဝင်းရဲ့ ဘော်ဒီဂတ်တပ် ဖြစ်တယ်။ ဒုဗိုလ်မှူးကြီး လှမြင့်နဲ့ ဒဗိုလ်မှူးကြီး စိန်လွင်တို့ပါတယ်။
ကျောင်းသားတွေက ဓမ္မာရုံရှေ့တည့်တည့်က အမရာဆောင်တံခါးကို ပိတ်လိုက်တယ်။ ကြားမှာ ခြံစည်းရိုးသံတိုင်တွေသာ ခြားတော့တယ်။
အခြေအနေက ပြန်ငြိမ်သက်သွားပြီး ကျောင်းသားများဟာ မြက်ခင်းမှာ ဝိုင်းဖွဲ့စကားပြောတာ၊ ထိုင်နေတာ၊ ဝရန်တာက ထွက်ကြည့်နေတာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။
ညနေ၄နာရီအချိန်တွင် ဒုဗိုလ်မှူးကြီးစိန်လွင်ရောက်ရှိလာပြီး ကျောင်းသားကိုယ်စာလှယ်ကိုခေါ်ကာဆူပူမှူရပ်နားပါက မိမိတို့တပ်ဖွဲ့နောက်ဆုတ်ပေးမည် ဟုပြောဆိုခဲ့တယ်။ကျောင်းသားများကဒုဗိုလ်မှူကြီးစိန်လွင်ရဲ့ စကားကိုမယုံကြည်သဖြင့်ဆက်လက်စွာကြွေးကြော်ဆန္ဒပြခဲ့သည်။
ဒုမှူးဗိုလ်ကြီးစိန်လွင်သည် ရဲတပ်ဖွဲ့များကိုပြန်တပ်ဆုတ်ခိုင်းပြီး တပ်ရင်း၄မှစစ်သားများကိုအစောင့်ချလိုက်သည်။ယင်းအစောင့်တပ်သားများကိုင်စောင်ထားသောသေနတ်မှာ G3,G4မောင်းပြန်ရိုက်ဖယ်များဖြစ်သည်။
ဗိုလ်မှူးကြီးသိန်းစိန် ရောက်လာပြီး ဗိုလ်မှူးကြီးတွေနဲ့ ခဏတာ စကားပြောပြီး ပြန်ထွက်သွားတယ်။ မကြာမီ ဗိုလ်မှူးမင်းသိန်း ဂျစ်ကားနဲ့ ရောက်လာပြီး စိန်လွင့်လက်ထဲ အမိန့်စာ ထည့်သွားပြီး ပြန်ထွက်သွားတာနဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိလမ်းပေါ်က
မထင်မှတ်ထားလို့ မင်သက်မိသွားတဲ့ ကျောင်းသားတွေ
လုံးဝအသုံးပြုခြင်းမရှိသေးသော အသစ်ချက်ချွတ် G3 များဖြင့် အလစ်အငိုက် ပစ်ခတ်သဖြင့် ကျောင်းသားထုမှာ ထိုင်ရာနေရာထရာနေရာမှာတင် အကျအဆုံး များကုန်တယ်။ သတိဝင်လာပြီး ထွက်ပြေးကြရင်းမှာပင် လမ်းပေါ်တင် ကျဆုံးကုန်တယ်။ နီးစပ်ရာ အဆောင်တွေပေါ်ကို တက်ပြေးကြရင်းက လှေကားရင်းတွေမှာ အလောင်းချင်း ထပ်ကုန်ကြတယ်။ ဘေးဖက် စာကြည့်တိုက်ဝင်းထဲက ရပ်ကြည့်သူတွေကိုပါ ပစ်ခဲ့တာကြောင့် စာကြည့်တိုက်ဝင်းထဲတင် အယောက် ၄၀ ကျော် ရှိတယ်။
ကျန်ကျောင်းသားတွေက ဒဏ်ရာရသူတွေကို သယ်ပြီး ကျောင်းသားသမ္မဂ္ဂထဲ ဝင်ပြေးကြတယ်။ ရင်ပြင်ရှေ့က ကျောင်းသားတွေကို ပစ်အပြီးမှာ ကျောင်းဆောင်ထဲဝင်ပြီး တခန်းချင်း လိုက်ပစ်ကြပြန်ပါတယ်။ ဒါပေမယ့် ကျောင်းသား သမ္မဂ္ဂအဆောက်ဦကျတော့ တံခါးတွေ အကုန်ပိတ်လိုက်တာကြောင့် ဝင်ပစ်လို့ မရဘူး ဖြစ်နေတယ်။
ကျောင်းသားတွေကို နှိမ်နင်းဖို့ လုံခြုံရေးကော်မတီကို ဗိုလ်နေဝင်းက ဖွဲ့ခဲ့တာဖြစ်တယ်။ ဗိုလ်မှူးကြီး လှဟန်၊ စောမြင့်၊ သိန်းစိန်၊ ဒုရဲချုပ် ဘအေးတို့ ပါဝင်တယ်။ အဝေးကြီးမဟုတ်ဘူး၊ အသံလွှင့်ရုံထဲကနေ ရုံးထိုင်ကွက်ကဲတာ။ ညဖက်မှာ ကျောင်းသားသတ်ပွဲကြီးအတွက် နန်ကင်းဟိုတယ်က အစားအသောက်တွေနဲ့ အောင်ပွဲခံခဲ့ကြသေးတယ်။
အဲ့အချိန်မှာ ကျောင်းသားတွေကို လက်နနက်များ ထောက်ပံ့ထားကြောင်း၊ ကွန်မြူနစ်တွေရဲ့ ဌာနချုပ်ဟာ ကျောင်းသားသမ္မဂ္ဂ အဆောက်ဦး ဖြစ်ကြောင်း မတရားသတင်း လွှင့်ထားပြီးပြီ။ (အဲ့အကြောင်းကို 8-7-98 VoA အင်တာဗျူးမှာ ဗိုလ်အောင်ကြီး ဖြေခဲ့ဖူးတယ်)။
၁၉၆၂ ဇူလိုင် ၈ရက် မနက် ၃နာရီ ခန့်မှာ ကျောင်းသားသမ္မဂ္ဂ အဆောက်ဦးကြီးကို ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲပစ်လိုက်ပါတော့တယ်။
ည ၇နာရီ သတင်းမှာ ဗိုလ်နေဝင်းက "၎င်းတိုင်းပြည်တာဝန်ယူစဥ် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ကျရောက်နေသောကြောင့် တပ်မတော်၏ အင်အား တစိတ်ဒတေသ သုံး၍ ဖြေရှင်းလိုက်သည်"လို့ ကြေငြာပါတယ်။ "နိုင်ငံရေးပရောဂပါကြောင်း၊ ၎င်းတို့အလုပ်ကို နှောင့်ယှက်ပါက ဘာမှ ထပ်မပြောလိုကြောင်း၊ ဓားဓားချင်း၊ လှံလှံချင်း တုံ့ပြန်မည်"လို့ စိန်ခေါ်လိုက်ပါတယ်။
ပစ်ခတ်မှုအပြီးကျဆုံးသွားသော ကျောင်းသားအလောင်းတွေသာမက သေလုမြောပါးဒဏ်ရာရထားတဲ့ ကျောင်းသားတွေကိုစစ်ကားနဲ့ သယ်ဆောင်သွားပြီး ကျောင်းကို အကန့်အသတ်မရှိပိတ်သိမ်းလိုက်ပါသည်။
၁၉၆၃ ဇူလိုင်လ ကျောင်းတွေပြန်ဖွင့်တဲ့အချိန် သမဂ္ဂအဆောက်အဦနေရာမှာ ယာယီသမဂ္ဂတဲကို တည်ဆောက်ခဲ့ကြပါတယ်။ သမဂ္ဂခြံဝန်းထဲက ဗိုလ်အောင်ကျော်ကျောက်တိုင်အနီးမှာ ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားပေါင်းရာကျော်ကို ရည်စူးပြီးကျောက်တိုင်တခုပြုလုပ်ကာ "ရာကျော်ကျောက်တိုင်" လို့ အမည်တွင်စေခဲ့ပါတယ်။ "ရာကျော်ကျောက်တိုင်" ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားအပြီးမှာ "ရာကျော်ကျောက်တိုင်" နဲ့အတူ သမဂ္ဂတဲတို့ ဖြိုဖျက်ခံခဲ့ရပါတယ်။

သခင်ကိုယ်တော်မှိုင်းပြောခဲ့သလို
" သမဂ္ဂအဆောက်အဦးကိုသာဖြိုလိုရမယ်။အမောင်တို့ရင်ထဲသမဂ္ဂစိတ်ဓါတ်ကိုတော့ ဘယ်သူ့မှ ဖျောက်ဖျက်လို့မရပါဘူး”ဆိုတဲ့စကားအတိုင်းပဲ ကျနော်တို့ရဲ့ သမဂ္ဂစိတ်ဓာတ်က ခေတ်အဆက်ဆက်ရှင်သန်နေဆဲပါ။

ဗကသအဓွန့်ရှည်ပါစေ။
၇-၇-၂၀၂၃
ဗကသ(သဃက)

Address

Thingangyun Pagoda Road
Yangon

Website

Alerts

Be the first to know and let us send you an email when No-1 Basic Education High School Thingangyun Students' Union - ABFSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share