16/09/2026
စက်တင်ဘာ 17 ရက်နေ့မှာ "World Cleanup Day 2026" အတွက် Planet Impacts ကနေ ဦးဆောင်ပြီး "Sustainable Fashion Exhibition Preliminary" ဆိုတဲ့ ပွဲလေး Goethe Institute မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။💌
ဒီပွဲမှာ အောက်ပါ စိတ်ဝင်စားစရာအစီအစဉ်တွေ ပါဝင်သွားမှာပါ။
ရေရှည်တည်တံ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဖန်တီးမှုအသစ်တွေကို ပြတိုက်တစ်ခုလိုမျိုး လွတ်လွတ်လပ်လပ် ဝင်ရောက်လေ့လာနိုင်မယ့် "Innovative Sustainable Fashion Showcase"👗♻️
စံနှုန်းသတ်မှတ်ထားတဲ့ ဘောင်အတွင်း၊ အပြင်နှစ်မျိုးလုံးကနေ တက်ရောက်လာသူတွေရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်ကြံဆနိုင်စွမ်းတွေကို challenge လုပ်ရင်း အထူးဆုလက်ဆောင်များပေးသွားမယ့် "Ideation Mini Challenge" 💡🎁
ရေရှည်တည်တံ့စိမ်းလန်းသော စီးပွားရေး တီထွင်သူများ၊ လူငယ်ဖန်တီးရှင်များနဲ့ အချင်းချင်း ချိတ်ဆက်မယ်၊ အိုင်ဒီယာများ အပြန်အလှန်ဆွေးနွေးနိုင်ဖို့ "Networking Corner" 🌱🤝 ဲ
ဒါတွေအပြင် Prevent Plastics+ ရဲ့ "Repair Station" လေးလည်း ရှိနေမှာပါ။ 👚✂️
အိမ်မှာပိုနေတဲ့ အဝတ်စတွေကို ပေါင်းစပ်ပြီး ဒီဇိုင်အဆန်းလေးတွေအနေနဲ့ ပြန်ဖန်တီးကြမလား။ ပြုပြင်ဖို့လိုနေတဲ့ ဗီရိုထဲချောင်ထိုးထားရတဲ့ အထည်လေးတွေကို ပြန်လည်ဆန်းသစ်ဖာထေးမလား။ ဒါမှမဟုတ် အဟောင်းတွေကနေ တခြားသော ဒီဇိုင်းနဲ့ ပစ္စည်းအသစ်တွေအဖြစ်နဲ့ ဖန်တီးချင်လား။
မသုံးဖြစ်တဲ့ ရှိနေပြီးသား အဟောင်းတွေကနေ နေ့စဉ်ဘဝမှာအသုံးဝင်စေမယ့် ပုံစံအသစ်အဖြစ်နဲ့ ပြောင်းလဲဖန်တီးရင်း စိတ်လှုပ်ရှားစရာနေ့လေးအဖြစ် ကုန်ဆုံးနိုင်ဖို့ရာ ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
📆ရက်စွဲ : 17.9.2026 (Thurs)
⏳ အချိန် : 1:00 PM to 4:00 PM
📍နေရာ : Goethe Institut Myanmar
Planet Impacts European Union in Myanmar EU SWITCH-Asia Programme Up YEAH YEAH - Youth for Environmental Action and Hope
Let's Do It Myanmar
+